ထိုင်းနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် စီမံချက် အသစ်
by ဆရာမမေကျော့ ရှင်း (Notes) on Wednesday, June 26, 2013 at 7:52am
ထိုင်းနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် စီမံချက် အသစ်- အသစ်များနှင့် ချစ်စရာ့အရွယ်လေးများ
Bangkok University ကျောင်းဖွင့်စမှာ
“ChangingThe World“ ဆိုတဲ့စကားကို မြန်မာမှုပြုလိုက်တော့ “ပြောင်းလဲလျက်ရှိသော ကမ္ဘာကြီး“- တဲ့။
ဒီလို အစစ-အဖက်ဖက်မှ ပြောင်းလဲလျက်ရှိနေတဲ့ ဒီကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်ကြသူလူအများမှာ
လည်း ခေတ်နဲ. အခါနဲ.လိုက်လျောညီထွေရှိစေဖို.အဖက်ဖက်မှပြုပြင် စံထားစီစဉ်ဆောင်ရွက် သွားကြရ
မှာမဟုတ်ပါလား ။
ဒီနေ. ဒီခေတ်ရဲ့ASEAN အာစီယံဆိုတဲ့ အာရှဒေသရဲ့အဖွဲ.ကြီးကလည်းစည်းစည်းလုံးလုံးနဲ. တကယ့်ကို
လှုပ်ရှားကာ အလုပ်တွေများနေကြတာမဟုတ်ပါလား။ ဟိုအလုပ်မှာအာစီယံ- ဒီစီမံချက်အာစီယံ တကယ့်
ကိုစီစီညံညံနဲ.အလှည့်ကျလှုပ်ရှားနေကြတာကိုလည်း တွေ.ရမှာဖြစ်ပါတယ်
ဒီလို တက်တက်ကြွကြွနဲ.လှုပ်ရှားဆောင်ရွက်နေကြတဲ့အနက် လူငယ်လူရွယ်လေးများအတွက် အရေးအ
ကြီးဆုံးဖြစ်တဲ့ “ပညာရေး“ကို အားတက်သရောစီစဉ်ဆောင်ရွက်လျက်ရှိကြတာကိုလည်း တွေ.ရပါတယ်။
အဲဒီ အာစီယံအဖွဲ.ဝင်တစ်နိုင်ငံဖြစ်တဲ့ “ထိုင်းနိုင်ငံ“ကိုပဲ အကဲခတ်ကြည့်လိုက်မယ်ဆိုပါလျင် အလျင်ကနဲ.
မတူ တမူထူးခြားလာတာကို တွေ.မြင်ရပါလိမ့်မယ်။
ဟုတ်ပါတယ် ဟိုးခေတ်ဟိုအခါတွေက ကြက်တူရွေးစာအံသလို ဘာအဓိပ္ပါယ်ကိုမျှမသိကြပဲစာမေးပွဲ အောင်ဖို.အ တွက်သာဆရာရေးပေးတဲ့ စာပိုဒ်များကို ၏-သည်မချန် အလွတ်ရသည်အထိကျက်မှတ်ကာ စာမေး ပွဲအောင်ရုံလောက်သာ အာရုံစိုက်ခဲ့ကြရသည် မဟုတ်ပါလား။
Presentation လို.ခေါ်တဲ့ အင်္ဂလိပ်စကားပြောလက်တွေ.လေ့ကျင့်နေကြပုံလေးပါ
(ဆရာကဖွဲ.စည်းပေးထားတဲ့ အုပ်စလိုက် မိမိတို.ကိုယ်တိုင်ရွေးထားတဲ့ခေါင်းစဉ်အရ လက်တွေ.တင်ပြနေပုံ)
ယနေ. ပြောင်းလဲလာပြီဖြစ်သော ပညာရေးစနစ်မှာတော့ “စာ“ကိုအလွတ်ကျက်မှတ်ခြင်းမှ သည်ကိုယ် အားကိုယ်ကိုး မိမိတို.ကိုယ်တိုင်ကြိုက်နှစ်သက်ရာခေါင်းစဉ်ကိုရွေး ဆရာပေးတဲ့လမ်းညွှန်ချက်နဲ.ကိုက်ညီအောင် ခေါင်းစဉ်ကိုကိုယ်
တိုင်ရွေး - ကိုယ်တိုင်ရေးကြ-မှတ်နေကြရပါပြီ။ ၃-ယောက်တစ်ဖွဲ. စီစဉ်ပေးထားတဲ့ အုပ်စုအနေနဲ.မိမိတို.ကိုယ် တိုင်ရွေးထားတဲ့ ခေါင်းစဉ်ကိုလည်း စာသင်ခန်းရှေ.ထွက်ကာစိတ်ဝင် စားစရာဖြစ်အောင် ရေးသားတင်ပြကြရပါတယ်။
ဒီလို လက်တွေ.လေ့ကျင့်ခန်းလေးများကလည်း တကယ့်ကိုစိတ်ဝင်စားစရာဖြစ်နေတာတွေ.ရပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ပျော်စရာလည်းကောင်းလှပါတယ် ။ဒီလ(ဂျွန်လ)၁၀ -ရက်နေ.ကမှစတင် ဖွင့်လိုက်တဲ့ ဘန်ကောက်တက္ကသိုလ်(BangkokUniversity) ရဲ့ကျောင်းသားလေးများရဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့် တင်ပြနေပုံလေးများကိုလည်း အခုလိုစိတ်ဝင်စားစရာတွေ.မြင် ရပါတယ်။
0 comments:
Post a Comment