Sunday, June 30, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၆)

သစ်ထူးလွင်



Posted: 30 Jun 2013 06:20 AM PDT
စင်ကာပူ ဇွန် ၂၉

ရွှေဈေးနှုန်းသည် ဇွန် ၂၇ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ၁၂ဝဝ အောက် ကျဆင်းခဲ့ရာ ယင်းကျဆင်းမှု နှုန်းသည် ၁၉၆၈ ခုနှစ်မှ စ၍ ပထမဆုံး အကြိမ် အဆိုးရွားဆုံး ကျဆင်းမှု အဖြစ် စံချိန် တင်ရန်  ဦးတည်လျက် ရှိကြောင်း

သိရသည်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဘန်ဘာနက်သည် စီးပွားရေး ပြန်လည် နာလန်ထူမှုကို ထောက်ပံ့ပေးသော လစဉ် ငွေချေးစာချုပ် ဝယ်ယူမှုအား အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ အထိ လျှော့ချရန် နည်းဗျူဟာ တစ်ရပ်ကို ပြဋ္ဌာန်း ခဲ့ပြီးနောက် အခေါက်ရွှေ ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်မှ စ၍ ၁၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ အရန် ရွှေဈေးနှုန်းသည် ဇွန် ၂၈ ဂရင်းနစ် စံတော်ချိန် ၁ နာရီ မိနစ် ၅ဝ က တစ်အောင်စလျှင် သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၁၉၁ ဒသမ ၇၉ အထိ ကျဆင်း ခဲ့သောကြောင့် သုံးနှစ်တာ ကာလအတွင်း အနိမ့်ဆုံး အဆင့်သို့ လျော့ကျခဲ့ကြောင်း အမေရိကန် ရွှေဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၁၁၉၂ ဒသမ ၁ နီးပါး အထိ  ကျဆင်းခဲ့ကြောင်း သိရသည်။

Written by  အာကြီး (မြ၀တီ)


Posted: 30 Jun 2013 01:53 AM PDT
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်တွင် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဖုန်းများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများသာ ရရှိကြောင်း လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာမှ ဦးဂုဏ်ရည်စိုးက The Voice သို့ ပြောကြားသည်။ ကျေးရွာအုပ်စု ၄၁ အုပ်စုနှင့် မြို့ပေါ် ရပ်ကွက် ငါးခုရှိသော လေးမျက်နှာမြို့နယ်တွင် CDMA 800 တန်ဖိုးနည်း ဖုန်းများကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Jun 2013 01:49 AM PDT
မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာဒေသခံ သတင်းထောက်တစ်ဦးကို မြို့နယ်တရားရုံးက ဇွန်လ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ အပြီး မြင်ကွင်း

Posted: 30 Jun 2013 01:43 AM PDT
ဓါတ်ပုံ - Popular Myanmar News Journal

ဓါတ်ပုံ - Popular Myanmar News Journal
မန္တလေး ဇွန် ၃၀

ပြင်ဦးလွင်မြို့လယ်တွင်ယနေ့ေ
န့လယ် ၁နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီး နေမင်း ဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦး ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်း
မျက်မြင်တွေ့ရှိသူများက ပြောသည်။

"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ တခြားထိခိုက်တာ တော့ မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို
ထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။

ဖိုးလပြည့်

 Popular Myanmar News Journal


Posted: 29 Jun 2013 10:52 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ၀န်ထမ်း အိမ်ယာဆောက် လုပ်အသုံးပြု ရန်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနမှ သိမ်းယူခဲ့သည့် မြေနေရာမှ ဖယ်ရှားပေးခြင်း မပြုလုပ်ခဲ့သည့် မုံရွာမြို့ အိုးဘိုတောင် ကွက်သစ် မြ၀တီရပ်ကွက်၊ နယ်မြေ ၆ရှိ အိမ်ဝင်းပိုင်ရှင် ဦးရွှေရ(ခ) ကျောက်ခဲကို မုံရွာအမှတ်(၁) ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးကျော်ကျော်ညွှန့် ဦးဆောင်သည့်အဖွဲ့က ဇွန်လ ၂၅ရက်နေ့ နေ့လည်ပိုင်း၌ ဖမ်းဆီးရန်အသွား အိမ်ပိုင်ရှင်ဖြစ်သူမှာ ရုတ်တရက် သတိလစ်မေ့ မြောသွားသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသ မှု ခံယူနေရကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 10:43 PM PDT
အခြား တစ်ပါး သောနိုင်ငံမှ နိုင်ငံရပ်ခြား တစ်နိုင်ငံသို့ ရောက်ပြီ ဆိုလျှင် မြင်ကွင်းထဲ တန်းဝင်လာသည်မှာ အဆောက်အအုံတို့၏ အသွင်သဏ္ဌန်၊ လမ်းများ၏ သန့်ရှင်း သပ်ရပ်မှု၊ သူတို့နိုင်ငံသားများ၏ အသွင်သဏ္ဌာန်။ ယင်းတို့မှတစ်ဆင့် စီတက်ကြည့်လျှင် များစွာထပ်သိနိုင်သည့် အဆောက်အအုံတို့၏ ဗိသုကာဟန်၊ အမှိုက်သိမ်းနည်းစနစ်၊ လူတို့၏ စည်းကမ်း လိုက်နာမှု၊ ဝတ်စား ဆင်ယင်မှုတို့ကို စောကြောမိမည်။ ရောက်ရောက်ချင်း မြင်ကွင်းတွင် အဆင့်ပေါင်းများစွာ ကျော်လွန် မကြည့်နှင့်ဦး ...

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Jun 2013 10:36 PM PDT
တပ်မတော်က သိမ်းယူထားသော လယ်ယာမြေများကို ပြန်လည် ရရှိရေးအတွက် တောင်သူ လယ်သမားများ အနေဖြင့် လယ်ခွန်ပြေစာသာ ပြသနိုင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။ “ပြေစာ မရှိလည်း မြေစာရင်းမှာ ဆောင်ထားတဲ့ မူရင်းပြေစာ ရှိရင်ရတယ်။ သက်သေခံ လယ်နီးချင်းလေးဦး ထောက်ခံလည်း ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 10:29 PM PDT
ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 08:40 PM PDT
မော်တော်ကားတွေ များပြားလာနေတဲ့ ရန်ကုန်မြို့ဟာ ယာဉ်တိုက်မှုတွေ၊ မတော်တဆဖြစ်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ ယာဉ်တိုက်မှုတွေက နေ့အချိန်ထက်စာရင် ညပိုင်းမှာဖြစ်လေ့ရှိပြီး အဖြစ်အများဆုံးကတော့ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 08:18 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ၀န်းသိုမြို့နယ်တွင် ယခုလပိုင်းမှ စတင်ကာ ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားလျက်ရှိသည်။

ယခုရက်ပိုင်း အတွင်း ကလေးငယ်(၃၀၀)ဦးခန့် အထိ ဖြစ်ပွားခဲ့ကာ ၀န်းသိုမြို့နယ် ဆေးရုံတွင် နေရာ မလောက်၍ ကလေးငယ် များအား နေရာထိုင်ခင်း အဆင်မပြေကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ပြင်ပဆေးခန်းများတွင်လည်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူနာများ အပြည့်ဖြစ်နေကြောင်း သိရသည်။

ဝန်းသိုမြို့နယ်သည် ကသာခရိုင်အတွင်း တည်ရှိပြီး ဆေးရုံကြီးများသို့ တက်ရောက်ကုသရန် လမ်းပန်းဆက်သွယ်ရေး မကောင်းသောကြောင့် ရောဂါကုသရာတွင် နှောင့်နှေးကြံ့ကြာမှုများ ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိမြို့နယ်များတွင် ဆေးရုံကြီးများမရှိသောကြောင့် အရေးပေါ်လူနာများ ဆေးကုသမည်ဆိုပါက မန္တလေးဆေးရုံသို့သာ သွားရောက်ကုသရ သည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

သဉ္ဖာဦး

by Myanmar News Now
Posted: 29 Jun 2013 07:43 PM PDT
ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ဆိုင်ကယ်တိုက်မှုဟာ ကျွန်တော့်ရှေ့မှာ ဖြစ်သွားခဲ့တာပါ။ မနေ့ည ၇ နာရီကျော်မှာ ရုံးကနေ ကိုယ်တိုင် ကားမောင်းပြီး ပြန်လာခဲ့ပါတယ်။ သပြေကုန်း အဝိုင်း ကျော်လာတော့ ကျွန်တော့်ကားကို လမ်းလယ် မျဉ်းဝါတိုင်း ကပ်ပြီး အရှိန်ပြင်းပြင်း မောင်းလာတဲ့ ဆိုင်ကယ်တစ်စီး ကျော်တက်သွား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 07:22 PM PDT
The 1st International Conference on Tai Studies လို့ခေါ်တဲ့ ရှမ်းလူမျိုး အကြောင်းနဲ့ ပတ်သက်တဲ့ ပထမဆုံး နိုင်ငံတကာ ညီလာခံ တခုကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် မြို့မှာ ပြုလုပ် ကျင်းပနေပါတယ်။ ဒီညီလာခံမှာ ဘာတွေကို အဓိကထား ပြောဆို ဆွေးနွေးကြလဲ ၊ ညီလာခံရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ညီလာခံ ဖြစ်မြောက်ရေး ကော်မတီတွေကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပွဲတိုင်းမှာ အများနှစ်သက် အားပေးခံရတဲ့ ရှမ်း ကိန္နရီ ကိန္နရာ မောင်နှံအက
Posted: 29 Jun 2013 07:14 PM PDT
အမေရိကန် ထောက်လှမ်းရေး အဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ်ကနေ ခိုးဝင် ထောက်လှမ်းခဲ့ပြီး ရုံးတွင်း ကွန်ပြူတာတွေကို ဝင်ရောက် အချက်အလက် ရယူခဲ့ကြောင်း ဖော်ပြထားတဲ့ လိျု့ဝှက်စာရွက်စာတမ်း တခုကို သူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz

Posted: 29 Jun 2013 06:37 PM PDT
ပညာရေးဟာ အခွင့်ထူးခံ လူတန်းစား တစုအတွက် မဖြစ်စေဘဲ၊ တိုင်းရင်း သားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ပညာဟာ လူတိုင်းအတွက် ဖြစ်စေ ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။ ပညာကို အတူတကွ သင်ကြားမှုကနေ တိုင်းရင်းသားတွေကြား အပြန်အလှန် အလေးထားမှုတွေ ရလာ စေနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပညာကို လွတ်လပ်စွာ သင်ယူနိုင်ခွင့် ရှိဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 06:33 PM PDT
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရေဘေးဒုက္ခသည်တွေကို အိန္ဒိယစစ်တပ်က ကူညီကယ်ဆယ်နေစဉ်။ (ဇွန်လ ၂၅ ရက်၊ ၂၀၁၃)။

Posted: 29 Jun 2013 06:30 PM PDT
အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ တောင်းခံနေတဲ့ အမေရိကန် ထောက် လှမ်းရေး အဖွဲ့ရဲ့ ၀န်ထမ်းတဦးဖြစ်တဲ့ Edward Snowden နဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန် နဲ့ အီကွေဒေါသမ္မတ တို့ ဆွေးနွေးပြောဆို ခဲ့ကြပါတယ်။ ဒုသမ္မတ ဂျိုးဘိုင်ဒန်က Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတာကို လက်မခံဖို့ အတွက် တောင်းဆို ခဲ့တယ်လို့ အီကွေဒေါသမ္မတ Rafael Correa က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 01:20 PM PDT
ဇွန်လ ၂၉

နေပြည်တော်မှ ရန်ကုန်သို့ အပြန် အမြန်လမ်း မိုင်တိုင် ၂၂ အနီးတွင် ယနေ့ ညနေ ၆နာရီခွဲခန့် အချိန်က သစ်ခိုးတင်ဆောင်လာသည် ဟု ယူဆရသည့် အမှတ်တံဆိပ် မသိရသေးသော luxury (minivan) အမျိုးအစားယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရရှိမှု အခြေအနေနှင့် ဖြစ်စဉ်တို့ကို အသေးစိတ်သိရှိရခြင်းမရှိသေးပေ။

သတင်း - ဓါတ်ပုံ ။  ။ ပြည်သူ့ခေတ်

ဇွန် ၂၉ရက် ည ၈နာရီခန့်က တွေ့ရစဉ်



Posted: 29 Jun 2013 12:08 PM PDT
ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံလွှင့် ဌာနတွေကနေ နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့် ချက်တွေကို တဆင့်ပြန်လွှင့် ပေးမှုကို အစိုးရက တားမြစ်လိုက်တဲ့ အပေါ် အမေရိကန် အစိုးရက ဝေဖန်လိုက်ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ မတိုင်ခင် ၃၁ ရက်အတွင်း နိုင်ငံခြား မီဒီယာတွေရဲ့ အသံလွှင့် အစီအစဉ်တွေကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 12:08 PM PDT
ထိုင်း တောင်ပိုင်း ယာလ ပြည်နယ်မှာ စစ် မော်တော်ယာဉ်ကို ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ထိုင်းစစ်သား ၈ ယောက် သေဆုံး ခဲ့ရ ပါတယ်။ ဒီ စစ်သား တွေဟာ ခွင့်ရလို့ အိမ်ပြန် နေကြ ချိန်မှာ အခုလို လမ်းဘေးဗုံး နင်းမိတာ ဖြစ်ပြီး၊ ထရပ်ကား ကတော့ လုံးဝ ပျက်စီး သွားကာ စစ်သား ၂ ယောက်နဲ့ အနားက ရွာသား ၂ ယောက်ပါ ဒဏ်ရာ ရသွား တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထရပ်ကား လုံးဝ ပျက်စီး သွားကာ နောက်ထပ် စစ်သား ၂ ဦးနဲ့ အနားက ရွာသား ၂ ဦးလည်း ဒဏ်ရာရ

Posted: 29 Jun 2013 12:01 PM PDT
မြန်မာ အစိုးရ၊ တပ်မတော် နဲ့ လွှတ်တော် အကြားမှာ တိုင်းရင်းသားအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေလည် မှုတွေ ရှိနေနိုင် တယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောပါတယ်။ လွှတ်တော် ဥက္ကဌ က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခိျု့မှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တဲ့ အတွက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သူရ ဦးရွှေမန်းက ကာ/လုံ အစည်းအဝေး ခေါ်ဖို့ တိုက်တွန်းထား

Posted: 29 Jun 2013 11:54 AM PDT
နိုင်ငံအဝှမ်း လယ်ယာမြေ သိမ်းဆည်း ခံရမှုကြောင့် ဆုံးရှုံး နစ်နာနေရတဲ့ လယ်သမားတွေ အတွက် လယ်သမား အကျိုးစီးပွား ကာကွယ်မြှင့် တင်ရေး ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေချိန်မှာ ပဲ တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းရေး ကော်မတီ ဥပဒေ ပညာရှင်တွေ ကလည်း လယ်သမားတွေ လယ်ယာမြေ ဥပဒေရေးရာ တွေကို ကိုယ်တိုင်သိရှိ နားလည်နိုင်ဖို့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ပညာပေး သွားဖို့စီစဉ်နေ ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 11:50 AM PDT
သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အုတ်မြစ်ကို ခိုင်ခိုင် မာမာ ဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချ ထားတယ်လို့ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေး ပြောကြား လိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီး ဌာနမှာ ကျင်းပတဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 11:47 AM PDT
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပြီးခဲ့တဲမတ်လက အကြမ်းဖက်တဲ့ ပဋိပက္ခတွေ ဖြစ်အပြီး ဖမ်းဆီးခံရသူတွေထဲက လူ ၁၂၀ ကို ရုံးးတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း ဒီအထဲမှာ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် ပုဒ်မ ၄ ခုနဲ့ ၄၉ ဦးကို တရားစွဲဆို ရုံးတင်စစ်ဆေး နေသလို၊ ဆူပူမှု အပါအ၀င် တခြားပုဒ်မ ၁၀ ခုနဲ့လည်း လူ ၇၁ ဦးကို တရားရုံးတင် စစ်ဆေးနေပြီ် မိတ္ထီလာမြို့ခံတွေက ဆိုပါတယ်။ ဒါ့အပြင် ဇွန်လ ၂၉ ရက်နေ့ကလည်း သတ်ဖြတ်ခံရသူ အများဆုံး နေထိုင်ရာ ရပ်ကွက်ဖြစ်တဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Jun 2013 11:44 AM PDT
ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ်လို့ ပြောတာကို မူဆလင် ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ လူမျိုးပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဟောပြောပွဲမှာ မှုဆလင် ဘာသာရေး ခေါင်းဆောင် တစ်ဦးက ပြောသွားတာပါ။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတချို့ကလည်း ပဋိပက္ခတွေ ပြေပျောက်ဖို့ အတွက် မေတ္တာ တရားကိုသာ ရှေ့တန်းတင်ကြဖို့ မိန့်ကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Jun 2013 11:40 AM PDT
မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၅ ခုက မြန်မာလုပ်သား ၁၇ဝ ကျော်နဲ့ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးတို့ဟာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လေယာဉ်စင်းလုံးငှား ကူညီပေးမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြမယ်လို့ သိရပါတယ်။ ဒီကူညီမှုနဲ့ ပတ်သက်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးရဲမျိုးဟိန်းက RFA ကို အခုလို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...