Wednesday, June 26, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၆)

သစ်ထူးလွင်



Posted: 26 Jun 2013 06:40 AM PDT
ဆက်သွယ်ရေး ဥပဒေပြဌာန်းပြီးမှ ဆက်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုဖို့ အရေးကြီးအဆို အောင်မြင်သွားတဲ့ အတွက် အစိုးရကလုပ်နေတဲ့ ဆက်သွယ်ရေး ဆိုင်ရာ လုပ် ငန်းတွေ ရပ်နားထားရမလို ဖြစ်နေပါတယ်။ ဇွန် ၂၇ ရက်မှာ အစိုးရက ဆက်သွယ်ရေး တင်ဒါအောင်မြင်တဲ့ နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာ ၂ ခုစာရင်း ထုတ်ဖော် ကြေညာဖို့ ရှိနေချိန်မှာ ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်ထဲ အခုလို အရေးကြီးအဆို တင်ပြီး အောင်မြင်ခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 06:38 AM PDT
ကျောက်တံတားမြို့နယ် အမှတ်(၃) ရပ်ကွက် ပန်းဆိုးတန်းလမ်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၂) တွင် ဇွန် ၂၄ ရက် နံနက် ၈နာရီ မိနစ် ၃၀က ပင်စင် လာရောက်ထုတ်ယူသည့် အသက် ၈၈ နှစ် အရွယ်ရှိ အဘိုးအိုတစ်ဦး လဲကျ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ သေဆုံးသူမှာ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ စာပို့ လုပ်သား(ငြိမ်း) ဦးဖေမြင့်ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) (၇၁) ရပ်ကွက် မင်းရဲကျော်စွာ (၅) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပင်စင်လာထုတ်သူများအားတွေ့ ရစဉ်

Posted: 26 Jun 2013 06:34 AM PDT
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-မိုင်းဆတ် လမ်းမကြီး ဖက်ယိတောင်ကုန်း အဆင်းတွင် ဆွမ်းစားပြန်လာသော သံဃာ ငါးပါးနှင့် လူတစ်ဦး လိုက်ပါလာသည့် ယာဉ်သည် ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က အရှိန်လွန်ကာ ပေ၂၀၀ကျော် အနက်ရှိ ချောက်အတွင်း ပြုတ်ကျ ခဲ့ရာ ရွှေတောင်တန်း ပရဟိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ပျံလွန်တော်မူခဲ့ကြောင်း သွားရောက် ကယ်ဆယ်ခဲ့သည့် ရွှေတာ ချီ ခရီးသွားလုပ်ငန်းမှ ကော်မတီဝင် ဦးကျော်မြင့်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 03:40 AM PDT
တောင်ယာမှ အပြန် ကျွဲချေး မှိုကောက်ပြီး မိသားစုနဲ့ အတူ အိမ်မှာ ချက်ပြုတ် စားသောက်ခဲ့လို့ မိခင်နဲ့အတူ သားသမီး လေးဦးသေဆုံး သွားခဲ့ရတယ်လို့ သေဆုံးသူ မိသားစုများကို ပြုစု ကုသပေးခဲ့တဲ့ သားဖွားဆရာမက ပြောပါတယ်။ ဇွန်လ ၁၉ ရက်နေ့က ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရော့ခူအုပ်စု၊ ဟာလီကျေးရွာနေ ဦးဆားဘာ မိသားစုဟာ ကျွဲချေးမှို တမျိုးကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ပြီးနောက် ၁၀နာရီခန့် အကြာမှာ ဖခင်ဖြစ် သူ ဦးဆားဘာ မှိုအဆိပ်တက်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Jun 2013 03:20 AM PDT
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ သူတို့ လုပ်ပေးချင်တဲ့ အချိန်မှ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေလို့ ဥပဒေ မဆန်ဘူး၊ လုပ်ထုံးလုပ်နည်း မဆန်ဘူးလို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဖေသန်းက ဝေဖန်လိုက်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ဖို့ အချိန်အကန့်အသတ်တခု သတ်မှတ် ပြဋ္ဌာန်းပေးဖို့ ရှိ၊ မရှိ အပါအ၀င် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်း ၃ ခုကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်ထဲ ဦးဖေသန်းက မေးမြန်းရာမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ပြန်လည် ဖြေကြားချက်အပေါ် အခုလို ဝေဖန်လိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 11:59 PM PDT
အမေရိကန်ဒေါ်လာရဲ့ ပြင်ပပေါက်ဈေးဟာ အခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် ၁ ဒေါ်လာ ကျပ် ၁၀၀၀ ရောက်သွားပြီဖြစ်ကြောင်း ရွှေဘုံသာ နိုင်ငံခြားငွေဈေးကွက်က စုံစမ်းသိရပါတယ်။

ဇွန် ၂၆ ရက်နေ့မှာ ဒေါ်လာပေါက်ဈေး အ၀ယ် ၉၉၆ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၁ ဒေါ်လာ ကျပ် ၁၀၀၀ ဖြစ်ပါတယ်။ သိမ်ဖြူလမ်း ငွေလဲကောင်တာတွေအပါအ၀င် တရားဝင် ငွေလဲ ကောင်တာတွေမှာ အ၀ယ် ၉၅၆ ကျပ်၊ အရောင်း ၉၆၆ ကျပ် သတ်မှတ်ထားပေမယ့် လက်တွေ့ သွားဝယ်ရင် ဒေါ်လာ ကုန်နေတယ်၊ ရောင်းပေးဖို့ မရှိဘူးလို့ ဖြေကြပါတယ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလတုန်းက ဒေါ်လာဈေး ၉၅၀-၁၀၀၀ ဖြစ်ရင် ပို့ကုန်သမားတွေ အဆင်ပြေနေတာသိရက်နဲ့ ဘာကြောင့် မလုပ်တာလဲလို့ ပြောဆိုမှုအပြီး ဒေါ်လာဈေးတွေ တရိပ်ရိပ် တက်လာတာနဲ့ ဆက်စပ်နိုင်ကြောင်း နိုင်ငံခြားငွေအရောင်းအ၀ယ် လုပ်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

 by ဒီဗွီဘီ


Posted: 25 Jun 2013 11:44 PM PDT
ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၈၃/၄ တွင် တောင်ငူ မြို့နယ် ကျွန်းကုန်းကျေးရွာတွင် လွန်ခဲ့သော ၁၁ ရက်ခန့်က လမ်းလျှောက်လာသည့် တပ်မတော်မှ ဒုတပ်ကြပ်တစ်ဦးကို ရဲတပ်သားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မိရာက သေဆုံးခဲ့သဖြင့် ရဲတပ်သားကို ယခင်ပုဒ်မ ၃၃၈ ထိခိုက် နာကျင်စေမှုဖြင့် အရေးယူထားရာမှ ယခု အခါ ပုဒ်မ ၃၀၄ (က) လူသေမှုဖြင့် အမှု ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း အဆိုပါ ကျွန်းကုန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 11:39 PM PDT
နေပြည်တော် ဒီနေ့ မနက် ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းမြင့်က လစ်လပ်နေတဲ့ လွှတ်တော် အမတ်တွေရဲ့ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရှိ၊ မရှိ မေးမြန်းရာမှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မရှိကြောင်း ပြန်လည်ဖြေကြား ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 25 Jun 2013 11:33 PM PDT
ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ကမ်းနားလမ်းတွင် တည်ဆောက်နေသော အဆောက်အအုံနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် စုဝေးခဲ့သဖြင့် ပြည်မြို့ ဒေသခံ သတင်းထောက်နှစ်ဦး အပါအဝင် လူခြောက်ဦးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားသော အမှုကို ဇွန်လ ၂၅ ရက်တွင် မြို့နယ်တရားရုံးသို့ ရုံးတင်ပြီဖြစ်ကြောင်း ပြည်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 10:57 PM PDT
မိုးကတိုး၍သာ သည်းသည်းလှုပ် ရွာနေဆဲ။ စိတ်အလိုအတိုင်း ထင်သ လိုခြယ် လှယ်၍ မရသည့် သဘာဝတရားမို့ အ ပြစ်ဆိုရန် မရှိပါ။ တစ်ညလုံးရွာ ခဲ့သည့် မိုးက ခဏတိတ်လိုက် အသစ်ပြန်စလိုက် နှင့် နံနက်ထိ ထိုနည်းလည်းကောင်း။ ထို့ကြောင့်မိုးကအေး၏။ အနှီမိုးအေး အေးသည် လူငွေ့ဖြင့်အသားကျကာ နွေးနေသော အိပ်ချင်စိတ်အပေါ် အရ သာရှိရှိ ဖိထားသည်။ သို့သော် အင်းအင်းအဲအဲညည်းညူ ကာ ထိုအရသာကို နှမြောတသစွာပယ် ကြရစမြဲ။ စောင်ကို မဖယ်ချင့်ဖယ်ချင်ခွာ၊ ”စိတ်ရှိလက်ရှိသာ အိပ်ပစ် လိုက်ရရင် တော့ကွာ”ဟူသောလောဘဖြင့် လေးလံ နေသော မျက်လုံးများကို ဖွင့်ပြီးနောက် ပို၍ အကောင်ကြီးသော ပရိယေသန ဝမ်းစာအတွက် တစ်မနက် အားမွေးရ ပြန်ပြီ ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jun 2013 10:52 PM PDT
သူ့အိတ်ထဲက ထီလက်မှတ်တွေ ကို ထုတ်ပြီးစားပွဲပေါ်ချလိုက်တာနဲ့ မယဉ် ယဉ်လှ (အမည်လွှဲ)၏ သမီး အငယ်မလေးက ထအော်သည်။ ''အမေ, ဒီတစ်ခါထိပ်စီးနှစ်ဂဏန်းကို မထိုးနဲ့။ ပြီးခဲ့တဲ့လကထွက်သွားတဲ့ ပထမ ဆုက ထိပ်စီးနှစ်ကြီးလေ။ ဒီလ ထိပ်စီးကို တစ်, သုံး, လေးပဲထိုးပါ အမေရ'' စာကြည့်စားပွဲမှာထိုင်ရင်းလည်ပြန် လှမ်းအော်လိုက်တဲ့ သမီးစကားကြောင့် မယဉ်ယဉ်လှ ထိပ်စီး သုံးဂဏန်းထဲကပဲ ထီလက်မှတ် ငါးစောင်ရွေးလိုက်ပြီး ထီလက်မှတ်ဖိုးပိုက်ဆံ ထုတ်ပေးလိုက်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Jun 2013 10:45 PM PDT
တောင်ကိုရီးယားက တံတားဆောက် မည်ဆိုသော သတင်း ထွက်ပေါ်ပြီး ရက်ပိုင်း အတွင်း ဈေးအဆမတန် မြင့်တက်လာသော ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ မြေကွက်များအား ရှမ်းတရုတ်ဟု ထင်ရသူများက ရောင်းသမျှ အကုန်လိုက်ဝယ် နေကြောင်း နယ်မြေခံ ပြည်သူများနှင့် အိမ်ခြံမြေ ပွဲစားများက မဇ္စျိမသို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 10:41 PM PDT
ဇွန်လ (၂၆)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 10:39 PM PDT
ဇွန်လ (၂၉)ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 13

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 10:16 PM PDT
လာမည့် ခရီးသွား ရာသီအတွက် ခရီးစဉ်များ ရောင်းချရာတွင် စိတ်ဝင်စားသူ နည်းပါးနေပြီး ၀ယ်ယူသူ နည်းပါးနေကြောင်း ခရီးသွား ကုမ္ပဏီများထံမှ သတင်းရရှိသည်။ “မြန်မာပြည်ဆို တော်ပါပြီ။ ဈေးကြီး တယ်ပဲ ပြောနေကြတယ်” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်မြတ်ကျော်က ပြောသည်။ ထို့ကြောင့် ၂၀၁၂ ဇွန်လသို့ ရောက်ရှိ လာသော်လည်း လာမည့် ခရီးသွားရာသီ (၂၀၁၃ အောက်တိုဘာမှ ၂၀၁၄ ဧပြီ ကာလအထိ) အတွက် နှစ်စဉ်ရောင်းချ နေကြသော အုပ်စုလိုက် ခရီးစဉ်များမှာ ယခုအချိန်အထိ မရောင်းချရသေးကြောင်း Nature Dream ခရီးသွား ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ မစပယ်အောင်က ပြောသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

Posted: 25 Jun 2013 10:13 PM PDT
မြန်မာနိုင်ငံတွင် ဇွန်လ ၂၈ ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပမည့် အမုန်းတရား ကိုယ်စားပြု စကားလုံး သုံးနှုန်းမှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဦးဆောင် ဆွေးနွေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jun 2013 10:08 PM PDT
သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jun 2013 09:51 PM PDT
ငွေစက္ကူ အတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှုကို တားဆီး ရန်နိုင်ငံတော် အစိုးရနေဖြင့် စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက် သင့်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြား သည်။ ငွေစက္ကူ အတုများ ပြည်တွင်း၌ ပျံ့နှံ့မှုများ လာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှု လျော့နည်း သွားပြီး စီးပွားရေး လုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွား အကြံပေး ကောင်စီဝင် စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

Posted: 25 Jun 2013 09:40 PM PDT
တရားမဝင်သည့် နည်းလမ်းအသုံး ပြုကာ ငွေကြေးရရှိ စုဆောင်းထားကြ သူများကို ငွေကြေးစုံစမ်းထောက်လှမ်း ရေးရဲတပ်ဖွဲ့က အရေးယူ သွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့မှစကာ ဒုတိယ ရဲချုပ် ဦးစီးသော တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ကလေးနှင့် တမူးခရိုင်အတွင်း ကွင်းဆင်း စုံစမ်းစစ် ဆေးမှုအပြီး ရက်ပိုင်းအကြာ ရဲတပ်ဖွဲ့ ဌာနချုပ်က အထက် ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး အရေးယူနိုင်ရန်အတွက် လည်း သက်ဆိုင် ရာရဲတပ်ဖွဲ့ကို ဖွဲ့စည်း ထားပြီးပြီဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 09:36 PM PDT
မြန်မာ့ ပညာရေး အိုင်တီနည်း ပညာ အကူအညီ ပေးရေးကို မိုက်ခရို ဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ် ဆောင်ပေး သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။ ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့် ပညာ နှစ်ပိုင်းခွဲ လုပ်ဆောင်မည်ဖြစ် ပြီး ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် အချို့နှင့် တွေ့ဆုံပြီး ဖြစ်သည် ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 09:31 PM PDT
မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးသည် မုံရွာမြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့ကြောင်း ဖမ်းဝရမ်း ထုတ်ပြန်ခံရသူ၏ မိသားစုဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 09:23 PM PDT
ညောင်ဦးမှ ရန်ကုန်သို့ ထွက်ခွာမည့် အဲပုဂံ လေယာဉ်ပျံပေါ်ကို လက်နက်ကိုင် ဆောင်ပြီး တက်ရောက်ရန် ကြံ ရွယ်သူ တရုတ်နိုင်ငံသား နှစ်ဦး အား လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှ အရေးပေါ် စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း လေ ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဇွန် ၂၁ ရက်က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun   နှင့် Mr. Zhang Yunqing  တို့ နှစ်ဦးအနက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 09:05 PM PDT
မုံရွာပြည်သူ့ ဆေးရုံကြီးဝင်း၏ တောင်ဘက် တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင် အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်း တစ်ဦး၏ ဆက်သွယ်ပြောကြား ချက်များ အရ သိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း - ဓါတ်ပုံ ။ ။ ကိုတိုးကြီး

Posted: 25 Jun 2013 08:48 PM PDT
တစ်လကျော်အတွင်း အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ် ငွေလဲလှယ်သည့်နှုန်းမှာ ၁၇ ရာခိုင်နှုန်း ခန့်တက်လာခဲ့ပါသည်။ ထိုပမာဏမှာ မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ဈေးကွက်သမိုင်းတွင် တစ်လအတွင်း ဈေးအပြောင်း အလဲအမြင့်ဆုံး စံချိန်ဖြစ်သည်။ အာရှစီးပွားရေး ပျက်ကပ်ဖြစ်ခဲ့သော ၁၉၉၇ ခုနှစ်က တစ်နှစ်အတွင်း ငွေလဲနှုန်းမှာ ၃၄ ရာခိုင်နှုန်း တက်ခဲ့ပြီး ထိုပမာဏမှာ အမြင့်ဆုံးဖြစ်ခဲ့သော ပမာဏဖြစ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

Posted: 25 Jun 2013 08:20 PM PDT
အီတလီ နိုင်ငံမှ တရားရုံး တစ်ခုသည် အသက်မပြည့်သည့် မိန်းကလေး တစ်ဦးကို အခကြေးငွေပေး၍ လိင်ဆက်ဆံ ခဲ့ကြောင်း ပြစ်မှုထင်ရှား ခြင်း အတွက် ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီကို ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။ အီတလီ၏ အကြွယ်ဝဆုံး စာရင်းဝင် ဘီလျံနာ သူဌေးကြီး တစ်ဦးဖြစ်ပြီး နာမည်ကျော် အေစီမီလန် ဘောလုံးအသင်း၏ ပိုင်ရှင်လည်းဖြစ်သော ဘာလူစကိုနီအား တနင်္လာနေ့က အဆိုပါ ပြစ်ဒဏ် စီရင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အီတလီ၏ အကြွယ်ဝဆုံး စာရင်းဝင် ဘီလျံနာ သူဌေးကြီး တစ်ဦးဖြစ်ပြီး နာမည်ကျော် အေစီမီလန် ဘောလုံးအသင်း၏ ပိုင်ရှင်လည်းဖြစ်သော ဘာလူစကိုနီအား တနင်္လာနေ့က အဆိုပါ ပြစ်ဒဏ် စီရင် ချမှတ်ခဲ့ခြင်းဖြစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...