Tuesday, June 25, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)

သစ်ထူးလွင်



Posted: 25 Jun 2013 06:44 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် လတ်တလော တိုင်းပြည် အခြေအနေများနှင့် ပတ်သက်၍ ၎င်း၏ သဘောထားများကို ပြည်တွင်းပြည်ပ မီဒီယာသမားများနှင့် အင်္ဂါနေ့က နာရီဝက် ကျော်ကြာ တွေ့ဆုံဤ ရင်းနှီးစွာ ထုတ်ဖော် ပြောဆိုခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မီဒီယာများ၏ အမေးကို ဖြေကြားရာတွင် အချိုးကျ ကိုယ်စားပြု (PR) စနစ် ကြံဆချက်ကို လက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာများ နာရီဝက်ကြာ တွေ့ဆုံပြောဆိုနေသည်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော် အဆောက်အဦအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - NLD) “ဦးရွှေမန်းက သမ္မတ ဖြစ်ချင်တယ်လို့ ပြောတာဟာ ဖြောင့်မှန်တယ်၊ ပွင့်လင်းတယ်၊ သဘောကျတယ်။ နိုင်ငံရေးလုပ်နေမှ ရှိုးတိုးရှန့်တန့်ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲ” ဟု ပြောဆိုသွားသည်။

Posted: 25 Jun 2013 06:08 AM PDT
မလေးရှားနိုင်ငံကနေ ပြန်လာဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မလေးရှားနိုင်ငံ ရောက်ရှိနေတဲ့ သီတဂူဆရာတော်က ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် လှူဒါန်း ကူညီလိုက်ပါတယ်။ သီတဂူ ဆရာတော်ကိုယ်တိုင် မနေ့က မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို ကြွရောက်ပြီး မြန်ပြည်ပြန်မယ့်သူတွေကိုကို ဩဝါဒ မိန့်ကြားကာ မြန်မာနိုင်ငံသားတွေ ပေးဆောင်ရမယ့်  ဗီဇာရက်လွန်ကြေးငွေတွေကို လှူဒါန်းလိုက်တာလို့  မြန်မာပြည်ပြန်မယ့် မြန်မာနိုင်ငံသားတွေကို လိုက်လံကူညီ ပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 06:04 AM PDT
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ၊ မဟာမြိုင် ကျောင်းတိုက်တွင် ဇွန်လ ၂၀ ရက် နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က သံဃာနှစ်ပါး ပျံလွန်နေသည်ကို တွေ့ခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။ အရှင်ဣန္ဒောဘာသနှင့် အရှင်စန္ဒောဘာသ တို့သည် သီတင်းသုံးတော်မူရာ ကျောင်းဆောင်တွင် ပျံလွန် နေကြောင်းကို ကျောင်းတိုက်ရှိ အခြားသံဃာတော်များက တွေ့ရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံ အကြောင်းကြားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ပျံလွန်တော်မူသွားသော သံဃာနှစ်ပါး၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 05:54 AM PDT
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် နှင့် တိုက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သော တစ်ပတ်မှစ၍ ဝက်များသည် ပုံမှန် မဟုတ်သော သေဆုံးမှု များပြားလာကြောင်း ဒေသခံများက The Voice သို့ ပြောကြားသည်။ ဇွန်လ တတိယပတ်တွင် ရပ်ကွက်ထဲ၌ ဝက်များသည် ကိုယ်ပူခြင်း၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းများ ရှိခဲ့ပြီး တိ၊မွေး၊ကု ဆရာဝန်နှင့် ခေါ်ယူ ကုသသော်လည်း သုံးရက်အတွင်း ဝက်ငါး ကောင်ခန့် သေဆုံးခဲ့ကြောင်း မှော်ဘီမြို့နယ် (၄) ရပ်ကွက် ၁၅၀၀ ကွက်သစ် နေထိုင်သည့် ဝက်မွေးမြူသူ ဦးထွန်းထွန်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 05:47 AM PDT
ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ငှားရမ်းခြင်းသည် မြန်မာ နိုင်ငံ မှ ကောင်းသောနိမိတ်ကို ရယူ လိုသဖြင့် ငှားရမ်းခြင်းဖြစ်နိုင် ဖွယ်ရှိကြောင်း ဝါရင့်ဗေဒင်နက္ခတ် ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။ နာမည်ကျော် ဆရာမင်းသိင်္ခ၏ တပည့် ဆရာဇင်ယော်နီ က ''ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ဆင်ဖြူတော်ကို ငှားတယ်ဆိုတာ က သူတို့က ကောင်းတဲ့နိမိတ်ကို ယူချင်လို့ ငှားရမ်းတယ်လို့ ထင် တယ်။ ဆင်ဖြူ ဆိုတာက ငှားလို့ ကောင်းတဲ့ ပစ္စည်းမဟုတ်ဘူး။ ငှား လိုက်ရင် မြန်မာနိုင်ငံအတွက် ဆိုးကျိုး မရှိရင်တောင်မှ ကောင်းကျိုး ဖြစ်လာစရာ မရှိနိုင်ဘူး။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jun 2013 05:45 AM PDT
ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာသည့် မြန်မာနိုင်ငံတွင် ပြည်တွင်း ၌ ဆောက်လုပ်ရေးသုံး ပစ္စည်းများ လုံလောက်စွာ မထုတ် လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး ပစ္စည်း အမေရိကန်ဒေါ်လာ ၃၆၄ သန်းဖိုးခန့် တင်သွင်းရဖွယ်ရှိကြောင်း ထိုင်း Kasikorn Bank ပိုင် Kasikorn သုတေသန စင်တာ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 05:41 AM PDT
တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ရေအိုးစင်ကျေးရွာအနီး ကွင်းချောင်းတွင် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဝါးဖောင်မြုပ်၍ ရေနစ်နေသူကို လိုက်လံ ဆယ်ယူသူ တစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ လူငါးဦး ပဲခူးရိုးမ တောင်ပေါ်တွင် ဝါးခုတ်ပြီး ကွင်းချောင်းမှ ဖောင်ဖွဲ့၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Jun 2013 05:36 AM PDT
တိုင်းမ်မဂ္ဂဇင်း က ဗုဒ္ဓဘာသာအကြမ်းဖက်ဟု သုံးနှုန်းဖော်ပြခဲ့မှုနှင့် ပတ်သက် ၍ မိမိတွင် အကြမ်းဖက်သမား များ၏ အမူအကျင့်၊ စရိုက်လက္ခ ဏာမျိုး လုံးဝမရှိကြောင်း ဆရာ တော်ဦးဝီရသူက ရန်ကုန်တိုင်းမ် သတင်းစာသို့ မိန့်သည်။ ''အကြမ်းဖက်ဆိုတာ ဘာ ကို ကြည့်ပြီးပြောတာလဲ။ လက် နက်တွေကိုင်၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး ပြဿနာရှာ၊ အဓိကရုဏ်း တွေ ဖန်တီး စတဲ့ အကြမ်းဖက် လုပ်ရပ်တွေလုပ်တာမျိုး လုံးဝမရှိ တဲ့အတွက် ဗုဒ္ဓဘာသာအကြမ်း ဖက် လုံးဝ မဟုတ်ပါဘူး''ဟု ဆ ရာတော်ဦးဝီရသူက မိန့်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Jun 2013 05:02 AM PDT
သရုပ်ဆောင်၊ အဆိုတော် စမိုင်းက မလေးရှားနိုင်ငံရောက် အကူအညီလို မြန်မာလူမျိုးများကို တစ်ထောင့်တစ်နေရာကနေ ပါဝင် လှူဒါန်းခဲ့ပါ တယ်။အလှူဒါနဲ့ ပတ် သက်ပြီးစမိုင်းကိုမေးကြည့်တဲ့ အခါမှာ..

”အလှူက သေးသေး လေးပါ။ သေးပေမယ့် တစ်စိတ် တစ်ပိုင်း ကနေ ပြည်သူတွေအတွက် ပါဝင်လှူခွင့် ရလို့ကျေနပ်တယ်။ အဓိက လှူတာ ကတော့ မလေးရှားမှာ ဒုက္ခရောက် နေတဲ့ မြန်မာလူမျိုးတွေ ကိုအိမ်က မိသားစုတွေနဲ့ ဆက်သွယ်နိုင်အောင် အစ်မတို့ Ytalk ကနေ ဇွန် ၁၃ရက် ကနေစပြီးလကုန်တဲ့အထိ မလေးရှား ကို အခမဲ့ ဆက်သွယ်စကားပြော ခွင့်ပေးတယ်။အခြားလူတွေလို သိန်းရာချီ၊ထောင်ချီမလှူနိုင်ဘူ
း လေ။ မလေးရှားဖုန်းခေါ်ဆိုခက ဈေးကွက် ကောင်းတယ်။အစ်မတို့ သိပေမယ့် အခုကာလမှာ အစ်မသာ ဈေးနှုန်းနဲ့ ကောက်ယူရင် မတတ်နိုင် တဲ့သူတွေ စိတ်ဒုက္ခရောက်ကြမှာ လေ။ဒါ ကြောင့် အစ်မတို့လင်မယား နှစ် ယောက် တိုင်ပင်ပြီး လှူဖြစ်သွား တာ။ အဓိကလှူတဲ့ဆိုင်က ဗဟန်းနဲ့ ကျောက်ြေ မာင်းဆိုင်ကြိုက်သ လောက်ဆက်၊ ကြိုက်သလောက် ပြော အစ်မတို့ လှူတဲ့အတွက် အချိန် လည်းမကန့်သတ်ဘူး။ တစ်နေ့ညက ကိုယ်တိုင် သွား ကြည့်တာ အစ်မလေ မျက်ရည်တောင်ကျတယ်။ တအား စိတ် မကောင်းဖြစ်သွားတာ။ သူတို့ တွေ တန်းစီပြီးတော့ကို လာနေကြ တာ။

တချို့ဆို ၅ဝ- ၆ဝ တောင် ကျော်နေကြပြီ။ သူတို့မြေးတွေဆီက ဆက် တာဖြစ်မှာပေါ့။ အစ်မလှူလိုက် တာ အကျိုးအမြတ်တစ်ခုခု ပြန်ရပါ စေဆိုပြီး လှူတာ မျိုးမဟုတ်ဘဲ ငါသာ အဲဒီ သူတို့နေရာမှာနေရင်ဆိုတဲ့ ကိုယ်ချင်း စာစိတ်နဲ့ လှူလိုက်မိတာ အခု ပီတိဖြစ်တယ်။ တချို့အဘိုး၊အဘွားတွေ အသံတိုးေ တာ့ အော် ပြောကြတာ၊ မျက်ရည်တွေဝဲကြတာ။ အစ်မရင်မှာ တော်တော်ခံစားမိတယ်။ အစ်မတို့မိသားစု လှူရကျိုးနပ်ပြီ။ ဒီလောက်အထောက် အကူဖြစ်လိုက် မယ်လို့လည်းမထင်ထားခဲ့ဘူး။ အစ်မတို့မိသားစု ဒီပြည်သူတွေ အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် ပီတိ ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular News Journal


Posted: 24 Jun 2013 10:45 PM PDT
ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်ရှိ ဒုက္ခသည် စခန်း ၉ခုကို အထောက် အပံ့ပေးသော နိုင်ငံတကာ အလှူရှင်များမှ အထောက်အ ပံ့ လျော့ပါးမှုများကြောင့် The Border Consortium (TBC)က စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကို ထပ်မံ လျှော့ချမည်ဟု သိရ သည်။ ဒုက္ခသည်များအား အဓိက အထောက် အပံ့ပေးနေသော အကူအညီများကို TBC အဖွဲ့ကြီးထံမှ မဖြစ်မနေ လျှော့ချဖွယ်ရှိသော် လည်း ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များ မရှိသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC) မှ တွဲဖက် အတွင်းရေးမှူး နော်ဘလူး မင်းနိုက်ဇန် က ကေအိုင်စီသို့ ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 10:35 PM PDT
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လက်ပံတောင်းတောင် စီမံကိန်း နယ်မြေပေါ်တွင် ဝင်ရောက်ထွန်ယက်သဖြင့် ဖမ်းဆီးခံခဲ့ရသူ သုံးဦးကို ရွှေဘိုတရားရုံးတွင် အမှုစစ်ရန် ဇွန် ၂၄ ရက်က ရုံးထုတ်သော်လည်း စစ်ဆေးခြင်း မရှိဘဲ မိနစ်ပိုင်းအတွင်း အကျဉ်းထောင်သို့ ပြန်ပို့လိုက်သည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။ ''သူတို့ကို တရားရုံးကိုခေါ်လာပြီး ငါးမိနစ်တောင် မကြာလိုက်ဘူး။ ချက်ချင်းပြန်ခေါ်သွားတယ်။ ရှေ့နေဖြစ်တဲ့ ကျွန်တော်နဲ့လည်း တွေ့ခွင့်မရဘူး'' ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်း က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 လက်ပံတောင်းဒေသခံများ ဆန္ဒပြနေစဉ်
Posted: 24 Jun 2013 10:23 PM PDT
မြန်မာ ရေတပ်မတော်မှ တပ်ဖွဲ့ငယ်တစ်ခုနှင့် ပါကစ္စတန် ရေတပ်တို့ ပူးပေါင်းပြီး ရေငုပ်သင်္ဘော စစ်ရေး လေ့ကျင့်မှု တစ်ခုကို ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်လျက် ရှိကြောင်း HIS Jane’s Defence Weekly တွင် ဖော်ပြသည်။ မြန်မာရေတပ်မှ အရာရှိ ၂၀ ခန့် သည် မေလဆန်းကပင် ပါကစ္စတန် ရေတပ်နှင့် ပူးတွဲလေ့ကျင့်ရမည့် အခြေခံ ရင်းနှီးမှု တည်ဆောက်ခြင်း သင်တန်း တက်ရောက်ရန် မြို့တော်ကရာချိသို့ ရောက်ရှိနေကြောင်း သံတမန် အသိုင်းအဝိုင်းကို ကိုးကား၍ အထက်ပါ သတင်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 10:12 PM PDT
ရခိုင်ပြည်နယ် ပဋိပက္ခအရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ အချို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ဝေဖန်ခံနေရ ချိန်တွင် မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်မလှည့်စေရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ယူကြောင်း ယင်းပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 24 Jun 2013 09:54 PM PDT
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီမြို့နယ် အင်းရွာကျေးရွာအုပ်စု ကျွဲသတ်အင်း ကျေးရွာတွင် သုံးနှစ်ဆက်တိုက် အမျိုးသမီးများ ပျောက်ဆုံးမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ ကျေးရွာနေထိုင်သူများက ပြောကြားသည်။ ပျောက်ဆုံးနေသော အမျိုးသမီးများ မှာ အသက်၂၃ နှစ် အရွယ်မှ ၃၅ နှစ် ကရင် တိုင်းရင်းသူများ ဖြစ်ပြီး မည်ကဲ့သို့ ပျောက်ဆုံး ရသည်ကို မသိရကြောင်း ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၃ အထိ တစ်နှစ်လျှင် တစ်ဦးကျ ပျောက်ဆုံးနေသဖြင့် ဒေသခံများ စိုးရိမ်လျက် ရှိကြောင်း ကျွဲသတ်အင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 09:49 PM PDT
ချင်းခရစ်ယာန် အသင်းတော်၏ ကိုယ်ထူကိုယ်ထ အလယ်တန်းကျောင်းအား အစိုးရက အခြေခံပညာ အလယ်တန်း ကျောင်းအဖြစ် အသိအမှတ်ပြုလိုက်သည်။ အဆိုပါကျောင်းသည် မရာ (ချင်း) ဧ၀ံဂေလိ အသင်းတော်မှ ကိုယ်ထူကိုယ်ထ တည်ထောင်ထားသော အလယ် တန်း ကျောင်းအား လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက အခြေခံပညာ အလယ်တန်း အဖြစ် ၂၀၁၃ မေလတွင် အသိ အမှတ်ပြု လိုက်ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Jun 2013 09:42 PM PDT
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိက မြန်မာ အစိုးရနဲ့ ကချင်လွှတ်မြောက်ရေး တပ်အကြား အပစ်အခတ်ရပ်စဲ ရေးဆီကို ဦးတည်တဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့တုန်း တရုတ်ကောင်စီဝင် ရန်ကျဲချိက ပြောဆိုလိုက်တာဖြစ်ပြီး ကချင်နဲ့ ဆွေးနွေးမှုမှာ တရုတ်အနေနဲ့ ကူညီ လိုကြောင်းလည်း ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Jun 2013 08:21 PM PDT
တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကား လျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်းစား စုံတွဲများ သီးသန့်ကြည့်ရှု နိုင်သည့်  3D ရုပ်ရှင်ရုံ တစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်း ထုတ်ပြန်သည်။ ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်း သီးသန့် ရုပ်ရှင်ကို ဝင်ရောက် စိစစ်ရာတွင် ဆင်ဆာမဲ့ နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသ နေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့် ကြည့်ရှုနိုင်ရန် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 08:12 PM PDT
အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီအစဉ်တွေကို ထုတ်ဖော်ပြီး၊ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထောက်လှမ်းရေး ၀န်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်အစိုးရက သင့်တော်တဲ့ တရားနည်းလမ်းပေါင်းစုံ သုံးသွားမှာ ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 07:30 PM PDT
ဇွန်လ (၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 07:16 PM PDT
ဇွန်လ (၂၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 07:14 PM PDT
ဇွန်လ (၂၅)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 07:06 PM PDT
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် PR (အချိုးကျ ကိုယ်စားပြု) စနစ်၊ ဖယ်ဒရယ်စနစ်တို့နှင့် ပတ်သက်သော စာတမ်းများ ဖတ်ကြားခဲ့သော်လည်း တိကျ သော ဆုံးဖြတ်ချက်များ မချနိုင်သေးကြောင်း အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲ တွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 24 Jun 2013 06:39 PM PDT
သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် အနေအထားတွင် (၃)ရက်ကြာ အ သက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့

Posted: 24 Jun 2013 06:29 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီးအား ကျောရိုးသဖွယ် သွယ်တန်း စီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီးသည် ယခု အခါ မြစ်ရေကြီးသည့် ရာသီချိန်ကို ရောက်ရှိသဖြင့် ရေများနောက်ကျိ နေသော်လည်း လက်တွန်း ရေစည်လှည်းများ ဖြင့် ခပ်ယူရောင်းချနေ သူများအဖို့ ရေရောင်းအားက ကျဆင်းသွားခြင်းမရှိကြောင်း ရေသည်အမျိုးသမီး တစ်ဦးမှ ပြောပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း+ ဓာတ်ပုံ = ကိုတိုး (ချင်းတွင်း)

Posted: 24 Jun 2013 05:58 PM PDT
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှ ကာကွယ်ရေး ဝန်ကြီး Sergei K Shoigu ရဲ့ ဖိတ်ကြားချက် အရ ဇွန်လ ၂၃ ရက်နေ့ က ရုရှ နိုင်ငံ သို့ ထွက်ခွာ သွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှား နိုင်ငံဆီ ပထမဆုံး ခရီးစဉ် အတွင်းမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...