Thursday, June 27, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)

သစ်ထူးလွင်


Posted: 27 Jun 2013 07:18 AM PDT
McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
http://1.bp.blogspot.com/-5tce6tsnv4s/ucxjnt-iuxi/... more info...
http://3.bp.blogspot.com/-cirgwbzlbua/ucw1l1puuoi/... more info...
http://1.bp.blogspot.com/-nts2zgdmpdk/ucwkc-hs3yi/... more info...
http://3.bp.blogspot.com/-09nwc2exzhc/ucwhhfku2zi/... more info...
http://3.bp.blogspot.com/-29fzdrm_8vu/ucwfzhbrzzi/... more info...
http://3.bp.blogspot.com/-coiqg4k_wka/ucwenyig4ei/... more info...
http://1.bp.blogspot.com/-v74pqp0h3s4/ucwarcar1si/... more info...
http://1.bp.blogspot.com/-w4ofe7cwdhw/ucwaqy19voi/... more info...
http://3.bp.blogspot.com/-s6noz22zine/ucvariibkci/... more info...
http://1.bp.blogspot.com/-hbreej4tpnm/ucvelscbpfi/... more info...
http://3.bp.blogspot.com/-tarfbjiqscc/ucve2ecxoyi/... more info...
http://3.bp.blogspot.com/-ysthhzgcpr4/ucvxd-oqkci/... more info...
http://1.bp.blogspot.com/-vs0erbgauee/ucvufzmg7di/... more info...
နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာမှာ အရပ် ၇ ပေ ၁၀ လက်မ ရှည်တဲ့ ကိုဝင်းဇော်ဦးဟာ မြန်မာနိုင်ငံမှာ အရည်အရှည်ဆုံးအဖြစ် သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ ပေးပို့ထားပါတယ်။ ရိုက်ကူး ဇော်ဖေ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 05:53 AM PDT
မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 04:40 AM PDT
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊ နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။



Popular Myanmar News Journal
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)


Posted: 27 Jun 2013 04:35 AM PDT
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာ ၂၀၀ လောက်ကို ဇွန် ၂၉ ရက်နေ့ စင်းလုံးငှားလေယာဉ်ပျံနဲ့ ပြန်ပို့ဖို့ရှိတယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက ပြောပါတယ်။ ဇွန် ၂၉ ရက် ညပိုင်းမှာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းပိုင် လေယာဉ်နဲ့ ပြန်ပို့မှာ ဖြစ်ပြီး၊ မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခသည်စခန်းရောက်နေသူတွေကို ပြန်ပို့ဖို့ လုပ်ဆောင်ဖြစ်ခဲ့ပုံကို ဧရာဝတီဖောင်ဒေးရှင်း၊ လူထုဆက်ဆံရေးဒါရိုက်တာ ကိုရဲမျိုးဟိန်း အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စမုန်ညင်း ထိန်းသိမ်းရေးစခန်းတာဝန်ရှိသူတွေနဲ့ ဧရာဝတီဖောင်ဒေးရှင်း ဆွေးနွေးခဲ့စဉ်။

Posted: 27 Jun 2013 04:25 AM PDT
ဇွန်လ (၂၇)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Jun 2013 04:18 AM PDT
မလေးရှားကနေ မြန်မာနိုင်ငံကိုပြန်လာချင်တဲ့ အလုပ်သမားတွေကို အမ်အေအိုင်လေကြောင်းနဲ့ လေယာဉ် လက်မှတ်ခ အခမဲ့ စီးနိုင်ဖို့အတွက် ကမ္ဘောဇဘဏ်က လာမယ့် ၂၉ ရက်နေ့မှာ စီစဉ်ပေးသွားဖို့ ရှိပါတယ်။ လူဦးရေ ၁၇၀ ကျော်စီးနင်းနိုင်တဲ့ လေယာဉ် ၁ စီးလုံးကို အဲ့ဒီနေ့မှာ  အမ်အေအိုင် လေကြောင်းလိုင်းက စီစဉ်ပေးသွားမယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Jun 2013 04:15 AM PDT
ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 27 Jun 2013 03:57 AM PDT
အော်ပရေတာအဖြစ် လျှောက်ထားသည့် ကုမ္ပဏီ များအနက် နောက်ဆုံးကျန်နေတဲ့ ကုမ္ပဏီတွေ ထဲက Telenor (နော်ဝေ) နှင့် QTel (Ooredoo) (ကာတာ) တင်ဒါ အပြည့်အ၀ အောင်မြင် ကြောင်း  မြန်မာ့ ဆက်သွယ်ရေးက သတင်းထုတ်ပြန် လိုက်ပါတယ်။ Orange + Marubeni (ပြင်သစ်+ဂျပန်)  ကုမ္ပဏီကိုလည်း အရံအဖြစ် ဖြစ်ရွေးချယ်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ---

သတင်း အထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 27 Jun 2013 03:26 AM PDT
ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Jun 2013 03:16 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ အသိမ်းခံ ထားရတဲ့ မြေပေါ် ပြန်လည် ထွန်ယက် စိုက်ပျိုးတဲ့အတွက်  တောင်သူ ၄ ဦး အဖမ်းခံ ခဲ့ရပါတယ်။ နောင်ချိုမြို့နယ် ကံ့ကော်ရွာက ဦးဖိုးချောနဲ့ ဦးညိုအေး၊ ငါးပင်ရွာသား ဦးထွန်းအောင်၊ ရေ၀င်ရွာက ဦးကျော်ညွန့်တို့ ၄ ဦးကို နောင်ချိုမြို့မရဲစခန်းက ဇွန် ၂၆ ရက်နေ့ မနက်ပိုင်းမှာ  ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နောင်ချိုမြို့နယ်ထဲမှာ အသိမ်းခံ ထားရတဲ့ မြေပေါ် ပြန်လည် ထွန်ယက် နေပုံ

Posted: 26 Jun 2013 11:50 PM PDT
တင်ဒါ result ကိုထုတ်မှာဖြစ်ကြောင်း၊ အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပိုများလာရင် ပြည်သူတွေ ရွေးချယ်ခွင့် ပိုရှိလာမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ပြည်ထောင်စု ၀န်ကြီးက မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒီ့မတိုင်ခင် ဇွန်၂၇ ပြည်သူ့လွှတ်တော်မှာ ရှင်းလင်း ပြောကြားရာမှာလည်း တင်ဒါအောင်မြင်တဲ့ နိုင်ငံတကာ အော်ပရေတာ ၂ခု၊ ပြည်တွင်းအော်ပရေတာ ၂ခု၊ တယ်လီကွန်း ၄ ခု ရှိမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။ (ရိုက်ကူး - ဖိုးကျော်၊ အောင်ထွန်းမြင့်) DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 11:40 PM PDT
အကျင့်ပျက် ခြစားမှု ပြဿနာမှာ မြန်မာနိုင်ငံ အတွက် ထူးဆန်း ထွေလာတော့မဟုတ် ကြာခဲ့ပြီဟုသာ ပြောရပါတော့မည်။ ပြီးခဲ့သည့် အစိုးရလက် ထက်တွင် ထိပ်ဆုံးသို့ ရောက်ရှိ ခဲ့သော ပြဿနာဖြစ်သည်။ ပြောရလျှင် ခြစားမှုသည် ယဉ်ကျေးမှု တစ်ခုကဲ့သို့ အမြစ်တွယ်ခဲ့ပြီး ဖြစ်သည်။ ဘယ်လောက်ထိ အမြစ်တွယ် ခဲ့သနည်းဆိုတော့ ရိုးသားဖြောင့် မတ်ခြင်းဆိုသည် ရူးကြောင်ကြောင်ဟု သတ်မှတ်ရ သည်အထိ ခေတ်က ရက်စက် စွာသမုတ်ခဲ့သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 11:42 PM PDT
တင်ဒါအောင်မြင်တဲ့ နိုင်ငံတကာ အော်ပရေတာ ၂ခု၊ ပြည်တွင်း အော်ပရေတာ ၂ခု၊ တယ်လီကွန်း ၄ ခု ရှိမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဇွန်၂၇ ပြည်သူ့ လွှတ်တော်မှာ ရှင်းလင်းချက်။ DVB TV News

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 11:27 PM PDT
မနေ့ကတင်ခဲ့တဲ့ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အရေးကြီး အဆိုကို ယနေ့ ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်မှာ လာရောက် ရှင်းလင်း ဆွေးနွေးချက်တွေ အရ ယနေ့ ကြေငြာမယ့် တင်ဒါ အပါအ၀င် ဆက်သွယ်ရေးရဲ့ လုပ်ဆောင်ချက်တွေကို ယခင် အစီအစဉ် အတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့လုပ်ဆောင် ချက်တွေကို လွှတ်တော်က စောင့်ကြည့်သွားမှာ ဖြစ်တယ်။ ဆွေးနွေးလျက်ရှိတဲ့ တင်ဒါအောင်သွားရင် အသစ် ထွက်ရှိလာမယ့် ဆက်သွယ်ရေး ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ်လို့ သဘောတူညီပြီး လိုက်နာ ကျင့်သုံး ရမယ်လို့ လွှတ်တော်မှာ ဆုံးဖြတ်ကြောင်း Kumudra (facebook) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်တွင် မြန်မာအစိုးရရဲ့ဝန်ကြီးဌာန MPT နှင့် ရတနာပုံတယ်လီပို့ တို့ ကအော်ပရေတာများအဖြစ် ဆောက်ရွက်နေ ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်သည့်.. ကုမ္ပဏီများကတော့

၁။ Orange + Marubeni (ပြင်သစ်+ဂျပန်)
၂။ KDDI + Sumitomo+MICTDC+ A1 (ဂျပန်+မြန်မာ)
၃။ Telenor (နော်ဝေ)
၎။ Singtel + Royal Myanmar (KBZ)+M Tel (စင်္ကာပူ+မြန်မာ)
၅။ MTN(Dubai)+ M1+Amara (တောင်အာဖရိက+လက်ဘနွန်+မြန်မာ)
၆။ Bharti Airtel+ Palazio (အိန္ဒိယ+ဆိုက်ပရပ်စ်)
၇။ QTel (Ooredoo) (ကာတာ)
၈။ Viettel (ဗီယက်နမ်)
၉။ Axita Group (မလေးရှား)
၁ဝ။ Millicom (လူဇင်ဘာတ်)
၁၁။ Digicel + Quantum Strategic+ Yoma Strategic (ဂျမေကား)

အော်ပရေတာအဖြစ် လျှောက်ထားသည့် အဆိုပါ ကုမ္ပဏီများမှ ၂ခုကိုသာ မြန်မာအစိုးရက ရွေးချယ် သွားမည်ဖြစ်ပြီး အော်ပရေတာ လိုင်စင် ရရှိသူ ကို ယနေ့ ဇွန်လ ၂၇ရက်နေ့တွင် ကြေညာရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။



Posted: 26 Jun 2013 10:58 PM PDT
မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး တံတားကို ရန်ကုန်မြစ်ဖြတ်၍ တည်ဆောက်ပေး ရန် သဘောတူညီလိုက်ပြီဟု တောင်ကိုရီးယား သတင်း ဌာနက ထုတ်ပြန်လိုက်သည်။ တောင်ကိုရီးယား ဒုတိယ ဝန်ကြီးချုပ် Mr.Hyun Oh Scok ၏ ဇွန်လ ၂ဝ ရက်နေ့ မြန်မာပြည် ခရီးစဉ်အပြီး ၄င်းတို့က ဖော်ပြ လိုက်ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 10:54 PM PDT
ရာဇာမင်းကား ဓားပြတိုက်မှုနှင့်ပတ်သက်၍ ဖမ်းဆီး ထားသော သံသယရှိ သူ ၆ ဦးမှာ ယင်းအမှုနှင့် မသက်ဆိုင် သော်ငြား တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့် အမှုဖွင့် လိုက်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးက ပြော သည်။ ဇွန်လ ၈ ရက်နေ့က ကျိုက္ခမီမှ ရန်ကုန်သို့ ထွက်ခွာလာ သည့် ရာဇာမင်း အဝေးပြေးယာဉ်သည် သထုံ၊ တောင်စွန်းကျေး ရွာ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ယာဉ်ပေါ် ပါလာခဲ့သည့် အမည်မသိသူ ၅ ဦးနှင့် အထက်က သေနတ်ထုတ်ကာ ဓားပြတိုက်၍ လူသတ်ခဲ့မှု တစ်ခုဖြစ်ပွားခဲ့ ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓားပြတိုက်ခံရသည့် ရာဇာမင်းကား

Posted: 26 Jun 2013 10:20 PM PDT
ဆယ်စုနှစ် တစ်စုကျော်ကြာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့သော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်မူ ပမာဏ လေးပုံ တစ်ပုံ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရှိ စာရင်းအင်းဌာန၏ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ် ၁၀၅ မိုင် စခန်းသည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Jun 2013 10:17 PM PDT
ရန်ကုန်အပါအဝင် နယ်မြို့များတွင် တစ်ပတ်ရစ် မော်တော်ယာဉ် အရောင်းပြ ခန်း တစ်ရာကျော် ဖွင့်လှစ် ခွင့်ပြုထားခြင်းကြောင့် နယ်စပ်ဒေသရှိ ကုန်သွယ်ရေး စခန်းများမှ ဇိမ်ခံကားများ တင်သွင်းခွင့်ပြုရန် အစီအစဉ် မရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းဝေး ဒုတိယနေ့ (ဇွန်လ ၂၆ရက်နေ့) တွင် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jun 2013 10:01 PM PDT
Posted: 26 Jun 2013 09:54 PM PDT
ဆက်သွယ်ရေး အော်ပရေတာ တင်ဒါကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ အဆင့်ဆင့် စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုနဲ့ မှန်ကန်မှုအတွက် အာမခံနိုင်တယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဒီဗွီဘီကို ဇွန် ၂၆ ရက် ညဦး ပိုင်းမှာ ပြောပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ပြည်သူ့လွတ်တော်အစည်းအဝေးမှာ တနိုင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးမျိုးဆွေက ဆက်သွယ် ရေးဥပဒေလို သီးခြား ဥပဒေတခု ပြဋ္ဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ကို အရေးကြီး အဆိုတင်ခဲ့ရာမှာ အဆို အောင်မြင်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 26 Jun 2013 09:35 PM PDT
မုံရွာမြို့၊ သလ္လာမြို့သစ်ရ့ပ်ကွက်၊ ကျောက္ကာလမ်း၌ တည်ရှိသော ရွှေမင်းသမီး အမျိုးသမီး ဘော်ဒါဆောင်ရှေ့၌ ယခုလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သော အမှောင်ရိပ်ခို လူရိုက်ပွဲကြီးတွင် သေဆုံးသူအား ယနေ့မနက် ၈ နာရီအချိန်ခန့်က မုံရွာပြည်သူ့ဆေးရုံကြီးရှိ အအေးခန်းမှတဆင့် မြနန္ဒာသုဿန်သို့ ပို့ဆောင်သဂြိုလ် ပြီးစီးခဲ့ကြောင်း သိရသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Jun 2013 09:39 PM PDT
မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်၊ ကျောက္ကာလမ်းရှိ ရွှေမင်းသမီး အမျိုးသမီး ဘော်ဒါဆောင် ရှေ့တွင် ယခုလ (၂၅)ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ဂစ်တာ တီးခတ်နေသော ကျောင်းသားလူငယ်တစ်စုနှင့် ဆိုင်ကယ်စီးနင်း လာသော လူငယ်အုပ်စု တစ်အုပ်စုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မှ လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရဲဌာနပိုင်မှတ်တမ်းများမှ ဖော်ပြထားကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 26 Jun 2013 08:45 PM PDT
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) ၏ လျှို့ဝှက် အစီအစဉ်များကို ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန် အား နိုင်ငံရေး ခိုလှုံခွင့်ပြုရန် ၎င်းတို့ အနေဖြင့် အဆင်သင့် ရှိနေကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ဇွန် ၂၆ ရက်တွင် ပြောကြားသည်။

နိုင်ငံရေး ခိုလှုံခွင့် ဆိုသည်မှာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ၏ လုပ်ထုံးလုပ်နည်း တစ်ခုဖြစ် ခြင်းကြောင့် စနိုဒန်အား နိုင်ငံရေးခိုလှုံ ခွင့်ပေးရန် မိမိတို့ အနေဖြင့် စဉ်းစားရ မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေးခိုလှုံ ခွင့်ပေးသည် ဆိုခြင်းမှာ အကူအညီမဲ့ နေသူများအား ကာကွယ်ပေးရာတွင် အသုံးပြုသည့် ဥပဒေတစ်ခု ဖြစ်ကြောင်းနှင့် ၎င်းဥပဒေသည် လက်တင် အမေရိကတွင် ထင်ရှား ကျော်ကြားသည့် ဥပဒေတစ်ရပ် ဖြစ်ကြောင်း မာဒူရိုက ပြောကြားသည်။

သို့ရာတွင် စနိုဒန်သည် ဗင်နီဇွဲလား နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ရရှိရန် ယနေ့အချိန်ထိ တရားဝင် တောင်းခံထားခြင်း မရှိသေးကြောင်း သိရသည်။

မြ၀တီ
Posted: 26 Jun 2013 07:59 PM PDT
တင်ဒါအောင်မြင်ခါ ရွေးချယ်ပြီးဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအမည်ကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ခါ ရက်ရွှေ့ဆိုင်းရန် မရှိကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအကဲဖြတ် စိစစ်ရွေးချယ်ရေး အဖွဲ့ ဥက္ကဌ ဦးဆက်အောင်မှ မြန်မာတိုင်း(မ်)ကို ပြောသည်။
''လွှတ်တော်မှာ တင်သွင်း အဆိုပြု ဖြစ်တာတော့ မကြားရသေးဘူး။ လွှတ်တော်က ဒါမျိုး ရပ်ခိုင်းလို့မရဘူး။ နိုင်ငံရေး ပိုင်းအရ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော် ဘယ်လိုရှိမလဲ မသိဘူး။ သမ္မတရုံးဆီက ဘာမှ ညွှန်ကြားချက် မလာရင် လုပ်စဉ်အတိုင်း ဆက်လုပ်ရမှာပဲ။ နည်းပညာအဖွဲ့ဖြစ်လို့ လွှတ်တော်မှာ ဘာဖြစ်လဲ ကျွန်တော်တို့ မသိဘူး''ဟု ဦးဆက်အောင်က ပြောသည်။

The Myanmar Times


Posted: 26 Jun 2013 07:50 PM PDT
ဦးဝီရသူ ဆောင်းပါး ပါဝင်သည့် ဇူလိုင် လတစ်ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းအား မြန်မာနိုင်ငံတွင်း ဖြန့်ချိခွင့် ပိတ်ပင်ခြင်းသည် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် မေးခွန်း ထုတ်စရာ ဖြစ်နေပြီး ယခင် အစိုးရလက်ထက်သို့ ပြန်ရောက်သွား သလိုဖြစ်ကြောင်း စာနယ်ဇင်း ကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...