Sunday, June 30, 2013

"အမွေ"


မုတ်သုံပျောက်ဆုံးခြင်း။
၃၀-၆-၂၀၁၃

ဒီကနေ့(၃၀-၆-၂၀၁၃)ရက်နေ့ထုတ် 7 Day Newspaper ပါ ကျွန်တော့်ဆောင်းပါး "အမွေ" ပါလာပါတယ်။ Facebook မှာ တင်ထားတာတေလးတွေကို ပြန်စုစည်းထား တာပါဘဲ။ နည်းနည်းပါးပါးတော့ ဖြည့်စွက်ထားတာလေးတွေလည်းရှိပါတ
ယ်။ ဆရာကြီးဦးအောင်သင်းပြောတဲ့စကား ကိုးကားချက်မှာတော့ နည်းနည်းလျှော့ထား လိုက်မိပါတယ်။ မူလပြောစကားမှာပါတာကတော့ "ဒီလိုသာ အတတ်ပညာမဲ့နေကြ ရင် အခြားနိုင်ငံတစ်ခုနဲ့ စစ်များဖြစ်လိုက်လို့ကတော့ နောင်တစ်ချိန်မှာ သရဏဂုံ တင်မယ့် ဘန်းကြီးတောင်ကျန်မှာမဟုတ်ဘူး" ဆိုတာပါဘဲ။
လူငယ်များနဲ့ မဖတ်ရသေးသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။



မောင်ထွန်းလွင်(မိုးလေ၀သ)
--------------------------------------------------------------------------------------
အမွေ
မောင်ထွန်းလွင် (မိုးလေ၀သ)

အမွေ
အမွေဆိုတာ ထိုက်မှရတယ်လို့ ဆိုကြပါတယ်။ အမွေတွေရနိုင်ပေမယ့် အသိပညာ မရှိကြရင်ဖြင့် "မောင်ငယ်ရင်သွေး" ဇာတ်လမ်းထဲကလို အမွေတွေအများကြီး ရလိုက် တဲ့ "ကုဋေရှစ်ဆယ် သူဌေးသား" အမွေရဲ့တန်ဖိုး၊ အမွေကိုထိန်းဖို့ လိုအပ်တဲ့ အသိ၊ အတတ်ပညာ မရှိလေတော့ နောက်ဆုံး ခွက်လက်ဆွဲကာ တောင်းရမ်းစားသောက် ရတဲ့ သူတောင်းစားဘ၀ ရောက်သွားရတဲ့ သူဌေးသားလို ဖြစ်ကြရတတ်တယ်ဆိုတာ ကလေးကတည်းက ကျောင်းမူလတန်းဖတ်စာမှာ သင်ခဲ့ကြရပါတယ်။

ကျွန်တော်တို့ နိုင်ငံကို သဘာဝသယံဇာတတွေ ပေါကြွယ်ဝတယ်လို့ အားလုံးက ချီးကျူးကြပါတယ်။ အမွေတွေပေါ့လေ။ ဒါပေမယ့် အမွေဆိုတာ သုံးလို့ မကုန်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ ထိန်းသိမ်းမှု ညံ့ရင်တော့ အချိန်မတိုင်မီ ကုန်တာပါဘဲ။ အခုလည်း အရင်းအမြစ်တွေသာ ကျန်ပါတယ်၊ ပင်စည်တွေကတော့ မရှိတော့ပါဘူး။

ဆရာ(ဦး)အောင်သင်းကတော့ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတ အရင်းးအမြစ်တွ ပေါတယ်ပေါတယ်နဲ့ တက်သာထိုင်ထားတယ်၊ တူးဖေါ်သုံးစွဲဖို့ ပညာကြတော့ ဘာမှမတတ်ကြဘူး လို့ ပညာမဲ့မှုအကြောင်းကို ဟောပြောပွဲတစ်ခုမှာ သတိပေး ပြောဘူးပါတယ်။

လူတွေ အသိတွေ၊ သတိတွေ ရနိုင်ကြဖို့ ကျွန်တော်တို့ "အမွေ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဒီဇွန်လဆန်းက ဟောပြောပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့အမွေများ-မုတ်သုံပျောက်ဆုံးခြင်း
ပျောက်ကွယ်နေတဲ့ အမွေတွေထဲမှာ "မုတ်သုံရာသီဥတု" လည်း ပါနေပါတယ်။

၂၆-၆-၂၀၁၃ ရက် ညနေ(၆)နာရီမှာ ရန်ကုန်မြို့ Gallery-65 မှာ " The Vanishing Treasures of Myanmar အမွေ " ဆိုတဲ့ခေါင်းစဉ်နဲ့ အကြိုဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ရာမှာ ကျွန်တော်က The Lost of Monsoon in Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ မိတ်ဆွေ အတော်များများက ဒီဆွေးနွေးဟောပြောပွဲကို စိတ်ဝင်းစားကြပါတယ်လို့ ကျွန်တော့်ရဲ့ fb မှာ comment ပေးခဲ့ကြပါတယ်။ ဒီဟောပြောမှုကို အခွေအဖြစ်ထုတ်လုပ်ကြမယ်လို့ ပွဲစီစဉ်သူ ကိုမြင့်ဇော်ကပြောပါတယ်။ ဒီအခွေကို ဇူလိုင်(၇)ရက်(၈)ရက်မှာ ထပ်မံကျင်းပမယ့် အမွေ-၂ Grand Opening မှာ ကြွရောက်လာကြတဲ့ ပရိတ်သတ်တွေကို ဝေငှပေးသွားမယ်လို့ သိရပါတယ်။

ကျွန်တော့်ရဲ့ ဟောပြောမှုမှာတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှု နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ယိုယွင်းမှုများ ဆိုးဝါးလာမှု သာဓကများအဖြစ် (၁) ရာသီဥတုပြောင်းလဲမှု ထိခိုက်မှု ကမ္ဘာ့အဆိုးဝါးဆုံး (၁၀)နိုင်ငံမှာ မြန်မာနိုင်ငံက ဒုတိယ အဆိုးဝါးဆုံးနိုင်ငံဖြစ်နေခြင်း၊ (၂) သဘာဝဘေးထိခိုက်မှု ကမ္ဘာ့အဆိုးဝါးဆုံး(၁၀)နိုင်ငံမှာ မြန်မာနိုင်ငံက ဒုတိယ အဆိုးဝါးဆုံး နိုင်ငံဖြစ်နေခြင်း၊ (၃) သစ်တော ပြုန်းတီးမှု ကမ္ဘာ့အဆိုးဝါးဆုံး(၁၀)နိုင်ငံမှာ မြန်မာနိုင်ငံက စတုတ္ထ အဆိုးဝါးဆုံး နိုင်ငံဖြစ်နေခြင်း၊
စတဲ့ အခြေအနေများကြောင့် တစ်နေ့ထက်တစ်နေ့ ပျောက်ကွယ် ဆုံးရှုံးနေတဲ့ အမွေတွေထဲမှာ မြန်မာနိုင်ငံရဲ့ မုတ်သုံရာသီဥတုတွေလည်း ပါနေတဲ့အကြောင်းကို "မုတ်သုံပျောက်ဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

ပျောက်ဆုံးသွားသောအမွေများ-သစ်တောများကဏ္ဍ
မြန်မာနိုင်ငံရဲ့ ပျောက်ဆုံးသွားတဲ့ အမွေများထဲမှာ မြန်မာနိုင်ငံမှာ သစ်တောများ ရဲ့ကဏ္ဍဟာ အဓိကတစ်ခုဖြစ်နေပါတယ်။ သစ်တောပြုန်းတီးမှု ကမ္ဘာ့အဆိုးဝါးဆုံး(၁၀)နိုင်ငံမှာ မြန်မာနိုင်ငံဟာ စတုတ္ထဖြစ်နေပါတယ်။ လေ့လာမှု တစ်ခုကတော့ လွန်ခဲ့တဲ့နှစ်(၅၀)လောက်က မြန်မာနိုင်ငံမှာ သစ်တောဧရိယာ (၁၄၉ ၈၈၉) စတုရန်းမိုင်ရှိခဲ့ပြီး၊ သစ်တောဧရိယာဟာ မြန်မာနိုင်ငံဧရိယာရဲ့ ၅၇%ရှိခဲ့တယ်။ ကနေ့မှာတော့ သစ်တောဧရိယာာဟယ ၂၄% သာရှိပါတော့တယ်။ မြန်မာနိုင်ငံ မှာ နှစ်စဉ် သစ်တောစိုက်ကွင်း ဧက(၅၀၀၀၀) ပျောက်ဆုံးနေပါတယ်လို့ ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံရဲ့ ပျောက်ဆုံးနေသော အမွေများ
မြန်မာနိုင်ငံရဲ့ မုတ်သုံပျောက်ဆုံးခြင်း ကဏ္ဍအနေနဲ့ ဒီကနေ့ အဓိကပျောက်ဆုံး သွားတာတွေကတော့
(၁) မုတ်သုံကာလ မိုးရွာရက်(၄၀)ပျောက်ဆုံးခြင်း။ (မိုးကာလရဲ့ ၃၀%)
(၂) မုတ်သုံမုန်တိုင်း ၁၀၀% နီးပါးမျှ ပျောက်ဆုံးခြင်း၊ (၃) သစ်တောများပျောက်ဆုံးခြင်း (၂၄%ခန့်သာ ကျန်ရှိတော့ခြင်း) (၄) လုံခြုံမှု (Security) လျော့ပါးလာနေသောအရာများ
(က) စားနပ်ရိက္ခာ၊ (ခ) သောက်သုံးရေ နဲ့ စိုက်ပျိုးရေး၊ (ဂ) ကျန်းမာရေး ၊ (ဃ) အသက်မွေးမှု၊ (စ) သဘာဝ ဘေးအန္တရာယ်ကျရောက်မှု၊ (ဆ) ဖွံ့ဖြိုးတိုးတက်မ နဲ့ (ဇ) ဆင်းရဲမွဲတေမှု စတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှဲ့ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုတွေ
၂၀၁၂ ခုနှစ်ငြဂုတ်လမှာ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင် ပြုစုထုတ်ဝေခဲ့ပါတယ်။ Myanmar in Transition: Opportunities and Challenges ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ဒီအထဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီခရီးလမ်းအတွက် အနာဂတ်ကာလမှာ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှု(၄)ရပ်ကို ဖေါ်ပြထားခဲ့ပါတယ်။ ဒါတွေအတွက် စွန့်စားရမှုတွေ အများကြီး ကြုံတွေ့နိုင်ကြပါတယ်လို့ ဖေါ်ပြထားပါတယ်။ စွန့်စားရမငတွေ ကြုံတွေ့နိုင်တဲ့ ကဏ္ဍတွေကတော့ (၁) စီးပွားရေးပြုပြင်ပြောင်းလဲရေး နဲ့ အစွန်းမရောက် တဲ့ ပြုပြင်ပြောင်းလဲမှုများ ဆိုင်ရာကဏ္ဍ၊ (၂) ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကဏ္ဍ၊ (၃) စီးပွားရေးလုပ်ဆောင်မှုများဆိုင်ရာ မသန့်ရှင်းမှုများကဏ္ဍ နဲ့ (၄) ပြည်တွင်းလူမျိုးစုများအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုများနဲ့ ပဋိပက္ခများကဏ္ဍ စတာတွေ ဖြစ်ပါတယ်လို့ ဖေါ်ပြထားပါတယ်။

ကျွန်တော်အစိုးရိမ်ဆုံး ရာသီဥတုဆိုင်ရာ အနာဂတ်ပြဿနာ(၂)ခု။ ။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက United Kingdom နိုင်ငံ Hadley Centre က အရှေ့တောင် အာရှိဒေသများအွတွက် သက္ကရာဇ်(၂၁၀၀)မှာ ကြုံတွေ့ရနှိုင်တဲ့ အပူချိန်မြင့်တက်မှု တွက်ချက် လေ့လာမှုအစီရင်ခံစာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ အရှေ့တောင်အာရှဒေသတစ်ခုလုံးမှာ ပျမ်းမျှအပူချိန်တွေဟာ လက်ရှိပျမ်းမျှ တန်ဖိုးတွေထက် 4°C (7°F) ပိုတိုးလာမှုကြောင့် အရှေ့တောင် အာရှဒေသတွင် ကြုံတွေ့လာနိုင်မည့်ထိခိုက်မှုတွေ လေ့လာမှုအစီရင်ခံစာဖြစ်ပါတယ်။ အရှေ့တောင် အာရှဒေသနိုင်ငံအများက 4°C (7°F)သာတိုးလာနိုင်ပေမယ့် မြန်မာနိုင်ငံက 5°C (9°F) အထိ ဒေသတွင်းမှာ အမြင့်ဆုံး တိုးလာစေမှာဖြစ်တယ်လို့ တွက်ချက်မှု မှာ ဖေါ်ပြထားပါတယ်။ ဒီအစီရင်ခံစာအရ အပူချိန်တွေတိုးလာမှုကြောင့် မိုးခေါင်မှုတွေ တိုးပွားလာခြင်း၊ တောမီးလောင်မှုတွေ တိုးပွားလာခြင်း၊ ပင်လယ်ရေတွေ မြင့်တက်လာခြင်း၊ ဆားငံရေတွေပိုမိုတိုးဝင်လာခြင်း၊ မိုးခေါင် သည့် နေရာများတွင် မိုးခေါင်ပြီး ရေမြုပ်မည့်နေရာများတွင် ရေမြုပ်နိုင်ခြင်း၊ ပင်လယ်ရေအပူချိန်တွေ ရေစီးကြောင်းတွေပြောင်းလဲလာခြင်း စသည်တို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍ၊ စားနပ်ရိက္ခာလုံခြုံမှုကဏ္ဍ၊ သဘာဝဘေးကဏ္ဍ၊ အသက်မွေးဝမ်းကြောင်းလုပ်န်းများကဏ္ဍ စသည် တို့မှာ များစွာထိခိုက် ပျက်စီးစေမှာဖြစ်တဲ့အကြောင်း လေ့လာချက်များအရ တွေ့ရှိထားပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံအနေနဲ့တော့ ဧရာဝတီမြစ်ဆုံဆည် လို မြန်မာ့ အသက်သွေးကြော မြစ်ကြီးပေါ်မှာ ရပ်တန့်ထားရာမှ ပြန်လည် ဆက်လက် တည်ဆောက်ပြီး မြန်မာ့ဂေဟစံနစ်တွေကို ကပြောင်းကပြန် လုပ်လိုက်မယ် ဆိုရင်ဖြင့်…… ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...