ဘုရင် နှင့် သူတော်စင် ပုံပြင်
Author: lubo601 | 7:19 PM | No မှတ်ချက် |
တစ်ခါတုန်းကနိုင်ငံတစ်နိုင်ငံမှာ အုပ်စိုးမင်းလုပ်နေသော ရှင်ဘုရင်ကြီးတစ်ပါးရှိခဲ့ပါတယ်။
အဲဒီဘုရင်ကြီးအုပ်စိုးမင်းလုပ်တဲ့နိုင်ငံမှာ စိတ်မနှံသူတစ်ဦးကဲ့သို့သွားလာနေထိုင်သော
သူတော်စင်တစ်ပါး ရှိခဲ့ပါတယ်တဲ့။
၎င်းသူတော်စင်ကြီးကနေစရာနေရာအတည်တစ်ကျမရှိဘဲ သွားလာနေထိုင်ခဲ့တယ်။
၎င်းပြင်ထိုသူတော်စင်ကြီးက ဘုရင်ကြီးနဲ့လည်း အကျွမ်းတ၀င်ရှိတာကြောင့်
ဘုရင်ကြီးကသူ့ကို အမြဲနောက်ပြောင်လေ့ရှိခဲ့တယ်။
သူတော်စင်ကြီးကတော့ သူရူးတစ်ဦးပမာဝတ်စားဆင်ယင်သော်လည်း
အလွန်တရာမှတန်ဖိုးရှိတဲ့ဆုံးမစကားများကိုပြောဆိုလေ့ရှိတယ်။
ဒါကြောင့်ဘုရင်ကြီးကနန်းတွင်း ထဲ အချိန်မရွေးဝင်ထွက်သွားလာနိုင်အောင် ခွင့်ပြုထားတယ်။
တစ်နေ့မှာတော့ သူတော်စင်ကြီးနန်းတွင်းထဲရှိသခိုက်မှာ ဘုရင်ကြီးက
မောင်းချဓား တစ်ချောင်းကိုင်ဆောင်ထားချိန်ဖြစ်တယ်။
ဘုရင်ကသူတော်စင်ကြီးကိုနောက်ပြောင်လိုသောသဘောဖြင့်....
မောင်မင်းကိုစကားတစ်ခွန်းပြောမယ်..ဟုအစချီကာ
"ဤဇမ္ဘူတစ်ခွင်၌ မောင်မင်းထက်ပို၍အသိဥာဏ်တုံးသူတစ်ဦးတွေ့ခဲ့လျှင်
ဤဓားကိုလက်ဆောင်အဖြစ်ပေးလိုက်ပါ"
.. ဟုကျီစယ်၍ပေးလိုက်သည်။
သူတော်စင်ကလည်းကောင်းပါပြီဟုဆိုကာဓားအားသိမ်းဆည်းလိုက်သတဲ့..
ဘုရင်ကြီးပြောကြားလိုသောစကားမှာ
"အသင့်ထက်ဥာဏ်တုံးသူနောက်တစ်ယောက်မ ရှိပါ" ဟုပြောလိုခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေသူတော်စင်ကြီးကတော့ထိုမောင်းချဓားကိုယူဆောင် ၍ထွက်ခွါသွား လေသည်။
ဤသို့ဖြင့်နှစ်ရှည်လများအတန်ကြာခဲ့ပြီး နောက်တစ်နေ့သောအခါဘုရင်ကြီးနေထိုင်မကောင်း
ဖြစ်သဖြင့်သူတော်စင်ကြီးမှ သွားရောက်၍သတင်းမေးရာ..ဘုရင်ကြီး၏ ကျန်းမာရေးမှာ
အလွန်ဆိုးရွား နေပြီးသမားတော်ကြီးများဖြင့်ကုသသော် လည်းသက်သာပျောက်ကင်းမှု့ မရှိပေ။
ထိုအခါသူတော်စင်ကြီးမှဘုရင်ကြီးအား...
"အိုအရှင်မင်းကြီး,အခြေအနေမည်သို့ရှိပါသနည်း"
ဟုလျှောက်တင်ရာဘုရင်ကြီးက "မကြာခင်ခရီးထွက်ရတော့မယ်"ဟုအဖြေပေးလေသည်။
သူတော်စင်မှ. "အဘယ်အရပ်သို့ထွက်မှာပါလဲ"ဟုမေးရာဘုရင်ကြီးက
"နောင်တမလွန်ခရီးစဉ်ဖြစ်ကြောင်း"ဖြေကြားသည်။
သူတော်စင်ကြီးမှ"ဘယ်နှစ်နှစ်ကြာမှာပါလဲ"ဟုထပ်မံ၍မေးရာဘုရင်ကြီးက
"ဒါဟာတမလွန်ရဲ့ခရီးစဉ်ဖြစ်တယ်၊
ထိုခရီးစဉ်ကိုသွားဖူးသည့် သူတိုင်းပြန်ရောက်လာသည့်အစဉ်အလာမရှိပါ" ဟုဖြေပြန်လေ၏။
တစ်ဖန်သုတော်စင်ကြီးမှ "ကောင်းပါပြီအရှင်မင်းကြီး၊ယခုပြန်မလာတော့ဘူးဆိုပါက-
ထိုခရီးစဉ်အတွက်ကြိုတင်ပြင်ဆင်မှု့ဘာတွေများလုပ်ထားပါသလဲ" ဟုမေးပြန်ရာ...
(မှတ်ချက်..ယခင်ဘုရင်ကြီး၏ခရီးစဉ်တိုင်းတွင်ခရီးမထွက်မီ အရင်ကြိုတင်ပြင်ဆင်မှု့ များနှင့်
စစ်တပ်များကိုကြိုတင်၍စေလွတ်ထားလေ့ရှိသည်)။
ဘုရင်ကြီးက"ဤ(တမလွန်)ခရီးစဉ်အတွက်မည်သည့်စစ်တပ်၊မည်သည့်ပစ္စည်း၊ပစ္စယမှကြိုတင်ပြီး
ပို့၍မရသလိုကိုယ်နဲ့ အတူသယ်ဆောင်သွား၍ လည်းမရပါ"ဟုဖြေလေ၏..
ထိုအခါသူတော်စင်က...
"အို....အရှင်မင်းကြီး"
"ကျွန်တော်မျိုးထံတွင်အရှင်မင်းကြီးအပ်နှံထားသည့်ပစ္စည်းတစ်ခုရှိပါသည်။
မင်းကြီးက ကျွန်တော်မျိုးထက်အသိဥာဏ်တုံးသူတွေ့ခဲ့လျှင် ပေးလိုက်ပါဟု"အမိန်ရှိခဲ့ဘူးပါသည်။
ကျွန်တော်မျိုး...ဥာဏ်အတုံးဆုံး သူကိုနေရာအနှံရှာဖွေသော်လည်း အရှင်မင်းကြီး
ထပ်ဥာဏ်တုံးသောသူ ရှာဖွေ၍မတွေ့ခဲ့ပါ။
အဘယ်ကြောင့်ဆိုသော်အရှင်မင်းကြီးသည် ဤမျှတိုတောင်းလှသောလူ့လောကီခရီးစဉ်အတွက်
ရက်,လ,များစွာကပင်ကြိုတင်ပြင်ဆင်မှု့များပြုလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။
သို့သော် ယခုကဲ့သို့အလွန်ရှည်လျား၍ပြန်လမ်းမရှိသော (နောင်တမလွန်)ခရီးစဉ်အတွက်ကြိုတင်ပို့ဆောင်မှု့
ဘာတစ်ခုမျှမပြုလုပ်ထားသည်ကို တွေ့မြင်ရသောကြောင့်အရှင်မင်းကြီးထက် ပို၍အသိဥာဏ်တုံးသူ
အခြားတစ်ယောက်မှမ တွေ့ရှိပါ၍ အရှင်မင်းကြီးကျွန်တော်မျိုးအားအပ်နှံထားသောမောင်းချဓားအား
အရှင်မင်းကြီးထံပြန်လည်၍ အပ်နှံလိုက်ပါသည်ဟုပြောကြားလိုက်လေသတည်း။
ဤအဖြစ်ကိုကြည့်ခြင်းအားဖြင့်
သူလိုငါလိုစိတ်၊သူလိုငါလိုအတွေးအခေါ်မျိုး၊နဲ့မပြီးဘဲ သာမန်စိတ်သဘောထက်မြင့်မြတ်တဲ့၊
လူတစ်ယောက်ကို ရေရှည်ပေါင်းသင်းကြည့်မှသာလျှင်သေပျော်၊နေပျော်သောလူ့ဘောင်လောကကြီး
ဖြစ်ပါလိမ့်မယ်ဆိုတာနဲ့ မိမိတို့ရဲ့မိသားစုနှင့်မိမိကျင်လည်ရာ ၀န်းကျင်မှာဘုရင်ကြီးကဲ့သို့
လောကီ ကြီးကိုချည်းမလိုက်ဘဲ အရွယ်မရွေးမိမိယုံကြည်ကိုးကွယ်သောဘာသာတရားပေါ်မှာလည်း
အနည်းနဲ့အများကျင့်ကြံပွားများနိုင်ကြပါစေလို့ဆန္ဒပြုရင်း....
ညချစ်သူ

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment