Tuesday, June 25, 2013

မနေ့ကနဲ့ ဒီကနေ့ ...

 
ကွန်ပျူတာလုပ်ငန်းစလုပ်ခါစက အင်တာနက်ဆိုတာမရှိ စာအုပ်စာတန်းကလည်း အသစ်ရဖို့ခက်နေချိန် နည်ပညာစာအုပ်တွေရဖို့ ကော်ပီတွေဘဲ အားကိုးခဲ့ကြရတာသတိရမိတယ်။ အရင်က ကွန်ပျူတာ တက္ကသိုလ်ထဲမှာ ဆူးလေက နေလ မိတ္တူ လာဖွင့်တယ် ကူးနိုင်တဲ့စာအုပ်တွေ စာရင်းချပြထားတယ် ကိုယ်ဆီကရှိတာ သူများလိုချင်လို့ဘဲဖြစ်ဖြစ် သူမျာဟာကိုယ်ကူးချင်လို့ဘဲဖြစ်ဖြစ် ကူးခသက်သာတဲ့ သူတို့ကို အားထားရသလို သူတို့ကလည်း ကူးပွားစရာ စာအုပ်မူတွေ ဒီလိုရနေတယ်။ အဲဒီအချိန်က သူတို့ ယူတဲ့ကော်ပီဈေးကို သူများတွေမယူနိုင်ဘူး။ နောက် ဖိုတိုကော်ပီဈေးသက်သာတာက ရန်ကုန်ရုံးကြီးတွေ နား ပတ်စပို့ရုံး တွေ အခွန်ရုံးတွေ ဘဏ်တွေနားမှာ သက်သာပါတယ်။


တခါတလေ မန်းလေးကစာအုပ်ကိုကူးဖို့ရန်ကုန်ပို့ ကူးရတယ် ဖြုတ်တာချုပ်တာကောင်း တာရယ် ဈေးပေါတာ ရယ်ကြောင့် အဓိက လို့ဆိုရမှာပါ။
စဉ်းစားကြည့်ရင် ကော်ပီရာ စက်လည်း ဈေးတူတူ ဝယ်လို့ရတယ် စက္ကူ တုံနာလည်း မကွာဘူးဆိုရင် သူတို့ က ဘာလို့ဈေးလျော့နိုင်တာလည်း ဆိုတာရယ် ဘာလို့ သတ်သတ်ယပ်ယပ် ကောင်းအောင်ပိုလုပ်နိုင်တာလည်းဆိုတာ ရယ် က စီးပွားရေးအရ တွေးသင့်တဲ့ စဉ်းစားစရာမေးခွန်းပါ။ မန္တလေးဈေး ထက် ဗန်းမော်က ဖိုတိကော်ပီက ဈေးပိုများမှာသေချုာသလို နယ်ပိုဝေးရင် မြို့ပိုခေါင်ရင် သုံးတဲ့သူပိုနည်းရင် စားရိတ်ပိုကျ တတ်တာ သေချာပါတယ်။
စဉ်းစာကြည့်ရင် ကလေးမြို့မှာ ကော်ပီကူးဆိုင်ထောင်ရင် စက်ကို ရန်ကုန်ဆင်းဝယ်ရမယ် သူဆီအရောက်စားရိတ်က ရန်ကုန်က ဆိုင်စားရိတ်ထက် သယ်ယူခ ပိုသွားတာသေချာသလို လမ်းမှာ တခုခုဖြစ်နိုင်ခြေ ရှိလာမယ်။ နောက် တခုခုဖြစ်ရင် ပြင်ဆရာကို စားရိတ်ပေးခေါ်ရတာ ရယ် သူရဲ့ အချိန်နဲ့ တောင်းတာကနေ ရက်နဲ့တောင်းလာနိုင်တာရယ် တတ်တဲ့သူ အလွယ်တကူ ခေါ်မခန့်နိုင်တာရယ် တုန်နာကို လှန်းမှာ ရင်းထားရတာရယ် မီးမလာလို့ မီးစက်နဲ့ သုံးရတာရယ် အပြင် တရက်မှာ ကူးရတဲံ ရွက်ရေက ရန်ကုန်လောက်မများရင် အရင်းကြေဖို့ ဈေးပိုယူရမှာ သေချာပါတယ်။ ကူးခ ဈေးပိုတက်မယ်ဆိုတာ မဆန်းပါဘူး။ ဒီအတွက် ဒီနယ်က လူတွေ ဟာ ဒီအတွက် အသုံးစားရိတ်ဟာ ရန်ကုန်လိုမြို့ကြီးထက် ပိုကျမှာ အသေအချာပါ။

ဒီဥပမာလေးနဲ့ ဆက်တွေးကြည့်ရင် မြန်မာနိုင်ငံမှာ သုံးရတဲ့ စာရိတ်တွေ သူများတွေဆီမှာထက် ပိုများစေနိုင်တဲ့အကြောင်း ကို ချိတ်ဆက်မိမယ်ထင်ပါတယ်။ တရုပ်နဲ့ယှဉ်ပြီး ပစ္စည်းကို ဈေးလျောအောင်ထုတ်ဖို့ ဂျပန်နဲ့ယှဉ်ပြီး အရည်အသွေးကောင်းအောင်ထုတ်ဖို့ အနောက်နိုင်ငံတွေနဲ့ယှဉ်ပြီး နည်ပညာပါအောင်ထုတ်ဖို့ ခက်မှာသေချာပါတယ်။
ကိုယ်နိုင်ငံက ထုတ်ကုန်တွေ ဝန်ဆောင်မှု့တွေ ကောင်းဖို့ သူများဆီက ထုတ်ကုန်တွေ ဝန်ဆောင်မှု့တွေ လာဖို့ လွယ်ဖို့ မြန်ဖိုသက်သာဖို့ လိုနေတယ်ဆိုတာ မြင်မယ်လို့ထင်ပါတယ်။
ကိုယ်ဆီမှာ ဝင်ထွက်နေတာတွေကို ထိမ်းချုပ်နေတဲ့ အစိုးရဲ့ အနေအထားနဲ့ တရုပ်လို ထိုင်းလို စင်္ကပူလို နေရာက အဝင်အထွက်ကိုထိမ်းချုပ်နေသူတွေရဲ့ အရည်အသွေးဟာလည်း စီပွားရေးပြိုင်ဆိုင်မှု့မှာ အရေးပါနေပါတယ် လို ဆိုချင်ပါတယ်။ ရန်ကုန် နေလ လို မိတ္တူကူးဆိုင်ကလူ တမူးသွားဖွင့်ရင်လည်း ရန်ကုန်ဈေးနဲ့မကူးနိုင်ဘူးဆိုရင် ဈေးကွက် အနေအထား နဲ့ အခြား တွေက သက်ရောက်တယ်ဆိုတာ မြင်လွယ်မယ်ထင်ပါတယ်။
ဒါကြောင် နိုင်ငံတကာမှာ ကိုယ်နိုင်ငံနဲ့ တိုးတက်စေချင်တဲ့ မြို့ရွာတွေကို လမ်းပန်းဆက်သွယ်ရေးတွေ ဆက်သွယ်ရေးစနစ်တွေ အတွက် ဟိုင်းဝေးတွေ လေယဉ်ကွင်းတွေ ရင်းနှီးမြုပ်နှံတာတွေ လုပ်ကြတာ တွေ့ရမှာပါ။
ယိုးဒယား ကို တိုယိုတာ ဂျပန်ဝင်လာတဲ့အတွက် သူရဲ့ Supply chain တခုလုံးပါလာတဲ့အတွက် ဒီလုပ်ငန်းတွေ ဟာ ထိုင်း GDP ရဲ့ 40% ထိရှိတယ်လို့ သိရပါတယ်။ အဲဒီမှာ ကားအသစ်တွေကို ဈေးပေါပေါနဲ့စီးနိုင်လာကြသလို အခြားလုပ်ငန်းတွေရဲ့တွင်ကျယ်မှု့ကို လည်းအထောက်အကူပြုလာတာတွေ့ရပါတယ်
ကိုယ်ဆီက ဆင်းရဲမွဲတေမှု့ လျော့ချဖို့ နိုင်ငံရေးတည်ငြိမ်အောင် စီးပွားရေးတက်ဖို့ အတွက် ကိုယ်လူတွေရဲ့ထုတ်ကုန်တွေ နိုင်ငံတကာ နဲ့ယှဉ်ပြီး ဈေးရော အရည်အသွေးပါပြိုင်နိုင်ဖို့လိုပါတယ် ဒီအတွက် သူတို့ ရဲ့ ဝယ်ယူသမျှစားရိတ်တွေ မတက်ဖို့လိုသလို သူတို့ ထုတ်တဲ့ ပစ္စည်းတွေ နိုင်ငံတကာကို အချိန်ကုန် ငွေကုန်အသက်သာဆုံးရောက်ဖို့ အလွန်လိုပါတယ် နောက်အခြားတစ်ဖက်မှာ အရောင်းအဝယ်လွယ်ကူဖို့ ဘဏ်စနစ်တွေ အာမခံစနစ်တွေ logistic စနစ်တွေအပြင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ သမာသမတ်ကျပြီး ချောမောပြေပြစ်လျင်မြန်ဖို့ အရမ်းအရေးပါပါတယ်။
ကုမ္မဏီထောင်ပြီး တကယ် ဝယ်ဖို့ ပို့ဖို့ ခက်တာကစပြီး လုပ်ငန်းတခုချင်းရဲ့ အချိန်တွေ ငွေတွေကုန်တာ စားပွဲကူးစားရိတ်နဲ့ အချိန်တွေကုန်တာ လုပ်ထုံလုပ်နည်းရှုပ်ထွေးတာ မလိုဘဲ အတားအဆီးများပြီး ဖြတ်ခတွေ ရှိနေကြတာတွေဟာ ကိုယ်နစ်နေစေတဲ့အရာတွေပါ။
တစုံတခုကို ထုတ်လုပ်သူ စိုက်ပျိုးသူတွေဟာ သူတို့စာရိတ်တွေနဲ့ သူတို့ ရဲ့ ပစ္စည်းဈေးကွက်ရောက်ဖို့ စားရိတ်တွေ နိုင်ငံတကာနဲ့ယှဉ်ပြိုင်နိုင်ဖို့ သူတို့တင်ကြိုးစားလို့မရနိုင်ပါဘူး။
ပြောချင်တာကတော့ တိုင်းပြည် ချေင်လည်တိုးတင်ဖို့ efficiency, effective,productivity ဆိုတဲ့ လုပ်ငန်းထိရောက်ဖို့ လိုတာတွေ ကို အလုပ်သမားထုကြီးသာမက စီမံခန့်ခွဲသူတွေ ပိုင်ရှင်တွေ ရင်းနှီးမြုတ်နှံသူတွေ သူနဲ့ဆက်နွဝ်နေတဲ့ supply chain တခုလုံးက ရှိတဲ့ ဝန်ဆောင်မှု့တွေ ပို့ဆောင်မှု့တွေ ထုပ်ပိုးမှု့တွေ စီစစိမှု့တွေ က အစ အစိုးရ ပါဝင်ပတ်သက်မှု့ စားရိတ်အဆုံး အချိန် ငွေ သက်သာဖို့ လိုပါတယ်။ ဒီအတွက် မလိုဘဲ ခန်ထားတဲ ဝန်ထမ်းတွေ စားပွဲတွေ နည်းဥပဒေစည်းမျဉ်းတွေဟာ တိုင်းပြည်မွဲအောင်လုပ်နေတဲ့ လက်သယ် အစစ်ဆိုတာ သိစေချင်ပါတယ်။
တခုတော့ရှိပါတယ် Good Governance ဆိုတာ ထိရောက်အောင်အုပ်ချုပ်ရတာပါ လုပ်စရာတွေမလုပ်ဘဲ တာဝန်မဲ့လွတ်ပေးတာ လိုအပ်လျက်နဲ့ မလုပ်ဘဲကျော်ချတာ ထိမ်းဖိုလိုလျက်နဲ့ တာဝန်မယူတာတွေဟာလည်း ဆိုးကျိုးဖြစ်စေပါတယ် အဲလိုတွေ လုပ်ပြီး မြန်အောင် တာဝန်မယူတာ အလုပ်ကို ခိုတာတွေဟာ မြန်ပေမဲ့ Good Governance မဟုတ်သေးဘူးလို့မြင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဖြေလျော့တယ်ဆိုပြီး လုပ်စရာတွေ မလုပ်ကြတာ တွေ့နေရပါတယ်။
အလုပ်မလုပ်သူတွေ ကြားကနေ ရနေတာကို ကာပေးတဲ့ စနစ် ရျိနေသ၍ အလုပ်လုပ်သူတွေ ရဲ့ လုပ်အားကို သူတို့အတွက် ခွဲပေးနေရတယ်ဆိုတာ သတိရစေချင်ပါတယ်။ ခက်အောင်လုပ်လို သူဌေးဖြစ်နေသူတွေရှိနေသ၍ တိုင်သူပြည်သားတွေ ပေးသင့်တာထက် ပိုပေးပြီး သုံးနေရတာကို မြင်တတ်စေချင်ပါတယ်။ သာယာဝပြောတဲ့ လောကသစ်ကြီးကို ရည်မှန်းချင် ရင် ခေတ်သစ် ခေါင်းပုံဖြစ်မှု့ စနစ်သစ်ဖြစ်တဲ့ ခက်အောင်လုပ်ပြီး စီပွားရှာတာတွေ ပပျောက်ဖို့ လိုပါတယ်လို့မြင်ပါတယ်။ မြန်မာပြည်သူပြည်သားများ မိမိကိုယ်ကိုယ်ကောင်းစွာစောင့်ရှောက်နိုင်သူ များဖြစ်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...