Sunday, June 30, 2013

နာကျင်နိုင်သော မေတ္တာရှင် .......

ကွန်ဆူး မား posted a photo to အမျိုးကောင်းသား's timeline.
( နာကျင်နိုင်သော မေတ္တာရှင်.......)

သာမန် လူတစ်ယောက်သည် ... နာကျင်မှုပမာဏ ၄၅ ယူနစ်လောက်သာ ခံနိုင်ရည်ရှိတယ်တဲ့.....။

သာမန်ထက်ပိုရင်တော့ ဒဿမလောက် ဂဏန်းလေးတွေ တိုးပြီး ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

သို့သော်လည်း တစ်ချို့  သော လူသားများကတော့ နာကျင်မှု ၅၇ ယူနစ်လောက်ကို ခံစားနိုင်ကြပါတယ်တဲ့....။

အဲဒီ နာကျင်မှု ပမာဏကလည်း အရိုးအချောင်း ၂၀ လောက် တစ်ပြိုင်တည်း ကျိုးသွားတဲ့ ခံစားမျိုး ဖြစ်ပါတယ်.... တဲ့

တစ်ချို့  ဆိုရင် အဲဒီလို နာကျင်မှုမျိုးကို ဘ၀မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်းများစွာ ခံစားကြရတယ်လို့ ဆိုပါတယ်...။

ဒါပေမဲ့ သူတို့ဟာ နာကျင်ပြီးတဲ့ အချိန်ကျော်လွန်တာနဲ့  ဒီလိုနာကျင်မှုတွေကို သတိမရတဲ့အပြင် ကြောက်လန့်ခြင်းလည်း မဖြစ်ဘူး.... တဲ့။

အဲဒါ ဘယ်လို လူတွေလဲ နောက်ပြီး ဘာကြောင့် နာကျင်မှုကို ကြောက်လန့်ခြင်း မဖြစ်ရတာပါလဲ.... ဖြေကြည့်ပါ...... တဲ့။

ဆရာဝန်လောင်း တူလေး တစ်ယောက်က မေးခဲ့တဲ့ မေးခွန်းလေးပါ။

သူမေးတဲ့ အတိုင်းဆိုရင် သာမာန်အားဖြင့် မဖြစ်နိုင်တဲ့ သိပ်မြင့်လွန်းတဲ့ နာကျင်မှု ဝေဒနာ ခံစားချက်ပဲပေါ့..... သာမာန်လူတစ်ယောက်အနေဲ့ ဒီလောက်တောင် ခံနိုင်ရည်ရှိသလားလို့ အံ့သြမှုတွေလည်း ဖြစ်ခဲ့ရတယ်....။

သာမန်အားဖြင့် နှင်းဆီပန်းလောက်  ဆူးလေး စူးတာ၊ သွားကိုက်တာ.... အကြောညပ်တာ စတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှုလေးတွေကိုတောင် လူသားတွေဟာ ခံစားနိုင်ဖို့ ခက်ခဲကြတာကို တွေ့ရှိနိုင်ပါတယ်...။

ဒီလို အရိုး အချောင်း ၂၀ လောက် နာကျင်မှုတွေကို အမြဲလိုလို ကျေကျေနပ်နပ် လက်ခံနေတတ်တဲ့ လူသားတွေကိုတော့ ``မဟာသတ္တိရှင်ကြီးများ´´အဖြစ် လက်ခံရမှာဖြစ်သလို နာကျင်မှုကို ဘာလို့ လက်ခံသလဲ ဆိုတဲ့ မေးခွန်းကလည်း မေးစရာ ဖြစ်လာပါတယ်....။

ဒီလို နာကျင်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတဲ့ ဒွိဟစိတ်၊ သံသယစိတ်ကလေးထဲမှာ အဖြေရှာကြည့်တော့.... 

ဒီနာကျင်မှုမှာ ကျေနပ်စရာ အကြောင်းလေး ရှိနေလို့ဆိုတဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်...။

ဒီလောက်ပြင်းပြင်းထန်ထန် နာကျင်နေတာတောင် ဘာမှမဖြစ်ဘူးလို့ ယူဆရတဲ့အခါမှာ ဒီလိုနာကျင်မှုဟာ အရိုး အချောင်း ၂၀ ကျိုးတာ မဟုတ်ဘူးလို့လည်း တွေ့ရတယ်...။ ဒါဆိုရင်......

အရိုးကျိုးတာ မဟုတ်လို့ အခြား ကိုယ်တွင်း အင်္ဂါနဲ့ ဦးခေါင်းပိုင်းဆိုရင်လည်း အသက်သေဆုံးနိုင်လောက်တဲ့ ရောဂါပါပဲ......။ ဒီတော့ ကိုယ်တွင်းအင်္ဂါနဲ့ ဦးခေါင်းပိုင်း ဝေဒနာလည်း မဟုတ်ဘူးပေါ့......။ ဒါဆိုရင်........

နောက်ပြီး နာကျင်ပြီးတဲ့ အချိန်ကျော်လွန်တာနဲ့  ဒီလိုနာကျင်မှုတွေကို သတိမရတဲ့အပြင် ကြောက်လန့်ခြင်းလည်း မဖြစ်ဘူး ဆိုတော့ မေ့ပစ်နိုင်လောက်တဲ့ အကြောင်းတရား ရှိနေတယ်ဆိုတာကို တွေ့ရတယ်...။ ဒါဆိုရင်.....

နောက်ထပ်တစ်ခါ အဲဒီလို နာကျင်မှုမျိုးကို ဘ၀မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်းများစွာ ခံစားကြရတယ်တဲ့......။ ဒါဆိုရင်.....

သူရဲ့ ဆေးပညာဆိုင်ရာနဲ့ မနုဿဗေဒဆိုင်ရာ တွေးခေါ်မှုအရ လူမှာ ကျားနဲ့ မ ဆိုပြီး နှစ်မျိုး ရှိတဲ့ အနက်က အမျိုးသားတွေဟာ ဒီလိုနာကျင်မှုတွေကို မလွဲမသွေ ရင်ဆိုင်လိုက်ရတဲ့အခါ နောက်တစ်ကြိမ်ထပ်မံခံစားနိုင်ဖို့ထက် တိုက်ခိုက်ဖို့ကို စိတ်အား ထက်သန်ကြမယ် ဖြစ်အောင်လည်း တိုက်ခိုက်ကြမယ်၊ အမျိုးသမီးတွေကတော့ သူတို့အတွက် နာကျင်မှုကို အစားထိုးနိုင်တဲ့ ခံစားချက်မျိုးရှိနေရင် အကြိမ်ဘယ်လောက်ပဲ နာကျင်ရပါစေ သည်းခံနိုင်ကြတယ်ဆိုတော့ ဒီလိုနာကျင်မှုကို ခံစားနိုင်တဲ့သူဟာ အမျိုးသမီးတွေ ဖြစ်သွားတယ်.....။

နောက်တစ်ခါ ( အမျိုးသမီးတွေမှာ)  ဒီလို နာကျင်မှုကို ခံစားကျော်လွန်ပြီးတာနဲ့ ဒီခံစားချက်ကို မေ့ပစ်နိုင်လောက်တဲ့ အစားထိုးကျေနပ်စေခြင်း ဘာဖြစ်မလဲ... လို့ စဉ်းစားလိုက်တော့ နာနာကျင်ကျင် အသက်နဲ့ ရင်းပြီး မွေးလိုက်ရတဲ့ ရင်သွေးလေးရဲ့ မျက်နှာနဲ့ ငိုသံလေးပဲပေါ့.....။ ပြီးတော့ အရိုး အချောင်း ၂၀လောက် တစ်ပြိုင်တည်းကျိုးသွားသလို ခံစားရပေမဲ့.... အရိုးကျိုးတာ မဟုတ်တဲ့ အပြင် သေစေနိုင်လောက်တဲ့ ကိုယ်တွင်း အင်္ဂါနဲ့ ဦးခေါင်းပိုင်း ပျက်စီးစေခြင်း မဟုတ်တဲ့အတွက် ဒါဟာ ကလေး မွေးဖွားခြင်း ဝေဒနာပဲပေါ့......။

လူသားတွေနဲ့ အခြေခံ အချက်အလက်တွေ အားလုံးခြုံပြီး စဉ်းစားကြည့်မိတော့..... ဒါဟာ မီးဖွားလိုက်ရတဲ့ မိခင်တွေရဲ့ အခြေအနေကို ရည်ညွှန်း ထားတာ  ဖြစ်နေတယ်ဗျ.....။

မိခင်တွေ ဆိုတာက နည်းမှန် လမ်းမှန် သားသမီးတစ်ယောက်ကို ကောင်းမွန်စွာ မွေးဖွားဖြစ်ခဲ့လျှင် မွေးဖွားပြီးတိုင်းမှာ  တုနှိုင်းမရတဲ့ ပျော်ရွှင် ကျေနပ်ခြင်းတွေကို ရရှိတတ်ကြလေတော့ သားသမီးတွေ ဘယ်လောက် မွေးမွေး သူဟာ ဒီလို နာကျင်မှုတွေကို ရင်ဆိုင်နိုင်တယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး...။

တကယ်တော့ မိခင်ဆိုတာ နာကျင်မှု ပမာဏ ၅၇ ယူနစ်လောက်ကို မပြောနဲ့.... ကိုယ်ဝန်ဆောင်ထားစဉ်မှာပင် တစ်နေ့ကို သုံးကြိမ်လောက် သေမင်းကို မျက်စ ပစ်ပြနေတယ်ဆိုတဲ့ စကားလေးအတိုင်း မိခင်ဟူသည် သားသမီးများအတွက် လူမဖြစ်မီကပင် အသက်ကို ရင်း၍ ချစ်မြတ်နိုးခဲ့သူ မဟာလူသားတစ်ဦး ဖြစ်ပါကြောင်း ဂုဏ်ပြုလျှက်.......

(ကွန်ဆူးမား)(၃၀-၆-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...