Monday, July 1, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၇)

သစ်ထူးလွင်


Posted: 01 Jul 2013 05:44 AM PDT
ကျုံးမြောက်ဘက် သုဓမ္မာဇရပ်တန်း အနီးမှာ လူငယ်သုံးဦး ၂၅ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံရပြီး နှစ်ဦးမှာ ဓားဒဏ်ရာကြောင့် ဆေးရုံတင် ထားရတယ်လို့ ကာယကံရှင် မိသားစု ထံက သိရပါတယ်။၂၅ ရက်နေ့ ည၈း၃၀ အချိန်လောက်မှာ လူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် ကပ်ပါလာတဲ့ ဆိုင်ကယ်သုံးစီးက ရှေ့ကနေ ဖြတ်ကာ တားဆီးခဲ့ပြီး ဓားနဲ့ခုတ်ခဲ့တယ်လို့ ဒဏ်ရာရသူ တစ်ဦးရဲ့ ဦးလေးက ဆိုပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Jul 2013 05:34 AM PDT
ကိုဝင်းဇော်ဦးသည် ဤသို့ ထွားကြိုင်းနေသည်မှာ မျိုးရိုးဗီဇကြောင့် ဆိုသည်ထက် Acromegaly ဟု ခေါ်သည့် ခန္ဒာကိုယ် အစိတ်အပိုင်းများ အလွန်ကြီးထွား လာမှုကြောင့် ထုံးပေါက်ကျိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါ်ဌေး၊ နတ်မောက်မြို့မှ အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ ဦးစိုးမင်း၊ ရပ်မိရပ်ဖများ၊ ဒေသခံ အလှူရှင်များ၏ တာဝန်ယူ စီစဉ်ပေးမှုဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 သတင်း- ဓါတ်ပုံ ။ ။ Popular Journal

Posted: 01 Jul 2013 05:27 AM PDT
အင်တာနက် စာမျက်နှာမှာ ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဆောင်းပါးနဲ့ ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွားဆိုတာကို တိတိကျကျ ဖော်ထုတ်ဖို့ နည်းပညာ အခက်အခဲကြောင့် မဖော်ထုတ်နိုင်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက အင်တာနက် ၀န်ဆောင်မှုပေးတဲ့ ဂူဂဲလ်ကုမ္ပဏီရဲ့ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်နိုင်မှာ ဖြစ်တဲ့အတွက် တိတိကျကျမဖော်ထုတ်နိုင်ဘူးလို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုတဲ့အကြောင်း ---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 01 Jul 2013 03:24 AM PDT
၃၀.၆.၂၀၁၃ ရက်နေ့ ညနေ(၅)နာရီကျော် လောက်မှာ ရဲစခန်းသို့ လူ(၅၀)ဦးခန့် စုရုံးရောက် ရှိခဲ့ကြပါတယ်။ တာဝန်ရှိသူများက ရှင်းလင်း ပြောဆိုသဖြင့် (၆း၃၀) လောက်လူစု ကွဲပါတယ်။ ည(၇း၁၅)လောက်မှာ ကောင်းကင်သစ္စာ မော်တော်ယာဉ် အသင်းမှ ၈ည/၃၂၃၁ - ၈ဈ/၃၇၆၅ ယာဉ်နှစ်စီးကို လူအချို့ကခဲဖြင့် ပစ်ပေါက် ဖျက်ဆီး ခဲ့ကြပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံတွဲမြို့တွင် မုဒိန်းကျင့်ခံခဲ့ရသော တောင်ကုတ်မြို့ဆေးရုံကွက်သစ် (၅) လမ်းနေ(ဘ)ဦးသန်းကြည်၏ သမီးမစုစုမွန်၏ ဓာတ်ပုံဖြစ်ပါသည်။ ဓါတ်ပုံ - Arakan Events

Posted: 01 Jul 2013 03:15 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မွတ်စလင်လူနေအိမ်ခြေတချို့ ဖျက်ဆီးမီးရှို့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဇွန်လ  ၃၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က  အမျိုးသမီးငယ်တဦးဟာ သံတွဲမြို့မှာ ရောက်ရှိစဉ် စော်ကားခံရတယ်ဆိုတဲ့ ကောလာဟလပျံ့နှံ့ပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သံတွဲမြို့နယ်ရဲတပ်ဖွဲ့က အဲဒီအမျိုးသမီးနဲ့ လူငယ် ၂ ဦးကို ရဲစခန်းမှာ စစ်မေးနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံတွဲမြို့တွင် မီးလောင်မှုများကြောင့် နေအိမ် ပျက်စီးမှုပုံဖြစ်ပါသည်။ ဓါတ်ပုံ - Arakan Events

Posted: 01 Jul 2013 02:40 AM PDT
ရွှေ ၃၀ ကျပ်သား ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီး ပစ္စည်းဝှက် ထားသည့်နေရာ ပြသရန် သွားရာမှ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ပြုတ်ကျ သေဆုံးသွားပြီးနောက် အတူ ဖမ်းဆီးခံရသူ ယင်းအမျိုးသမီး၏ ခင်ပွန်း ဦးနန်းဝင်းကို ပုသိမ်မြို့နယ် တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်ဆေးမည် ဖြစ်ကြောင်း ယင်းအမှုကို လိုက်ပါ ကူညီပေး သည့် ဦးဌေးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Heinn Htet  (facebook)

Posted: 01 Jul 2013 01:58 AM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာသို့တင်သွားလာသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလာဒေ့ခ်ျ နယ်စပ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ၎င်းရုပ်ပွားတော်များကို ဇွန်လ ၂၉ ရက်နေ့က တက်ကနက် နယ်စပ်မြို့တွင် မြန်မာဘက်မှ တင်သွင်းလာစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Cox’s bazaar News နှင့် ကုမုဒြာ ကန်သာ သတင်းစာတို့တွင် ဖေါ်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာဝင်များ (ဓါတ်ပုံ- Internet)

Posted: 01 Jul 2013 01:52 AM PDT
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သော ဆူဇူကီး ကယ်ရီ ပစ်ကပ် မော်တော်ယာဉ် အသစ်များကို တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၇၈၇၅ (ကျပ် ၇၈ သိန်း ခန့်) ဖြင့် ဇွန်လ ၃၀ ရက်နေ့က စတင် ရောင်းချနေကြောင်း Myanmar Suzuki Motor Co., Ltd အုပ်ချုပ်မှု မန်နေဂျာ ဦးရဲထွန်းဦးက The Voice သို့ ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Jul 2013 01:48 AM PDT
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ်သတ်မှတ် ထုတ်ပြန်ပေးနေသည့် မြန်မာ ကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်း ၉၆၀ ကျပ်အထိ တရွေ့ရွေ့ မြင့်တက်ခဲ့ မှုကြောင့် ပြည်ပမှ မှာယူရသော ဆေးဝါးပစ္စည်းများ ပုံမှန်ဈေးထက် ၁၀ ခိုင်နှုန်းအထိ မြင့်တက်လျက် ရှိကြောင်း ပြည်တွင်းဆေးဝါး ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 01 Jul 2013 01:43 AM PDT
နေပြည်တော်၊ ဇူလိုင် ၁ရက်

အချိုးကျ ကိုယ်စားပြု စနစ် (PR) ကို တင်သွင်း မှုမှာ ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ အရ ညီညွှတ်ခြင်း မရှိ၍ လွှတ်တော် တွင် ဆွေးနွေး ခြင်းမပြုနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ယနေ့ ကျင်းသော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမ နေ့  တွင် ဆုံးဖြတ် လိုက်သည်။

သို့သော် နိုင်ငံတော်နှင့် နိုင်ငံသား အတွက် အကျိုးပြုနိုင်သည် အတွက် ဖွဲ့ သည်းပုံ အခြေခံ ဥပဒေ ပူးပေါင်း ဆောင်ရွက် ရေး ကော်မတီ ပေါ်ပေါက်လာ မှသာ လေ့လာ သုံးသပ်သင့်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ရွေးကောက် တင်မြှောက်ပုံ စနစ်ပြောင်းလဲရေး အတွက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရွေးကောက် တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ဆွေးနွေး ဆုံးဖြတ်ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွတ်တော် နာယက ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုင်းနောင်

Popular Myanmar News Journal
Posted: 01 Jul 2013 12:25 AM PDT
သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ..........အား စော်ကားခဲ့သည်ဆို သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ တရားခံများ ဖြစ်သော င/ပြူးနှင့် အခြား တစ်ဦးတို့အား ဖေါ်ထုတ် ဖမ်းဆီးနိုင်ရေး သံတွဲမြို့နယ် ၇ဲတပ်ဖွဲ့မှ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် တရာခံ(၂)ဦးလုံးအား ၁-၇-၂၀၁၃ ရက်နေ့ (၀၇း၅၀) အချိန်တွင် ဖမ်းဆီးရမိခဲ့ ပါသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သံတွဲမြို့ရှိ အံတော်ရျပ်ကွက်အတွင်း မီးလောင်နေမှုမြင်ကွင်း Photo - (Arakan Eevents)

Posted: 01 Jul 2013 12:27 AM PDT
ဇူလိုင်လ ၄ ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Jun 2013 11:19 PM PDT
ဇွန်လ ၃၀ ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Jun 2013 11:04 PM PDT
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ပေးပို့ကာ တောင်းဆို ထားသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အထူး အစည်းအဝေးကို လွှတ်တော်၏ အကြံပြုချက် အတိုင်း ယနေ့ (ဇူလိုင်လ ၁ ရက်နေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Jun 2013 11:01 PM PDT
Posted: 30 Jun 2013 10:57 PM PDT
[ ၁ - ၇ - ၂၀၁၃ ] (တနင်္လာနေ့)

၅။ ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်သို့ နှုတ်ခွန်းဆက် စကားပြော ကြားခြင်း။

၆။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက် တင်မြှောက်ပုံ စနစ်ပြောင်းလဲရေး အတွက် ဆွေးနွေး ဆုံးဖြတ်ပေး ပါရန် တင်ပြစာနှင့် ယင်းနှင့် သက်ဆိုင်သော သတင်း ထုတ်ပြန်ချက် ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်း။

၇။ အင်တာနက်ပေါ်တွင် ဖော်ပြပါရှိသော ဒေါက်တာ ဆိတ်ဖွား၏ Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက် နှင့် စပ်လျဉ်းသည့် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယက၏ ဆုံးဖြတ်ချက်ကို ရှင်းလင်း တင်ပြခြင်း။

၈။ နိုင်ငံတော်သမ္မတက တင်ပြလာသည့် Convention on the Means of Prohibiting and Preventing the Illicit Import, Export and Transfer of Ownership of Cultural Property 1970 သို့ အတည်ပြုလက်မှတ်ရေးထိုး ဝင်ရောက်ခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖတ်ကြားရှင်းလင်းတင်သွင်းခြင်း။

၉။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

၁၀။ မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်အုပ်စု၏ Multilateral Investment Guarantee Agency-MIGA Convention သို့ အတည်ပြု လက်မှတ်ရေးထိုးဝင်ရောက်ရေးနှင့် အစုရှယ်ယာနှင့် အခြားသတ်မှတ်ဝင်ကြေးများ ထည့်ဝင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် က ဖတ်ကြားရှင်းလင်းတင်သွင်းခြင်း။

၁၁။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

၁၂။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘော ထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၃။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

၁၄။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၅။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

၁၆။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၇။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

၁၈။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၉။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

၂၀။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၂၁။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။

The Modern News Journal


Posted: 30 Jun 2013 10:33 PM PDT
အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာ ဆိတ်ဖွား မည်သူ ဖြစ်သည်ကို ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ (ဇူလိုင် ၁ ရက်နေ့) ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ်ကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Jun 2013 10:26 PM PDT
မြန်မာနိုင်ငံမှ ၉၆၉ လှုပ်ရှားသူများနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာ တပ်အားစု တို့ကို နှိုင်းယှဉ်ရေးသားထား၍ ကမ္ဘာတစ်ဝန်း စာဖတ်ပရိသတ် သန်း ၁၉၀ ကျော် ရှိသော တိုင်းမ် မဂ္ဂဇင်းကို တင်သွင်းဖြန့်ချိခွင့် ပိတ်ပင် လိုက်ကြောင်း သီရိလင်္ကာ အစိုးရက ဇွန် လ ၂၉ ရက်နေ့တွင် ကြေညာခဲ့ သည်ဟု ယင်းနိုင်ငံ အခြေစိုက် သတင်း မီဒီယာများတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Jun 2013 10:18 PM PDT
သဘာဝပတ်ဝန်းကျင် ပြောင်းလဲ ထိခိုက်လာမှု သင်္ကေတအဖြစ် မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများ ဖြစ်သော ဧရာဝတီ၊ စစ်တောင်းနှင့် ငဝန်မြစ်တို့တွင် ရေ လမ်းကြောင်း ပြောင်းလဲလာပြီး မြစ်ရေ တိုက်စားခြင်းကြောင့် ကမ်းပြိုမှုများ ဇွန်လဆန်းက စတင်ကာ ဆက်တိုက် ဖြစ်ပွားလျက်ရှိပြီး ဒေသခံများ၏ စီးပွားရေး၊ လှုမှုရေးဘဝများကို တစ်စတစ်စ ခြိမ်းခြောက်နေသည်ကို တွေ့ ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Jun 2013 10:07 PM PDT
ဇူလိုင် ၃ ရက်နေ့ ထုတ် Smart Pro Journal အတွဲ ၁၊ အမှတ် ၂၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Jun 2013 10:05 PM PDT
ဇူလိုင် ၀၁ ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Jun 2013 09:28 PM PDT
ထိုင်းနိုင်ငံက ကဲဘိနက်ဝန်ကြီး အဖွဲ့ အပြောင်း အလဲမှာ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝ Yingluck Shinawatra က ထိုင်းနိုင်ငံက ရာဇဝင်မှာ ပထမဦးဆုံးသော အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ခန့်အပ်ခြင်း ခံရပါတယ်။ ကာကွယ်ရေးဝန်ကြီး အဖြစ် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌါနတွင်း အမြင့်ဆုံး ရာထူးတွေကို ခန့်အပ်ခွင့် အာဏာ အပြည့်ကိုလဲ ရရှိတာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Jun 2013 09:12 PM PDT
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဇွန်လ ၃ဝ ရက်က ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ တို့ အချင်းများမှုဖြစ်ပွားပြီး အံတော်(မြို့သစ်) (ခေါ်) အံတော်ကွက်သစ်တွင် မီးရှို့မှုများ ပေါ်ပေါက်ခဲ့ကာ ညမထွက်ရအမိန့် ချက်ချင်း ထုတ်ပြန်လိုက်သည်ဟု သံတွဲဒေသခံ များက ပြောသည်။ ''ကုန်ပြီဗျ၊ အခု ကွက်သစ်ဘောလုံးကွင်း နားမှာရှိတဲ့ မူဆလင်သုံးအိမ် မီးရှို့နေကြပြီ၊ အံတော်ရွာထဲဘက်မှာတော့ ကုလားစုကို မီးရှို့နေကြပြီ''ဟု အံတော်ရွာ ဒေသခံတစ်ဦး က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သံတွဲမြို့တွင် မီးလောင်မှုများကြောင့် နေအိမ် ပျက်စီးမှုပုံဖြစ်ပါသည်။
ယင်းသို့ပျက်စီးရာတွင် ရခိုင်အိမ်တစ်လုံးနှင့် ဘင်္ဂလီအိမ် ၇ လုံးမီးလောင်ခဲ့ရကြောင်းသိရသည်။
ထို့အပြင် အိမ် ၁၁ ဆောင်အား ခဲဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်းသိရသည်။ အသေအပျောက်စာရင်းမရှိပါ။
လက်ရှိတွင် တည်ငြိမ်နေပါသည်။ (Arakan Eevents)

Posted: 30 Jun 2013 09:03 PM PDT
စစ်တပ်မှ သိမ်းပိုက်ထားခဲ့သည့် မြေများကို ဇူလိုင်လတွင် မူလပိုင်ရှင်ထံသို့ ပြန်ပေးတော့မည်ဟု ကာကွယ်ရေး ဝန်ကြီးက ပြောဆိုသော်လည်း လက်ရှိဖြစ်ပျက်နေသည့် အနေအထားအရ ယုံကြည်စိတ်ချ၍ မရသေးကြောင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းမှု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဖေသန်းက မဇ္ဈိမ ကို ပြောကြား လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Jun 2013 08:56 PM PDT
ဇူလိုင်လ(၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...