Wednesday, November 28, 2012

Language Online ပေ့ခ်ျထောင်ခြင်း အကြောင်း


by Than Saw on Wednesday, November 28, 2012 at 1:16am 


ဒီပေ့ခ်ျအသစ်ကို လိုက်လုပ်ကြပါအုန်း။ သူရဲကောင်း၂၅ ယောက် တနာရီအတွင် လိုပါတယ်ရှင်။ ကျမလည်း အင်္ဂလိပ် အစိုးရအဖွဲ့ကို ဒီနေ့ပြောစရာရှိတယ်။ ကျမဘက်ကကူနေသူ အင်္ဂလိပ်တွေက နောက်တပတ်မှာ ဘာမျှမလုပ်ရင် တရားဝင် အရေးယူတော့မယ်။ ဒီတော့ ကျမလည်း ပို့တစ်စတချို့ကို မြန်မြန်တင်ပေးပြီး ခဏလောက်တော့ သိပ်လုပ်နိုင်ခြင်မှ လုပ်နိုင်မယ်။



၁၉၈၄ခုနှစ်က က ၁၉၈၆ ခုနှစ်အထိ ဗြီတိန်မှနေစဉ်က ဂျာမန် ပြင်သစ် အီတာလျှံ နဲ့ စပိန်စကား သင်ကြားရေးဆိုင်ရာ စာအုပ်တွေ တိပ်ခွေတွေကို ဝယ်ပြီး မြန်မာပြည်ယူသွားတယ်။ ထိုအချိန်က အင်မတန် ဈေးကြီးပါတယ်။ ၁၉၈၈မှာ နိုင်ငံခြားထွက်တော့ ကူးထားတဲ့ တိပ်ခွေတွေ ပြန်သယ်တယ်။ အခုအထိ ရှိတုန်းဘဲ မပြစ်ရက်ဘူး။


၁၉၈၉ ခုနှစ်မှာ ဗြိတိန်မှာ ပြန်ာနေကထဲကစပြီး အိမ်မျာ ဗွီဒီယို အောက်စက်နဲ့ တီဗွီမှာ လာသမျှ ဘာသာစကားဆိုင်ရာ သင်ခန်းစာတွေကို အားလုံး ကူးတယ်။ စပိန်ဘာသာကစပြီး တရုပ် ဂျပန်ဘာသာအထိပါဘဲ။


၁၉၉၇ ခုနှစ်လောက်က စပြီး မြန်မာပြည်က ညီမတွေဆီကို ဂျာမန် ပြင်သစ် အီတာလျှံ စပိန်ဘာသာစကားဆိုင်ရာ ခေါင်းအုန်း တစ်ဝက်လောက်ရှိတဲ့ အဘိဓါန်တွေ ပို့ပေးတယ်။ သဒ္ဒါစာအုပ်တွေ စကားပြောစာအုပ်တွေ တိပ်ခွေတွေ စီဒီတွေကိုပို့ပေးတယ်။ ဥရောပဘာသာနဲ့ ရိုက်ထုတ်ထားတဲ့ ရုပ်ရှင်တွေလည်း ပို့ပေးတယ်။ ညီမတစ်ယောက်က ရုရှားဘာသာစကား အပါအဝင် ဥရောပ ဘာသာစကား ၆မျိုးနဲ့ အလုပ်လုပ်တယ်။ လေ့လာထားတယ်။ ပြင်သစ်မှာ ဘွဲ့လွန်လုပ်ဘူးတယ်။ နောက်တစ်ယောက်ကတော့ အီတာလျှံစာကို အီတလီတက္ကသိုလ် တစ်ခုမှာ သင်ဘူးတယ်။ 


ရုရှားဘာသာနဲ့ မြန်မာနိုင်ငံအကြောင်းတွေ ရေးထားသာလိုခြင်တယ်ဆိုတော့ ရုရှားက ပါမောက္ခတစ်ယောက်တောင် စာရေးပြီး စုံစမ်းခဲ့ဘူးတယ်။ နောက် အော့စဖိုဒ်တက္ကသိုလ်ထွက် အငြိမ်စားယူသွားတဲ့ အင်္ဂလိပ်အမျိုးသမီး တက္ကသိုလ်ပါမောက္ခတစ်ယောက်က သူမှာစုထားတဲ့ မြန်မာသမိုင်းအကြောင်းကို ရုရှားလိုရေးတဲ့ စာအုပ်တွေအများကြီးကို ကျမကို ပေးတယ်။ ပျော်လိုက်တာ။ မြန်မာပြည်ကို လေယဉ်နဲ့ မှတ်ပုံတင်ပြီး အထုတ် လိုက်ပို့ခဲ့တယ်။ စာတိုက်ကို ပေးလိုက်ရသာလည်း ပေါင် ၁၀၀ ကျော်တယ်။


၂၀၀၅ခှုစ် ဒီဇင်ဘာ ၂၀၀၆  ဇန္နဝါရီလမှာ ဒီဗွီဒီကူးစက်တစ်ခုကို ဝယ်ပြီး ဘီဘီစီ နဲ့ တခြား တီဗွီလိုင်းတွေက ကမ္ဘာဘာသာစကားမျိုးစုံနဲ့ လွှင့်သမျှရုပ်ရှင်တွေ သိပ္ပံ ဝိဇ္ဖာ ဘာသာရပ် အသီးသီးဆိုင်ရာ ပို့ချသင်ကြားချက်တွေကို နေ့စဉ်ကူးတယ်။ ဒီဗွီဒီတချပ်မှာ ၈ နာရီအထိ ကြာကြည့်ရအောင် ဆက်တင်လုပ်ထားတယ်။ တခါတလေ ဥရောပဘာသာစကားနဲ့ ရိုက်ထားတဲ့ ရုပ်ရှင် ၄ ခုအထိ တစ်ချပ်မှာ ကူးတယ်။ သိပ္ပံ ဝိဇ္ဖာဘာသာရပ်တွေ ကူးပေးတယ်။ အချပ် ၇၀ လောက်ရှိတဲ့အခါမှာ မြန်မာပြည် ပို့လိုက်တယ်။ ညီမတွေကို စာတိုက်က ဒေါ်လာ ၆၀ ပေးရွေးခိုင်းတဲ့အခါ၊ ဆွေမျိုးထဲက ကျမဆီက ငွေဘဲလိုခြင်ပြီး ပညာမလိုခြင်တဲ့ ကပ်ပါးကောင်းတွေက ရွေးယူမဲ့ ညီမနဲ့ ကျမကြားမှာ သပ်လျိုကြတော့ ညီအမ စိတ်ဝမ်းကွဲကြပြီး ရွေးနေကြ ညီမက ဒီအခွေတွေကို အဆုံးခံလိုက်တယ်။ ဒီအခွေတွေ သွင်းနေ့တဲ့အချိန်က ကျမ အိပ်ယာက မထနိုင်လို့ အလုပ်မသွား ဝင်ငွေမရှိတဲ့ အချိန် အင်မတန် ခေါင်းကိုက်ခဲနေလို့ အိပ်ယာမှာ လဲနေတဲ့ အချိန်ဖြစ်တယ်။ တီဗွီမှာ ပရိုဂရမ်တွေကို ဆွဲုပြီး မနဲကူးခဲ့ရတယ်။ အင်မတန်လည်း ပင်ပန်းတယ်။ ငွေလည်း အကုန်အကျများတယ်။ ပို့တဲ့အခါ လေယဉ်ပျံနဲ့ မှတ်ပုံတင်ပို့ရလို့ ကျမဘဏ်ထဲမှာ စားစရာအတွက်တောင် ငွေမကျန်တော့တဲ့ အချိန် ဖြစ်ခဲ့ရတယ်။ ညီမတွေ မောင်တွေကို ရပ်ကွက်အထဲမှာ သူငယ်ချင်းတွေ အထဲမှာ အခမဲ့ ကူးဝေကြည့်ပြီး လေ့လာဖို့ ပြောခဲ့တယ်။ စာတိုက်က သိမ်းသွားတော့ ကျမလုပ်သမျှ ကုန်သမျှ အချဉ်းနှီုးဖြစ်ခဲ့ပါတယ်။ စိတ်လည်း ပိုထောင်းတော့ ရောဂါပိုရ အလုပ်တော်တော်လေး ပြန်မဝင်နိုင်ခဲ့ဘူး။ အစိုးရဆီကလည်း အိမ်လခရော စားစရာအတွက်ပါ လုံးဝတောင်းမစားဘဲ ဘဏ်က ချီးစားတယ်လေ။


ကျမလုပ်နေတာကို အိမ်နီးချင် စပိန်လူမျိုးမိသားစုက အောချတယ်။ နေမကောင်းနေစဉ် အပြင်းအထန်ကူးနေသာကိုလည်း လာတားတယ်။ သေသွားမှာ စိုးလို့။ ကျမ ဗွီဒီယိုအောက်စက်ပျက်တော့ သူတို့ကို ကူးထားတဲ့ ဗွီဒီယိုအခွေတွေပေးသော့ သားရော သမီးရော အမေပါ သေတ္တာလိုက်လာသယ်တယ်။ ပြီးသူတို့ ဗွီဒီယိုက ဒီဗွီဒီကူးစက်ကူးတဲ့စက်မျာ ပြန်ကူးသုံးတယ်ပြောလို့ ကျမဝမ်းသာခဲ့တယ်။ တန်ဖိုးသိတဲ့ သူလက်ထဲ့ ပတ္တမြားရောက်ခဲ့လို့ဘဲ။


တခါတလေ ကိုယ့်ဘာသာကိုယ်လေ့လာရမဲ့ အချိန်ကို ဖဲ့ပြီး နေမကောင်းချိန်မှာ ညီမတွေ မောင်တွေအတွက် သူတို့နဲ့ ဆက်စပ်နေတဲ့ မြန်မာတွေအတွက် ဒီလို လုပ်ပေးခဲ့ပါတယ်။ ၂၀၀၉ မှာ ဆုံးသွားတဲ့ မောင်လေးက သမိုင်းစိတ်ဝင်စားလို့ ကူးပို့ပေးလိုက်သာတွေကို သူမကြည့်လိုက်ရရှာဘဲ ဆုံးသွားခဲ့တယ်။


လောဘသား ဥဏှောက်မရှိတဲ့ ကပ်ပါးကောင်တွေကိုလည်း စိတ်နာတယ်။ မြန်မာစာပို့တိုက် အကောက်ခွန်ကိုလည်း စိတ်နာတယ်။ ပညာရေးအတွက် လုပ်ပေးသာကို လုပ်ရက်ကြတယ်။


အခု ဒီအဖွဲ့နဲ့ ပေ့ခ်ျကို မြန်မာပြည်အတွင်းက ဘာသာစကား အမျိုးမျိုးလေ့လာသူတွေအတွက် စုတင်ပေးပါ့မယ်။ လောလောဆယ်မှာ ကြည့်ကောင်းအောင် ကပုံတစ်ချို့ဘဲတင်ထားပါတယ်။ 


(မှတ်စုမှာ  ဒီပို့စ်တ်ကို သမိုင်းတင်ထားအုန်းမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...