Thursday, November 29, 2012

မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ

နတ်သားလေး နေလှိုင်း

နိုင်ငံတကာနှင့် ဆက်ဆံမှုတိုးတက်လာသော ယနေ့အချိန်တွင် ယဉ်ကျေးမှု ကူးလူးယှက်နွယ်ခြင်း များကြောင့် တချို့ကိစ္စများတွင် အရိုးပေါ်အရွက်ဖုံးသည့် အခြေအနေများကို တွေ့လာကြရပါသည်။

နိုင်ငံတကာ ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု့အပေါ်မူတည်ပြီး ... မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများမှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန်အတွက် မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ အကြောင်း အနည်းငယ်တင်ပြလိုပါသည်။ မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ ကိုလေ့လာကြည့်သောအခါ မိသားစုခြင်း ရိုသေလေးစားမှု၊ ချစ်ခင်ကြင်နာမှုကို အခြေတည်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။ အရွယ်အကြီးအငယ်ကို လိုက်ပြီး.... မိကြီး ၊ မိထွေး ၊ ဘကြီး ၊ ဘထွေး၊... ဟူ ၍ လည်းကောင်း...မေတ္တာကို အခြေခံပြီး..... ဖိုး ၊ ဖွား ၊ သား ၊ သမီး ၊ ခင်ပွန်း ၊ ခမည်း ၊ ခဲအို ၊ ခယ်မ ၊ ........စသဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြပါသည်။


ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍ လည်းကောင်း.........သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့်သဘော၊မြှေးကပ်တွယ်သည့် သဘောဖြင့် ....မြေး ၊ မြစ် ၊ တီ ၊ ကျွတ် ၊ တွတ် ၊ ဟူ ၍ လည်းကောင်း ..ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။

မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော က၀ိလက္ခဏာဒီပနီကျမ်းတွင်..မိမိအထက်...ဆွေမျိုး ခုနှစ်ဆက်ကို...အဖအဖိုးအဘေးအဘီအဘဲးအဘောအဘွေး ... ဟူ ၍ လည်းကောင်း...........မိမိအောက် ဆွေမျိုး ခုနှစ်ဆက်ကို......သားမြေးမြစ်တီတွတ်ကျွတ်မျှော့........ ဟူ ၍ လည်းကောင်း ....ဖေါ်ပြထားပါသည်။

အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်................= တိုက်ရိုက် သွေးသား တော်စပ်ခြင်း( နှာသံ ဖြင့် ရွတ်ရသော နူတ်ခမ်းဗျည်း ကို အနိမ့်သက်သံ အိ ဖြင့် ပေါင်းစပ်ထားခြင်း )အဖ ၊ အဖေ = ချစ်ခင် အားကိုး ပြုလောက်သူ...... = အကြီး အကဲ အချုပ်( နူတ်ခမ်းဌာန်ဖြစ် ရုန်းပွင့်ဗျည်း ပ ကို လေသံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည် )ဖိုး ၊ အဖိုး = ခေါင် ၊ အကြီး အမှုး = အဖိုးထိုက် အဖိုးတန်

အဖွား = အထူး ချစ်ခင်အပ်သူ = ကြီးမားသော(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)

သား = အသွေးအသား ၊ ငယ်ရွယ်သူ

သမီး = ရင်သွေး ၊ မိန်းကလေး.....(သား + မိ မှ လာသည်)

မြေး = ရှက်တွယ် ၊ မြှေးကပ် သူ

မြစ် = အမြစ်တွယ် သည့် သဘော

တီ...တွတ်....မျှော့....= မပြုတ်အောင် တွယ်ကပ်သည့် သဘော..........................

မိခင် နှင့် တော်စပ်သူများ........

မိကြီး = အမိ ထက် ကြီးသူ ၊ အမိ နှင့် မခြား ချစ်အပ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )မိထွေး = အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး

ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊ အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )

ဒွေးဒေါ် ၊ ဒွေးလေး ၊ ဒွေးကြီး = ကြီးမြတ်သူ........................အမေ ၏ ညီမ ၊ အဖေ့ ညီ၏ ဇနီး

ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် = ကြီးမြတ်သူ........................အမေ ၏ အစ်မ ၊ အဖေ့ အစ်ကို ၏ ဇနီး

ဦးကြီး ၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ.............အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း.................................................................................

ဖခင် နှင့် တော်စပ် သူများ ........ဘကြီး ၊ ဘထွေး = အဖ နှင့် မခြား ချစ်အပ်သူပထွေး = အမိ ၏ နောက်အိမ်ထောင်

အရီးကြီး ၊ အရီးလတ် ၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ......................အဖေ ၏ နှမ အကြီး+ အလတ် + အငယ် ၊ အမေ့မောင် ဦးလေး၏ ဇနီး


ညီ ၊ ညီမ = တမိသားချင်း ၊ မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ.....................စွဲငြိ + ငြိတွယ် + ညီမျှ ခြင်း သဘော

နှမ = နှစ်သက်တွယ်တာ အပ်သောတမိပေါက် သားချင်းများ အနက် ယောင်္ကျားလေးမှ မိမိအောက်ငယ်သော..မိန်းကလေး အား ခေါ်ခြင်း

နောင် ၊ နောင်ကြီး ၊ နောင်ငယ် = ရှေ့ ကျသည့်သဘော ၊........တမိပေါက် သားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း

မောင် ၊ မောင်ကြီး ၊ မောင်ငယ် = အင်အားကြီးမား ၊ အားကိုးအားထားတမိပေါက် သားချင်းများ အနက် မိန်းကလေးမှ မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း

အစ်ကို ၊ အစ်ညီ ၊ အစ်မ = ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သောတမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများ အား ခေါ်ခြင်း

ဝမ်းကွဲ ၊ တနို့ခြား = ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွား လာသူများ.................................................................................လက်ထပ် ထိမ်းမြား ၍ တော်စပ်သူများ ................ခမီး (ခမည်း) ၊ ခမက် = ဖခင်ရင်းကဲ့သို့ မြတ်နိုး ချစ်ခင်အပ်သူ ၊..............................သား သမီး နှင့် စပ်ကာ ခင်မင်တွယ်တာရသူ( လင်မယား နှစ်ယောက်၏ အမိ အဖ အချင်းချင်း တော်စပ်ပုံ )

ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ( မယား ၏ ညီမ ၊ ညီ ၏ မယား )

ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ ( အမ ၏ ခင်ပွန်း ၊ လင် ယောင်္ကျား ၏ အစ်ကို )

ခင်ပွန်း ၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်းဝင်ရသူ

ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ

ခြွေးမ = အခြွေ အရံ ခြွေရွေ ၀န်းရံ =သားဖြစ်သူ၏ ဇနီး

တူ ၊ တူမ = တူညီ ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ )

မယား = စွဲယူ ၊ စွဲမြဲ ( စွဲမြဲ ထားသော မိန်းမ)

လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ

မရီး = = ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး (အကို ၏ ဇနီး ၊ မယား ၏ အမ )

မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ ( လင် ၏ ညီ ၊ ညီမ ၏ လင် )

ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ ( မယား+ လင် ၏ အမိအဖ )

ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( မယား ၏ မောင် ၊ နှမ ၏ လင် )

ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( လင် ၏ နှမ ၊ မောင် ၏ ဇနီး )

( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ် ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည် )


kyikyi ရေးသားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...