ဒီမိုဖက်တီး ခေါ် ခွန်ဒီးယမ်း ခေါ် မေဇင်အေးသို့ ရှေ့သို့တိုးရင်း နောက်ပြန်လှည့်ကြတော့မှာလား
by ပလေတို ဒီမို on Friday, 30 November 2012 at 19:10 ·
လက်ပံတောင်းတောင် အရေးတော်ပုံက တော်လှန်ရေးစိတ်ဓါတ်တွေ ပိုပြီး မြင့်မားလာစေခဲ့တယ်။ တစ်နိုင်ငံလုံး အုတ်အုတ်ကြွတ်ကြွတ် ပွက်လောရိုက်သွားတယ်။
ဒီအရေးကိစ္စမှာ ဦးသိန်းစိန် အမိန့်ပေးတယ် လို့ Freedom News Group က ပြောတယ်။ Freedom News Group ဆိုတာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားပဲ ဖြစ်တယ်။ ဧရာဝတီက နှပ်ကြောင်းပေးနေ တာနဲ့ Freedom News Group လိုက်ဖက်ညီအောင် လုပ်နေတာက ဦးအောင်မင်း နှုတ်ထွက်ဖို့၊ ဦးသာအေးနှုတ်ထွက်ဖို့။ အခု ဆန္ဒပြတာတွေ အရှိန်မြင့်လာတော့ လုပ်လာတာက ၈၈ တုန်းကအတိုင်းပဲ။
ဒီကိစ္စမှာ ဒေါ်စု ဘာဖြစ်လို့ အမာရှောင်ပြီး အပျော့ကို တိုက်နေတာလဲ။ အားလုံးစဉ်းစားဖို့ ကောင်းတယ်။ ဒေါ်စုကို အစဉ်တစိုက် ထောက်ခံခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခုအရေးမှာတော့ ဒေါ်စုဟာ စံနမူနာ ယူစရာ ခေါင်းဆောင်ကောင်းလို့ မြင်တယ်။
နယူးယောက်တိုင်းသတင်းစာမှာ ရေးထားတဲ့ပုံအရ ရဲတပ်ဖွဲ့ ဟာ အတွေ့ အကြုံ မရှိဘူး။ အခုလို စနစ်တကျ လုပ်ရမယ့်ကိစ္စ။ အထိခိုက် အနည်းဆုံး လုပ်ရမယ့်ကိစ္စမှာ ကျွမ်းကျင်မှု မရှိဘူး။ ဒါဟာ ထင်ထင်ရှားရှား ပေါ်လွင်နေတယ်။
ရေနဲ့ ပက်ပြီးမှ မီးခိုးဗုံးသုံးတဲ့အခါ မီးခိုးဗုံးမှာည ပါတဲ့ ပေါ့စဖတ်နဲ့ ရေ ဓါတ်ပြုပြီး အက်ဆစ် ဖြစ်သွားတယ်။
What happens when phosphoric acid comes into contact with my skin?
The degree of irritation caused by phosphoric acid depends upon the concentration of the solution and the duration of contact. Concentrated solutions can cause corrosive tissue injury or severe burns, based on animal information. Dilute solutions can probably cause mild to moderate irritation. There is no human information available.
Can phosphoric acid hurt my eyes?
The degree of irritation caused by phosphoric acid depends upon the concentration of the solution and the duration of contact. Concentrated can cause severe burns and permanent eye damage, based on animal information. Mists may cause eye irritation. There is no human information available.
ဒါကို ရဲတွေ သိရဲ့လား။ သူတို့ကို လေ့ကျင့်သင်ကြားပေးတဲ့ ရဲတပ်ဖွဲ့က ဆရာ့ဆရာကြီးတွေရော သိပါသလား။ (မထင်!!!!!!!!!!)
ရည်ရွယ်တာကတော့ လူစုခွဲဖို့ပဲ လုပ်ခဲ့တဲ့ သဘောပါ။ တစ်ကယ်တမ်း ဖြစ်သွားတာကတော့ အရေပြားတွေလောင်ကျွမ်းတဲ့ အထိ ဖြစ်ကုန်တယ်။ ဆရာတော်တွေကလည်း စောင်ကို ရေစိမ်ပြီး ရေစိုစောင်ခြုံပြီး ဖယ်မပေးဘဲ ကျောက်ချ နေခဲ့ကြတာ တွေ့ရတယ်။ ဆရာတော်တွေရဲ့ အပြောအရ မျက်ရည်ယိုဗုံးကို ရေစိုအဝတ်နဲ့ ခံသာမယ်ဆိုတဲ့ အသိပဲ။
တစ်ကယ်တမ်းကျတော့ ဒီလို အသားတွေ ကွာကျတဲ့အဆင့်အထိ ရောက်သွားစေတဲ့ အက်ဆစ်တွေ ဖြစ်လာတာ ဖြစ်တယ်။ ဒီအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ စဉ်းစားကြည့်ရင် သိနိုင်တယ်။ ဦးသိန်းစိန်ကရော ဒီလိုဖြစ်ပါစေ ဆိုပြီး အမိန့် ပေးမယ်လို့ မထင်။ လိုလားချက်က လူစုကွဲသွားဖို့ပဲ ဖြစ်မယ် ။ ဒီလိုပဲ ယူဆရတယ်။
လက်ပံတောင်းတောင်ကလည်း ဟိုအရင်အစိုးရလက်ထက်ကတည်းက စတင်လုပ်ကိုင်လာတဲ့ ကိစ္စ။ အခုကျမှ ဖျက်သိမ်းပစ်ရင် ဦးအောင်မင်း ပြောစလို တရုတ်ကြီးနဲ့ ဘယ်လို စခန်းသွားမလဲ။ အခုဆိုရင် တရုတ်ဘက်က ကြေညာချက်တွေ ထုတ်ပြန်လာပြီဆိုတာ တွေ့ရတယ်။
ဒီအချိန်မှာ ဒီမိုဖက်တီး အမည်ခံ မေဇင်အေး (MICT Park ထဲမှာ ကွန်ပျူတာ ကူုမဏီဖြစ်ထားတဲ့ ဖက်တီးမ) ခွန်ဒီးယမ်းဆိုတာလည်း သူပဲ။ သူက အစတွေ အများကြီး ဆွဲပြီး ဖွတယ်။ ဒီဖက်တီးမက အွန်လိုင်းမှ ဒီမိုအုပ်စုခေါင်းဆောင်အဖြစ် ကိုယ့်ကိုယ်ကို တင်မြှောက်ပြီး ဒေါ်စုဘက်က တိုက်ပွဲဝင်နေတယ်လို့ သိရတယ်။ သူတို့အဖွဲ့နဲ့ စစ်ဗိုလ်များ အုပ်စု အပွဲပွဲနွှဲနေကြတာ။ အခုကျတော့ အချီကြီး ပိုင်ပြီ ဆိုပြီး ဦးသိန်းစိန်ရဲ့ Image ကို ၀ိုင်းပြီး ဆွဲချကြတယ်။ အမှားတစ်ကွက်က တစ်သက်စာ လို့ ဆိုရမလောက်ပဲ။
ဒေါ်စု ဘင်္ဂါလီကို ချော့မော့တုန်းက ဟိုဘက်က ဆော်ထားတာကို ကလဲ့စားပြန်ချေတာ ဖြစ်တယ်။ ဒီမှာတင် ဘင်္ဂလီ အုပ်စုတွေ အညီုးနဲ့ ဦးသိန်းစိန်နဲ့ အစိုးရကို ၀ိုင်းပြီး တွယ်ကြတာပဲ။
ဘင်္ဂလီဖြစ်စင်မှာ မကျေနပ်ချက်တွေ အခု ရောပြီး ရောတောရှိ လုပ်လာကြတာ အုံနဲ့ ကျင်းနဲ့။
ဒီလိုသွေးထိုးပေးမှုတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်၇တာကတော့ ဦးသိန်းစိန်ပဲ။ အမျိုးမျိုး အပုပ်ချ-အပုပ်ချလို့လည်း ကောင်းမှကောင်း။ ဒီတော့ သပိတ်စုံ အကုန်ထ-သပိတ်စုံ အကုန်ရ ဆိုတဲ့ အနေအထားကို ဦးတည်လာကြပြီ။
ဒီနေရာမှာ ဒေါ်စုက ဘာဖြစ်လို့ ရွှေပြည်အေးတရားတွေ ပေးနေသလဲ။ စဉ်းစားဖို့ အရမ်းကောင်းတယ် နော်။ ဒီမိုအုပ်စုတွေ သည်းကြီးမည်းကြီး ချနေလိုက်ကြတာ ရစ၇ာကို မရှိတော့ဘူး။
ဒီကြားထဲ Eleven နဲ့ အခြားမီဒီယာတွေကလည်း အကွက်ကောင်းတွေ့ ပြီး ဟုတ်တာရော မဟုတ်တာရော ၀ိုင်းပြီး ဆော်ကြတယ်။ ဒေါက်တာ သန်းထွဋ်အောင် သိထားဖို့က စိုင်းသိန်းဝင်းဆိုတာ နိုငငံတော်သစ္စာဖောက်။ တပ်ပြေး ခွေးသူုခိုး သူတောင်းစားသာသာ ပဲ။ ဒါကို ကိုးကားပြီး စာမျက်နှာပေါ် တင်လာတာကတော့ မီးလောင်ရာလေပင့် လုပ်ပစ် လိုက်တာပဲ။ ဒီမှာတင် အုံကြွမှုတွေ ပိုပြီး ဆိုးရွားလာတာကို တွေ့ရတယ်။
ရန်ကုန်နဲ့ မနလေးမှာ သပိတ်စုံ သူပုန်ထမယ့် လမ်းကြောင်းပေါ် ရောက်လာနေပြီ။
လက်ပံတောင်းတောင်ကိစ္စ ပြန်ကြည့်ရင် နောက်ကွယ်မှာ နိုင်င့ရေးတိုက်ကွက်တွေ အများကြီးပဲ။ ဂိုဏ်းပေါင်းစုံလည်း ရောထွေးနေတယ်။ လက်ပံတောင်းတောင်ဟာ နိုင်ငံရေး လုပ်စားတွေအတွက် စင်မြင့်ဖြစ်နေတယ်။ လိမ်ဆင်တွေ ဓါတ်ပုံရိုက်ပြီး သတင်းထုတ်တယ်။ လူသေကောင်တွေ ဖုတ်ဝင်တဲ့ ပါဖောမယ့်တွေ ပါတယ်။ တရုတ်ဆန့်ကျင်ရေးမှိုင်းလုံးတွေ ပါတယ်။ စစ်တပ်ဆန့် ကျင်ရေး တိုက်ကွက်တွေ ပါတယ်။ အစိုးရ အကျပ်တွေ့ရေး ထောင်ချောက်တွေ ပါတယ်။
ဒါကို ၂၃ ရက်နေ့က လွှတ်တော်မှာ တရားဝင် ဖော်ဆောင်လာတယ်။ လွှတ်တော်ကြီးတစ်ခုလုံးက လက်ပံတောင်းတောင် နောက်မှာ ရှိတယ် ဆိုတဲ့ အချက်ပြမှုပဲ။ ဒီမှာတင် ဆရာတော်တွေ ထပ်မံ အားဖြည့်ပြီး ဖယ်မပေးဖို့ - စီမံကိန်း ဖျက်မှ သပိတ်လှန်ဖို့အထိ လုပ်လာကြတယ်။
ဒီနေရာမှာ ဦးသိန်းစိန်အစိုးရ အကျပ်အတည်းထောင်ချောက်ထဲ ၀င်သွားတယ်။ ဒီလိုဖြစ်အောင် ဆင်ထားတဲ့ကြားထဲကို သိသိနဲ့လား မသိလို့လားမသိ။ ဒဲ့ဝင်သွားတာ တွေ့ရတယ်။
ဒေါ်စု ၂၉ ရက်နေ့ လာမယ် မလာခင် ရှင်းထားမှ ဆိုပြီး ရှင်းကြပါလေရော။ အစက ဦးအောင်မင်း သွားညှိတာ ၁၀ ရက်ကြာရင် အကြောင်းပြန်ဖို့ပဲ။ ဒေါ်စု သွားတော့ ပြည်ထဲရေးက အမိန့် တွေ ထုတ်ပြီး လုပ်လာကြပါရော။ ဒါဟာ ထောင်ချောက်ထဲ တည့်တည့် တိုးမိတာပဲ။
ဒီတော့ အခုက စပြီး ဘာဆက်ဖြစ်မလဲ။သေသေချာချာ စဉ်းစားကြည်ရင် ရှင်းရှင်းလေး။
သပိတ်စုံ သူပုန်ထ 101
(1) သပိတ်တွေ ပိုပြီးအားကောင်းလာရင် တောင်းဆိုချက်က ဘာလဲ။
(၀န်ချတောင်းပန်ပါ။ အဲဒီစကားက ပြည်သူ့လွှတ်တော်က စတဲ့စကား။ ပြီးတော့မှ ဧရာဝတီတိုင်းလွှတ်တော်ကို ရောက်သွားတာ။ သိက္ခာချချင်လို့ ပြောတဲ့စကား။)
(2) မတောင်းပန်ရင် ဘာလုပ်မလဲ။
(ထွက်ပေးဖို့ တောင်းဆိုမယ်၊)
(3) ဘယ်သူတွေလဲ။
(ဦးသိန်းစိန်အစိုးရကိုပေါ့)
(4) မထွက်ပေးဖူးဆိုရင် ဘာဆက်ဖြစ်မလဲ။
(သူပုန်ထမယ်။ ဟိုသိမ်း ဒီသိမ်း လုပ်မယ်။)
(5) အဲဒီတော့ အစိုးရ က ငြိမ်နေမလား။
(ရဲနဲ့ ဖြိုခွင်းမယ်။ အခုလို ရေပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပေါ့။)
(6) ဒီလို ရှင်းရင် ဘာဖြစ်မလဲ။
(ဆူကြ ပူကြ သောင်းကျန်းကြနဲ့ ကြည့်ကောင်းလိုက်မယ့် ဖြစ်ခြင်း။ ဒီတစ်ခါ ခေါင်းဆောင်တွေက ဒေါ်စု မဟုတ်တော့ဘူး။ ၈၈ မဟုတ်တော့ဘူး။ ဆရာတော်တွေ။)
(7) အဲဒီတော့ ဘာဆက်ဖြစ်မလဲ။
(ရှင်းရှင်းလေး။ တပ်က ပြန်ပြီး အာဏာသိမ်းလိုက်တော့ပေါ့။)
ကြည့်စမ်း -အရင်တုန်းက ၁၉၆၂ ခုနှစ်တုန်းကနဲ့ တစ်ပုံစံတည်း ဖြစ်လာမှာပါလား။ ကလင်ဒါကျ မှ တစ်ကယ့်ကို ကလင်ဒါကျ ဖြစ်နေတော့မှာ။
ဒါဆိုရင် ဒေါ်စု အခု ဘာ့ကြောင့် ရွှေပြည်အေးတရားလမ်းကို လျှောက်နေသလဲ။ ရှင်းရှင်းကလေးရယ်။ ဒါတွေကို ကြိုမြင်လို့။ ဒါတွေ ဖြစ်လာမယ်ဆိုတာ သိထားလို့။
ဒေါ်စုကို အမည်ခံပြီး အွန်လိုင်းပေါ်မှာ ချလိုက်ပါလား-ဒါတော့ လွန်နေပြီ- သပိတ်မှောက်ကြတော့။ မဖြစ်သင့်ဘူး နှုတ်ထွက်ပေးပါ အမျိုးစုံအောင် အော်ဟစ်နေတဲ့ ဘင်္ဂလီကုလားတွေ။ ဒီမိုဖက်တီး ခေါ် ခွန်ဒီးယမ်း ခေါ် မေဇင်အေး ဦးဆောင်တဲ့ ဒီမို အုပ်စုတွေ။ အပြင်မှာ ထောက်ပံ့ကြေး မရတော့တဲ့ ပြည်ပြေးတွေ- မီဒီယာတွေအကုန်လုံးဟာ စည်းလုံးခြင်းသည် အင်အားဆိုတဲ့ ဆောင်ပုဒ်နဲ့ အစိုးရက ပယ်ပယ်နယ်နယ် ဆော်နေတာ သတိထားဖို့ လိုတယ်။
ဟော့နယူး၈ျာနယ်မှာ ဦးအောင်မင်း ပြောထားတဲ့ စကား ရှိတယ်။ ရှေ့တန်းမှာ စစ်ဆင်ရေးမှာ ဆောရီး ဆိုပြီး လုပ်လို့ မရဘူး။ အသက်ပါသွားတာပဲ ဆိုတဲ့ စကား။
အခုလည်း ဖက်တီးတို့ သတိထားကြ-နောက်ပြန်လှည့်သွားမှ ဆောရီး လုပ်လို့ မရဘူး
သတ္တိဆိုတာ နေရာမှန်မှာ အသုံးချမှ တန်ဖိုး ရှိသလိုပဲ သတိ ဆိုတာ ဆင်ခြင်တတ်ဖို့ ထားခဲ့တာ ဖြစ်တယ် ဆိုတာကိုပဲ သိစေချင်တာပါ။
http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်
★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
0 comments:
Post a Comment