Tuesday, November 27, 2012

“အာဇာနည်ကြီး စောဘဦးကြီး”



မဟုတ်မမှန်ရင်မခံ အမှန်တရားအတွက်ဆို အဖေပါမကျန်တရားစွဲရဲတဲ့
“အာဇာနည်ကြီး စောဘဦးကြီး”
ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါပါ။ ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်တဲ့အချိန် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ…. လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။ 
ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမားကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်းမေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်းရှင်းပြသတဲ့။ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။

ဒါကြောင့်လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရ ထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက် လက်မခံနိုင် တော့ကြောင်း….လယ်မြေများသိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်းပြောလိုက်လို့ဝမ်းနဲအားငယ်စွာနဲ့ပြန်လာရတာဖြစ်ကြောင်း။မိမိတို့မိသားစုဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။ ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီးသွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ် ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီသေးတယ်လို့ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီးလယ်သမားကြီးကိုအကြံပေးတယ်။ ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်းမမှီပါဘူးကွယ် ။ ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ၊ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊ ဒီအခါမှာစောဘဦးကြီးက “ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ... ကျွန်တော်လိုက်မယ် ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။


ဒီလိုနဲ့…စောဘဦးကြီးအဖေကတစ်ဖက်…စောဘဦးကြီးနဲ့လယ်သမားကြီးကတစ်ဘက်….အဆင့်ဆင့် တရားရင်ဆိုင်ကြရင်း…နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာ…စောဘဦးကြီးဟာ လက်သီးကျစ်ကျစ်ဆုတ်.... ခေါင်း ငိုက်ဆိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ တရားရုံးကစီရင်ချက်မှာ သူ့ဖခင်ဘက်ကိုအနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန် ရောက်တော့ ဖခင်နဲ့မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်းလျှောက်လှဲ ချက်တွေ ဘယ်လောက်ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ကြောင်း။ ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံ... မမျှတဟုထင်ကြောင်း….မကျေနပ်နိုင်ကြောင်း မကျေမနပ်နဲ့ပြောသတဲ့။ အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး....မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမဲ့… မပြည့်စုံတာတစ်ခုရှိတယ်..... အဲဒါက.... အဲဒီတရားသူကြီးကို ငါကျွေးသလိုမင်းကျွေးမထားနိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေးပြန်ပြောသတဲ့။


သမိုင်းမ၀င်တဲ့ ဖြစ်ရပ်မှန်ပုံပြင်ကလေးကတော့ ဒါပါဘဲ ။

ဆိုလိုတာက...
ဥပဒေပညာရှင် စောဘဦးကြီးဟာ အဲဒီကထဲက..... ဥပဒေဆိုတာဟာ… တစ်ခါတရံမှာ တကယ်တမ်းရိုးသားတဲ့သူတွေကို ကာကွယ်ဖို့ထက်... နားလည်တဲ့လူလည် တွေက ဥပဒေနားမလည်တဲ့ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ”လက်နက်”သဖွယ် ဖြစ်တတ်တယ်ဆိုတာ….နားလည် သဘောပေါက်သွားပုံရပါတယ်။


ဒီပုံကတော့ Oxford University မှာ ဘွဲ့ရစဉ်က ရှေ့နေ စောဘဦးကြီးရဲ့ပုံဖြစ်ပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...