Thursday, November 29, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၁)


သစ်ထူးလွင်


Posted: 29 Nov 2012 06:57 AM PST
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် မုံရွာမြို့ ဆေးရုံသို့ ရောက်ရှိ နေသော ဒဏ်ရာရ သံဃာတော် များနှင့် ပြည်သူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ (နိုဝင်ဘာလ ၂၉)ရက် ည ၉နာရီခန့်တွင် လာရောက် ကြည့်ရှု နေကြောင်း သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်းရှိ သံဃဆေးရုံသို့ သွားရောက်ပြီး မီးလောင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအား ကြည့်ရှုနေကြောင်း သတင်းရရှိပါသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာဝန်းကျင်သို့ အဆိုပါစီမံကိန်းမှ ပေးဝေသည့် လျှပ်စစ်ဓါတ်အားကို ယနေ့ (နိုဝင်ဘာလ ၂၉ရက်) ညပိုင်းမှ စတင်ပြီး ဖြတ်တောက်ထားကြောင်း သတင်းရရှိပါသည်။ အဆိုပါ စီမံကိန်းဝင်းအတွင်းတွင် လုံခြုံရေးများ ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

သတင်း- ဓါတ်ပုံ ။ ။ Eleven Media Group







မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေယူနေမှုများ



Posted: 29 Nov 2012 06:33 AM PST
နိုင်ငံတော် သမ္မတရုံး ညွှန်းကြားရေးမှုး ဦးဇော်ဌေး(ခ) ဦးမှူးဇော်မှ သတင်း ထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက် လိုက်ကြောင်း ၄င်းဧ။် ဖေ့ဘုတ် စာမျက်နာတွင် ဖေါ်ပြ ထားသည်ကို တွေရသည်။

သတင်း ထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက် လိုက်ပါကြောင်း - Hmuu Zaw (facebook)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်စွဲ ၊ သတင်း ထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )အား ထုတ်ပြန်မှု အပြီး မကြာခင်မှာပင် ဦးမှူးဇော်မှ ၄င်းဧ။် စာမျက်နာတွင် ယခုကဲ့သို့ ပြန်လည် ပယ်ဖျက်ကြောင်းအား တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပယ်ဖျက်လိုက်သည့် ထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Nov 2012 06:02 AM PST
မုံရွာ ဆေးရုံတွင် တက်ရောက် ကုသ ခံနေရသော သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျိုးအစားဖြင့် ဖောက်ခွဲ ခံခဲ့ရသည့် အတွက် ရေနှင့် ထိတွေ့ ရာတွင် ဒဏ်ရာ ပြင်းထန်ခြင်း ဖြစ်ကြောင်း ဒဏ်ရာ ရသူများကို ဆေးကုသ ပေးနေသော မုံရွာ ဆေးရုံမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ သပိတ်စခန်း ဖွင့်ထားသည့် နေရာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့နံနက် နှစ်နာရီ ခွဲခန့်က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းပြီး နောက် တွေ့မြင်ရစဉ်



Posted: 29 Nov 2012 05:40 AM PST
လက်ပံတောင်း တောင် သပိတ် စခန်းများ ဖြိုခွဲရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ ကြာသပတေး နေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။ ကြေးနီ ထုတ်လုပ်ရေး စီမံကိန်းမှာ ယခင် နအဖ အစိုးရ လက်ထက်က ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီးရှို့ ဖျက်ဆီး ခံလိုက်ရသည့် သပိတ် စခန်းအပျက် မီးလောင် အပိုင်းအစ အပျက်အဆီ်း များထဲ တုတ်နဲ့ ထိုးရှာရင်း တွေ့လိုက်ရသည့် မီးခိုဗုံး။ ရေလောင်နဲ့ အရင်ဖြန်း မီးခိုဗုံးနဲ့ ပစ်ပေါက်ကွဲတော့ အကုန် မီးလောင် ကုန်တာ။ နှစ်လုံးတောင် ရှာတွေ့ခဲ့တာ ။ ဓါတ်ပုံ - Aung Nay Myo



Posted: 29 Nov 2012 05:23 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆို နေကြသော ဝမ်ပေါင် ကုမ္ပဏီ ရုံးရှေ့မှ ပင်မ သပိတ် စခန်းကို ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာ ဆေးရုံကြီးတွင် တင်ထား ကုသမှု ခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့် အခြေအနေကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင် သွားရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းများအား ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဒဏ်ရရှိသွားသည့် သံဃာတပါးအား ဆေးရုံသို့ပင့်ဆောင်ရန် မချီလာကြသည်ကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က တွေရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Posted: 29 Nov 2012 04:50 AM PST
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။

ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။

ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။

အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။

တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။

နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် မုံရွာသို့ ရောက်ရှိ လာစဉ်။ ဓါတ်ပုံ - Eleven Media Group


Posted: 29 Nov 2012 04:26 AM PST
ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာသို့ လူပရိတ်သတ်တစ်သိန်းကျော်တက်ရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာသို့ လူဦးရေပေါင်း တစ်သိန်းကျော် တက်ရောက် နားထောင် မည် ဖြစ်ကြောင်း ယင်းဒေသတွင်လုံခြုံရေး ယူထားသည့် NLD အဖွဲ့ဝင် လူုငယ်များ က ပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ လက်ပံတောင်း ဒေသခံ ၂၆ ရွာ အပါအ၀င် ပုလဲ၊ ယင်းမာပင်၊ မုံရွာ နှင့် ကနီ မြို့နယ်များမှ ဒေသခံများ လာရောက် နားထောင် ကြမည် ဖြစ်ကြောင်း ယင်းမာပြည်မြို့ သွေးလှူရှင်အသင်းမှ လူငယ်တစ်ဦးကပြောသည်။

"အဓိကတော့ ဒေသခံ တောင်သူ လယ်သမားတွေက ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းတွေ့ချင်ကြတာ မိုင်ပေါင်း အများကြီး ဝေးတဲ့ ကနီမြို့နယ်က တောင်သူတွေ ကတော့ ကုမ္ပဏီ တစ်ခုက လယ်သိမ်းခံ တောင်သူတွေ အများစုပါတယ် ၊ ဒီမှာက လက်ရှိ ဟောပြောပွဲကွင်းမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေတယ် လုံခြုံရေးပိုင်းဆိုရင်လည်း ယူနီဖောင်းဝတ်တွေ မတွေ့ရဘူး ၊ အားလုံးကတော့ ဒေသခံ NLD လူငယ်တွေပဲ ဖြစ်တယ် " ဟုယင်းက ဆိုသည်။

ယင်းဟောပြောပွဲကျင်းပရာနေရာသို့ ဒေသခံ NLD လူငယ် ၅၀၀ ကျော်ဖြင့် လုံခြုံရေးယူထားကြောင်းသိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲသည် ၁၅ မိနစ်ခန့် သာကြာမြင့်ခဲ့သည်။ မနက်ဖြန် မနက် ၈ နာရီတွင်လည်း မုံရွာဘက်ခြမ်း သောင်ပြင် တွင် ဟောပြောပွဲ ထပ်မံပြုလုပ်ဦးမည် ဟု သိရသည်။

တည်ကြည်အေး-Yangon Media Group

ဒေါ်အောင်ဆန်းစုကြည် ကိုလာရောက်ကြိုဆိုသူများ ။ Photo by: Ko Thit Sar



Posted: 29 Nov 2012 04:04 AM PST
လက်ပံတောင်း တောင် ပဋိပက္ခ နှင့် ပတ်သက်၍ မည့်သည့် ဆုံးဖြတ် ချက်မျှ မချရ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လက်ပံတောင်းတောင် ပဋိပက္ခ နှင့် ပတ်သက်၍ မည့်သည့် ဆုံးဖြတ်ချက်မျှ မချရ သေးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ၂၉ ရက်နေ့ ညနေပိုင်းတွင် ၁၅ မိနစ်ခန့်ကြာမြင့်သည့် ဟောပြောပွဲ၌ အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"ပြည်သူကို တစ်ခုပဲ တောင်းခံချင်တယ် သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျမဘယ်လိုပဲ ဆုံးဖြတ်ဖြတ်၊ ကျမလောလော ဆယ်တော့ ဘယ်လိုမှ ဆုံးဖြတ်ချက် မချရသေးပါဘူး ကျမလုပ်ငန်းရှင်တွေ ဘက်ကိုတွေ့ပြီးပြီ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ် ၊ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ပြည်သူတွေနဲ့လည်းတွေ့ ချင်တယ် ၊ တွေ့ပြီးတော့ ဟိုဘက် ဒီဘက် အမြင်နှစ်ခုကို တတ်နိုင်သလောက်ပြေလည်အောင် ညှိပေးချင်တယ် ၊ အဲလိုညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား " ဟုဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

လူသားတိုင်းဟာ စေတနာ ၊ မေတ္တာအပြည့်ရှိသည့် ပတ်ဝန်ကျင်နှင့်နေရမှာသာ ထာဝရအေး ချမ်းနိုင်မည် ဖြစ်ကြောင်း လည်း ယင်းက ထည့်သွင်းပြောကြားခဲ့သည်။ မနက်ဖြန်တွင်လည်း မုံရွာဘက်ကမ်းရှိ သောင်ပြင်တွင် ဟောပြောပွဲကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

တည်ကြည်အေး - Yangon Media Group

မုံရွာမြို့သို့ ရောက်ရှိ လာသော ဒေါ်အောင်ဆန်း စုကြည် လူထုအား နုတ်ဆက် နေစဉ်


Posted: 29 Nov 2012 04:26 AM PST
ဒေါ်အောင်ဆန်း စုကြည်က လက်ပန်း တောင်းတောင် အရေးကို နှစ်ဦး နှစ်ဘက်ကို ငြိမ်းငြိမ်း
ချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်း ပေးမည် ဖြစ်ကြောင်း ဒေသခံ များနှင့် တွေ့ဆုံစဉ်
ပြောကြားသည်။

မြန်မာ ၀မ်ပေါင် ကုမ္ပဏီနှင့် တွေ့ဆုံ ညှိနှိုင်း ခဲ့ပြီးဖြစ်ကာ ဒေသခံ များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကာ၊
နှစ်ဦး နှစ်ဘက်ကြား ငြိမ်းငြိမ်း ချမ်းချမ်းနှင့် ပြေလည်ရန် ညှိနှိုင်း ပေးမည်ဖြစ်ပြီး ဒေသခံ ပြည်သူများက ထိုသို့ညှိနှိုင်း ဆောင်ရွက် ပေးမည်ကို လက်ခံ ပါမည်လားဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ များကို မေးသည်။ ထိုအခါ ဒေသခံများက လက်ခံမည်ဟု ဖြေကြားသည်။

သို့သော် ယနေ့နံနက် အစောပိုင်းက သပိတ် စခန်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံး လူစုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မပြုပေ။

မနက်ဖြန် (နိုဝင်ဘာ ၃၀)နံနက် ၈ နာရီတွင် မုံရွာမြို့ ချင်းတွင်းမြစ်ဘေး သဲသောင်ခုံ
 ပေါ်တွင် ဒေသခံများနှင့် တွေ့ဆုံအမှာ စကားပြောကြား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင် ဒေသခံများကို ၁၂ မိနစ်ကြာ မိန့်ခွန်း ပြောကြား ပြီးနောက် မုံရွာမြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင် ဒေသခံများကို မိန့်ခွန်း မပြောကြားမီ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၃၀ မိနစ်ဝန်းကျင် အချိန်ထိ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ကံကုန်းကျေးရွာ ကွင်းပြင်တွင် စောင့်ဆိုင်းနေသော ဒေသခံလူအင်အားမှာ နှစ်သောင်းကျော်မှ သုံးသောင်းအတွင်းရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal



ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ကို စောင့်ဆိုင်းနေသော လက်ပန်းတောင်းတောင်ဒေသခံများ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day News Journal



Posted: 29 Nov 2012 03:35 AM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ရေး ဆနပြပွဲကို ဖြို ခွင်း ရာမှာ သုံးခဲ့တဲ့ ဗုံးဟာ မျက်ရည်ယိုဗုံး အမျိုး အစား ဖြစ်နိုင် ခြေနည်းတယ်လို့  ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာ ခင်မောင်ညို က သုံးသပ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Nov 2012 02:34 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်၍ ဆန္ဒပြသပိတ်စခန်း (၆) ခုစလုံးကို ယနေ့နံနက် ၃ နာရီခန့်တွင် အင်အား ၅၀၀၀ ဖြင့် မီးရှို့ဖြိုခွင်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၃၀ ကျော် နှင့် လူအများအပြား မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး စခန်း(၆)ခုစလုံး မှာ မီးလောင်သွား ခဲ့ကြောင်းသိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Nov 2012 02:19 AM PST
ဒေါ်အောင်ဆန်းစုကြည် ၀မ်ပေါင်ကုမ္ပဏီ ရုံးခန်း အတွင်းတွင် ၀င်ရောက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေကြောင်း ရန်ကုန်မီဒီယာဂရုပ် သတင်းထောက်မှ တိုက်ရိုက်ပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည် ၀င်းယူနတီဟိုတယ်တွင် ခေတ္တ တည်းခိုပြီး မြစ်အနောက်ဘက် ဆားလင်းကြီးမြို့သို့ သွားရောက်နေပြီ ဖြစ်ကြောင်းသိရသည်။

 ဒေါ်အောင်ဆန်းစုကြည် ကိုလာရောက်ကြိုဆိုသည့် မြင်ကွင်းများ

Photo by: Ko Thit Sar











Posted: 29 Nov 2012 01:58 AM PST



မုံရွာ ပြည်သူ့ ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူနေသော သံဃာတော်များ။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်၊နိုဝင်ဘာ-၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့်ပုံစံနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အထိုင် သပိတ် စခန်းဖွင့်၍ ဆန္ဒပြ နေသူ များကို နိုဝင်ဘာ ၂၇ ရက် ည ၁၂ နာရီ နောက်ဆုံးထား ရုပ်သိမ်းပေးရန် သတိပေးခဲ့ပြီး၊ နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင်လည်း သတိပေးမှုများ ပြုလုပ်ကာ နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီမှ စတင်၍ မီးသတ်ကားများဖြင့် ရေဖျန်းခဲ့သည်။ ထို့နောက် မီးလောင်ဗုံးအသေးစားဟု ပြောဆိုနေကြသည့် လက်နက်များဖြင့် အင်အားသုံးဖြိုခွင်းခဲ့သည်။ ဒဏ်ရာရရှိသူအားလုံးက မီးလောင်ဗုံးဟု တစ်ညီတစ်ညွတ်တည်းပြောသော လက်နက်တစ်မျိုး အသုံးပြုခဲ့ခြင်းကြောင့် သပိတ်စခန်းရှိ သံဃာတော်များနှင့် လူများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ အစိုးရအနေဖြင့် ဆန္ဒပြနေသူများကို ယခုကဲ့သို့ ဒဏ်ရာရရှိမှုများစွာ မဖြစ်ပေါ်စေဘဲ အကြမ်းမဖက်သည့် ပိုမိုကောင်းမွန်သောနည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်းလည်း ၎င်းတို့ကဝေဖန်ထောက်ပြကြသည်။

ဆန္ဒပြသူများကို လူစုခွဲရာတွင် နိုင်ငံတကာအဓိကရုဏ်းနှိမ်နင်းရာတွင် အသုံးပြုလျှက်ရှိသည့် မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အားအလွန်အကျွံသုံးစွဲခဲ့ခြင်း မရှိကြောင်း ယနေ့ ညနေ ၄ နာရီခန့်တွင် အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဦးဝင်းတင်(NLD နာယက)

    "ဒီဟာမလုပ်အပ်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ကိစ္စဘဲလို့ ကျွန်တော်ပြောချင်တယ်။ ဒီဟာမျိုးတွေလုပ်တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်တယ်။ ကန့်ကွက်တယ်လို့ ပြောချင်တယ်။ လက်ပံတောင်းတောင်ဖြစ်နေတဲ့ကိစ္စက အခုမှ ဖြစ်နေတာ မဟုတ်ဘူး။ ကြာလှပြီ။ သူတို့မှာလည်း စည်းရုံးမှုအား၊ လူထုထောက်ခံမှုအား အများကြီးတိုးလာပြီ။ ပြည်သူ့ညီလာခံဆိုတာမျိုးကြီးတွေ လုပ်နိုင်တဲ့အထိ လူထုထောက်ခံမှုတွေ ရခဲ့တယ်။ နောက်တစ်ခါ မုံရွာလူထုတစ်ရပ်လုံး ထောက်ခံနေတယ်။ မုံရွာလူထုဆိုရင် လက်ပံတောင်းတောင်ကို တောင်ငေးပွဲတို့ ဘာတို့ လုပ်တဲ့အထိတောင် လုပ်နိုင်ခဲ့တယ်ပေါ့။ အဲဒီလောက်ထိ လူထုလှုပ်ရှားမှုဖြစ်လာတဲ့ဟာတစ်ခုကို ဘာဖြစ်လို့ စေ့စပ်ညှိနှိုင်းပြီး ဖြေရှင်းတာ မလုပ်နိုင်ရတာလဲ။ တောတွင်းမှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့တောင်မှ စေ့စပ်ဆွေးနွေးတာတို့၊ စကားပြောတာတို့ လုပ်နိုင်ရင် ဘာဖြစ်လို့ လက်ပံတောင်းတောင်ကိစ္စကို အစောကြီးကတည်းက တာဝန်ရှိတဲ့သူတွေက သေချာညှိနှိုင်းခြင်း ဘာလို့မလုပ်နိုင်ရတာလဲ။ အစိုးရတို့ ဘာတို့က ကြားဝင်လုပ်ရမယ့်ဟာ။ ၀တ္တရားရှိတယ်ပေါ့။"

ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)

    "လိုတိုရှင်းပြောရရင် တည်ဆဲဥပဒေတွေနဲ့ တော်တော်ကြီး ဆန့်ကျင်နေတာတွေ့ရတယ်။ ဒီလူစုခွဲတဲ့နေရာမှာ လိုက်နာကျင့်သုံးဖို့ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ သိပ်ကို ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ မီးရှို့ဖျက်ဆီးမှုတွေဆို အကြမ်းဖက်မှုလို နှိမ်နင်းလို့ရတယ်။ လိုအပ်ရင်ပစ်လို့ ခတ်လို့ရတယ်။ ဒါပေမဲ့ အခု ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အနာတရရအောင် မီးလောင်ဗုံးတွေဘာတွေသုံးတာ ဥပဒေနဲ့ဆန့်ကျင်နေတယ်။ တော် တော်လေးမှားယွင်းချွတ်ချော်တဲ့ ဖြေရှင်းမှုမျိုးလို့ ကျွန်တော်တော့ ထင်တယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းကတော့ အဲဒါဥပဒေအရပြောတာပါ။ ဖြေရှင်းမယ်ဆိုရင် အေးချမ်းစွာ လူစုခွဲကြပါလို့ ပြောရမယ်။ မြင်မြင်ထင်ထင်သွားလို့လာလို့ရတဲ့ အချိန်ဆို ပိုကောင်းမယ်။ ညသုံးနာရီ ဘယ်ကိုသွားမလဲ။ ခင်ဗျား တို့သွားပါ မသွားရင် ကျွန်တော်တို့ ဒါကို အင်အားသုံးဖြေရှင်းမယ်လို့ ပြောရမယ်။ အဲလိုပြောမှမခွဲရင် မျက်ရည်ယိုဗုံးတွေဘာတွေသုံး တာ။ ဒါမျိုးတွေက step by step သွားရမယ်။ မြင်မြင်ထင်ထင် နေ့ခင်းဘက်မှာ စနစ်တကျလုပ်ရတယ်။ အခုဟာက အေးအေးချမ်းချမ်း ဆန္ဒပြတာကို အင်အားသုံးပြီး အကြမ်းဖက်တာတော်တော်လေးကို ဥပဒေအရ ဆန့်ကျင်တာ။"

ကိုဂျင်မီ (၈၈ ကျောင်းသားခေါင်းဆောင်)

    "ကျွန်တော်တို့က အရင်ထဲက ပြောထားခဲ့ဖူးတာရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်သူပဲလုပ်လုပ် လက်မခံဘူး။ သဘောမတူဘူး။ တစ်ခါတစ်လေမှာ အစိုးရအနေနဲ့ စိတ်ရှည်ရမယ့် အရာတွေရှိတယ်။ ဆန္ဒပြတဲ့သူတွေဟာ သူတို့လိုချင်တာကို တောင်းနေတာ။ ဂလန့်တိုက်နေတာမဟုတ် ဘူး။ ဒါကို အစိုးရအနေနဲ့ ဖြေရှင်းမှုတွေက လွဲချော်နေတယ်လို့ ထင်တယ်။ အနာဂတ်ကို ဒီလိုပုံစံနဲ့ သွားလို့မရဘူး။"

ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင် အားစုပါတီ)

    "ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကော်မရှင်အဖွဲ့တစ်ရပ်ဖွဲ့ဖို့ လွှတ်တော်က အဆိုကျပြီလေ။ မကြာခင်မှာ ကော်မရှင်တစ်ရပ်ပေါ် ပေါက်လာတော့မှာဆိုတော့ သပိတ်ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြမှုတွေကို ခေတ္တရုတ်သိမ်းပြီး ကော်မရှင်ရဲ့ စစ်ဆေးမှုကို စောင့်ကြည့်သင့်တယ်။ အခုလို နှိမ်နင်းမှုတွေကို ကျွန်တော်တို့အနေနဲ့ကတော့ သဘောမကျဘူး။ ဒီထက်ပိုပြ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...