Wednesday, November 28, 2012

ဘုံးကထိန် (သို့ ) မြို့နယ် သံဃာ့နာယကအဖွဲ့၏ ပဉ္စလက်ပြပွဲကြီး။။


whiteheartlandvolunteer

ယခု့ပြီးခဲ့သော တန်ဆောင်မုန်းလပြည့်နေ့က ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းတွင်၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါစုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား၊ ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ရွှေပြည်သာမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဌဖြစ်သော ရန်ကုန်ကျောင်းဆရာတော်၊ အရှင်နန္ဒောဘာသတို့မှ့ ဦးစီးဦးဆောင်ပြု လုပ်ကြကာ၊
မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်များဖြစ်ကြသော သုခိတာရာမကျောင်းဆရာတော်၊ မစိုးရိမ် ကျောင်းဆရာတော်၊ ဓမ္မိကာရုံကျောင်းဆရာတော်တို့နှင့် ကုမာရာ ရာမကျောင်းဆရာတော်တို့မှ့ ၊ ရွှေပြည် သာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း စုစုပေါင်း (၁၇၄) ကျောင်းတို့အား မဲနှိုက် လှူဒါန်းသော စနစ်ဖြင့်၊ ပေါက်မဲများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်(၇)နာရီမှ့စတင်ကာ မဲနှိုက်ခြင်းပြုလုပ်ခဲ့ ရာ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆/၁၀) ရပ်ကွက်အတွင်းရှိ ၊ဓမ္မအလင်းရောင်ကျောင်းတိုက်မှာ ငွေသားနှင့် ပစ္စည်းတန်ဖိုး ( ၁၅) သိန်းခန့်ရှိ ပဒေသာပင်အား မဲပေါက်၍၊ တဖန် ရတနာသိဂီင်္ကျောင်းတိုက်မှာ ငွေသားနှင့် ပစ္စည်းတန်ဖိုး (၁၃) သိန်းခန့်ရှိသော ပဒေသာပင်များကို မဲပေါက်ခဲ့သည်ဟု့ ပဒေသာပင် အလှူရှင်များ ကိုယ်တိုင် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လာရောက်ကာပြောကြားခဲ့ပါသည်။ သို့ဖြင့် ရွှေပြည်သာသံဃာ့နာယကအဖွဲ့မှ့ ကြီးကြပ်၍ ကျန်ရှိသော ပဒေသာပင်များကို ပေါက်မဲများ ဆက်လက်နှိုက် ယူ ခွဲဝေပေးခဲ့ကာ၊ ညနေ (၄) နာရီကျော်ခန့်အထိ ပထမဦးစွာ ပဒေသာပင် မဲပေါက်ခဲ့သော ဓမ္မအလင်း ရောင် ကျောင်းတိုက်နှင့် ရတနာသိဂီင်္ကျောင်းတိုက်တို့မှာ မည်သည့်ပဒေသာပင်မျှရောက်ရှိလို့မလာခဲ့ပေ။ထို့အပြင် ပဒေသာပင်မဲပေါက်ပြီး လက်ဝယ်မရရှိသည့် ကျောင်းတိုက်များမှာ စုစုပေါင်း (၁၇) ကျောင်းခန့် ရှိနေကြောင်း၊ ဘုံကထိန်ပွဲကျင်းပပြုလုပ်သည့် ဖြစ်မြောက်ရေးကော်မတီ၏ စာရင်းအရ ထပ်မံသိရှိရ ပြန်သည်။။
ထို့အတွက် အဆိုပါကျောင်းတိုက်များမှ့ သံဃာများမှ သံဃာ့နာယက အတွင်းရေးမှုးဖြစ်သော ဓမ္မိကာရုံကျောင်းတိုက်သို့သွားရောက်ပြီးမေးမြန်းရာတွင် ပဒေသာပင်များမှာ၊ နှစ်ခု၊ သုံးခုခန့်ရောထပ်၍ တစ်ခြားကျောင်းတိုက်များမှ့ ယူဆောင်သွားကြခြင်း ဖြစ်လိမ့်မည်ဟူသော မရေမရာ၊မသေချာသည့် အဖြေကိုသာရရှိခဲ့ပါသည်။ ယင်းဘုံကထိန်ပွဲကို ဦးစီးဦးဆောင်ပြုလုပ်သည့် မြို့နယ်အုပ်ချုပ်ရေးမှုးမှာ လူချင်းအတွေ့မခံပဲ၊ ရှောင်ရှားနေခဲ့ကာ မြို့နယ်သံဃာ့နာယက ဥက္ကဌဖြစ်သော ၇န်ကုန်ကျောင်းဆရာတော် ကမူ ၊ပဒေသာပင်မရရှိသော ကျောင်းတိုက်များအား တစ်ကျောင်းလျှင် ငွေသား (၅၀၀၀၀) ကျပ်စီ လှူဒါန်း မည်ဖြစ်ကြောင်း၊ပြောကြားခဲ့ပါသည်။

သို့သော်  ဘုံကထိန်ပွဲ ဖြစ်မြောက်ရေးကော်မတီသို့ သွားရောက်၍ မေးမြန်းရာတွင်မူ ကော်မတီမှ ရွှေပြည် သာ တစ်မြို့နယ်လုံးရှိ ကျောင်းတိုက်ပေါင်း (၁၇၄) ကျောင်းအတွက် ပဒေသာပင်များ အလုံအလောက် ရရှိစေ၇န် ပဒေသာပင်ပေါင်း (၁၇၄) ပင်အား စာရင်းအတိအကျဖြင့် စီစဉ်ဆောင်ရွက်ထားခဲ့ကာ၊ ယခု့ကဲ့သို့ ပဒေသာပင်မရရှိသည့် (၁၇) ကျောင်းနှင့် ပေါက်မဲများ လွဲချော်သွားခဲ့ခြင်းအား နားမလည်နိင်ဖြစ်ရကာ၊ ပဒေသာပေါက်မဲစာရင်းအား စီစဉ်ဆောင်ရွက်သူမှာ မြို့နယ်သံဃာ့နာယကဥကဌဖြစ်သော ရန်ကုန် ကျောင်းဆရာတော်နှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်များပင်ဖြစ်ကြောင်း၊ဖြေရှင်းပြောကြား ခဲ့ပါသည်။။
သို့ဖြစ်ရာ ဘုံကထိန်ကျင်းပရေးကော်မတီ၏ ဖြေရှင်းချက်အရဆိုပါလျှင်၊ ပဒေသာပင်မျာမှာ စာရင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အရေအတွက်နှင့် အတိအကျပင်ဖြစ်ရာ၊မည်သည့်အတွက်ကြောင့် ပေါက်မဲများ လွဲချော်ကုန်ပြီး၊ ရတနာသိဂီင်္ကျောင်းတိုက်နှင့် ဓမ္မအလင်းေ၇ာင်ကျောင်းတိုက်တို့မှာလည်း လပြည့်ကျော် (၁) ရက်နေ့အထိ မည်သည့် ပဒေသာပင်မျှရောက်ရှိမလာခြင်း၊ ပဒေသာပင်လုံးဝ မရရှိသော ဘုန်းကြီးကျောင်းတိုက်ပေါင်း (၁၇) ကျောင်းခန့်ရှိနေခြင်းတို့သည် အဘယ်ကြောင့်နည်းဟု အမေးသာရှိ၍ တိကျစွာဖြင့် ဖြေရှင်းနိင်ခြင်း မရှိခဲ့ပေ။။

အဆိုပါဘုံကထိန်ပွဲကြီးကျင်းပရာ ဗိမာန်တော်အဆောက်အဦးသို့ သွားရောက်ကြည့်ရှု့ရာတွင်လည်း ဓါတ်ပုံထဲကအတိုင်း ပဒေသာပင်နှစ်ခုမျှသာ ကျန်ရှိနေသေးရာ၊ ကော်မတီအဖွဲ့မှ ပြောကြားခဲ့သည်က ပဒေသာပင် (၁၇၄) ခုကို အလုံအလောက် ရရှိစီစဉ်ခဲ့ပြီးဖြစ်ကြောင်းနှင့်၊ ပဒေသာပင်မရရှိသေးပဲ ကျန်ရှိနေသည်က (၁၇) ကျောင်းနှင့် ဆိုပါလျှင် လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပေရာ၊ ပဒေသာပင် များကို နီးကပ်စီစဉ်ဆောင်ရွက်ခဲ့ကြသော မြို့နယ်သံဃာ့နာယကအဖွဲ့များ၏ ပဒေသာပင်များကို ကုလားဖန် ထိုးမှု့၊ မဲစာရင်းပြောင်းလဲမှု့များနှင့် အဆိုပါသံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များမှ လူမသိသူမသိ တိတ်တိတ်ပုန်း ယူငင်ကြသော ပဒေသာပင်ခိုးမှု့များကြောင့်ပင် ယခု့ကဲ့သို့ အလွန် အင်မတန်မှ စက်ဆုပ်ဖွယ် ကောင်းသော အကျင့်ပျက်ခြစားမှု့ကြီး ပေါ်ပေါက်လာရခြင်းပင်ဖြစ်ပေရာ ရဟန်းဝတ်များ ဖြစ်ပါလျှက်  ၀ိသမလောဘကိုရှေ့တန်းတင်ကာ မသမာသော နည်းများဖြင့် အာဏာလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်နေကြသော ရွှေပြည်သာမြိုပနယ်သံဃာ့နာယကအဖွဲ့အား ထိရောက်သော ပြုပြင် ပြောင်းလဲမှု့များပြုလုပ်ကာ ဆောင်ရွ့က်သင့်နေပြီဖြစ်ကြောင်း အသိပေးဖော်ပြလိုက်ရပါသည်။။

ဥုးကုသလ..


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...