Sunday, December 30, 2012

ကချင်ပြည်နယ်ထိုးစစ်အား ကိုမြအေး၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုကို ကြိုဆိုခြင်း



ယခုရက်ပိုင်းများအတွင်း ဦးသိန်းစိန် စစ်အစိုးရ ဆင်နွှဲလျှက်ရှိသော ကချင်ပြည်နယ်ထိုးစစ်သည် 
အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ လူသားစိတ်မရှိဆုံး၏ ပြယုဂ်ဖြစ်လာသည်။ ပြင်းထန်လှသော

လက်နက်ကြီးများ၊ တိုက် လေယဉ်များ၊ မြောက်များလှစွာသော တပ်အင်အားများကိုပါသုံးပြီး မိမိထက် အဆမတန် အင်အားနည်းပါးသော ကေအိုင်အိုကို ထိုးစစ်ဆင်နေခြင်းကြောင့်ဖြစ်သည်။ 


လူကြီးက ကလေးကို စိမ်ခေါ်ပြီး လက်ဝှေ့ထိုးသတ်နေသကဲ့ပင်။ ပွဲမှာ လုံးဝပင် ကြည့်မကောင်းပါ။

အလွန်အမင်းအေးချမ်းလှသော ကချင်ပြည်ဆောင်းရာသီတွင် အနွေးထည်နှင့် စောင်ကလေး များ မျှပင် လုံလောက် အောင်မရှိရှာသော ကချင်စစ်ပြေးဒုက္ခသည် ငါးသောင်းကျော်သည် ။


တရုတ်နယ်စပ် တောတောင်များ အတွင်း ပိတ်မိ နေသဖြင့် ပြေးစရာမြေမရှိသည့် ဘ၀၌ မည်မျှ စိုးရိမ်ထိတ်လန့်ကြမည်ကို တွေးမြင်ကြည့်နိုင်သည်။ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ 

ဦးဆောင်သည့် စစ်အစိုးရသည် ရက်စက်လှချေတကား။ လူသားစိတ် ကင်းမဲ့လှချေ တကား။

ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်ကြီးများနုတ်ဆိတ်နေကြသည့် အချိန်တွင် ထိုးစစ်ချက်ခြင်းရပ်” ဟူသည့် ဆိုင်းဘုတ်များ ကိုင်ပြီး လူထုအချို့ဆန္ဒပြသည့် ပုံများပေါ်လာသည်။ ထို့အပြင် ၈၈ 

မျိုးဆက်ကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက “ ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး  

ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း သတင်းထွက် ပေါ်လာပါသည်။ ယင်းနှစ်ခုကိုမြင် ကြားလိုက်ရသည့်အခါ ကချင်စစ်ပြေးဒုက္ခသည်များအတွက် 

သဲကန္တာရအတွင်းခရီးသွားနေစဉ် အိုအေးစစ်ကိုတွေ့လိုက်  သလိုပါဘဲလား ဟူ၍ စာရေးသူ ခံစားမိသည်။ ယင်းနှစ်ခုလုံးသည် ထိုးစစ်ကို ရပ်ခိုင်းခြင်း ဖြစ်သဖြင့် ထူးခြားပါသည်။

 ထိုးစစ်ချက်ခြင်းရပ်” နှင့်  အပစ်အခတ်ချက်ခြင်းရပ်” ဟူသည့် နှစ်ခုမှာ မတူပါ။ ပထမ တခုက ထိုးစစ်ဆင်နွှဲလျှက်ရှိ သော စစ်အစိုးရ၏ တပ်များကို ရည်ညွှန်းသည်။ ဒုတိယ တခုက စစ်အစိုးရ 

နှင့် ကေအိုင်အို နှစ်ဘက်လုံးကို ရည် ညွှန်း သည်။ ဦးသိန်းစိန်အစိုးရက စစ်ရေးအရှိန်ကို သိသိသာသာ တိုးမြှင့်လာခြင်းမှာ လူထုထံမှ အပစ်အခတ်ချက်ခြင်းရပ်” “ ငြိမ်းချမ်းရေးအတွက် 

စစ်ပွဲတွေရပ်ကြပါ။” ဟူသည့် အသံထွက်လာအောင် ဖန်တည်းနေခြင်းဖြစ်သည်။ မိမိတို့က ရပ်ဘို့အသင့်ပါဘဲ၊ ကေအိုင်အိုက မရပ်တဲ့ အတွက် ခံစစ်ဆင်နေရတာပါ ဟု အသံကောင်းဟစ်ဦး 

မည်။ ကေအိုင်အိုကို စစ်လိုလားသူ အဖြစ် လူထုက မြင်လာ အောင် ဇာတ်လမ်းဆင်မည်။


နှစ်ဘက်လုံး အပစ်အခတ်ချက်ခြင်းရပ်” ကြရန် လူထုကကြီးကြီးမားမားဖိအားပေးလာသဖြင့် နှစ်ဘက်လုံး၇ပ်ကြရမည် ဆိုလျှင် ဦးသိန်းစိန်အစိုးရ က နိုင်ငံရေးအရရော စီးပွားရေး အရပါ 

အမြတ်ကြီး မြတ်သွားမည်။ နိုင်ငံရေးအရမြတ်ခြင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးရသွားပြီဟု ကမ္ဘာကို ပတ်ပြီးကြွားနိုင်တော့မည် ဖြစ်သောကြောင့်။ နိုင်ငံရေးဆွေးနွေးပွဲဟူသည် ကို 

အစိုးရကြိုက်သလို အချိန်ဆွဲသွားမည်။ ယခုလည်း ကြည့်ပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းများစွာနှင့် အပစ်အခတ်ရပ်စဲထားခဲ့ပြီးပြီ မဟုတ်ပါလား။ မည်သည့် အဖွဲ့နှင့်မျှ 

နိုင်ငံရေးဆွေးနွေးပွဲ ထိထိေ၇ာက်ရောက် မလုပ်။ တိုင်းရင်းသားပြည်နယ်များ ကိုယ်ပိုင်ပြဌာန်းခွင့်ရမည့် မည်သည့် နိုင်ငံရေး သဘောတူညီချက် တခုတလေမျှ မရ။ ကေအိုင်အို 

အပစ်ရပ်လိုက်ရပြီးပြီ ဟူလျှင်လည်း ဦးအောင်မင်းက ဟိုပြောသည်ပြောနှင့် အနည်းဆုံးနောက်ထပ် နှစ်နှစ် ဆွဲထား ပြီး ၂၀၁၅ အထိသယ်သွားမည်။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့မှ 

ကျုပ်ကတော့ ထွက်သွားပြီ။ ခင်ဗျားတို့ ကြည့်ပြီးလုပ် ကြပေတော့။ ဟု တာ့တာပြသွားပါတော့မည်။


စီးပွားရေးအရ မြတ်ခြင်းမှာ ဖားကန့်နယ်မြေတွင် တူးထုတ်ထားပြီး ဂိုဒေါင်များထဲ အောင်းနေသည့် ကျောက်စိမ်းများ အား အမြန်ဆုံးသယ်ယူ၊ နေပြည်တော်ပို့၊ ကျောက်မျက်ရတ နာပြပွဲ 

ခင်းကျင်း၊ နိုင်ငံတကာကုန်သည်များအား ရောင်းချ၊ စစ်အစိုးရ လည်ပတ် ရေး စားရိပ် အတွက်သုံး၊ စစ်ခေါင်းဆောင်ဟောင်း၊ သစ်များ၏ အိပ်ထဲထည့်နိုင်တော့ မည် ဖြစ် သောကြောင့်ပင်။ 

ထို့အပြင် ဦးသိန်းစိန် အစိုးရက လိုင်စင်ချပေးထားသော ကုမ္ပဏီကြီးငယ် ၃၇၀ ကျော်သည် နေ့မီး၊ ညမီးများ ထွန်းကာ စက်ကြီးစက်ငယ်ပေါင်းများစွာသုံး၍ ကချင်လူထု ပိုင်သည့် သဘာသ 

သယံဇာတ ကျောက်စိမ်းများ အား နေ့ရောညပါ ဆက်လက် တူးထုတ်ကြပါတော့မည်။


ကချင်လူထု ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ တိုင်းရင်းသားပေါင်းစုံ လူထုကြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခွင့်ရရေး တို့အတွက် တောင်းဆိုတိုက်ပွဲဝင်နေသော 

ကေအိုင်အိုမှာမူ မည်သည့် အခွင့်အရေးမျှမရဘဲ အပစ်အခတ်လည်းရပ်လိုက်ရပြီး ဖြစ်ပြန်သဖြင့် ငုတ်တုတ်ထိုင်ကြည့်နေရုံမှ တပါးဘာမျှ တတ်နိုင်တော့မည် မဟုတ်။


 ထိုးစစ်ချက်ခြင်းရပ်” ဟူ၍ နိုင်ငံရေး အင်အားစုများအားလုံး နှင့် လူထုကပါ တောင်းဆိုကြမည် ဆိုပါက ဦးသိန်းစိန် အစိုးရအနေဖြင့် ထိုးစစ်ကိုရပ်ရပါတော့မည်။ နှစ်ဘက် အပစ်အခတ်ရပ်ကြ 

သည့် အခြေအနေမရောက်သေးပါ။ယင်းသို့ ဖြစ်လျှင် ကေအိုင်အိုနှင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးကအာရုံပြုရပါတော့မည်။ အမြန်ဆုံးပြီးအောင်လုပ်ရပါတော့မည်။ သတ်မှတ် နေရာ 

တနေရာတွင် လုပ်ပိုင်ခွင့် အပြည့်ပေးထားသည့် နှစ်ဘက်ခေါင်းဆောင်များ ထိုင်ရာကနေ မထတမ်း ဆွေးနွေးစမ်းပါ။ နှစ်ဘက်လုံးက ရိုးသားမှု ရှိကြမည်ဆိုလျှင်သုံးလအပြင် ပိုကြာမည် 

မဟုတ်ပါ။ တိုင်းရင်းသားလူထုများ အားလုံးအတွက် အကျိုးရှိမည့် အခြေခံ ကျသည့် အဖြေတခုတော့ အနည်းဆုံးထွက်နိုင်ပါမည်။


ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကိုမင်းကိုနိုင် ထံမှ ထွက်လာသော အသံမှာ နှစ်ဘက်လုံး အပစ်ရပ်ကြရန် ဖြစ်သည်။ ယခု ကိုမြအေး ထံမှ ထွက်လာသော အသံမှာ ထိုးစစ်ဆင်နေမှုကို ရပ်ရန်

 ဖြစ်သည်။ ကိုမြအေး အနေနှင့် မည်သည့် မူ အပေါ်တွင် ရပ်တည်၍ တောင်းဆိုသလဲ။ အမှတ်တမဲ့ပြောလိုက်တာလား။ သို့မဟုတ် အထက်ပါ ရှင်းလင်းတင်ပြ ချက် အရ နားလည်မှုရှိစွာ 

ရည်ရွယ်ချက်နှင့် တောင်းဆိုခြင်း ဖြစ်သလား။ ကိုမြအေး တဦးတည်း၏တောင်းဆိုချက်လား။ သို့မဟုတ် ကိုမြအေးအပါအ၀င် ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် အားလုံး၏ 

တောင်းဆိုချက်ဖြစ် သ လား။ ၄င်းတို့အားလုံး၏ တောင်းဆိုချက် ဖြစ်လျှင်မူ များစွာတန်ဘိုးထားရပါမည်။ ရှစ်လေးလုံးမျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် (စစ်အစိုးရကို ဆန့်ကျင်ကာ 

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင် နေသော) တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း များနှင့် နိုင်ငံရေးအရ အတူလက်တွဲကြတော့ မည် လားဟု 

မြှော်လင့်နိုင်မည် ဖြစ်သောကြောင့်ပင်။


ညီအစ်ကို မသိတသိ၊ မှောင်ရီမကွဲတကွဲ အချိန်ဖြစ်နေပါသေးသည်။ မြှော်လင့်ချက်နှင့်တော့ စောင့်ကြည့်ကြရပါမည်။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ ကချင်လူထု ကြက်ရေး၊ ငှက်ေ၇း ဖြစ်နေသည့် 

အချိန် “ ကချင် စစ်ပွဲတွင် မန်မာ့ တပ်မတော် ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ် များသုံး  ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်း ထန် ထန်ကန့်ကွက် ရှုတ်ချကြောင်း 

လူသိရှင်ကြားထုတ်ဖေါ်ကန့်ကွက်မှု တခုတည်း နှင့်ပင် စာရေးသူအနေနှင့် ကိုမြအေးကို အသိအမှတ်ပြု တန်ဘိုးထားပါသည်။  

အောင်ထူး (ရှေ့နေ)

ဒီဇင်္ဘာလ (၃၀) ရက် ၂၀၁၂ ခုနှစ်


  1 comment:

  1. အောင်ထူး..... မင်းက ဘာလဲ
    ရှေ့နေ အစစ်ရော ဟုတ်ရဲ့လား ?

    ပြည်ထောင်စုဖြိုခွဲနေတဲ့ ကောင်တွေဘက်ကလိုက်ပြောနေတာ
    ရှေ့နေဆိုတဲ့ စကားလုံးကို မရှက်ဘူးလား ?

    ဒုက္ခသည်တွေကို လူသားဒိုင်းအဖြစ်သုံးနေတာကို
    လူ့အခွင့်အရေး မျက်လုံးနဲ့ မမြင်ဘူးလား ?

    ကျောင်းသားတွေကို KIA ထဲ ဆွဲသွင်းနေတာ မင်း မသိဘူးလား ?

    ပြည်သူ့ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ လမ်းတွေ တံတားတွေ၊ စက်ရုံတွေ
    အဆောက်အဦတွေကို အကြောင်းမဲ့ ဖျက်ဆီးနေတာ မင်းမမြင်ဘူးလား ?

    ဒီနေ့ နိုင်ငံတော်အလံကို တက်နင်းနေတာရော မမြင်ဘူးလား ?

    နှစ်ပေါင်း(၂၀)ကျော် တရားမ၀င်လုပ်ငန်းတွေကနေ ၀င်ငွေသောက်သောက်လဲ ရတုန်းက အသံမထွက်တာ အမျိုးမချစ်တာကို
    မင်းမသိဘူးလား ?

    တိုက်ပွဲဖြစ်နေလို့ ပြည်သူတွေ ထမင်းငတ်နေတာ မင်းမကြားဘူးလား ?

    တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ပူးပေါင်းပြီး နိုင်ငံ
    အတွက် အလုပ်လုပ်နေတာ မင်း မသိဘူးလား ?

    မြအေးက ရိုဟင်ဂျာနိုင်ငံထူထောင်ဖို့ ကြိုးစားခဲံဘူးတာ မင်းမကြား
    ဘူးလား ?

    မြအေးသမီး ဗမာဝတ်စုံဝတ်ပြီး ကုလသမဂ္ဂမှာ ပေါက်တက်ကရတွေ
    ပြောခဲ့တာ မင်း မကြည့်ရဘူးလား... ?

    ခွေးသူတောင်းစား အမျိုးယုတ်...


    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...