သိပ်ချစ်တတ်တဲ့ ကောင်မလေး
အချစ်ဆိုတာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုလို့ ဇင်လေးကတော့ သတ်မှတ်ချင်တယ်။ု
ဒီနေ့ ဇင်လေး စိတ်ထဲမှာ ဘာကိုမှန်းမသိဘဲ အလိုလို ပျော်နေမိတယ် ။ ရာသီဥတုလေးကလဲ သာယာနေလိုက်ပုံများ စာဖွဲ့လို့မမှီနိုင်အောင်ပါပဲ ။ ညနေတိုင်း ဒီချိန်ဆို ပြိုင်ဘီးလေးတစ်စီးနဲ့ ကန်တော်ကြီးထဲကို ဇင်လေး ပတ်နေကြပေါ့ ။
စက်ဘီးစီးရင်း မောလာပြီဆို အေးချမ်းတဲ့နေရာလေးကို ရှာ စက္ကူစွန်လေးတွေ ခေါက် လေထဲကို လျှောက်လွှတ် နေတတ်တာလဲ ဇင်လေး အကျင့်တစ်ခုပဲ။
စက်ဘီးစီးရင်း မောလာပြီဆို အေးချမ်းတဲ့နေရာလေးကို ရှာ စက္ကူစွန်လေးတွေ ခေါက် လေထဲကို လျှောက်လွှတ် နေတတ်တာလဲ ဇင်လေး အကျင့်တစ်ခုပဲ။
ဒီနေ့တော့ စိတ်ထဲမှာ အလိုလိုကို ပျော်နေမိတယ်။ ဘာကြောင့် ပျော်နေတယ် ဆိုတာကိုတော့ မသိဘူး။ .စက်ဘီးလေးက ကန်တော်ကြီးထဲကို ရောက်နေပါပြီ ။ စက္ကူစွန်လေးတွေ ခေါက်ဖို့နေရာ လိုက်ရှာရင်း တစ်နေရာကို ရောက်တော့ စက်ဘီးလေးကို အလိုလိုရပ်မိသွားတယ။် ခုံတန်းလျားလေးတစ်ခု အားနေတယ်။ စက်ဘီးလေးကို သေချာထောက်ပြီး ဘေးလွယ်အိတ်ထဲက စက္ကူရောင်စုံလေးတွေကို ထုတ်လိုက်ပါတယ်။ စွန်လေးတွေ ခေါက်နေလိုက်တာ လက်ထဲမှာ စက္ကုစွန်လေးတွေ တော်တော် များလာမှ ရပ်မိတော့တယ် ။ .ပထမဆုံး စွန်လေးကို အားရပါးရ လွှတ်လိုက်ပါတယ် ။ လေထဲမှာလွင့်ဝဲသွားတဲ့ စွန်လေးက တန်းလျားဘေးက သစ်ပင်ကြီး ဟိုဘက်ထိလွင့်သွားသည်။ ဘယ်ကိုရောက်သွားလဲ သိချင်တဲ့စိတ်နဲ့ သစ်ပင်အကွယ်ကနေ ဟိုဘက်ကို လှမ်းကြည့်လိုက်တော့ ဇင်လေးလွှတ်လိုက်တဲ့ စွန်လေးက ၀ှီးချဲလေးပေါ်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်အပေါ်ကို ကျသွားပါတော့တယ် ။ သူက ဇင်လေးလွတ်လိုက်တဲ့ စွန်လေးကို ကိုင်ပြီး လိုက်ကြည့်နေတယ်. ။ ချောင်းကြည့်နေတဲ့ဇင်လေးမျက်လုံး အစုံကို သူသတိထားမိသွားဟ“န်တူပါတယ် ။ ဘေးမှီဝဲရာကို မျက်လုံးလေး ကစားပြီး လိုက်ရှာနေပါတယ် ။ ဟော် သူဇင်လေးကို တွေ့သွားပြီ ။ အီး! သွားပြီ ။ ဇင်လေး ရုတ်တရက်ဘာလုပ်ရမှန်းမသိတာနဲု့လျှာလေးထုတ်ပြီး မချိုချဉ် မိတ်ဆက်အပြုံးလေးနဲ့ ပြုံးပြလိုက်မိတယ် ။ အမှတ်တမဲ့ဆိုတော့ သူကြောင်ကြည့်နေတယ် ။ ဒါပေမဲ့ခဏလေးပါဘဲ သူမျက်နှာ ချက်ချင်းပြုံးသွားတယ် ။ သူရီလိုက်တော့မှ တော်တော်ကို ချစ်ဖို့ကောင်းတယ်ရှင် ။ သူပုံလေးက ကလေးငယ်တစ်ယောက်လို သိပ်ကို ဖြူစင်နုနယ်နေပါတယ် ။ စိတ်ထဲက အလိုလို နာမည်လေးတစ်ခုပေးလိုက်မိတယ် ။ *baby* လေးလို့ ။ သူနားကို ဇင်လေး လျှောက်သွားရင်း နှုတ်ဖျားကနေ တောင်းပန်စကားတစ်ခုကလည်း အလိုလိုထွက်ကျလာတယ်။
*တောင်းပန်ပါတယ်နော်..........*
*သြော်! ရပါတယ်ဗျာ.....ဘာမှ ထိခိုက်တာမှ မဟုတ်ဘဲ*
*ကျေးကျေး နော်*
*ကျွန်တော်က စက္ကူစွန်လေးကလှလို့ ကြည့်နေတာဗျ*
*ဟုတ်လား .......တကယ်လှတယ်လား*
*တကယ်ပြောတာပေါ့ဗျ*
*ယူက တစ်ယောက်ထဲလား အဖော်မပါဘူးလား..........ဟီးဟိ .........စပ်စုတာဝါသနာပါလို့ နော်*
*အော်.........ရပါတယ်ဗျာ....... ..ကိစ္စမရှိပါဘူး.........အိမ် ကလာပို့ပေးတယ်လေ..........ကျွန် တော်ပြန်ချင်ရင် ဖုန်းဆက်ပြီး လာခေါ်ခိုင်းထာတာ...........အိမ် ကတော့ စိတ်မချဘူးလေ........ကျွန်တော်က တစ်ယောက်ထဲတမင်နေချင်လို့ပါ*
*ဟင်..........ဒါဆို ဇင်လေးက ခုနှောင့်ယှက်သလိုဖြစ်နေပြီပေါ့ နော်*
*ဟာ..........မဖြစ်ပါဘူး....... ....ခင်ဗျားလေးကို ကြည့်၇တာ လွတ်လပ် ပေါ့ပါးနေတာဘဲနော် .....ခင်ဗျားလေးကို ကြည့်ရင်း ကျွန်တော်တောင် ပျော်လာတယ်......တကယ်ပြောတာ*
*ဟုတ်လား..........thanks ။ ဇင်လေးနာမည်က ဇင်မေတဲ့ မှတ်ထားပေါ့..........ဇင်လေးက ညနေတိုင်း ဒီကိုလာတယ် စွန်တွေခေါက်တယ် လွှတ်တယ်လေ....ဇင်လေးက အမြဲ လှုပ်ရှားနေတာ.........ငြိမ်ငြိ မ်မနေတတ်ဘူး............ငြိမ်ေ နရင်လဲ တစ်ယောက်ယောက်ကို စဖို့ကြံစည်နေတာဘဲလေ.........အိ မ်ကအားလုံးကလဲ ဇင်လေးကို အရမ်းချစ်တယ် အလိုလည်းလိုက်ကြတယ်။......... ဇင်လေးက အမြဲပြုံးပျော်နေချင်တာ*
*ကျွန်တော်ကတော့ ဇင်လေးကို ခင်မိသွားပြီ............ခုပြော နေတဲ့အချိန်လေးမှာတောင် ဇင်လေးဆီက အပျော်တွေ ကျွန်တော်ဆီကို စီးမျောလာသလို ကျွန်တော်လဲ ပျော်နေတယ်...........ကျွန်တော် နာမည်က ခန့်တည်ကြည် ပါ ...........ခင်ဗျားလေးကိုတော့ ကျွန်တော် ရုတ်တရက်ခေါ်လိုက်မိတဲ့ ခင်ဗျားလေးလို့ဘဲ ခေါ်ချင်တယ်..........ရမလား..... ...ခင်ဗျားလေး*
*အိုး...........မိုက်တယ်...... .....ခင်ဗျားလေး ကောင်းတယ်.........ဇင်လေး သဘောကျတယ်..........ဇင်လေးလဲ ယူကို တွေ့တွေ့ချင်း နာမည်တစ်ခု ပေးလိုက်မိတယ် babyလေးလို့...........ဇင်လေး babyလေးလို့ ခေါ်လို့ရမလား *
*အိုကေ ..........သိပ်ရတာပေါ့......... ......ခင်ဗျားလေးနဲ့ကျွန်တော် သူငယ်ချင်းတွေ ဖြစ်သွားပြီနော်*
*ဟုတ်တယ် .........ဘေဘီလေးနဲ့ ဇင်လေး သူငယ်ချင်းတွေ ဖြစ်သွားပြီနော်*
*ဟုတ်တာပေါ့ဗျာ.............ကျွ န်တော်လဲ ဒီနေ့ကစပြီး ကိုယ်ကို ဘေဘီလေးလို့ ပြောမယ်............*
*ဇင်လေးလဲ...............ကိုယ် ကို ခင်ဗျားလေးလို့ပြောမယ်*
*အိုကေ........*
*အိုကေ.........*
စကားပြောနေစဉ်မှာဘဲ ဘေဘီလေးဆီက ဖုန်းလာသံကြား၇တယ်............. ...
*မေမေ...........ပြောလေ*
*သားကားလွတ်လိုက်ပြီနော်....... ....*
*ဟုတ်ကဲ့မေမေ.....*
ဖုန်းချတာနဲ့
*ခင်ဗျားလေး ...........ကျွန်တော်ပြန်တော့ မယ်နော်.....အိမ်က ကားလွတ်လိုက်ပြီတဲ့ ......မနက်ဖြန် ကျွန်တော် စောင့်နေမယ်နော်*
*အိုကေ..........မနက်ဖြန် ညနေ5နာရီဆို ဇင်လေး ဒီနေရာလေးကို ရောက်နေပြီ..............ကဲ.... .see you.......*
*ok............see you*
လက်ကလေးပြပြီး စက်ဘီးလေးနင်းထွက်သွားတဲ့ ခင်ဗျားလေးကို မျက်စိတစ်ဆုံး ကျွန်တော် လိုက်ကြည့်နေမိသည်။........... ခင်ဗျားလေးနဲ့တွေ့လိုက်ရတာ ခဏလေးပေမဲ့ ကျွန်တော်အတွက် အရမ်းပျော်ရွင် ပေါ့ပါးသွားစေပါတယ်ဗျာ......... ....။
ကျွန်တော်ကို ၀ါဂွမ်းစလေးတစ်စလို ပါ့ပါးစေခဲ့ပြီး ..........ပျော်ရွင်ချိုမြိန်ြ ခင်းတွေကို ပေးစေခဲ့သောနေ့ရက်များ*
ဒီလိုနဲ့နေ့တိုင်း ကျွန်တော်နဲ့ ခင်ဗျားလေး စွန်လေးတွေ ခေါက်ပြီး အပြိုင်လွှတ်ကြတယ်.။ ကျွှန်တော်ဝှီးချဲလေးကို သူက တွန်းပေးပြီး မုန့်တွေ သွားစားတယ်.။ အရမ်းကိုပျော်စရာကောင်းတဲ့နေ့ ရက်လေးတွေပါပဲ။ ခင်ဗျားလေးက ကျွန်တော်အတွက် ပျော်ရွင်ခြင်းတွေကိုဘဲ အမြဲပေးတတ်သူလေးပါ။ ကျွန်တော် စိတ်ရှုပ် စိတ်ညစ်စရာ စေမယ့်စကားမျိုးဆို တစ်ခွန်းမှ မမေးတတ် မပြောတတ်သူလေးပါ။နောက်ဆုံး ကျွန်တော် ဘာကြောင့်ဝှီးချဲပေါ်ကို ရောက်နေတယ်ဆိုတာကိုတောင် မမေးခဲ့ဘူး။ ဒီလောက် အလိုက်သိပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးကို ကျွန်တော် နေ့တိုင်းတွေ့နေရတော့ သူအပေါ်ထားတဲ့ ကျွန်တော် ခံစားချက်နဲ့ သဘောထားတွေ လဲ ပြောင်းလဲလာခဲ့ပါပြီ ။ တွယ်ငြိနှောင်ဖွဲ့ခြင်းတွေက တစစတိုးလို့ အဖြူရောင်ခင်မင်မှုလေးတွေက အရောင်ပြောင်းကာ ခင်ဗျားလေးကို ကျွန်တော် ရင်ဘက်ထဲက အန်ကရှိုင်းဆုံးနေရာလေးကနေ အရမ်းကို ချစ်မိနေပြီ ။ဒါပေမဲ့ ကျွန်တော် ဖွင့်မပြောရက်ဘူး. ။ သူကို မပြောရက်ပါဘူးဗျာ ။ ကျွန်တော်လို ဒုက္ခတိ တစ်ယောက်ရဲ့ ချစ်သူအဖြစ်ခင်ဗျားလေးကို မရှိစေချင်ပါဘူး ။
ဘေဘီလေး ဇင်လေးကို ချစ်နေပြီဆိုတာ ဇင်လေး သိတာပေါ့ ။ဒါပေမဲ့ ဘေဘီလေးရယ်
ဇင်လေးကလေ ဘေဘီလေးကို ပျော်နေတာဘဲ မြင်ချင်တဲ့သူပါ ။ အဲဒါလားအချစ်ဆိုတာ............
****************************** ****************************** ***********
ဒီနေ့တော့ကျွန်တော် ဆုံဖြတ်ထားတယ် ခင်ဗျားလေးကို အရမ်းချစ်မိနေပြီဆိုတာကို ဖွင့်ပြောလိုက်တော့မယ်။ စိတ်တွေစောပြီး အိမ်ကို အစောကြီးလိုက်ပို့ခိုင်းနေမိလို့  မေမေကတောင်
*ဟဲ့...........သားလေး အစောကြီးပါလားကွယ်*
*သားသွားချင်နေလို့ပါ မေမေ..........လိုက်ပို့ပါတော့ေ နာ်*
*ဟုတ်ပါပြီ............မျက်နှာ ကလဲ မချိုမချဉ်နဲ့ပါလား*
* မေမေကလဲ မဟုတ်ပါဘူးဗျာ...............ဒီ နေ့စိတ်ထဲအလိုလို ပျော်နေလို့ပါ.......သားသွားတော့ မယ်နော် မေမေ*
*ဟုတ်ကဲ့ပါရှင်...........မေမေ သာလေး စိတ်ချမ်းသာရင် မေမေတို့လဲ စိတ်ချမ်းသာပါတယ်နော်*
ကျွန်တော်စိတ်တွေ စောပြီး ရောက်နေပေမယ်.ခင်ဗျားလေးက ရောက်မလာသေးဘူး ။ 5နာရီထိုးမှ ဘဲ မျှော်နေတဲ့ ပြိုင်ဘီလေး ကျွန်တော် မြင်ကွင်းထဲကို ၀င်လာပါတော့တယ် ။ ဒီနေ့ကျမှ ခင်ဗျားလေးက တော်တော် လှနေတယ်ဗျာ ။ ဘောင်းဘီရှည် အနက်လေးကို တီရှပ်အနီလေးနဲ့တွဲဝတ်ထားပြီး ဦးထုပ်အနီလေးကို နောက်ပြန်ဆောင်းထားပုံလေးက အရမ်းကို ချစ်ဖို့ကောင်းနေပြန်ပါကော ။ သူလေး ကျွန်တော် ရှေ့လာတာကိုတောင် စကားမပြောနိုင်အောင် သူအလှလေးထဲမှာ မျောသွားမိတယ်။ ခင်ဗျားလေးဆီက စကားသံကြားမှ သတိဝင်မိတယ်။
*ဟေ့ ဘေဘီလေး ဘာတွေ ဒီလောက်ပြူးကြည့်နေတာတုန်း*
*ဟာ...........မဟုတ်ပါဘူး...... ...ဒီနေ့ ခင်ဗျားလေး လှနေတယ်*
*ဟင်...........ဒါဆို အရင်ကတော့ လှဘူးပေါ့.........ဟုတ်လား*
*မဟုတ်ပါဘူးကွာ.............. အရင်ထဲက လှပြီးသားပါ...........ဒီနေ့ ပိုလှနေတာ*
*ဟားဟ.........စာနေတာပါကွာ ...........ဘေဘီလေးကို ဒီနေ့ မုန့်ကျွေးမယ် .........ပိုလှနေတယ်ဆိုလို့.... *
*ရပါတယ်ကွာ...........မစားချင် ပါဘူး.........ကျွန်တော် ခင်ဗျားလေးကို ပြောစရာရှိတယ်.........*
*အယ်လယ်အဆန်းပါလား နေ့တိုင်းပြောနေတာဘဲကို ..............ဘာတွေများပြောချ င်နေတာတုန်း*
*ဘေဘီလေး ခုပြောမှာတွေကို ခင်ဗျားလေး သေချာနာထောင်ပေးပါနော်*
ဇင်လေး သူကို ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်မိတယ်ဆိုရင်ဘဲ သူဆီက စကားသံ ဆက်ထွက်လာပါတယ် ။
*ကျွန်တော် ခင်ဗျားလေးကို အရမ်းချစ်တယ်................. ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ဘာမှ မပြနိုင်ဘဲကို အရမ်းချစ်မိသွားတယ်............ ကျွန်တော်ကိုသနားလို့ ဆိုတာမျိုးကို မလိုချင်ဘူးနော်...........ခင် ဗျားလေး ရင်ထဲက ခံစားရတဲ့အတိုင်း ကိုဘဲ ကျွန်တော် သိချင်တယ်...........မချစ်နိုင် ရင်လဲ အားနာသနားစရာမလိုဘူးနော် ။ ကျွန်တော်လိုချင်တာက ခင်ဗျားလေးဆီက စစ်မှန်တဲ့ချစ်စစ်ကိုပါ*
သူကို ချစ်တယ်လို့ ပြောလိုက်ချိန်မှာ ခဏလေး ပြောင်းလဲသွားတဲ့ သူမ အမူယာလေးကို ကျွန်တော် အကဲမခတ်တတ်ဘူး..........တမျိုး ဘဲဗျာ.........ဒါပေမဲ့ ခဏမှခဏလေးပါဘဲ ...........ချက်ချင်း ပြန်ပြုံးနေတယ်။
*ထူးဆန်းတဲ့တိုက်ဆိုင်မှု တစ်ခုဘဲ ဘေဘီလေးရယ်.........ဘေဘီလေးက ချစ်တယ်ပြောမှ ပြောတာမဟုတ်ဘူးနော်........... ခင်ဗျားလေး မှာ ပြောစရာရှိနေတယ်...........ခင် ဗျားလေး ခရီးသွားစရာရှိနေတယ်........... တော်တော်ကြာမယ်ထင်တယ်.......... .6လလောက်ကြာမယ်.............ေ ဘဘီလေး ရည်းစားစကားပြောလို့ ရှောင်သွားတာ မဟုတ်ဘူးနော်..............တကယ် ကို သွားရမှာမို့ပါ.............ခု လာမဲ့ချစ်သူများနေ့မှာ ဘေဘီလေးဆီကို ရောက်အောင်ပြန်လာခဲ့မယ်နော်.... .....ဘေဘီလေးအတွက်အဖြေကိုပါ တပါတည်းယူခဲ့မယ်။ အိုကေ*
*အကြာကြီးဘဲကွာ...............ေ ဘဘီလေးတော့ လွမ်းနေရတော့မှာပေါ့*
*ခင်ဗျားလေးကို သတိရရင် စက္ကူစွန်လေးတွေ ခေါက်နေလေ......ပြန်လာရင် တူတူ လွှတ်ကြမယ်နော်*
*ဟုတ်ပါပြီဗျာ.............နေ့ တိုင်းလွမ်းနေတော့မှာ*
*ခင်ဗျားလေး ယုံပါတယ်ရှင်..........ကဲ ဘေဘီလေး ခင်ဗျားလေး ပြန်တော့မယ်နော်............ မနက်ဖြန် ခ၇ီးသွားမှာလေ...........ပြင် ဆင်စရာတွေ ရှိသေးလို့ပါ*
*ဟုတ်ကဲ့ပါ..............ဘေဘီေ လး လွမ်းနေမယ်နော်*
*ခင်ဗျားလေးလဲ..............သတိ ရနေမှာပါရှင်...........သွားပြီ နော်*
ထွက်ခွာသွားတဲ့ ခင်ဗျားလေးကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတယ်............. ..ခင်ဗျားလေးနဲ့အတူ ဘေဘီလေးနှလုံးထဲက ချစ်ခြင်းတွေပါ အတူပါသွားပါပြီ ။
****************************** ****************************** ***********
ချစ်တတ်တော့ လွမ်းတတ်လာတယ်။ .ချစ်သူနဲ့ခွဲခွာနေရခြင်းကလဲ ဆင်းရဲခြင်းတစ်မျိုးပါဘဲလား။ လွမ်းလှပြီ ချစ်သူလေးရေ............ပြန်လာ ပါတော့ကွာ..............ချစ်သူ များနေ့လေးကိုလဲ ရောက်ချင်လှပါပြီ။ လက်ချိုးရေရလွန်းလွန်းလို့ လက်တွေ တောင်ကျိုးတော့မယ် ခင်ဗျားလေးရေ
****************************** ****************************** ***********
ချစ်သူတွေရဲ့ အမှတ်တရ ............. ပျော်စရာ ကြည်နူးစရာတွေကို ........... အချိုမြိန်ဆုံးပေးစွမ်းစေတဲ့ ဖေဖော်ဝါရီလ (14) ရက်နေ့
မနက်မိုးလင်းအိပ်ယာထကထဲကို စိတ်တွေ လန်းဆန်းကြည်လင်နေတယ်. ။ အားပါးမျှော်လိုက်ရတဲ့ ချစ်သူများနေ့လေးရယ်........... ...ခုမှဘဲရောက်တော့တယ်နော်..... ............ညနေလေးရယ် မြန်မြန်ရောက်ပါတော့ဗျာ ။ ကျွန်တော်အကြာကြီး ခွဲနေရတဲ့ချစ်သူမျက်နှာလေးကို တွေ့ခွင့်ရချင်လှပြီ ။ သူနှုတ်ဖျားက ကျလာမဲ့အဖြေစကားက ကျွန်တော်အတွက် ပျော်ရွင်စေမှာလား ၀မ်းနည်းစေမှာလား ဆိုတာမသေချာပေမဲ့ သူမျက်နှာလေးကို မြင်ခွင့်ရမှာကိုဘဲ ကျွန်တော် ပျော်လှပါပြီဗျာ။
****************************** ****************************** ***********
မျှော်လင့်ခဲ့ရတဲ့ ချစ်သူများနေ့ညနေ လေးကို ကျွန်တော်လဲ ပျော်ရွင်စွာနဲ့ ချစ်သူကို မျှော်နေမိတယ်။ 5နာရီမထိုးခင်ထဲက တွေ့နေကြနေရာလေးကို ကျွန်တော် ရောက်နေခဲ့ ပြီ။ 5နာ၇ီထိုး ကွက်တိမှာ ကျွန်တော်ရှေ့ကို မာစီတီးကားအနက်ကြီး တစ်စီး ရောက်လာခဲ့တယ် ။.ကားပေါ်ကနေ သိပ်ကို ထည်ဝါခန့်ညားတဲ့အန်တီကြီးတစ်ယော က်ဆင်းတာလာတယ် ။ ကျွန်တော်ကို တွေ့တာနဲ့ အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်ကာ ကျွန်တော်နားကို တဖြေးဖြေးလျှောက်လာတယ် ။ ကျွန်တော်နားရောက်တော့ သူအိတ်ထဲက တစ်စုံတစ်ခုကို ထုတ်လိုက်တယ် ။ သူလက်ထဲမှာ ပါလာခဲ့တာတော့ ပန်းနုရောင်စာအိတ်လေးတစ်ခု ............။
*သားနာမည် ခန့်တည်ကြည်(ခေါ်)ဘေဘီလေးပါနော်*
*ခင်ဗျာ..........ဟုတ်ပါတယ် အန်တီ..........အန်တီက*
*အန်တီက ...........သားက ခင်ဗျားလေးလို့ ခေါ်တဲ့ဇင်လေး မာမီပါကွယ်*
*ဗျာ..........ခင်ဗျားလေးကော အန်တီ*
*ပြောပြပါ့မယ်ကွယ်............. ဒါတွေ ပြောဖို့အတွက်လဲ ဒီနေရာကို အန်တီ ရောက်လာခဲ့တာပါ...........သမီးေ လးက အရမ်းကို သနားဖို့ကောင်းပါတယ်ကွယ်....... ....သူမှာ *Brain Tumaur* လို့ခေါ်တဲ့ ရောဂါရှိသည်လေး တစ်ယောက်ပါ ။ .ခွဲစိတ်ခဲ့ရင် ကောင်းချင်ရင်ကောင်းသွားနိုင် သလို မကောင်းရင်လဲ တခါတည်း သေနိုင်တယ် ။ သမီးလေးက မခွဲတော့ဘဲ သူနေရသမျှ အချိန်လေးကို ပျော်ရွင်စွာဘဲ ဖျက်သန်းချင်တယ်တဲ့လေ......... သမီးလေးက အရမ်းကို စိတ်ကောင်းရှိပြီး ဖြူစင်တဲ့ကလေးလေးပါကွယ်........ .အန်တီတို့ကိုလဲ သူကို လူမမာတစ်ယောက်လို မဆက်ဆံဖို့ မှာထားတယ်။ သူ့ရောဂါကို သူမေ့ထားချင်တယ်တဲ့လေ ။ အန်တီတို့လဲ သူစိတ်ချမ်းသာအောင် ...........ကြိုးစားထားပေးခဲ့ပါ တယ်ကွယ်..........တစ်နေ့မှာတော့ သမီးလေးက ထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုကို အန်တီနဲ့ သူဒယ်ဒီကိုတောင်းဆိုခဲ့တယ်..... ......သူခွဲစိတ်တော့မယ်တဲ့ .................အန်တီတို့လဲ သမီးလေးစိတ်ချမ်းသာဖို့အတွက် လိုက်လျောပေးခဲ့ပါတယ်.......... .ဒါပေမဲ့ သားရယ် သူခွဲစိတ်မှုက မအောင်မြင်ခဲ့ဘူးကွယ် ။ သမီးလေး.....သမီးလေး......အသက် ဆုံးပါးခဲ့တယ်...........သမီးေ လး ခွဲခန်းထဲကို မ၀င်ခင်မှာ အန်တီကို ဒီစားလေးနဲ့ အတူ စာအုပ်လေးတစ်အုပ်ပေးထားခဲ့တယ် သား...............စာအုပ်လေးကို သူခွဲခန်းထဲက ပြန်မထွက်နိုင်ခဲ့ရင် အန်တီကို ဖတ်ကြည့်ပါတဲ့ ............အဲဒီထဲက ကောင်လေးကို ဒီစာလေးပေးပေးပါတဲ့လေ.......... ..စာအုပ်လေးထဲမှာ သားနဲ့ စတွေ့ခဲ့တာကနေ ..............သားအတွက် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ သူခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တာတွေ ကို ရေးထားတယ်လေ............ဒါလေးကေ တာ့ သားအတွက် သမီးပေးခဲ့တာပါ*
ဆိုပြီး စာအိတ်လေးကို ကျွန်တောလက်ထဲကို ထည့်ပေးပါတယ် ။ ဘာမှကို ပြန်မပြောနိုင်အောင်ကို စွံ့အနေမိတယ်.........ပြောစရာ စကားလုံးရှာလို့မရအောင်ကို..... ......ခင်ဗျားလေးက ကျွန်တော်ကို ချစ်ပြသွားခဲ့ပြီ ။ ကျွန်တော်ကို ကျွန်တော်တောင် ပြန်မေးမိတယ်
*ကျွန်တော် ခင်ဗျားလေးလောက် ချစ်မိရဲ့လားဆိုတာပေါ့*
ကြည့်ပါအုံးဗျာ.........တစ်ချိ န်လုံးကျွန်တော်ရှေ့မှာ ဘာမှမဖြစ်သလိုသူကချည်းဘဲ အားပေးနှစ်သိမ့်ပေးခဲ့ရှာတာလေ. ။ ချစ်နိုင်လိုက်တာလို့တောင် အော်ပြောလိုက်ချင်တယ်.......... ......
သတိလက်လွတ်ဖြစ်နေတဲ့ကျွန်တော် ခင်ဗျားလေး မာမီရဲ့ အသံကိုကြားမှ သတိဝင်လာမိတယ်။
*သားအတွက် သူစီးနေကျစက်ဘီးလေးကို ပေးသွားတယ်..........မောင်သိန်း ရေ ကားနောက်ခန်းက စက်ဘီးလေး ချပေးပါကွယ်.........*
*အန်တီ ............သူ တကယ် မရှိတော့ဘူးပေါ့နော်*
*တကယ်ပါသားရယ်...........သိပ်ကို ချစ်ဖို့ကောင်းတဲ့ အန်တီသမီးလေး အားလုံးကို ထားသွားခဲ့ပြီလေ*
*ကျွန်တော်နဲ့တာ မဆုံခဲ့ရင် သူဒီထက်ပိုပြီး လောကကြီးထဲမှာ နေခွင့်ရမှာအန်တီ.............. ခုတော့ ကျွန်တော် ကြောင့်အချိန်မတန်ခင်မှာ ကြွေခဲ့ရတယ်*
*ဒီလိုလဲ မဟုတ်ပါဘူးကွယ်............အား လုံးဟာ အချိန်တန်လို့ ဖြစ်ခဲ့တာတွေ ချည်းပါဘဲကွယ်.........ကဲ သားလေး အန်တီသွားတော့မယ်နော်*
*ဟုတ်ကဲ့ပါ အန်တီ...................*
အန်တီကားလေးထွက်သွားတော့ ကျွန်တော်စာလေးကို ဖွင့်ဖတ်မိပါသည်.........
ဘေဘီလေး
ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ ဘေဘီလေး အကြောင်းဆုံကို သိပြီးနေလောက်ပြီလို့ ထင်ပါတယ်နော်.............ဇင်ေ လးလေ ဘေဘီလေး ကို *သိပ်ချစ်တယ်*.........ဇင်လေးကို တကယ်ချစ်ရင် ဇင်လေးအတွက် ဘ၀ကို အရှုံးမပေးပါနဲ့..........၀ှီး ချဲပေါ်ရောက်နေပေမဲ့ အကောင်းဆုံးဘ၀တစ်ခုကို တည်ဆောက်နိုင်အောင်ကြိုးစားပါေ နာ်.................ဘေဘီလေးမိ ဘတွေ မရှိတော့တဲ့အခါ ဘေဘီလေး ဒုက္ခရောက်မှာဆိုးလို့ပါ........ ....ဇင်လေးတာ ဘေဘီလေးနားမှာရှိခွင့်ရခဲ့ရင် တကယ်လက်တွဲ စောက်ရှောက်ပေးမိမှာပါ......... ...ဘာလို့လဲ သိလား ဘေဘီလေးကို မြင်မြင်ချင်း *အရမ်းချစ်မိသွားလို့ပါရှင်*... .......အချစ်ဆိုတာ သိပ်ကိုထူးဆန်း ဆန်းကျယ်စေတယ်နော်............. ဘေဘီလေး ဇင်လေးပြောတာတွေကို မမေ့ပါနဲ့နော်.........ဘ၀ကို အားငယ်မနေပါနဲ့...........အကော င်းဆုံးတည်ဆောက်ပါ............. တစ်နေရာကနေ ဇင်လေး ကြည့်ခွင့်ရခဲ့ရင် ဘေဘီလေးပျော်ရွင် နေတာကိုဘဲ မြင်တွေ့ခွင့်ရချင်တယ်ရှင်..... .........
စာလေးဆုံးသွားချိန်မှာတော့ ကျွန်တော် ယောကျာင်္းတန်မဲ့ချုံးပွဲချ ငိုချလိုက်မိပါတော့တယ် ။ ခင်ဗျားလေး ရေ ...............ကျွန်တော် ခင်ဗျားလေးမြင်ချင်တဲ့ ပုံစံမျိုးဖြစ်အောင် ကြိုးပါ့မယ်ဗျာ...........ခင်ဗျားလေးကိုကျွန်တော်အရမ်းချစ်တယ်. ............အရမ်းချစ်တယ်...... ......အရမ်းချစ်တယ်။
ခိုင်လေး(ရွှေတောင်)
2010ခုနှစ်က ရေးသားထားတဲ့ ၀ထ္ထုတိုလေးပါ။
ခိုင်လေးစာလေးကို အားပေးဖတ်ရှုကြသော မိတ်ဆွေအားလုံး
မင်္ဂလာအပေါင်းခညောင်းကြသောမနက် ခင်းလေးဖြစ်ကြပါစေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊ကျက် သရေအဖြာဖြာဝေ.......ဖြိုးကြပါစေ
0 comments:
Post a Comment