Wednesday, March 30, 2016

အချိန်က ပြောမည့်ပုံပြင်

 ငါးမိခင်ကြီးကို ငါးသားပေါက်ကလေးများက၊ မကျေမနပ်
ဖြစ်နေကြသည်။ ။
ငါးကလေးများ။ ။ ကျွန်တော်တို့ဟာ ဘာလဲအမေ
ငါးမိခင်။ ။ ငါးမျိုးတွေပေါ့သားတို့ရယ်၊
ငါးကလေးများ။ ။ ဒါဆို ဟိုအကောင်လေးတွေကကော
မိခင်။ ။ သူတို့က ဖားမျိုးတွေကွဲ့၊
ကလေးများ။ ။ မဖြစ်နိုင်ဘူးအမေ။ သူတို့နဲ့ကျွန်တော်တို့
ရေကူးတတ်တာခြင်းရော၊ရုပ်ဆင်းသဏ္ဍန်ပါ
အကုန်တူတယ်။သူတို့လည်း ငါးပဲဖြစ်ရမယ်။
မိခင်။ ။ဒါက ဖားတပိုင်းငါးတပိုင်းဖြစ်နေချိန်မို့ အတူတူလို့
ထင်ရတာကွဲ့။တကယ်တော့ ဖားဟာဖား၊ငါးဟာငါးပါပဲ။
ကလေးများ။ ။အမေလိမ်ပြောတာတော့မဟုတ်ဘူးနော်၊
မိခင်။ ။ခဏလေးသာစောင့်ကြည့်ကြပါလေ။
ဆုံးဖြတ်ချက်မစောကြပါနဲ့။အချိန်တန်ရင်ဖားတပိုင်းငါးတပိုင်းတွေ
အမြီးပြတ်ပြီးဖားပုံစံပေါ်လာပါလိမ့်မယ်။
အချိန်ဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့ ပညာရှိကြီးပါပဲ။ ။
.................
ငါးကလေးများမျက်မှောင်ကျုံ့ကြသည်။
................
ရုပ်ပုံ။ ။အင်တာနက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...