Friday, March 11, 2016

ဘောမတွေ ဘာပြောကြဦးမလဲ ...

Zarni TikeFollow


ဟုတ်ကဲ့ . . . .
Oxford ဘဲ ထွက်ထွက် ဘုန်းကြီးကျောင်း က ဘဲထွက်ထွက်
ပြည်သူတွေ လျှာ(ရှာ) မထွက်ရင် ကျေနပ်ပြီ ။
ဘာ . . .အသားမဲလို့
အသားမဲမဲ ဖြူဖြူ . . .
ပြည်သူကို ကြည်ဖြူအောင်ထားနိုင်ရင် ကျေနပ်ပြီ ။
အရင်က ကားမောင်းသမား . . . .
ကားမောင်းရုံမက လို့ နွားလှည်းဘဲမောင်းမောင်း မြည်းလှည်းဘဲမောင်းမောင်း . . .
မောင်းချင်ရာမောင်း . . .
တိုင်းပြည်ကို ချမရောင်းရင်ကျေနပ်ပြီ ။
ဘယ်လို. . .ဘယ်လို နဖူးမပြောင်လို့ . . .
ပြောင်ချင်ပြောင် မပြောင်ချင်နေ . . .
တိုင်းပြည်ကို နောက်ထပ် ပြောင်အောင် ထပ်မလုပ်ရင် ကျေနပ်ပြီ ။
ရုပ်သေးရုပ် ဟုတ်လား . . .
ရုပ်သေးရုပ် မကလို့ ဒုတ်ထိုးရုပ်ဖြစ်ဖြစ် . . .
အရေးမကြီးဘူး . . .ဒီတိုင်းပြည်ကို နောက်ထပ် ဂုတ်သွေးမစုပ်ရင်ကျေနပ်ပြီ ။
အရပ်ရှည်လို့ . . .
ရှည်ချင်ရှည် တိုချင်တို . . . .
အရေးမကြီးဘူး . . .ဒီတိုင်းပြည် ဆင်းရဲတွင်းမရှည်ရင်ကျေနပ်ပြီ ။
ဆံပင်တွေဖြူနေလို့ . . .
ဆံပင်တွေ ဖြူရုံမကလို နီနီချင်နီ ဝါချင်ဝါ . . .
အရေးမကြီးဘူး . . .ဒီတိုင်းပြည် အတွက် အလုပ်ဖြစ်မယ်ဆိုကျေနပ်ပြီ ။

Credit~ Htein Lin Aung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...