အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၁၀)
Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးဖြစ်အောင် ပြောတဲ့ စကားလေးပါ ၊ စကားပြောရာမှာဖြစ်စေ ၊ social letter စာရေးရာမှာ ဖြစ်စေ ရင်းနှီးခင်မင်မှုသဘောကို ပေါ်လွင်စေဖို့ သုံးပါတယ် လွယ်လွယ်လေးပါ
..
Don't be a stranger : သူစိမ်းတစ်ယောက်လို မနေပါနဲ့ ၊ သူစိမ်းမဆန်ပါနဲ့ ၊ ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံပါ
...................
(1) It was really nice seeing you again. Don't be a stranger.
မင်းနဲ့နောက်တစ်ကြိမ် ပြန်တွေ့ရတာ တကယ့်ကိုသိပ်ကောင်းတာပဲ ၊ သူစိမ်းလိုမနေပါနဲ့ကွာ
.
(2) We need to keep in touch. Don't be a stranger.
တို့တတွေ အဆက်အသွယ်မပြတ် နေကြဖို့လိုအပ်တယ် ၊ သူစိမ်းမဆန်ကြေးနော်
.
(3) Now that we live so close to one another don't be a stranger.
အခု ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုနီးနီးကပ်ကပ်နေကြပြီဆိုတော့ သူစိမ်းမဆန်ပါနဲ့တော့
.
(3) I look forward to seeing you again. Don't be a stranger.
ကျနော် ခင်ဗျားနဲ့ ထပ်ပြီးတွေ့ဆုံဖို့ မျှော်လင့်ပါတယ် ၊ သူစိမ်းလို မနေပါနဲ့
.
(4) Thank you for visiting and don't be a stranger.
လာလည်တဲ့အတွက် ကျေးဇူးပါ သူစိမ်းလိုမနေပါနဲ့ (နောက်လည်း လာလည်ပါ)
.
(5) Don't be a stranger, now. Come back real soon.
အခု သူစိမ်းလိုမနေနဲ့တော့ ၊ သိပ်မကြာခင် ပြန်လာခဲ့ပါ
.
(6) Keep in touch man. Don't be a stranger.
အဆက်အသွယ်မပြတ်စေနဲ့ဗျာ ၊ သူစိမ်းမဆန်ပါနဲ့
.
(7) Don’t be a stranger. You can leave any comments on my post.
သူစိမ်းမဆန်ပါနဲ့ ကျနော်ရေးတဲ့စာမှာ ဘာမှတ်ချက်တွေပဲ ဖြစ်ဖြစ် ချန်ထားခဲ့နိုင်ပါတယ်
…
မေတ္တာဖြင့်

0 comments:
Post a Comment