Wednesday, March 30, 2016

╰☆╮ ကိုငှက် နဲ့ RAP ╰☆╮


Music Crazy Te Te Tar Tar's photo.

 ဒီနေ့ Rap ဂီတ အပေါ်မှာကော ကိုငှက် ဘာတွေ ပြောစရာ ရှိဦးမလဲ
အင်း ဘာမှတော့ ကျွန်တော်သိပ်ပြောစရာ မရှိပါဘူးဗျ။ ဒါလဲ သူတို့လှိုင်းနဲ့ သူတို့ပေါ့။ ဒီအချိန်မှာ သူတို့လှိုင်း အတက်နဲ့ ကြုံတော့ သူတို့လဲ ဒီလှိုင်းကို စီးကြတာပေါ့နော်။ ဟို အားသာချက် အားနည်းချက် ဆိုတာကတော့ တစ်ခုချင်းစီမှာ အကုန်လုံး ရှိကြတာပဲ။ Melody နဲ့ လုပ်လို့မရတဲ့ ကိစ္စကို Rapping နဲ့ လုပ်လို့ရနိုင်တယ်။ Rapping မှာ လုပ်လို့မရတဲ့ ကိစ္စတွေကိုလည်း Melody မှာ လုပ်လို့ရတာဆိုတော့ သူ့နေရာနဲ့သူ အသုံးချနိုင်ဖို့ပဲ အရေးကြီးတာပဲ။

Rock ဂီတကိုကော ဒီအချိန်မှာ မှေးမှိန်လာပြီလို့ ပြောလို့ရမလား။
Rock ကမှေးမှိန်တယ်လို့တော့ ပြောလို့မရဘူးဗျ။ Rock ဂီတက အရင်ပုံစံမျိုးတော့ မဟုတ်တော့ဘူး။ သူလဲ ပြောင်းလဲမှုတွေ ရှိလာတာပဲ။ Kid Rock တို့ Linkin Park တို့ ဘာတို့ သူတို့လိုမျိုး ဒီ Hip Hop နဲ့ နည်းနည်းနှီးနွယ်တဲ့ Rock ပုံစံမျိုးတွေ ဖြစ်ထွန်းလာတာပေါ့။ မှေးမှိန်သွားတယ်လို့တော့ ပြောလို့မရပါဘူး။ သူတို့က ပုံစံတော့ ပြောင်းလာတယ်လို့ ကျွန်တော်ယူဆတယ်။ အခု ပြောင်းလဲ ပြောင်းလာတယ်ပေါ့။ ကျွန်တော့်အမြင်တော့.....။
အနယ်နယ်အရပ်ရပ်က တေးရေးဆရာဖြစ်ဖို့ ကြိုးစားနေကြတဲ့ ချာတိတ်တွေ အတွက်လဲ ကိုငှက် အကြံဥာဏ် တချို့ကို ပြောပေးပါဦး။
သီချင်းရေးဖို့ အတွက်က သိပ်များများ မလိုဘူးဗျာ။ စရေးခါစ ရေးဖြစ်ဖို့ အတွက်က တကယ်အရေးအကြီးဆုံး လိုအပ်တာ တစ်ခုပဲ ရှိပါတယ်။ တကယ်သီချင်းကို မရေးရင် မနေနိုင်လောက်အောင်ကို ရေးချင်နေတဲ့ စိတ် ပြင်းပြဖို့တစ်ခုပါပဲ။ အဲ စိတ်တစ်ခုရှိရင် အကုန်အလိုလို သူ့ဟာသူ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့လဲ ဒီလို ပါပဲ။ အရင်တုန်းက သီချင်းရေးတဲ့ အချိန်က ဒီဂီတလောကနဲ့ နီးစပ်လို့လဲ မဟုတ်ပါဘူုး။ ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ သီချင်းဆိုမယ့် လူလဲ မရှိဘူး။ Recording လုပ်ဖို့လဲ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ကိုယ့်ဟာကိုယ် မရေးရရင် မနေနိုင်လို့ ရေးကိုရေးချင်လို့ကို တအားကို သီချင်းရေးချင်တဲ့ စိတ်ပြင်းပြလို့ နေရေးဖြစ်တာပဲလေ။ အဲဒီတုန်းကလဲ အသိပညာ ဘာမှမရှိသေးဘူး။ သီချင်းဖြစ်အောင် ရေးချင်တဲ့ သီချင်းကောင်းလေးတွေ ဖြစ်အောင် ရေးချင်တဲ့ ပြင်းပြတဲ့စိတ်က ကျန်တဲ့ ဟာတွေ လုပ်ဖြစ်အောင် တစ်ဆင့်ပြီး တစ်ဆင့်စေ့ဆော်သွားတာပါပဲ။
ဂစ်တာတစ်လက်နဲက သီချင်းတစ်ပုဒ် စပ်ဆိုတာနဲ့ Computer နဲ့ သီချင်းတစ်ပုဒ် စပ်ဆိုကြတဲ့အပေါ်မှာ ဘယ်လို ကွာခြားမှုတွေ ရှိနိုင်မလဲ။
ကျွန်တော် အဲဒီအပေါ်မှာ သိပ်ပြီး ကွာကွာခြားခြား ဖြစ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ကျွန်တော် စောစောက ပြောတဲ့ သီချင်းရေးချင်တဲ့ သီချင်းကောင်းလေးတွေ ဖြစ်အောင် ရေးချင်တဲ့ အဲဒီစိတ်ရဲ့ ပြင်းထန်မှုပဲ အဓိက လိုအပ်တာပါပဲ။ Computer ဘယ်လောက်ပဲ ကိုင်ထားကိုင်ထား ဘယ်လောက်ပဲ အဆင့်မြင့်တဲ့ File တွေ ရှိထား ရှိထားပေါ့။ သူ့မှာ အဲဒီ တကယ်တမ်း ပြင်းပြတဲ့ စိတ်မျိုးမရှိရင် သူ ဒါသီချင်းကောင်း ထွက်လာမှာ မဟုတ်ဘူး။ ဂစ်တာတောင် မကိုင်နိုင်ပေမယ့်လဲ သူ့မှာ တကယ်သီချင်းကောင်း ဖြစ်အောင် ရေးချင်တဲ့ ပြင်းထန်တဲ့ စိတ်တကယ် ရှိမယ်ဆိုရင် အဲဒီလူ မရမနေ မဖြစ်မနေ သူကြိုးစားပြီး ရေးမှာပဲ။ အရေးကြီးတာက စိတ်ပါပဲ။ ကျွန်တော်တောင်မှ အခုအချိန်ထိအောင် Computer တစ်ခါမှ မကိုင်ဖူးသေးဘူး။ (ရယ်လျက်)
Studo အခန်းထဲကို ၀င်လာကြမယ့် အဆိုတော် အသစ်၊ Player အသစ် စတဲ့ ဂီတအနုပညာရှင် အသစ်တွေ အတွက် ဘာတွေ ပြင်ဆင်လာသင့်တယ်လို့ ထင်လဲ။
ဟုတ်ကဲံ့။ ပြောရမယ် ဆိုရင်တော့ စောစောကလိုပါပဲ။ ဟိတ်ဓါတ် အဓိကပါပဲ။ ပြင်းပြင်းပြပြ ထက်ထက်သန်ငန်နဲ့ မဖြစ်မနေ ကြိုးစားမယ်ဆိုတဲ့ စိတ်ရှိဖို့ရယ် ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် သွားဖို့အတွက် လက်နက်ကရိယာ တန်ဆာပလာတွေ တပ်ဆင်ဖို့ရယ် အဲဒါလိုတာပေါ့။ စိတ်ဓါတ်အရင်းခံပြီးလို့ရှိရင် ဒီဂီတပညာ လေ့လာဖို့ လေ့ကျင့်ဖို့ သင်ယူဖို့၊ အဲဒီအတွက် အချိန်ပေးရမယ်။ ပြောတော့သာ လွယ်တာဗျ။ လူငယ်တော်တော်များများက ဂီတသင်္ကေတ လေ့ကျင့်ခန်းတွေ၊ ဂီတသီအိုရီပိုင်းဆိုင်ရာ လေ့ကျင့်တဲ့ အချိန်ရဲ့ ငြီးငွေစရာ ကောင်းမှုကို မခံနိုင်ကြဘူးဗျ။ အဲဒီအချိန်က အရမ်းကို ပျင်းရိငြီးငွေ့စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီဟာကပဲ မဖြစ်မနေ ဖြတ်ရမယ့် ကိစ္စကို နားလည်ထားဖို့ အရေးကြီးတယ်။ အဲဒီအခါကျရင်တော့ ဒီပျင်းရိငြီးငွေ့စရာကောင်းတဲ့ အချိန်တွေကို ကျော်လွှားသွားနိုင်မှာပါ။ ဂီတသီအိုရီတွေကို လေ့လာ လေ့ကျင့်ရမယ်၊ သင်ကြားရမယ်၊ သင်ယူရမယ်။ ဆိုချင်တဲ့ လူတွေကျတော့ အဆိုပိုင်းဆိုင်ရာ ပညာရပ်တွေ ဌာန်တွေ မြန်မာလို ဆိုရမယ့်အခါကျတော့ မြန်မာစကားလုံးတွေရဲ့ ဌာန်ကရိုဏ်းကျဖို့၊ ဂရု၊ လဟု၊ ပီဖို့။ အဲဒါတွေလဲ သိအောင် နားလည်အောင် ကျွမ်းကျင်အောင် အတွက်လဲ လေ့လာဖို့လိုတယ်။ နောက် အသက်ကို ဘယ်လိုရှုမယ်၊ ဘယ်လိုထိန်းထားမယ်၊ ဘယ်လိုပေါ့၊ ကိုယ်အနေအထားက အစ သီချင်းဆိုဖို့ ကိုယ်ကို ဘယ်လိုနေရမယ် စသဖြင့် သီချင်းဆိုခြင်း အတက်ပညာကိုလည်း လေ့ကျင့်သင်ယူရမယ်။
Credit ~ we love music

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...