Tuesday, March 15, 2016

50 Common Grammar Mistakes in English (5)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

(21)
Wrong : You should not to smoke.
Right : You should not smoke.
ခင်ဗျား ဆေးလိပ် မသောက်သင့်ဘူး
.
Modal verb နဲ့ Main verb နဲ့ကြားမှာ preposition မရှိရပါဘူး ၊ အငြင်းအတွက် no တို့ not တို့ကတော့ helping verb နောက်က ကပ်ထည့်ရမှာပေါ့နော် ဒါကတော့ သိကြာပြီးသားပဲလေ ။


........................
(22)
Wrong : Do you like a glass of wine?
Right : Would you like a glass of wine?
ဝိုင်တစ်ခွက်လောက် သောက်ပါလား
.
Do you like က ကြိုက်ပါသလားလို့ မေးတာ ၊ ၀ိုင်ကို ကြိုက်ပါသလား ဆိုလျှင် Do you like wine? ဒါပဲရေးပါမယ် ။ ၀ိုင်တစ်ခွက် ကြိုက်ပါသလားလို့ မမေးပါဘူး ။
Would you like .. က မေးတာမဟုတ်ဘူး ၊ တစ်စုံတစ်ခုကို လုပ်ပါလားလို့ အဆိုပြုတာဖြစ်ပါတယ် ၊ “ပါလား” လို့ပဲ ယူရပါမယ် ၊ ဒီဝါကျမှာ verb မပါတော့ ဖြည့်ပြီး နားလည်ရပါမယ်
Would you like (to drink) a glass of wine?
ဝိုင်တစ်ခွက်လောက် သောက်ပါလား..
.
Would you like ကို ဖိတ်ကြားတာမှာလည်း သုံးသေးတယ်
Would you like to join us for dinner tonight?
ဒီနေ့ည ကျနော်တို့နဲ့ ညစာ အတူတူ စားပါလား
..................................
(23)
Wrong : There is seven girls in the class.
Right : There are seven girls in the class.
အတန်းထဲမှာ မိန်းကလေး ခုနှစ်ယောက် ရှိပါတယ်
.
There is/there are ပုံစံမှာ subject ဟာ V-be နောက်မှာရှိပါတယ် ၊ နောက်က Subject နဲ့ အနည်းအများ ညီအောင် ညှိရပါတယ် ။ seven girls ဆိုတော့ are ပဲ ဖြစ်တော့မှာပေါ့နော ။
There is / there are ပုံစံကို “တစ်နေရာမှာ တစ်ခုခုရှိတယ်ဆိုတာ အလေးပေးပြောဖို့” သုံးပါတယ် ။ There is, It is ပုံစံတွေမှာ There တို့ It တို့ဟာ အဓိပ္ပါယ်အတွက် မဟုတ်ပါဘူး ၀ါကျပုံစံအတွက် အပိုထည့်ထားတာ ဖြစ်ပါတယ် ။
There are seven girls in the class. ကနေ there ကိုဖြုတ် Sub နဲ့ verb ကို ရိုးရိုးဝါကျပုံစံအတိုင်း ပြန်ထားလျှင် Seven girls are in the class. လို့ ရမယ် ၊ အဓိပ္ပါယ်အားဖြင့်တော့ အတူတူပါပဲ ။ Sub နဲ့ verb အနည်းအများ ညီအောင် ညှိဖို့ ပိုပြီး မြင်သာပါတယ် ။
.......................................
(24)
Wrong : I didn’t meet nobody.
Right : I didn’t meet anybody.
ကျနော် ဘယ်သူနဲ့မှ မတွေ့ဆုံခဲ့ပါဘူး
.
ပထမ၀ါကျမှာ don’t နဲ့ nobody အငြင်းနှစ်ခု ထပ်နေပါတယ် ၊ အငြင်း နှစ်ခုထပ်နေလျှင် အငြင်းအဓိပ္ပါယ် မထွက်ပါဘူး
...........................................
(25)
Wrong My flight departs in 5:00 am.
Right My flight departs at 5:00 am.
ကျနော့်လေယာဉ်ခရီးစဉ်က မနက် ၅ နာရီမှာ ထွက်ခွာမှာ ဖြစ်ပါတယ်
.
5 နာရီဆိုတဲ့ တိကျတဲ့ အချိန်ကြောင့် at ကိုရွေးရတာပါ
....................................................
ကဲ ဒါလေးစမ်းကြည့်ပါဦး ပွတ်သီကပ်သီလေး ၊ ပွတ်ကာသီကားလေး ပဲ ပြင်ရမှာနော်
We waited one and a half hour.
...
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...