Friday, February 21, 2014

အတုအယောင်တွေ

Vol-2,No-7

ချစ်သောသားလေးရဲဝဏ္ဏ...
ေေ ဖေဖေ ဒီစာရေးချိန်မှာ ယာဘက် လက်ညှိုးထိခိုက်ထားလို့ နာနေတယ်။ ဒါ ကြောင့် ဖေဖေဖြည်းဖြည်းချင်းပဲ ရေးနေရတယ်။ ဘာကြောင့် လက်ညှိုးထိခိုက်တာလဲဆိုတာ သားလေး သိချင်နေလိမ့်မယ်။

ပြီးခဲ့တဲ့ အပတ်က ကန့်ဘလူမြို့နယ် ထဲက မလည်မြို့အနီးမှာရှိတဲ့ 'လေးတွင်း စဉ်' ဆိုတဲ့ ရွာကလေးကို ဟောပြောပွဲ အသွား ရထားစီးတော့ ပြတင်းတံခါး ပြုတ်ကျပြီး လက်ထိခိုက်သွားတာပဲ။ အဲ သည် ပြတင်းတံခါး ပြုတ်ကျနိုင်တယ် ဆိုတာ ရထားစထွက်ကတည်းက တွဲထိန်း လေး သတိပေးလျက်နဲ့ ဖေဖေဖြစ်သွားတာ ပါ။ မန္တလေးအဝင်မှာ ပြတင်းတံခါးဖွင့် ရာကနေ ဖြစ်သွားတာပေါ့။
သားလေးရေ...
ရန်ကုန်ကနေ ရထားစထွက်တော့ တွဲထိန်းလေးက ပြတင်းတံခါး ကန့်လန့် (မင်းတုန်း) မမိတမိ ဖြစ်နေတယ်။ သတိ ထားပါလို့ ပြောခဲ့ပါတယ်။ ဖေဖေ စဉ်းစား မိတယ် သား။ ပြတင်းတံခါး အချိန်မရွေး ပြုတ်ကျနိုင်တာကို သိလျက်နဲ့ ဘာကြောင့် တာဝန်ရှိ တွဲစစ်တွေ၊ တွဲစစ်မှူးတွေကို အကြောင်းမကြားတာလဲ။ သူသာ အ ကြောင်းကြားမယ်ဆိုရင် အန္တရာယ်မဖြစ် အောင် ပြင်ဆင်ပေးလိုက်ကြမှာ မဟုတ် ဘူးလား။ အခုတော့ ပြင်ဆင်ပေးဖို့ မ ဆောင်ရွက်ဘဲ 'သတိထားပါ' 'သတိထားပါ' ပြောနေတာကတော့ တာဝန်ကျေတယ်လို့ ဖေဖေ မထင်ဘူး။ အဲသည်လိုပဲ ''သတိ ထားပါ'' ပဲ ဆက်ပြောနေရင်တော့ ဖေဖေ့လိုပဲ ထိခိုက်တဲ့သူတွေ ရှိလာမှာပဲ။ ဒါကြောင့် ဖေဖေ ရန်ကုန်ပြန်ရောက်တာနဲ့ အဲသည် တွဲနံပါတ်နဲ့ ပြတင်းတံခါးတွေ ပြန်လည် စစ်ဆေး ပြုပြင်ပေးလိုက်ရင် စိတ်ချသွား ရပြီပေါ့။
အဲသည်နေ့မှာပဲ ရထား လုံခြုံရေး လိုက်လာတဲ့ ရဲတစ်ယောက်က ''ခရီးသည် များ ကိုယ့်ပစ္စည်းကိုယ် ဂရုစိုက်ပါ။ အ လစ်သုတ်သမားများ ရှိနိုင်ပါတယ်'' ဆိုပြီး လိုက်သတိပေးနေပြန်တယ် သားရယ်။ ရုတ်တရက်ဆိုရင်တော့ သူ သတိပေးတာ က ကျေးဇူးတင်စရာကြီးနော်။ ခရီးသည် တွေရဲ့ ပစ္စည်းတစ်ခုခုသာ အလစ်သမား နောက် ပါသွားရင် ''ကဲ..ကျွန်တော် မပြောဘူးလား''လို့ ရဲသားကြီးက ပြောနေ လိမ့်မယ်ထင်တယ်။ သားရေ တကယ် ဖြစ်သင့်တာက ''ခရီးသည်များ လွတ်လပ် အေးချမ်းစွာနေပါ ခရီးသည်များ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...