Monday, February 24, 2014

သန်၎ကို-စိတ်ဂယောက်ဂယက်ဖြစ်နေသည်။

အင်း....
ဘာလိုလိုနဲ့ ဒီ ဂျူရောင်းကျွန်းပေါ်က JAC ပရောဂျက်မှာ ကိုရီးယားတွေနဲ့ တွဲပြီး အလုပ်လုပ်လာခဲ့တာ ၂ နှစ်တောင် ကျေ်ခဲ့ပြီကော...
ခု လာမယ့် 28-02-2014 သောကြာနေ့ဟာ ဒီ JAC လုပ်ငန်းခွင်မှာ ငါရှိနေမယ့် နောက်ဆုံးရက်ပါလား...
ပြီးရင် ဟိုး ပင်လယ်ထဲက ကျွန်းတစ်ကျွန်းဖြစ်တဲ့ Bukom မှာ သွား အလုပ်လုပ်ရတော့မယ်။

ဒီ လုပ်ငန်းခွင်ကြီးကို ခွဲရတော့မယ်ဆိုတော့ စိတ်ထဲမကောင်းဘူး
ရက်ပေါင်း ၈ဝဝ လောက် ကျင်လည်ခဲ့တဲ့ နေရာဒေသတစ်ခုကို မသိစိတ်က သံယောဇဉ်တွယ်နေတယ် ထင်ပါရဲ့


ပြီးတော့ ...
တရုံးထဲမှာ အတူလက်တွဲပြီး အလုပ်လုပ်ခဲ့ကြရတဲ့ ကိုရီးယားမလေးတွေကိုလည်း ထားခဲ့ရမှာ ရင်ထဲ မချိ... ဂိ ဂိ

မြန်မာပြည်မှာတုန်းက ကိုရီးယားဇာတ်လမ်းတွဲတွေ အခါအားလျော်စွာကြည့်ဖြစ်တယ်။
အဲဒီ ဇာတ်းလမ်းတွေထဲမှာတော့ ကကြီးမလေးတွေက ကကြီးကောင်တွေကို ရည်းစားစကား စစပြီး ပြောပြောနေတာ တွေ့တယ်...
ခု ငါ့ကျတော့ ဘယ်ဂုစ္ဆာမမှ လာမပြောသေးပါလား ဟင်... တေနာမဒေ
စောင့်လိုက်ရတာ ၂ နှစ်တောင်ကျော်လာပြီ

ဟို... ပရောဂျက်ဒါရိုက်တာရဲ့ အတွင်းရေးမှူးမလေးကတော့ မဆိုးပါဘူး
လူတွေ့ရင် ရည်းစားစကားလာမပြောပေမယ့် ပြုံးပြုံးပြရှာတယ်။
ကိုယ့်မှာ သူပြုံးပြတာ ကြည့်ချင်လို့ သူ့အခန်းရှေ့က ဖြတ်ဖြတ်လျှောက်ရတာ.. တနေ့ကို ၃၆ခေါက် လောက်ရှိတယ်။
မောပ့ါ...

ဟို... ပရောဂျက်မန်နေဂျာရဲ့ အတွင်းရေးမှူးမကတော့ မမိုက်ဘူး။
လူက ဝဝဖိုင့်ဖိုင့် အစ်တစ်တစ်နဲ့
အဲဒါ ဘယ်သူက မြောက်ပေးတယ် မသိဘူး ဝိတ်ချလိုက်ပုံရပါတယ်
၁၅ ပေါင်လောက် ကျသွားပြီး ကိုယ်လုံးကပိန်သွားပေမယ့် ဖင်က ကျန်ခဲ့တယ်
အဲဒီတော့ ဘာနဲ့သွားတူသလဲဆိုတော့ Chives ပုလင်းကြီးလိုပဲ ... ငိ ငိ ငိ ခွီးစ်

QC ဌာနက စာရေးမ ပိန်တိန်လိန်တိန်ကိုတော့ မျက်နှာသာကို မပေးဘူး
ဘယ့်နှယ့်ဗျာ... ရုပ်ကဆိုးရတဲ့အထဲ အလုပ်လုပ်တာ ပေါ့တီးပေါ့ဆနဲ့
နောက်ရက်စစ်ရမယ့် Notice for inspection တွေကို ဒီနေ့ ညနေ ၅ နာရီမထိုးခင် စားပွဲပေါ်လာတင်လို့ သူ့ကိုအမြဲပြောတယ်... ၆ နာရီခွဲလို့ အောက်မှာ ကားစောင့်နေပြီ သူက လာမတင်သေးဘူး
နေ့တိုင်း ငေါက်နေရတယ်... ရုပ်ချောရင် မငေါက်ပါဘူး နည်းနည်းပါးပါး နောက်ကျတာ ခွင့်လွတ်လို့ ရပါတယ်
မန္တလေးသားပါ ဒီလောက် စိတ်မကြမ်းပါဘူး

ဟိုအကောင် QA/QC မန်နေဂျာဆိုတဲ့ကောင်
ခုထိ မျက်နှာကြောမတည့်သေးဘူး
Site ထဲမှာ ဘာဆိုဘာမှ မရှိခင်ကတည်းက အတူလက်တွဲလုပ်လာတာ ခု လုပ်ငန်းကြီးတစ်ခုလုံး အောင်အောင်မြင်မြင်နဲ့ ပြီးနေပြီ
ကိုယ်စကားပြောမှားတာလေးကို ခုထိ အညိုးက မပြေနိုင်သေးဘူး
အေပေး...
Site အစတုန်းက သူနဲ့ လုပ်ငန်းအကြောင်း ပြောကြရင်း တခြားရောက်တတ်ရာရာလေးတွေ ပြောဖြစ်ကြတယ်။
သူ့နိုင်ငံအကြောင်း ကိုယ့်နိုင်ငံအကြောင်းပြောကြရင်းနဲ့ ကိုယ်ကပြောမိတယ်... .....

"ငါတို့ နိုင်ငံမှာတော့ မင်းတို့ကိုရီးယား ဇာတ်ကားတွေက လူကြိုက်များတယ်ကွ"
"ဟုတ်လား..."
"ကိုရီးယား မင်းသားမင်းသမီးတွေ အားလုံးကို သိကြတယ်"
"ဟား... ကောင်းတာပေါ့"
"အေးကွ... ဒါပေမယ့် ငါ နားမလည်တာ တခုတော့ရှိတယ်..."
"ဘာတုန်း..."
"အဲဒီ... ဇာတ်ကားထဲက ကိုရီးယားတွေကျတော့ အကုန်လုံး ရုပ်ချောပြီး မင်းတို့ကျတော့ ဘာလို့ ဂလောက်တောင် ရုပ်ကြီးတွေ ဆိုးနေရတာလဲငင်.... "
"ဘာတွ.... "
"အမ်မလေး လန့်ထှာကွာ... ဖြေးဖြေးအော်ပါဟ"

အဲဒီကတည်းက အဲဒီမန်နေဂျာ ကျုပ်ကို အိမ်သာထဲတွေ့ရင်တောင် မခေါ်တော့ဘူး ဟီး ဟီး...

အမ်မယ်...
တရုံးလုံးရုပ်ဆိုးတယ် ပြောရင် မမှန်ဘူး
ရုပ်တော်တော်ချောတဲ့ ကကြီးကောင်တစ်ယောက်တော့ ရှိတယ်
သူက Admin ဌာနက၊ ရုံးစတိုကို သူကိုင်တာ။
စာရေးကိရိယာကအစ၊ စတိုထုတ်ဆို သူ့ဆီက ထုတ်ရတာ

တရက်တော့ ရုံးက ယူနီဖောင်းသုံးစုံထုတ်ပါတဲ့
Site ထဲမှာ ကိုယ့်ကိုယ်ပိုင်ဝတ်စုံ မဝတ်ရဘူးတဲ့
ဒါနဲ့ ခုနက ပြောတဲ့ ကိုလူချောဆီ သွားထုတ်ရတာပေါ့
အင်္ကျီ Sizeေ၇ွးဖို့ စတိုခန်းထဲ လိုက်သွားတယ်
သူတို့အင်္ကျီတွေက ပုံမှန်လို S တွေ၊ M တွေ၊ L တွေ၊ XL တွေ မဟုတ်ဘူး
90, 95, 100, 105, 110 စတဲ့ နံပတ်တွေနဲ့
ကိုယ်နဲ့က ဘယ်နံပတ်နဲ့ တော်လဲ မသိ
ဒါနဲ့ အနီးစပ်ဆုံးတစ်ထည်ကို ဝတ်ကြည့်မယ်လေဆိုပြီး... ကိုယ်ဝတ်လာတဲ့ ရှပ်အင်္ကျီကိုလည်း ဆွဲချွတ်လိုက်ရော...
အောင်မယ်လေး... ကိုယ်တော်ချောက သူ့မျက်နှာကို လက်ဝါးလေးနဲ့အုပ်လို့ ဖင်လေး လိမ်ကျလစ်လိမ်ကျလစ်နဲ့ အခန်းထဲက ထွက်ပြေးသွားပါလေရော...
ပါးစပ်ကလည်း အော်သွားသေးတယ်... "ရှက်တယ် ရှက်တယ်"... ဒဲ့
တေဂျမ်းကွာ..
င့ါနှယ်... ကိုရီးယားထဲက တရုံးလုံးမှ ရှားရှားပါးပါး လူုချောတစ်ယောက် ပါပါတယ်အော်က်မေ့နေတာ...
မအေပေးက... ခြောက်ခြောက်လေးကိုး

ဂလိုမှန်းသိ ခပ်စောစောထဲက ဖမ်းပြီး နမ်းလွတ်ပါတယ်...

အဲလေ ငါဘာတွေ တွေးနေပါလိမ့်
မကြံကောင်း မစည်ရာ... ငီးငီး
  တော်ပြီ..
ဆက်ရေးနေရင် ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်ကုန်လိမ့်မယ်

The End။

သန်၎ကို-စိတ်ဂယောက်ဂယက်ဖြစ်နေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...