ဗိုလ်သာထူးအတွက် အမှတ်တရ
မိမိမှာ ကြီးကျယ်တဲ့ အတ္ထုပ္ပတ္တိ မရှိပါ။ သမိုင်းဝင်လုပ်ဆောင်ချက်တွေ လည်း
မရှိခဲ့ပါ။ မိမိ ငယ်စဉ်က နွားကျောင်းသား လုပ်ဖူးတယ်။ အသက်(၇)နှစ်က စပြီး
အသက် (၁၁)နှစ် အထိပေါ့။ နွားတစ်ကောင်ကို စပါး (၅)တင်းရလို့ စာရေးသူတို့က
နွားအကောင်(၂၀)လောက် ကျောင်းရင် စပါးတင်း(၁၀၀)ကို မိဘအတွက်
ရှာပေးနိုင်ပါတယ်။
အသက် (၁၁)နှစ်မှာ ဘုန်းကြီးကျောင်းသားလုပ်ဖို့  အိမ်ကို ကတိနှစ်ခု ပေးခဲ့ရတယ်။ ပထမကတိမှာ ဥပုသ်နေ့တိုင်း
အကိုအတွက် နွားကျောင်းပေးရမယ်။ ဒုတိယကတိမှာ နွေရာသီရောက်တိုင်း
ဘုန်းကြီးကျောင်းကနေ summer break ယူပြီး အိမ်ကို ကူရမယ်။ အဲဒီခြွင်းချက်
(၂)ခုနဲ့ ဘုန်းကြီးကျောင်းနေခွင့် ရခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ မွန်စာ၊
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ သင်ပေးပါတယ်။
နွားကျောင်းသားဘဝဟာ ငြိမ်းချမ်းတဲ့ ဘဝတစ်ခု ဖြစ်တယ်။ မွန်မြတ်တဲ့ ဘဝတစ်ခုလည်း ဖြစ်ကြောင်း ပြောလိုပါတယ်။ နွားကျောင်းသားလုပ်ရင် တိရစ္ဆာန်များနဲ့ လူသားတို့ဆက်ဆံရေးကိုလည်း ထူထောင်နိုင်ရပါ့မယ်။ နွားကျောင်းသားများနဲ့ နွားတွေကြားမှာ ရှိတဲ့ အပြန်အလှန်လေးစားမှုကို နွားကျောင်းသားများပဲ သိနိုင်ကြပါတယ်။ အပြန်အလှန်လေးစားမှု မရှိရင် နွားကိုတောင် ကောင်းကောင်းမကျောင်းနိုင်ပါ။
နွားကျောင်းရင် အဖော်ကောင်းရှိဖို့လည်း လိုပါတယ်။ စာရေးသူရဲ့ အဖော်ကောင်းကတော့ ဗိုလ်သာထူးပါ။ ဗိုလ်သာထူးဆိုတာ ခွေးတစ်ကောင်ပါ။ ဗိုလ်သာထူးလို့ အမည်တွင်ပုံမှာ ရွာထိပ်မှာ တံတားတစ်ခု ရှိပါတယ်။ တောက ပြန်လာတဲ့ စာရေးသူတို့မိသားစုနဲ့အတူ ခွေးတစ်ကောင်လည်း ပါလာပါတယ်။ တံတားမှာ ရှိနေတဲ့ ဗိုလ်သာတူးက ခွေးကို ချက်စားဖို့ သေနတ်နဲ့ ပစ်ပါတယ်။
ခွေးလေးက သေပြီလို့ တွက်ပြီး မိသားစုဝင်တို့က စိတ်မကောင်းခြင်းကြီးစွာနဲ့
အိမ်ကို ပြန်လာကြပါတယ်။ နှစ်ညမြောက်မှာ အိမ်အောက်မှာ ခွေးငြီးသံကြားလို့
ဆင်းကြည့်ရာ ပေါင်မှာ သေနတ်ဒဏ်ရာနဲ့ အိမ်ကို အရောက်ပြန်လာတဲ့ ခွေးလေးကို
တွေ့ရပါတော့တယ်။ ခွေးကို ရိုးရာနည်းနဲ့ အကောင်ဆုံး ကုပေးခဲ့ပေမဲ့
ခြေထောက်တစ်ဖက်ကို ကောင်းအောင် မလုပ်နိုင်ခဲ့ပါဘူး။ အသက်ပြင်းတဲ့
အိမ်ကခွေးကို သူ့ကို ပစ်ခဲ့တဲ့ စစ်သားအမည်ကိုပဲ (ဗိုလ်သာထူး)လို့
ပေးလိုက်ကြပါတော့တယ်။
ဗိုလ်သာထူးဟာ အင်မတန်မှ လိမ္မာရေးခြားရှိပါတယ်။ မိမိငယ်စဉ်က ခြေ(၃)ချောင်းပိုင်ရှင် ဗိုလ်သာထူးနဲ့ အပြေးပြိုင်လေ့ ရှိပါတယ်။ တစ်...နှစ်...သုံး ရေတွက်လို့ ပြည့်မှ တာထွက်ရမှန်းလည်း ဗိုလ်သာထူးက သိပါတယ်။ ပြိုင်တိုင်းလည်း ဗိုလ်သာထူးကို ရှုံးလေ့ရှိပါတယ်။
နွားကျောင်းသားဘဝမှာ ဗိုလ်သာထူးဟာ မိမိအတွက် အားကိုးရာ ဖြစ်ပါတယ်။ နွားကို လွှတ်တဲ့အချိန်၊ စုတဲ့အချိန်၊ ရှာတဲ့အချိန်၊ အိမ်ပြန်ပို့တဲ့အချိန်ဆိုရင်
ဗိုလ်သာထူးကို အားကိုးလို့ ရတယ်။ နွားတွေကလည်း ဗိုလ်သာထူးဆိုတာ
မိမိလက်ထောက်ဖြစ်ကြောင်း သိကြပုံပေါ်ပါတယ်။ ဗိုလ်သာထူးဟာ
အန္တရာယ်ကျရောက်တဲ့အချိန်မှာလည်း
တာဝန်ကျေပါတယ်။ မိမိကို ဘယ်တော့မှ စွန့်ခွာသွားလေ့မရှိပါ။
မိုးကြီးသည်းထန်လို့ ချောင်းကျရေ ကြီးတဲ့အခါ၊ မြွေ၊ တောဝက် အစရှိသည့်
တောရဲတိရစ္ဆာန်များနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တောနက်ထဲရောက်လို့
လမ်းမှားတဲ့အခါမှာလည်း အလွန်အားကိုးရပါတယ်။
ဒီပုံကို လရိပ်ငယ်ဆီမှာ တွေ့ရပါတယ်။ ဒီပုံကို မြင်လို့ ဗိုလ်သာထူးကို သတိရမိတယ်။ ထမင်းအတူ စားခဲ့ကြတာကိုလည်း မြင်ယောင်မိတယ်။ မိမိက ရှင်သာမဏေဝတ်ပြီး မကြာခင်မှာပဲ သေသွားတဲ့ ဗိုလ်သာထူးကို ကောင်းကောင်းမြှုပ်နှံခဲ့သလား
မသိနိုင်တော့ပါ။ ဗိုလ်သာထူးနဲ့အတူ အတူနေခဲ့ဖူးတဲ့ အချိန်လေးကို
ပြန်ရချင်မိတယ်။ ပြန်များရနိုင်ရင် အဲဒီနွားကျောင်းသားဘဝကိုပဲ
ပြန်ရချင်တယ်လို့ ပြောရင် လွန်များလွန်လေမလားပဲ။ ဗိုလ်သာထူး ကောင်းရာသုဂတိ
လားပါစေ။
အသက် (၁၁)နှစ်မှာ ဘုန်းကြီးကျောင်းသားလုပ်ဖို
နွားကျောင်းသားဘဝဟာ ငြိမ်းချမ်းတဲ့ ဘဝတစ်ခု ဖြစ်တယ်။ မွန်မြတ်တဲ့ ဘဝတစ်ခုလည်း ဖြစ်ကြောင်း ပြောလိုပါတယ်။ နွားကျောင်းသားလုပ်ရင် တိရစ္ဆာန်များနဲ့ လူသားတို့ဆက်ဆံရေးကိုလည်း ထူထောင်နိုင်ရပါ့မယ်။ နွားကျောင်းသားများနဲ့ နွားတွေကြားမှာ ရှိတဲ့ အပြန်အလှန်လေးစားမှုကို နွားကျောင်းသားများပဲ သိနိုင်ကြပါတယ်။ အပြန်အလှန်လေးစားမှု မရှိရင် နွားကိုတောင် ကောင်းကောင်းမကျောင်းနိုင်ပ
နွားကျောင်းရင် အဖော်ကောင်းရှိဖို့လည်း လိုပါတယ်။ စာရေးသူရဲ့ အဖော်ကောင်းကတော့ ဗိုလ်သာထူးပါ။ ဗိုလ်သာထူးဆိုတာ ခွေးတစ်ကောင်ပါ။ ဗိုလ်သာထူးလို့ အမည်တွင်ပုံမှာ ရွာထိပ်မှာ တံတားတစ်ခု ရှိပါတယ်။ တောက ပြန်လာတဲ့ စာရေးသူတို့မိသားစုနဲ့အတူ ခွေးတစ်ကောင်လည်း ပါလာပါတယ်။ တံတားမှာ ရှိနေတဲ့ ဗိုလ်သာတူးက ခွေးကို ချက်စားဖို့ သေနတ်နဲ့ ပစ်ပါတယ်။
ခွေးလေးက သေပြီလို့ တွက်ပြီး မိသားစုဝင်တို့က စိတ်မကောင်းခြင်းကြီးစွာနဲ့
ဗိုလ်သာထူးဟာ အင်မတန်မှ လိမ္မာရေးခြားရှိပါတယ်။ မိမိငယ်စဉ်က ခြေ(၃)ချောင်းပိုင်ရှင် ဗိုလ်သာထူးနဲ့ အပြေးပြိုင်လေ့ ရှိပါတယ်။ တစ်...နှစ်...သုံး ရေတွက်လို့ ပြည့်မှ တာထွက်ရမှန်းလည်း ဗိုလ်သာထူးက သိပါတယ်။ ပြိုင်တိုင်းလည်း ဗိုလ်သာထူးကို ရှုံးလေ့ရှိပါတယ်။
နွားကျောင်းသားဘဝမှာ ဗိုလ်သာထူးဟာ မိမိအတွက် အားကိုးရာ ဖြစ်ပါတယ်။ နွားကို လွှတ်တဲ့အချိန်၊ စုတဲ့အချိန်၊ ရှာတဲ့အချိန်၊ အိမ်ပြန်ပို့တဲ့အချိန်ဆိုရင
ဒီပုံကို လရိပ်ငယ်ဆီမှာ တွေ့ရပါတယ်။ ဒီပုံကို မြင်လို့ ဗိုလ်သာထူးကို သတိရမိတယ်။ ထမင်းအတူ စားခဲ့ကြတာကိုလည်း မြင်ယောင်မိတယ်။ မိမိက ရှင်သာမဏေဝတ်ပြီး မကြာခင်မှာပဲ သေသွားတဲ့ ဗိုလ်သာထူးကို ကောင်းကောင်းမြှုပ်နှံခဲ့သလာ
0 comments:
Post a Comment