Tuesday, February 25, 2014

Miss Myanmar ခင်ဝင့်ဝါအတွက် ဆုနှစ်ဆုကို Global Beauties နှင့် Missosology တို့ မှ မြန်မာနိုင်ငံတွင် လာရောက်ပေးအပ်မည်


Miss Supranational Myanmar ခင်ဝင့်ဝါကို ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များဖြစ်သည့် Global Beauties နှင့် Missosologyတို့ မှ ကမ္ဘာ့အကောင်းဆုံး အလှမယ် စာရင်းဝင် အဖြစ် ဆုများချီးမြှင့်ကြမည်ဟု သိရသည်။



ခင်ဝင့်ဝါကို ဖိလစ်ပိုင် အခြေစိုက် အလှမယ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Missology ကလည်း Miss Supranational ပြိုင်ပွဲတွင် ဆုမပေးအပ်ခဲ့ရသည့် People Choice
Award ဆုကို Miss Golden LandMyanmar 2014 ပြိုင်ပွဲတွင် ပေးအပ်မည်
ဖြစ်ပြီး တောင်အမေရိကားတိုက် အခြေစိုက် အလှမယ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Global Beauties ကလည်း Miss Grand Slam Popularity ဆုကို ပေးအပ်မည်
ဖြစ်သည်။

Miss Golden Land Myanmar 2014 ဒါရိုက်တာ ကိုဝေယံအောင်က " ခင်ဝင့်ဝါက Miss Supranational မှာ People Choice Award ဆု အတွက် အသိအမှတ်ပြု ခံရပေမယ့် Missosology ပိုင်ရှင်က ပွဲကို ကိုယ်တိုင် မလာနိုင်တော့ ဆုမချီးမြှင့်
ပေးခဲ့ရဘူး။ အဲဒါကြောင့် Global Beauties နှင့် Missosology တို့ကသူတို့
မြန်မာပြည်ကို ရောက်ရှိလာတုန်း ခင်ဝင့်ဝါ ရရှိခဲ့တဲ့ ဆုတွေကို ပေးအပ်သွားမှာပါ "
ဟု ပြောသည်။

Global Beauties Website ကြီးကလည်း ခင်ဝင့်ဝါကို ကမ္ဘာ့ အလှမယ်ပြိုင်ပွဲ
ကြီးများအားလုံးရဲ့ ပရိသတ်များ ချစ်ခင်အားပေးခြင်းအခံရဆုံး Miss Grand
Slam Popularity ဆုနဲ့ Missosologyက ပေးအပ်မည့် People Choice Award ဆုများကို Miss Golden Land Myanmar 2014 Final Night တွင် ချီးမြှင့်မည်
ဖြစ်သည်။

Global Beauties Website နဲ့ Missosology Website တို့မှ တာဝန်ရှိသူများက
မေလတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည့် Miss Golden Land Myanmar
2014 ပြိုင်ပွဲ၌ နိုင်ငံခြားပညာရှင်ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပြီး Miss Golden Land Myanmar 2014 ပြိုင်ပွဲကို မေလ ပထမပတ်တွင် စတင်ကျင်းပမည်
ဖြစ်ပြီးပြိုင်ပွဲသည် ၃ပတ်ကျော် ကြာမြင့်မည်ဖြစ်သည်။ Final ပြိုင်ပွဲကြီးကိုမူ မေလ
တတိယပတ်တွင် ကျင်းပမည်ဟု သိရသည်။

Miss Myanmar ခင်ဝင့်ဝါသည် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးများတွင်
မြန်မာနိုင်ငံ၏ ပထမဆုံးသော Semi-final စကာတင်စာရင်းဝင်အဖြစ် ရွေးချယ်ခြင်း
ခံခဲ့ရသည့် Miss Myanmar တစ်ဦးဖြစ်ပြီး ဆုအများဆုံး ရရှိခဲ့သော Miss Myanmar လည်းဖြစ်သည်။

သူမသည် ယခုချိန်အထိ နိုင်ငံတကာမှ ပညာရှင်များ အဖွဲ့ အစည်းများက ပေးအပ်
ချီးမြှင့်သော ဆုပေါင်း (၁၀)ခုကျော်ကို ရရှိထားသည့်မြန်မာပြည်၏ တစ်ဦးတည်း
သော အလှမယ် ဖြစ်သည်။

ခင်ဝင့်ဝါသည် ၂၀၁၃ ခုနှစ်၏ အလှမယ်ပြိုင်ပွဲ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်
ခဲ့သော အလှမယ်(၁၀၀၀) ကျော်အနက် ထိပ်ဆုံး (၄)ယောက်မြောက် စာရင်းဝင်
ဖြစ်ခဲ့သည်အထိ အောင်မြင်မှုရရှိကာမြန်မာ့အလှကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။

သတင်း- ပန်းမြတ်ဇော်(မဇ္ဈိမ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...