Monday, February 24, 2014

အာဏာ ၊ ခွာနာ ၊ လျှာနာ . . .



ဒီနေ့စီနီယာတစ်ယောက်နဲ့အရက်သောက်ကြတယ် ။ စီနီယာဆိုပေမယ့်
သူက ရဲဘော် ။ လုပ်သက်ကတော့ ရင့်သလားမမေးနဲ့ ။ ဆယ့်ငါးနှစ်လောက် ရှိပြီ ။ အသက် ၁၈ မပြည့်ခင်ကတည်းက ၀င်ခဲ့သလားပဲ ။ သူပြောတာတွေ ပြန်ပြောပြမယ် ။ မယုံရင် ပုံပြင်မှတ် ။


သူက ၀န်ထမ်းပီသတယ် ။ ၀န်ထမ်းပီသတယ်ဆိုတာက ဌာနအပေါ် သစ္စာ
ရှိတယ် ။ ဒါပေမယ့် တောင်းသင့်တဲ့အခါ တောင်းတယ် ။ ကူညီသင့်တဲ့
အခါကူညီတယ် ။ အဲ့လိုလူစားမျိုး ။ အဲ့ဒီ ဝေါဟာရတွေ ရှင်းပြနေရင်
စာရှည်သွားမယ် ။ ဒီတော့ ၀န်ထမ်းပီသတယ်ဆိုတာ လုပ်သင့်တဲ့အလုပ်
ကိုလုပ်တယ် ၊ မလုပ်သင့်တဲ့အလုပ်ကိုလည်း လုပ်သင့်သလို လုပ်တယ်
လို့သာမှတ်လိုက် ။

ကျနော်စာလိုရေးရင် စာထောက်နေလိမ့်မယ် ။ ဒါကြောင့် သူ့စကားပြော
နဲ့သာရေးလိုက်တယ် ။ သဘောကျရင်ကျ ၊ မကျရင်နေ ၊ ကျနော်ကတော့
လူတွေ သံဝေဂ ရအောင် ၊ သိသင့်တဲ့ထင်တဲ့ သမိုင်းတစိတ်တပိုင်းမို့
ရေးလိုက်တယ် ။ သူပြောတာကဒီလို ။

အစ . . .

  အေး . . . ၂၀၀၄ ခုနှစ်အစလောက်ကပေါ့ကွာ ။ ငါက တံခါးကြီးတာဝန်ကျ
တာပေါ့ကွ ။ အဲ့ . . . တာဝန်ကျတယ်ဆိုလို့ သောက်ထင်မကြီးနဲ့ ။ ငါမူး
နေတာ ။ ခေတ်က လည်း ဒီလိုခေတ်မဟုတ်ဘူး ။ စစ်တပ်ခေတ်ကွာ ။
စစ်တပ်ခေတ်ဆိုတော့ကွာ ၊ မင်းသိတဲ့အတိုင်း ဟို ထောက်လှမ်းရေးက
ကောင်တွေက သောက်ဆရာကြီးလုပ်နေတာ ။ အေးအေး ဟုတ်တယ် ။
အဲ့တုန်းက ဒီကောင်တွေက မပြုတ်သေးဘူး ။ လာမယ် ။ လာမယ် ။
အဲ့အကြောင်းကိုပြောမှာ ။

ငါက တံခါးကြီး ကို ည ၆ နာရီကတည်းက ဂျုတီချိန်းရတာ ။ ကစ်လာ
တာပေါ့ ။ ယောင်္ကျားပဲကွာ ။ ကစ်လာတာပေါ့ ။ ကစ်လာတော့ မူးနေပြီ
လေ ။ မူးနေတော့ အိပ်တာပေါ့ ။ အိပ်နေတုန်းကွာ ည ၁၁ နာရီလောက်
ကြတော့ ။ ထောင်တံခါးကြီးကို လာခေါက်တယ် ။ ငါလဲ အိပ်ချင်မူးတူးနဲ့
တံခါးကြီးအပေါက်ကနေ ချောင်းကြည့်တယ် ။ လူတစ်ယောက်ပေကြောင်
ပေကြောင်နဲ့ရပ်နေတာ ။ ငါက အပေါက်ကလေးကနေ လှမ်းမေးတယ်။

ခဗျား ဘာကိစ္စလဲဆိုတော့ ။ ထောက်လှမ်းရေးကပါတဲ့ . . . လုံခြုံရေး
လာစစ်ဆေးတာပါတဲ့ ။ ဒါနဲ့ ငါလည်း တံခါးသေး ဖွင့်ပေးလိုက်တယ် ။
အထဲ ၀င်လာတဲ့ ငတိက အရက်နံ့ ဟောင်နေတာမှ ငါသောက်ထားတဲ့
ကောင်တောင် ခေါင်းမူးသွားတယ် ။ ဒါနဲ့ ငါလည်းဒီကောင်ဘာကောင်
လည်းပေါ့ ။

ဟိတ်လူ ။ ခဗျားထောက်လှမ်းရေးက ဘာအဆင့်လဲဆိုတော့ သူက ငါ့
ကို မင်း ငါ့ကို အဆင့်မေးစရာမလိုဘူးတဲ့ ။ ငါသိတယ် ။ ဒီကောင်ဘာကောင် လဲဆိုတာ ငါသိတယ် ။ ဒီကောင်က ထောက်လှမ်းရေးရုံးမှာ တံပျက်စည်းလှည်း ၊ သန့်ရှင်းရေးသမား ၊ အင်ဖော်မာခေါ်တဲ့
အရပ်သား သတင်းပေး ။

  ဟေ့ကောင် မင်းလိုကောင်က ထောင်ကို ဘာလာလုပ်တာလဲဆိုတော့ ဒီ
ကောင်က ထောင်ကို လာစစ်တယ်ဆိုပဲ ။ အောင်မာ ၊ ငါက တပ်သားပါ
ကွာ ။ ဒါပေမယ့် တံခါးကြီးတပ်သားကွာ ။ မင်းသိပါတယ် ။ ထောင်မှာ
တံခါးကြီးတပ်သားဟာ ထောင်မှာ ဘယ်လောက် ပါဝါကြီးတယ်ဆိုတာ ။

ေ တော်တော်ခီးသွားတယ် ။ မင်းက ဘာကောင်မို့ ထောင်ကို လာစစ်တာလဲ
လို့မေးလိုက်တော့ ဒီကောင်က စာရွက်လေးတရွက်ထုတ်ပြတယ် ။ အဲ့ဒီ
စာရွက်လေးမှာကွာ ထောက်လှမ်းရေးတပ် တာဝန်မှူးဗိုလ်ကြီးက စစ်ဆေးပိုင်ခွင့် ကိုယ်စားလှယ်လွဲစာ ရေးထားတယ် ။ စစ်ဆေးပိုင်ခွင့်ရှိ
တယ်ပေါ့ကွာ ။ ငါကလည်း ပြောရော . . . ဟေ့ကောင် မင်းကို ဘယ်သူ
က ဘယ်လိုတာဝန်လွဲလွဲ မင်းဟာ အရပ်သားက အရပ်သားပဲ ငါတို့ထောင်
ကို မင်းစစ်ဆေးပိုင်ခွင့်မပြောနဲ့ ၀င်ခွင့်တောင်မရှိဘူးလို့ပြောတယ် ။

သူကောင်း ၊ ကိုယ်ကောင်း ကိုးကွ ။ ဒီကောင်ကပြောတယ် ။ ဟေ့ကောင်
ငါအခုပဲ နယ်မြေ ရဲစခန်းကို စစ်ပြီးပြန်လာတာ ။ စခန်းကတောင်အစစ်ခံ
သေးတယ် ။ မင်းတို့ထောင်က ဘာမို့လို့လဲ ၊ -ီး မို့လို့လားတဲ့ ။
ငါလည်း စိတ်က ထောင်းခနဲဖြစ်သွားပြီး ။ အေး ငါ -ိုးမသား ငါတို့ထောင်က
ဒီလိုပဲကွ ဆိုပြီး ငါခါးမှာချိတ်ထားတဲ့ သော့တွဲနဲ့ သောက်ခွက်ကိုဖြတ်ရိုက်
လိုက်တာ ၊ ဟေ့ကောင်ရေ သွေးတွေဆို ဖြန်းခနဲပဲ အဟေဟေး ။

ဒီကောင်ခွေကျသွားတာနဲ့ ငါလဲ တံခါးပေါက်သေးလေးဖွင့်ပြီး ဟေ့ကောင်
မအေ -ိုး မြန်မြန်ထွက်မှာလား ငါကန်ထုတ်ရမှာလား ၊ စခန်းက မင်းလိုကောင်ကိုအစစ်ခံတာ ၊ အဲ့ဒီစခန်းက သောက်ပေါတွေမို့ကွ ။ငါတို့
ထောင်က တော့ မင်းလို သောက်ပေါဆီမှာ သောက်စစ်ကိုမခံဘူးဆိုပြီး
ပြောထည့်လိုက်တာ အဲ့ကောင်မျက်နှာကိုအုပ်ပြီး ပြေးပါရော ။

ဘာ . . . အမလေး ဘယ်ပြီးမလဲကွာ ။ နာရီဝက်လောက်ကြာတော့ ထောင်ဘူးဝရှေ့ကို ကားသံတ၀ီဝီ ၊ ဆိုင်ကယ်
သံ တ၀ူးဝူးပေးပြီး ထောက်လှမ်းရေးတပ်က အကောင်တွေ ရောက်လာပါ
လေရော ။ ဘယ်သိမလဲဟ . . . ဘယ်အရာရှိမှ တံခါးကြီးမှာဖြစ်သွားတာကို မသိဘူး ။ ထောင်ပိုင်ဆိုဝေလာဝေး တာဝန်မှုးတောင် မသိပါဘူးဆိုကွာ ။ ငါ့ဟာငါ သောက်ညင်ကပ်ကပ်နဲ့
ရိုက်လွတ်လိုက်တာ ။

ဒီကောင်တွေ ဒီလိုရောက်လာတော့ သိပြီပေါ့ကွာ ။ ထောင်ပိုင်ကြီးက
အပေါ်ကနေ ဖုန်းဆက်ပြီးပေါ့ ။ ဟေ့ကောင် ဘာဖြစ်ကြတာလဲပေါ့ ။
ငါ အကြောင်းစုံရှင်းပြလိုက်တယ် ။ အဘ ဒီလို ဒီလိုပဲ ။ ဒီကောင်က
တံပျက်စည်းလှည်းတဲ့ကောင် သောက်ကြီးသောက်ကျယ်နဲ့ထောင်ကို
တောင်စစ်မယ်လုပ်လို့ ရိုက်လွတ်လိုက်ပါတယ်ပေါ့ ။

ဒါနဲ့ထောင်ပိုင်ကပြောတယ် ။ အေးဒါဆိုလည်း ရှင်းရတာပေါ့ကွာ တဲ့ ။
ငါ့နှယ့် အားရှိလိုက်တာကွာ ။ ငါဖုန်းဆက်ပြီးတာနဲ့ ထောက်ဗိုလ်ကြီးက
ပြောတယ် ။ ဟေ့ကောင် တံခါးဖွင့်တဲ့ ။ ငါ က ပြောလိုက်တယ် ။ မဖွင့်
နိုင်ဘူး လို့ ၊ ဒါ လုံခြုံရေးနယ်မြေလို့ ၊ အထဲမှာ ကိုယ့်သမီးကို ပြန်မုဒိန်း
ကျင့်တဲ့အကောင်က စလို့ ၊ အမေပြန်သတ်တဲ့အကောင်အဆုံး အကုန်ထိန်းထားရတာ လို့ ၊ ကျနော့်ထောင်ပိုင်အမိန့်မရရင် မဖွင့်နိုင်ဘူး
လို့ ပြောလိုက်တယ် ။ အမလေး အဲ့ဗိုလ်ကြီး ဒေါပွတာ ရှုးရှုးနဲ့နေတာပဲ ။
ငါ့မှာရယ်ချင်လိုက်ရတာ ပက်ကျိ ။ ဟိဟိ ။

ေ ထောင်ပိုင်ကြီးက အိမ်ပေါ်က ဆင်းလာ ( ထောင်ပိုင်အိမ်က တံခါးကြီးဗူးဝ
အပေါ်ထပ်မှာပါ ) ။ အဲ့ဒီထောက်တွေနဲ့တွေ့ပေါ့ကွာ ။ စကားများကြတာ
အကြီးအကျယ်ပဲ ။ ထောက်က တပ်ကြပ်ကြီးကို ထောင်က ဦးစီး ( သုံးပွင့် ) က လက်နောက်ပစ်ပြီး စကားပြောရတဲ့ခေတ်ကိုးကွ ။

အဲ့ဒါနဲ့ ထောင်ပိုင်က လည်း မကြောက်နိုင်တော့ဘူးထင်ပါရဲ့ ။ ဗိုလ်ကြီးကို ဟောက်ရော ( ဗိုလ်ကြီး ကျုပ်ထောင်က ခဗျားလူတွေ ၀င်ချင်
တိုင်း ၀င် ထွက်ချင်တိုင်းထွက်ရအောင် ဖာသည်မ အိမ်မဟုတ်ဘူး တဲ့ ) ။

အဲ့နောက်မှာတော့ ထောင်ပိုင်က ဆေးဖိုးလျှော်လိုက်တယ် ။ အဲ့ခေတ်တုန်း က သုံးသောင်းက မနည်းဘူးလေ ။ ပြီးတော့ပြီးသွားတာ
ပေါ့ ။ မပြီးတာက ထောက်တွေ ပြုတ်တဲ့အချိန် ။

  ထောက်တွေ ပြုတ်တော့ ထောင်က ကောင်တွေ က ဖိနပ်ချွတ်ခိုင်းတယ် ။
ဗူးဝမှာထောက်တွေကလည်း ထင်တလုံးကောင်တွေကိုး ။ မချွတ်ဘူးတွေ
ဘာတွေလုပ်ရော ။ အဲ့မှာစတွေ့တာ ဟေ့ကောင်တွေ မင်းတို့အရင်တုန်း
က ဘာကောင်ဖြစ်ဖြစ် အခုထောင်ရောက်ရင်ေ ထာင်စည်းကမ်းဆိုပြီး မချွတ်တဲ့ေ ကာင်တွေတွယ်တာ ၊ ဟို ထောက်ဗိုလ်ကြီးတောင် နဗန်နှစ်ချက် လောက်ကျင်းလိုက်သေးတယ် ။ ဒါကြောင့်ပြောတာ ငါ့ညီ
ရာထူးရတယ်ဆိုပြီး မမောက်မာနဲ့။

ရာထူးဆိုတာ ရူးတာပဲ ၊ ကိုယ့်အလုပ်ကိုယ်လုပ် ။ မပိုနဲ့ မလိုနဲ့ ။ ရာထူး
ဆိုတာ တချိန်ကျရင် စွန့်ခဲ့ရတဲ့ အရာ ။ အာဏာဆိုတာ အမြဲကပ်မပါတဲ့
အရာ ။ ကျွတ် ကျွတ် ညီလေးရေ . . .။

  ပေါက်စီ နောက်တခွက်လောက်ဟေ့ ။

မာဃ

၂၂ ။ ၂ ။ ၂၀၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...