Sunday, February 23, 2014

ဒီဗွီဘီ လာဘ်စားမှုသတင်းအကြောင်း အမြီးသဘောလောက်ပြောပြမယ်။

 
 ဒီဗွီဘီ သတင်းဌာန ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ဝင်း က မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ မီဒီယာလောက အခြေအနေကို အော်စလိုမှာ လာအာလိမ့်မယ်။ စိတ်ဝင်စားရင် သွားကြပေါ့..ကျနော့ဆီရောက်လာတဲ့ ဖိတ်စာလေး ထပ်တင်ပေးလိုက်တယ်။

တဆက်တည်း စကားမစပ် နည်းနည်း ပြောပြချင်သေးတယ်။
DVB သတင်းဌာနရဲ့ ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်းကိုတောင် မဖြေရဲတဲ့သူတွေ၊ ဒီမိုကရေစီရေးအတွက်ဆိုပြီး မီဒီယာကိုခုတုံးလုပ်၊ ခြစားအကျင့်ပျက်သူတွေက မီဒီယာလောကအကြောင်းပြောမယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့..။

ဘယ်ဘက်ကရပ်ပြီး၊ ဘယ်သူ့အကျိုးအတွက်ပြောမှာလဲ..
ဘယ်သူအကျိုးစီးပွားအတွက် DVB ကို အပိုင်စီးထားတာလဲ
တချိန်က ဒေါ်လာ၃ သိန်း အလွဲသုံးစားမှုကြီးကို ဒေါ်လာ ၂ သိန်းရင်းပြီး စုံစမ်းစစ်ဆေးနေပါတယ်ဆိုတဲ့ နိုင်ငံတကာသိ တရားစွဲဆိုမှုကြီးကရော..ဘယ်အခြေအနေရောက်နေပြီလဲ..ဘာလို့ ဆက်ပြီးသတင်းမထုတ်ပြန်တာလဲ။
..
ကျနော် ခိုင်ခိုင်လုံလုံ သိထားတဲ့သတင်းကတော့ ....
DVB က ရှေ့နေတွေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ကို ဒေါ်လာသိန်းချီပေးပြီး တရားစွဲထားတဲ့အမှုကို အော်စလိုရဲက အမှုပိတ်ထားတယ်ဆိုတာပါပဲ..။
--ရီစရာကောင်းပြီး၊ အဓိပ္ပါယ်မရှိတာတခုက DVB က၀န်ထမ်းတချို့ကို ဘတ်ဂျက်မရှိတော့လို့ပါဆိုပြီး အလုပ်ကထုတ်လိုက်တာ ၃ လလောက်ကြာပြီးမှ ဒေါ်လာ ၃ သိန်းလဂ်စားမှုကြီးပေါ်လာတာပဲ..။

အဲဒီလဂ်စားမှုကလည်း သူတို့မပြောရင် ဘယ်သူမှ သိမှာမဟုတ်ဖူး။ ဒါပေမဲ့ အခုတော့လည်း အမှုအခြေအနေကို ရေငုံနှုတ်ပိတ်လုပ်နေတယ်။ ဘာမှ မရှင်းပြတော့ဘူး။ အခွန်ဆောင် နော်ဝေးပြည်သူတွေ၊ နော်ဝေးရောက်မြန်မာတွေကို လူ့ကျင့်ဝတ်အရ အသိပေးတောင်းပန်သင့်တာလည်း ပျက်ကွက်တယ်..။


လဂ်စားမှုဆိုပြီး ကိုမျိုးမင်းနိုင်ကို တရားစွဲပေမယ့် ကိုမျိုးမင်းနိုင်ကတော့ သူ့ကို ရဲတွေက လဂ်စားမှုနဲ့တရားစွဲတဲ့အကြောင်း တခါမှ အကြောင်းမကြားသေးဘူးလို့ ပြောခဲ့ဖူးတယ်။ တကယ်တရားစွဲရင် တရားအစွဲခံရသူဆီ ရဲက အနည်းဆုံးစာနဲ့အကြောင်းကြားမှာပေါ့..။ ဒါပေမဲ့ သူ့ကိုတရားစွဲတာ မခိုင်လုံလို့ အမှုပိတ်ထားတယ်ဆိုတဲ့အကြောင်းကိုတော့ ရဲကစာတိုလေးပို့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အကြောင်းကြားတယ်လို့သိရတယ်..။


ဒီတော့ သေချာတာကတော့ ဦးဟန်ညောင်ဝေ၊ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်းတို့ ဟာ မပိုင်ဘဲဝက်မွေးလိုက်တာပဲ။
ရဲယုံကြည်နိုင်လောက်တဲ့ သက်သေသက္ကာရနဲ့ တရားလိုကိုထုတ်ပြီး တရားမစွဲနိုင်ခဲ့ဘူး။
အထောက်အထားမခိုင်လုံဘူး၊ တရားစွဲနိုင်လောက်တဲ့အထိ အမှုက ခိုင်လုံမှုမရှိဘူး..ဒါကြောင့်အမှုပိတ်လိုက်တာပေါ့..


စဉ်းစားစရာတခုက ကိုမျိုးမင်းနိုင်ထုတ်ပြန်တဲ့စာအရ..
၂၀၁၀ ရွေးကောက်ပွဲသတင်းလုပ်ဖို့ ဦးဟန်ညောင်ဝေက အထဲက တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့တွေအတွက်ရံပုံငွေရှာဘို့လိုတယ်၊ အဲဒါနဲ့ The Voice က စီအီးအို ဒေါက်တာ နေ၀င်းမောင်(ကွယ်လွန်)ကို အေးချမ်းနိုင်တို့နဲ့အတူ ဘန်ကောက်မှာ တိတ်တဆိတ်တွေ့ကြတယ်လို့သိရတယ်။ တခြားအချက်အလက်တွေလည်း ရှိသေးတယ်။ …ဒါတွေဟာ အခု ပြန်စဉ်းစားစရာတွေဖြစ်လာပြီ။ အခုရက်ပိုင်းလေးတင် ဦးနေ၀င်းမြေး ကို ကိုခင်မောင်ဝင်းကိုယ်တိုင် အင်တာဗျူးတဲ့ကိစ္စ ကလည်း ဆက်စပ်ပြီး မေးခွန်းထုတ်စရာအများကြီးရှိနေတယ်။


ချင်းမိုင်နဲ့မဲဆောက်က လဂ်စားမှုနဲ့ပတ်သက်ပြီး သိမ်းဆည်းထားတဲ့..တိုက်တွေ၊ ကားတွေ၊ ပစ္စည်းတွေ လည်း ဘယ်ဆီဘယ်ဝယ် ရောက်နေပြီလဲ သတင်းမကြားရတော့ဘူး။
အခြေအနေက သူခိုးဓားပြတွေ စန်းထနေတဲ့ ခေတ်ပျက်ကြီးဆိုတော့ ထင်သလိုစိုင်းနေကြတာပေါ့ဗျာ..။
အခုလည်း နော်ဝေးပြည်သူတွေရဲ့ အခွန်အတုတ်တွေ၊ ခရီးစရိတ်စကတွေ မျက်နှာပြောင်ကြအုံးမှာပေါ့..။
အဟဲ..နိုင်ငံရေး ကာလကလည်း ညီအကိုမသိတသိအချိန်ဆိုတော့ နော်ဝေးအစိုးရအနေနဲ့လည်း .သမက်နဲ့ သူခိုး မှားမြင်လည်း မြင်နိုင်တာပေါ့လေ..။ မဝေးတော့တဲ့ တချိန်မှာတော့ ကျားလား နွားလား ကွဲပြားသွားမှာပါ။
တရားကို နတ်စောင့်ပါတယ်။
မတရားမှု၊ မဟုတ်မမှန်မှုတွေကို ကြာကြာဖုံးကွယ်ထားလို့မှမရတာ..။



Menneskerettighetsuka
Amnesty Jus Oslo
Internasjonal morgenkaffe:
Overvåking og demokratisering i Burma
Khin Maung Win, nestleder i den tidligere Oslo-baserte tv- og radiostasjonen Democratic Voice of Burma (DVB), i samtale med Åse Sand, informasjonsansvarlig i Den norske Burmakomité.
Tid og sted:
Torsdag 27. feb. kl. 09.00
Nova 7, St Olavs plass 5.
Tema for Menneskerettighetsuka er overvåking. Det vet burmesere mye om. Under militærregimet kunne man aldri helt vite hvem man kunne stole på. Som leder i en mediebedrift hvis mål har vært å sende uavhengig informasjon til Burma har Khin Maung Win alltid satt sikkerhet høyt for sine journalister. De har hatt et farlig yrke. Flere av DVBs journalister har vært fengslet.
Etter valget i 2010 har Burma sett en demokratisk vår. Det har skjedd store endringer, men det er behov for å nyansere bildet. Pressefriheten har blitt bedre, men fortsatt beskriver journalister et klima av usikkerhet og frykt for å bli arrestert, særlig hvis saker omhandler interessene til militæret eller andre eliter. Det er langt fram til et reelt demokrati. Burma går store utfordringer i møte fram til valget i 2015.
Før jul flyttet DVB ut av Oslo-kontoret. Stasjonen er nå etablert i Chiang Mai (Thailand) og i Yangon (Burma). Khin Maung Win kommer rett fra Burma med ferske inntrykk til Menneskerettighetsuka.
Menneskerettighetsuka arrangeres av Amnesty Jus Oslo ved Det Juridiske Fakultet, UiO, 24.-28. februar 2014: http://www.menneskerettighetsuka.no.
Menneskerettighetsuka 2014
menneskerettighetsuka.no

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...