အိမ်ထောင်ရေးသုတ
Author: lubo601 |
7:42 AM |
No မှတ်ချက် |
Par Gyi's status.
၁။ သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။
ယောကျာ်းလေးများသည် မည်မျှချောမောနေပါစေ ညစ်ပတ်လျှင်မကြိုက်။ သေသေသပ်သပ်နှင့် သန့်သန့်ရှင်းရှင်းရှိလျှင် သဘောကျ ကြသည်။ ဆိုလိုသည်က မည်မျှချောမောပါစေ အစားစားလျှင် ပေတလူးခါနေလျှင် မကြိုက်ကြပေ။ မည်မျှချောပါစေ ညစ်ညစ်ပတ်ပတ်နေလျှင် သဘောမကျပေ။ ပါးတွင် မိတ်ကပ်မည်မျှလိမ်းလိမ်း တစ်နေ့တစ်ခါမှ ရေမချိုးတတ်လျှင် သဘောမကျ။
၂။ နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။
မိန်းကလေးဖြစ်ပြီး နှုတ်ကြမ်းလျှာကြမ်းနှင့် ဆဲဆို၍ ရန်တွေ့တတ်လျှင် မည်သူမှ သဘောမကျ။
၃။ တစ်ဦးစကားကိုတစ်ဦး ဂရုစိုက်နားထောင်တတ်ရမည်။ လေးစားမှု အပြန်လှန်ရှိရမည်။ ထိုအချက်လဲ အလွန်အရေးကြီးသည်။ ယောကျာ်းလေး အများစုသည် ကိုယ်ဖြစ်ချင်သည့်အရာကို တကူးတက မပြောတတ်။ နေ့စဉ်ပြောဆိုနေကျ စကားများတွင် ပြောပြောတတ်သွားသည်။
ဥပမာ။ တစ်ဦးနှင့်တစ်ဦး ပြောဆိုနေကျအတိုင်းတွင်ပင် ငါအခုသလော အလုပ်တွေ ပင်ပန်းတယ်ကွာဆို၍ ညှပ်ပြောတတ်သည်။ ထိုအရာကို ဂရုစိုက်နားမထောင်တတ်ပဲ အလုပ်မှပြန်ရောက်ချိန် ဟိုလိုက်ပို့ ဒီလိုက်ပို့ခိုင်းလျှင် မကြိုက်တော့ပေ။
၎။ ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။
ထိုအရာတော့ လူတိုင်းနားလည်သည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဘာမှမပြောသည်က ကောင်းသည်။ ထိုစကားကို နောက်နေ့မှပြောလဲ နောက်မကျ။ ထိုသို့မှ မဟုတ်ပဲ ပြဿနာဖြစ်ဖြစ်ခြင်း ဒေါနှင့်မောနှင့် ပြောလျှင် တစ်ဦးသိက္ခာတစ်ဦးချ၍ ပြောဆိုတတ်လာသည်။ ပြဿနာဖြစ်လာလျှင် နောက်နေ့မှ ပြောရအောင်ကွာဆို၍ နောက်ဆုတ်လိုက်တာက အကောင်းဆုံ ဖြစ်သည်။
၅။ မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။
မိမိအိမ်ထောင်ဖက်၏ မိသားစု၊ သူငယ်ချင်းတွေကြားတွင် အဆင်ပြေပြေ နေထိုင် တတ်ရမည်။ မိသားစုကြားတွင် ကိုယ့်အိမ်ထောင်ဖက် မျက်နှာရအောင်၊ အပေါင်းသင်းတွေကြားတွင် မျက်နှာရအောင် နေတတ်ရမည်။ ဆိုလိုသည်က မိသားစုဆိုလဲ ကိုယ့်အိမ်ထောင်ဖက် အဖေအမေကို နှုတ်ပြောချိုသာစွာ၊ ယဉ်ကျေးစွာဖြင့် နေကောင်းလား၊ ဘာလားစသဖြင့် နှုတ်ဆက်တတ်ရမည်။ ကိုယ့်အိမ်ထောင်ဖက် အိမ်သွားလျှင် အိမ်မှုကိစ္စတွေကို ကိုယ်နိုင်ရာ ကူညီပေးတတ်ရမည်။ အပေါင်းသင်းတွေကြားဆိုလဲ အတတ်နိုင်ဆုံး ချုပ်ချယ်တာကို ရှောင်သင့်သည်။ အပေါင်းသင်းတွေကြားထဲ "ရှင့်ကို ဘာမလုပ်နဲ့ ပြောထားတယ်မလား၊ ကျွန်မမကြိုက်ဘူးလေ" စသည့် နှစ်ကိုယ်ကြား ပြောသင့်သည့် ပြဿနာကို အများကြားတွင် မပြောသင့်။
၆။ အိမ်ထောင်ရေး နိုင်နင်းရမည်။
မိန်းကလေးတစ်ယောက်အနေနှင့် မချက်တတ် မပြုတ်တတ်ရင်တောင် ခိုင်းတတ်အောင်တော့ သင်သင့်သည်။ ဆိုလိုသည်က ကြက်သားဈေး၊ ဟင်းရွက်ဈေးတွေ အခုဆို ဘယ်လောက်ဆိုတာ၊ ဘယ်လိုချက်လျှင် ဘယ်လို အရာသာထွက်မယ်ဆိုတာ စသည်တို့ကို သိသင့်သည်။
၇။ စာများများဖတ်၍ သွက်လက်ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)
မည်သည့် ယောကျာ်းလေးမှ နုံအအဆို မကြိုက်။ ကိုယ့်အိမ်ထောင်ဖက်၏ အလုပ်တွေကို အကြံပေးတတ်အောင် စာများများဖတ်သင့်သည်။ ထိုသို့ မဟုတ်ပဲ တစ်ခုခုဆို ကျွန်မလဲ မသိဘူး၊ ကျွန်မလဲ မသိဘူးဆို အကြံပေးနိုင်သည့် သူငယ်ချင်းများနှင့် အပြင်မှာပင် အချိန်ကုန်မည်ဖြစ်သည်။
အထက်ပါ အချက်တွေနှင့် ပြည့်စုံလျှင် မည်သည့် ယောကျာ်းလေးမှ အိမ်မကပ်ပဲမနေ။ အိမ်၌ ပျော်အောင်ထားလျှင် အိမ်ကပ်မည်သာ။ ထိုသို့ ပြည့်စုံသားနှင့် သစ္စာဖောက်လျှင် သင် အတိတ်က သစ္စာဖောက်ခဲ့လို့ သစ္စာဖောက်ခံရလို့ပင်။ ကိုယ်ကောင်းသားနှင့် သစ္စာဖောက်သည့်လူကို ဝမ်းနည်းကြေကွဲနေစရာ မလိုပေ။
ရေစက်ချ၍ အမျှဝေလိုက်ယုံပင်။
Credit - Writer

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment