Saturday, February 22, 2014

အပြုံးနှင့်မျက်ရည်

 
တစ်နေ့မှာ
ဆင်းရဲသား Howard Kelly ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ကျောင်းစရိတ်အတွက်
တစ်အိမ်တက် တစ်အိမ်ဆင်း အာလူးတွေ လိုက်ရောင်းနေပါတယ်။
ဒီလိုသွားရင်း တစ်အိမ်ရောက်တော့ ဗိုက်အရမ်းစာလောင်နေတာကြောင့်တစ်ကြောင်း
ဝယ်စားဖို့ ပိုက်ဆံ အလုံအလောက်မရှိတာကြောင့်တစ်ကြောင်း အဲ့ဒီ့အိမ်မှာပဲ အစားအစား အနည်းငယ်တောင်းဖို့ ကြံရွယ်လိုက်ပါတယ်။
အိမ်တံခါးဖွင့်လိုက်တယ့်အချိန်မှာ တံခါးလာဖွင့်ပေးတဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ကို
မြင်လိုက်တော့ စာလောင်မှုတွေ ပျောက်ပြီး ရေတစ်ခွက်ပဲ တောင်းသောက်ခဲ့ပါတယ်။
သူသိပ်ဆာလောင်နေတာကို သိတဲ့ ကောင်မလေးဟာ နို့တစ်ခွက် ယူလာခဲ့ပါတယ်။

ဒါနဲ့ ပဲ
ကောင်လေး : "မင်းငါ့အပေါ် ဘယ်လောက် အကြွေးတင်သွားပြီလဲ"
ကောင်မလေး :"ငါ့အမေက ပြောဖူးတယ်။
လူတစ်ယောက်ကိုကူညီလိုက်ရင် သူ့ ဆီကပြန်ယူဖို့ မျှော်လင့်ချက်မထားရဘူးတဲ့"
ကောင်လေး : "ဒါဆိုမင်းကို ကျးဇူးတင်သွားပါပြီ။
မင်းကျေးဇူးကိုလည်း ငါဘယ်တော့မှမမေ့ပါဘူး။
ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်ပါသလဲ။
ငါ့နာမည် Howard Kellyပါ။ " ဆိုတော့
ကောင်မလေးလဲ သူမ၏နာမည်ကိုပြောလိုက်ပါတယ်။

ဆယ်စုနှစ်တစ်ခုစာလောက်ကျော်ဖြတ်ပြီးလို့  တစ်နေ့မှာ
ကောင်မလေးဟာ ရောဂါတစ်မျိုးကြောင့် အပြင်းအထန်ဖြစ်ပြီးဆေးရုံတပ်နေရတုန်း
သူ၏အိမ်မှလည်း ငွေကြေးအကြပ်အတည်းကြောင့် ဆေးရုံစရိတ်စားခတွေအတွက်
ငွေရှင်းရန်အပြင်းအထန်ကြိုးစားနေကြရပါတယ်။
ဒီအချိန်မှာပဲ ကောင်မလေးကို ကုသပေးတဲ့အထူးကဆရာဝန်ကြီးက
သူ၏လူနာမလေးအိမ်မှ ငွေကြေးအကြပ်အတည်းအကြောင်းကိုသိ၍ ဆေးရုံခရှင်းရန်
ဘေလ်ကို ငွေရှင်းကောင်တာမှတောင်းကြည့်တော့ လူနား၏နာမည်ကိုကြည့်ကာ
အံ့သြဘနန်းဖြစ်ပြီး တစ်ချက်ပြုံးကာ ဘေလ်စာရွက်မှာစာတစ်ကြောင်းရေးလိုက်ပါတယ်။
ဒီစာလေးကတော့
" Paid in full with a glass of milk : Doctor Howard Kelly "
(နို့ တစ်ခွက်ဖိုးမှ ငွေရှင်းပြီးပါပြီ။ ဒေါက်တာ Howard Kelly)
ဒီဘေလ်စာရွက်ကိုမြင်တော့ လူနာမလေးမှာ အပြုံးနှင့်မျက်ရည်တစ်ထပ်တည်းဖြစ်မိပါတော့တယ်။

ZK
www.kanaung.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...