Thursday, February 27, 2014

အမျိုးစောင့်တယ်ဆိုတာ


အာဏာရှင်လက်ထက်တွင်..
တစ်နှစ်လျှင် သတို့သမီး သန်း ၂၀ ခန့်လိုအပ်နေသောနိုင်ငံသို့
ကျွန်တော်တို့နိုင်ငံမှ တိုင်းရင်းသူများ..
လျိုအလျို လူမှောင်ခိုကူးခံကြရ သည်။


လက်ရှိအစိုးရလက်ထက်တွင်...
လူမှောင်ခိုလုပ်ငန်းအား ပပျောက်အောင်
အပီအပြင်လုပ်နေသည်ကို တွေ့ရသည်..

ဘယ်လိုလုပ်သနည်းဆိုသော်..

လူမှောင်ခိုအား..
တရားဝင်ဖြစ်အောင်..
အိမ်ဖေါ်အမည်ဖြင့်..ပြောင်းလည်းခြင်းပင်တည်း...

အလွန် စိတ်ပျက်ဖွယ်ကောင်းလေစွ..။

---------------

အာဏာရှင်လက်ထက်တုန်းကအဆိုးဆုံးပင်ဖြစ်သည်..
...
ပြည်သူကို နားလှည့်ပါးရိုက်လုပ်သည့်အနေဖြင့်..
ပြည့်တန်ဆာများကို ပပျောက်ရေးလုပ်ခဲ့ဖူးသည်..

ပြည့်တန်ဆာများကတော့...
ပပျောက်ပါ၏..

သို့သော်..ကေတီဗီ ၊မာဆပ် ၊ကလပ် များ..
တစ်နိုင်ငံလုံးပွထလာပြီး..
ပြည့်တန်ဆာနာမည်..မခံသော...
မြန်မာအမျိုးသမီးများ.ပေါများလာခဲ့သည်..။
နည်းမျိုးစုံဖြင့်...ရေတိမ်နစ်ရရှာသည်..

စားဝတ်နေရေးမပြေလည်သော ခေတ်ဖြစ်၍ ပိုဆိုးသည်..

နာဂစ် ကာလအလွန် ခေတ်များတွင်..
သာ၍ သာ၍ ပိုဆိုးသေးသည်..
ရေဘေးသင့်ကျေးရွာပေါင်းများစွာမှ..
အမျိုးသမီးငယ်ထောင်ပေါင်းများစွာ...မြို့တက်ပြီး.
ကြုံရာလုပ်ကြရင်.း...အနှိပ်ခန်း၊ ကေတီဗီခန်းများသို့ရောက်ရှိကာ..
ရေတိမ်နစ်ရရှာလေသည်။

ထိုလုပ်ငန်းများကို ဖုံးဖိဖါထေးကာ..
လုပ်ပိုင်ခွင့်မတန်တဆပေးနေသော..
အာဏာပိုင်များလည်း..လက်ဖျားငွေသီးနေပေသည်..

တစ်ချို့ အမျိုးကောင်းသားသမီးများကား..
ဇတ်တူသားစားသောခရိုနီများနှင့်
လူမျိုးကြားသူဌေးများလက်တွင်..
စပွန်ဆာဘ၀..၊စမော ဘ၀များနှင့်
ရေတိမ်နစ်ရရှာပေသည်..."

မော်ဒယ်ရှိုးများ..ဖက်ရှင်ရှိုးများတွင်ပါဝင်သူများအပြန်ကို
ကားတစ်စီးနှင့်မှောင်ရိပ်အတွင်းမှ စောင့်နေသူများလည်း..
ဒုနဲ့ဒေးပင်....၊
သေခါနီးများတောင်ပါသေးသည်...။

တစ်ချို့သည်...နယ်စပ်မှတစ်ဆင့်..
တစ်ဘက်နိုင်ငံများဖြစ်သော..
ထိုင်းနိုင်ငံ မဲဆောက် ..
တရုတ်နိုင်ငံလွယ်ကျယ်..ရွှေလီစသောဒေသများတွင်
ကိုယ်ခန္ဓာနှင့်ရင်းကာ စားသောက်ရရှာသည်..။

ထိုအမျိုးသမီးငယ်များ၏အနေအထားမှာ...
HIV ပိုး မည်သူ့တွင်ရှိသည်မရှိသည်ကိုပင်..
စစ်ဆေး၍ မရနိုင်သော..ရောထွေးမှုပင်ဖြစ်သည်..

မြန်မာ့သမိုင်းတွင်..မကြုံဖူးသော..
မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည် ညှိုးနွမ်းမှုပင်ဖြစ်ပါသည်..

ထို့ကြောင့်....
စစ်အစိုးရလက်ထက်တွင်..
မြန်မာတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်သည်
ကြီးအာသီးကဲ့သို့ အတွင်းလှိုက်စားကာ..
အတွင်းပုတ်သကဲ့သို့ဖြစ်နေပေသည်..။

-----------------------

အမျိုးတကယ်စောင့်ရှောက်မည့်ပုဂ္ဂိုလ်များအားလုံကို..
အကြံပေးလိုပါသည်...။

တစ်ချို့က အနှိပ်ခန်းဆိုသည်နှင့် ရိုးရိုးနှိပ်သည်ဟုထင်ကြသည်.
အနှိပ်ခန်းတွင်အလုပ်လုပ်ကိုင်နေသော..မြန်မာအမျိုးသမီးများကို..
သမာအာဇီဝကျကျလုပ်ကိုင်သော်လည်း..ဆွဲဆောင်သောသူများ
မည်သူဖြစ်သနည်း...၊ ဖျက်ဆီးသောသူများမည်သူဖြစ်သနည်း..
မျက်နာမနာပဲ..လေ့လာစေလိုပါသည်။

တစ်ချို့အနှိပ်ခန်းများဆိုလျင် Oil ဖြင့်နှိပ်သော အနှိပ်မျိုးပင်ဖြစ်သည်..
ဘယ်လို နှိပ်သနည်း ၊ ဘယ်သူကခိုင်းသနည်း ဆိုသည်ကို
လေ့လာစေလိုပါသည်..။

ရေကူးဝတ်စုံဖြင့် ရေအတူတူကူးသော.. Pool bar..
အဲဒီအလုပ်တွေကို ဘယ်သူကခွင့်ပြုသလဲ..လေ့လာစေလိုပါသည်။

ကေတီဗီတွင်လည်း...သမာအာဇီဝကျကျသီချင်းဆိုသောမိန်းကလေးများအား..
..တဖြည်းဖြည်းကျုံးသွင်းဖျက်စီးသောသူများ..
မည်သူဖြစ်သနည်း..ဆိုသည်ကို လေ့လာစေလိုပါသည်..

ခေတ်မီပြီးငွေကြေးချမ်းသာသောအသိုင်းအ၀ိုင်းတွင်..
ထိန်းမရသိမ်းမရထွန်းကားနေသော စပွန်ဆာပေးခြင်းသည်..
မည်သည်ကို ဆိုလိုသည်ကို လေ့လာစေလိုပါသည်..။

ထိုအလုပ်များကို အတိုက်အခံပါတီက..
တစ်ခုမှ မလုပ်ခဲ့တာသေချာပါသည်...။

မရှင်း၍ မေးလိုသည်က..

အဲဒီပြစ်မှုများတွင်တာဝန်ရှိသော...
ပုဂ္ဂိုလ်များကို...အဘယ့်ကြောင့်..
အမျိုးစောင့်သည်ဟုပြောကာ ထောက်ခံနေကြသနည်း..

မြန်မာတိုင်းရင်းသူ...သိန်းပေါင်းများစွာ ဘ၀ပျက်စေသောသူများကို
အဘယ့်ကြောင့်ထောက်ခံနေသနည်း...

အလွန်ပင်ရယ်ဖွယ်ရာဖြစ်ပေသည်..၊

စစ်အာဏာရှင်များ အမွေပေးခဲ့သော..
မြန်မာပြည်၏ အရှုပ်ထွေးဆုံးရန်ကုန်မြို့၏ အပြာရောင်ညများကို
မြင်တွေ့သွားပါက...အမျိုးစောင့်မည်ဟုကြိမ်းဝါးသောသူများ..
ပါးစပ်ဘယ်လိုပိတ်သွားမည်ကို မြင်ချင်လှပေသည်။

-------------------------

ဒေါ်စုအကျယ်ချုပ်မှလွတ် ပြီးသည့်ချိန်အထိ..
မြန်မာအမျိုးသမီးများ၏ ဂုဏ်သရေနှင့် အရည်အချင်းကို...
ပြည်ပနိုင်ငံများ သိပုံမရပေ...၊

သူတို့သိသည်ကား...
မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံပြီးလျင်..
ဒုတိယမြောက်..သွေးသားဈေးကွက်သစ်တစ်ခုဖြစ်လာနိုင်ပြီး..
ထိုဈေးကွက်သည် ထိုင်းနိုင်ငံထက် ဈေးသက်သာနိုင်သည်ဟူသော
အချက်ပင်ဖြစ်သည်..

အဘယ့်ကြောင့်ဆိုသော်...မြန်မာနိုင်ငံသည်..
ဆင်းရဲသောနိုင်ငံဖြစ်ပြီး..ထိုင်းနိုင်ငံသည်..
ချမ်းသာလာသောကြောင့်ပင်ဖြစ်သည်။

--------------------

ိထို့နောက်တွင်..အရာရာအားလုံး ပြောင်းလည်းသွားပါသည်..။

ဘယ်လိုပြောင်းလည်းသနည်း......?

ဒေါ်စုသည်အကျယ်ချုပ်မှလွတ်လာခဲ့သည်...

ထို့နောက်...ဒေါ်စုသည်နိုင်ငံတကာသို့စတင်ထွက်ခွါသည့်
အချိန်တွင်.....
အလွန်ထူးခြားသောအပြုအမူကို ပြုမူခဲ့ပေသည်.

ထိုအပြုအမူမှာ...

ဘယ်နိုင်ငံသွားသွား..သွားသည့်နိုင်ငံတိုင်းတွင်..
မြန်မာအမျိုးသမီးဝတ်စုံကို..ယဉ်ကျေးစွာ..၀တ်ဆင်ခြင်းပင်တည်း..

ဥရောပ ၊ အာရှ ၊ မြောက်အမေရိက ၊ နေမ၀င်အင်ပါရာ နိုင်ငံများ ၊
ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံများ.....

ထိုနိုင်ငံများသို့သွားတိုင်း.....

မြန်မာအမျိုးသမီးဝတ်စုံကို စနစ်တကျဆင်မြန်းပြီး..
ကမ္ဘာ့ အခန်းနားဆုံးသော...ခန်းမကြီးများတွင်...

ပညာရင့်သန်မှုကိုအရင်းတည်၍...
ထက်မြက်သောအတွေးအခေါ်ကို ဖေါ်ဆောင်ကာ...

မြန်မာပြည်သူများ အား..နိုင်ငံတကာမှ ..
ဂရုဏာသက်စေမည့်စကားများ..
ကူညီစေမည့်စကားများအား...

နိုင်ငံတကာလေးစားလောက်သော အဆင့်မြင့်သည့် သုံးသပ်ချက်များဖြင့်..
ဟောပြောခဲ့လေသည်...။

ထိုအကျိုးရလာဒ် များထဲမှ တစ်ချက်ကား....

မြန်မာအမျိုးသမီးများကို...နိုင်ငံတကာမှ..
လုံးဝ( လုံးဝ) အထင်မသေးခြင်းပင်ဖြစ်သတည်း..။

  နိုင်ငံတကာတွင် နေထိုင်လုပ်ကိုင်ကြသော..
မြန်မာလူမျိုးများ...အသိဆုံးပင်ဖြစ်ပါသည်..။

အဲဒီတော့...

ဘယ်သူကအမျိုးစောင့်ခဲ့ပါသလဲ...ဆိုတာကို..။

အမျိုးစောင့်မည် ဆိုသူများအားလုံး..

နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း..
ပြောကြားလိုပါသည်။။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...