Tuesday, February 25, 2014

ဟတ်ထိတယ်ဗျာ။

ဟတ်ထိတယ်ဗျာ။
ကျွန်တော့်သားလေးကကျွန်တော်သင်္ဘောတက်ခါနီးမေးတယ်။
ဖေဖေဘယ်တော့ပြန်လာမှာလဲတဲ့။၆လလောက်ပေါ့ဖြေတော့
သူနားမလည်ဘူး။ကျွန်တော့်ဇနီးက ရက်တွေ နေ့ တွေအများကြီး
ပေါင်းထားတာ လပေါ့လို့ ဝင်ဖြေပေးတော့ ခလေးကစဉ်းစားပြီးဒါဆိုတရက်ပဲသွားတဲ့။ ကျွန်တော်က ၁ရက်ထဲဆိုဖေဖေတို့ ထမင်းစားဖို့ ငွေမလောက်ဘူးပြောတော့ သားသားထမင်းမစားပဲနေပါ့မယ်တဲ့ဗျာ။ ကျွန်တော်ရင်ထဲဆို့ နင့်သွားတယ်။ ဒါနဲ့ သူ့ အမေကကြားကဝင်ညှိပေးတယ်နဲနဲရက်တိုးပေးဖို့ ပြောပြီး ကျွန်တော့်ကိုမျက်ရိပ်ပြတယ်။ဒါနဲ့သားလေးက သူ့ လက်ချောင်းလေးတွေထောင်ပြပြီး ဆယ်ရက်ဆိုရလားတဲ့ သားသားက၃ရက်ပဲပေးချင်တာ မေမေတို့ ကိုသနားလို့ တဲ့။
အခုသင်္ဘောပေါ်ရောက်နေတော့တရက်ပြီးတရက်သာကုန်သွားတယ်
ကျွန်တော်ပြန်မလာတော့ မေမေ ဖေဖေက၁၀ရက်ပဲဆိုအခုဘာလို့ 
ကြာနေတာလဲ မေမေပြောတော့သားသားမနက်အိပ်ယာနိုးတာ
၁၀ခါပြည့်ရင်ဖေဖေပြန်လာမယ်လို့ ပြောတာသားသားရီထားတာအများကြီးရှိနေပြီနော်တဲ့။ မေမေပြောတဲ့၁၀ရက်ကအကြာကြီးပဲတဲ့။
ကျွန်တော့်ဇနီးကသူ့ ကိုထပ်လှည့်စားဖို့ ကြံရတာပေါ့။သားသားအခုကျောင်းတက်နေတာမလား။သားကျောင်းပိတ်ရင်ဖေဖေပြန်လာလိမ့်မယ်လို့ 
ပြောတော့ ကျောင်းရယ်မြန်မြန်ပိတ်ပါတော့လို့ ခေါင်းလေးငုံ့ လက်အုပ်လေး
ချီပြီးဆုတောင်းတာတွေ့ တော့ကျွန်တော့်ဇနီးလဲမျက်ရည်ကျခဲ့ရ
ပြန်ကြားရတဲ့ကျွန်တော်လဲဝမ်းနည်းယုံပဲပေါ့။
ဟိုတရက်ကသားလေးရဲ့အတန်းပိုင်ဆရာမကဇနီးဖြစ်သူကိုသားလေး
အဆင့်၂ကနေ၅အထိကျသွားလို့ ခေါ်ပြောတယ်။ခလေးကဥာဏ်ကောင်းရဲ့သားနဲ့ အတန်းထဲမှာစာသင်နေရင်တခုခုကိုတွေးနေတတ်သလိုပဲတဲ့။
အိမ်ရောက်တော့ဇနီးဖြစ်သူကသားလေးကိုမေးကြည့်တော့အရင်ကဖေဖေနဲ့ တူတူကစားတာဖေဖေနဲ့ စကားပြောတာတွေပြန်စဉ်းစားနေတာတဲ့။
တရက်သူ့ ကိုကျောင်းလိုက်ပို့ အပြီးအမေလုပ်တဲ့သူကစိတ်ထဲတမျိုးဖြစ်လို့ 
သူ့ အတန်းဝကလှမ်းကြည့်တော့ တခြားခလေးတွေနဲ့ ဆော့ကစားခြင်းမရှိပဲ သူ့ ခုံပေါ်လက်လေးတင်ခေါင်းလေးမှေးနေတာတွေ့ တော့အတန်းထဲဝင်ပြီး
သားလေးရဲ့ အဖေအကြောင်းတွေးနေတဲ့အတွေးစတွေကို ဝင်ဖြတ်
ခဲ့ရတယ်ပြောတယ်။ပြီးတော့သူ(ကျွန်တော့်ဇနီး)လဲကြိတ်ငိုပေါ့။
ပြန်ကြားသိရတဲ့ ကျွန်တော်လဲ ရင်ထဲမီးတောက်တယ်ဗျာ။
တကယ်ပါ ကျွန်တော်တို့ သင်္ဘောသားတွေရောမိသားစုတွေရော သက်ဆိုင်ကြသူတွေ ဟာ အဲ့လိုမျိုးခံစားကြရပါတယ်။ ကျွန်တော်တို့ တွေ ပေးဆပ်ရတဲ့ မျက်ရည်တွေ
သောကတွေဗျာပါဒတွေပူဆွေးလွမ်းဆွတ်ရတာတွေ နဲ့ လဲယူရတဲ့ ဒေါ်လာငွေ တွေဟာ မျက်ရည်
တွေအသက်တွေအချိန်တွေနဲ့ လုပ်ထားတာလို့ ပဲမြင်တယ်ဗျာ။ဒါကြောင့်တန်ဖိုးကြီးကြီးပေးပြီးလဲထားရတဲ့ငွေကို မသုံးမဖြုံးပဲ အသောက်အစားကင်းပြီး ဘဝရှေ့ရေးအတွက် အကျိုးရှိရှိ စုဆောင်းနိုင်ကြပါစေ
လို့  အကြံပြုလိုက်ပါတယ်။
Credit to -Moe Zaw Tun(မိုးဇော်ထွန်း)

YTZA@MSU



ကျွန်တော့်သားလေးက ကျွန်တော်သင်္ဘောတက်ခါနီးမေးတယ်။
ဖေဖေဘယ်တော့ပြန်လာမှာလဲတဲ့။ ၆ လလောက်ပေါ့ဖြေတော့
သူနားမလည်ဘူး။ ကျွန်တော့်ဇနီးက ရက်တွေ နေ့ တွေအများကြီး
  ပေါင်းထားတာ လပေါ့လို့ ဝင်ဖြေပေးတော့ ခလေးကစဉ်းစားပြီးဒါဆိုတရက်ပဲသွားတဲ့။
ကျွန်တော်က ၁ရက်ထဲဆိုဖေဖေတို့ ထမင်းစားဖို့ ငွေမလောက်ဘူးပြောတော့ သားသားထမင်းမစားပဲနေပါ့မယ်တဲ့ဗျာ။ ကျွန်တော်ရင်ထဲဆို့ နင့်သွားတယ်။ ဒါနဲ့ သူ့ အမေကကြားကဝင်ညှိပေးတယ်နဲနဲရက်တိုးပေးဖို့ ပြောပြီး ကျွန်တော့်ကိုမျက်ရိပ်ပြတယ်။ဒါနဲ့သားလေးက သူ့ လက်ချောင်းလေးတွေထောင်ပြပြီး
ဆယ်ရက်ဆိုရလားတဲ့ သားသားက၃ရက်ပဲပေးချင်တာ မေမေတို့ ကိုသနားလို့ တဲ့။
အခုသင်္ဘောပေါ်ရောက်နေတော့တရက်ပြီးတရက်သာကုန်သွားတယ်
ကျွန်တော်ပြန်မလာတော့ မေမေ ဖေဖေက၁၀ရက်ပဲဆိုအခုဘာလို့ 
ကြာနေတာလဲ မေမေပြောတော့သားသားမနက်အိပ်ယာနိုးတာ
၁၀ခါပြည့်ရင်ဖေဖေပြန်လာမယ်လို့ ပြောတာသားသားရီထားတာအများကြီးရှိနေပြီနော်တဲ့။

 မေမေပြောတဲ့၁၀ရက်ကအကြာကြီးပဲတဲ့။
ကျွန်တော့်ဇနီးကသူ့ ကိုထပ်လှည့်စားဖို့ ကြံရတာပေါ့။သားသားအခုကျောင်းတက်နေတာမလား။

သားကျောင်းပိတ်ရင်ဖေဖေပြန်လာလိမ့်မယ်လို့ 
ပြောတော့ ကျောင်းရယ်မြန်မြန်ပိတ်ပါတော့လို့ ခေါင်းလေးငုံ့ လက်အုပ်လေး
ချီပြီးဆုတောင်းတာတွေ့ တော့ကျွန်တော့်ဇနီးလဲမျက်ရည်ကျခဲ့ရ
ပြန်ကြားရတဲ့ကျွန်တော်လဲဝမ်းနည်းယုံပဲပေါ့။
ဟိုတရက်ကသားလေးရဲ့အတန်းပိုင်ဆရာမကဇနီးဖြစ်သူကိုသားလေး
အဆင့်၂ကနေ၅အထိကျသွားလို့ ခေါ်ပြောတယ်။ခလေးကဥာဏ်ကောင်းရဲ့သားနဲ့ အတန်းထဲမှာ

စာသင်နေရင်တခုခုကိုတွေးနေတတ်သလိုပဲတဲ့။
အိမ်ရောက်တော့ဇနီးဖြစ်သူကသားလေးကိုမေးကြည့်တော့အရင်ကဖေဖေနဲ့ တူတူကစားတာဖေဖေနဲ့ 

စကားပြောတာတွေပြန်စဉ်းစားနေတာတဲ့။
တရက်သူ့ ကိုကျောင်းလိုက်ပို့ အပြီးအမေလုပ်တဲ့သူကစိတ်ထဲတမျိုးဖြစ်လို့ 
သူ့ အတန်းဝကလှမ်းကြည့်တော့ တခြားခလေးတွေနဲ့ ဆော့ကစားခြင်းမရှိပဲ သူ့ ခုံပေါ်လက်လေးတင်ခေါင်းလေးမှေးနေတာတွေ့ တော့အတန်းထဲဝင်ပြီး
သားလေးရဲ့ အဖေအကြောင်းတွေးနေတဲ့အတွေးစတွေကို ဝင်ဖြတ်
ခဲ့ရတယ်ပြောတယ်။ပြီးတော့သူ(ကျွန်တော့်ဇနီး)လဲကြိတ်ငိုပေါ့။
ပြန်ကြားသိရတဲ့ ကျွန်တော်လဲ ရင်ထဲမီးတောက်တယ်ဗျာ။
တကယ်ပါ ကျွန်တော်တို့ သင်္ဘောသားတွေရောမိသားစုတွေရော သက်ဆိုင်ကြသူတွေ ဟာ အဲ့လိုမျိုးခံစားကြရပါတယ်။ ကျွန်တော်တို့ တွေ ပေးဆပ်ရတဲ့ မျက်ရည်တွေ
သောကတွေဗျာပါဒတွေပူဆွေးလွမ်းဆွတ်ရတာတွေ နဲ့ လဲယူရတဲ့ ဒေါ်လာငွေ တွေဟာ မျက်ရည်
တွေအသက်တွေအချိန်တွေနဲ့ လုပ်ထားတာလို့ ပဲမြင်တယ်ဗျာ။ဒါကြောင့်တန်ဖိုးကြီးကြီးပေးပြီးလဲထားရ

တဲ့ငွေကို မသုံးမဖြုံးပဲ အသောက်အစားကင်းပြီး ဘဝရှေ့ရေးအတွက် အကျိုးရှိရှိ စုဆောင်းနိုင်ကြပါစေ
လို့  အကြံပြုလိုက်ပါတယ်။


Credit to -Moe Zaw Tun(မိုးဇော်ထွန်း)

YTZA@MSU

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...