Sunday, December 28, 2014

"‪#‎တက်စီပေါ်မှာ‬ ဘ၀ သင်ခန်းစာ"


တစ်နေ့ မှာ လူတစ်ယောက်က လေဆိပ်ကို တက်စီ တစ်စီးကို ငှားပြီး သွားနေတုန်း လမ်းအကွေးတစ်ခု အရောက်မှာ ရုတ်တရက်ကားတစ်စီးဟာ လမ်းကြားထဲကနေ ထိုးဝင်လာပြီး တက်စီနဲ့ တိုက်မလို ဖြစ်သွားခဲ့တယ်။
တက်စီသမားကတော့ ချက်ချင်း ဘရိတ်ကို အုပ်လိုက်ပြီး အချိန်မီပဲ ကားကို ရပ်နိုင်လိုက်ပါတယ်။ ကားနှစ်စီးကတော့ တိုက်ခါနီး လက်မအနည်းငယ်လောက်ပဲ ကွာပါတယ်။ အဲ့ဒီမှာ တစ်ဖက်က မောင်းချလာတဲ့ ကားသမားက ခေါင်းပြူ ထွက်လာပြီး တက်စီသမားကို အော်ဆဲပါတယ်။

တက်စီသမားကတော့ ခပ်ပြုံးပြုံးလေးပါပဲ။ ခုနက ကားသမားကို လက်ထောင်ပြီး ဝေ့ပြလိုက်တယ်။ဆောရီးပါ ဆိုတဲ့ သဘော။ သူ့ ပုံစံ ကြည့်ရတာ တစ်ဖက်က ကားသမားကို တော်တော်ကြီး ရင်းနှီးတဲ့ ပုံပါပဲ။
အဲ့ဒီမှာ တက်စီမှာ ပါလာတဲ့ ခရီးသည်က တက်စီသမားကို စိတ်မရှည်စွာနဲ့  မေးလိုက်တယ်။
ခင်ဗျား ဘာကြောင့် ဒီလိုလုပ်တာလဲ ။ ဟိုကားသမားက ကျနော်တို့ ကို တိုက်မလို ဖြစ်ပြီး ဆေးရုံရောက်ခါနီး ဖြစ်သွားတဲ့ဟာကို ။ အေးဆေးနေရသလားဗျ။
တက်စီသမားက အမှိုက်ကား သံသရာ ဆိုတဲ့ အကြောင်းကို ခရီးသည်ကို ပြောပြပါတယ်။
ဒီလို လူတော်တော်များများဟာ အမှိုက်ကားနဲ့ တူတယ်တဲ့။ အမှိုက်တွေကို
ကားနဲ့  အပြည့်ကြီး သယ်လာပြီး လျှောက်သွားနေတဲ့ လူတွေ ပေါ့။
အဲ့ဒီ အမှိုက်တွေထဲမှာ မိမိဖာသာ အဆင်မပြေတဲ့ အကြောင်းအရာတွေက ဒေါသတွေ ပါမယ်။ စိတ်ညစ် စိတ်ပျက်စရာတွေ ပါမယ်။ ဆိုးဝါးတဲ့ အရာတွေ ပါမယ် ။ သူတို့ က အဲ့ဒီ အမှိုက်တွေကို သယ်လာရတဲ့ အတွက် တစ်နေနေရာမှာ သွန်ချ ပစ်ချဖို့ လိုမယ်။ ဒီတော့ မိတ်ဆွေအပေါ်မှာလည်း ဒီအမှိုက်တွေ သွန်ချချင် သွန်ချလိမ့်မယ်။ အဲ့ဒီအခါကျရင် ကိုယ်က လက်မခံမိဖို့  မယူမိဖို့ လိုပါတယ်။
ပြုံးနေလိုက်ပါ။ လက်ရမ်းပြလိုက်။ သူတို့ ကို ကောင်းစေဖို့ ဆုတောင်းပေး။
ပြီးရင် ကိုယ်သွားစရာ ရှိတာ သွား ။ သူတို့ အမှိုက်တွေကို မယူမိစေနဲ့ ပြီးတော့ အဲ့ဒီ အမှိုက်တွေကို မိမိအလုပ်မှာ ဖြစ်ဖြစ် မိမိအိမ်မှာ ဖြစ်ဖြစ် ဒါမှမဟုတ် လမ်းတွေပေါ်မှာဖြစ်ဖြစ် သယ်လာပြီး တခြားလူတွေအပေါ် မဖြန့် မိစေ
မချမိစေနဲ့ ။ အောင်မြင်တဲ့ သူတွေ ရဲ့ အောက်ဆုံး ခြေလှမ်းက သူတို့ ရဲ့ 
နေ့ ရက်တွေမှာ အမှိုက်ကားကို မသယ်မိစေဖို့ ပါပဲ။
လူ့ ဘ၀မှာ နံနက်ခင်း တွေကို နောင်တတွေနဲ့ နိုးထလာရလောက်အောင် အချိန်တွေက တိုလွန်းပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေတဲ့ သူတွေကို ချစ်မြတ်နိုးပါ။ အဆင်မပြေတဲ့ သူတွေကိုတော့ ဆုတောင်းပေးလိုက်ပါ။
ဘ၀မှာ ဆယ်ရာခိုင်နှုန်းက ကိုယ်တိုင်လုပ်ကိုင် ဖန်တီးရတာ ဖြစ်ပြီး ကိုးဆယ် ရာခိုင်နှုန်းကတော့ ကိုယ် ဘယ်လို ခံယူတယ်။ လက်ခံတယ် ဆိုတဲ့ အပေါ် မူတည်ပြီး ရှင်သန်ရပါတယ်။
သင့်ကြောင့် အမှိုက်တွေ မပေပွစေပါနဲ့ ။ အမှိုက်ကင်းစင်တဲ့ နေ့ လေး ဖြစ်ပါစေ ။
---
Fred

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...