Monday, December 22, 2014

‪#‎ပွဲစား‬


Zaw Min Latt

မိသားစုလိုက်အပျော်ခရီးထွက် လာရမှပင်လယ်ထဲတွင် မုန်တိုင်းမိ၍ သဘောင်္ မှောက်ရာဝယ် ကံကောင်း ထောက်မစွာနှင့် ညီအကိုဝမ်းကွဲ နှစ်ယောက်သာ အသက်ရှင် ကျန်ရစ်လေသည်။ ညီဖြစ်သူမှာ နာမည်ကြီးပွဲစားတစ်ဦးဖြစ်ပြီး အကိုဖြစ်သူမှာ အထက်တန်း ရှေ့နေတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦး အစာရေဆာ ငတ်ပြတ်စွာဖြင့် ကမ်းခြေ တလျှောက်လမ်းလျှောက်လာရာ မထင်မှတ်ဘဲ အကိုဖြစ်သူရှေ့နေမှ ရှေးဟောင်းမီးခွက်လေးတစ်လုံးကို ခလုတ်တိုက်မိလေသည်။
ညီဖြစ်သူပွဲစားမှ ပွဲစားထုံးစံအတိုင်း ကြောကောင်းမကောင်း စမ်းကြည့်ရင်း အမှတ်မထင် ပွတ်မိသွားရာ မီးခွက်စောင့်ဘီလူး ထွက်လာလေသည်။ မီးခွက်စောင့်ဘီလူးမှ ဆုသုံးခုတောင်းခိုင်း၏။ သို့သော်ထိုဆုသုံးခုအတွက် တစ်ယောက်ကိုကျောက်ကပ်တစ်လုံးစီအဆုံးရှုံးခံရမည်ဖြစ်သည်။
ထိုအခိုက် အကိုဖြစ်သူရှေ့နေမှ
ရှေ့နေ - "ညီလေး၊ ငါတို့က နှစ်ယောက်ပေါင်းမှဆုသုံးခုတည်း တောင်းခွင့်ရှိတာဆိုတော့ အကိုက ငါ့ညီထက်အကြီးလည်းဖြစ် မီးခွက်ကိုစတွေ့သူလည်းဖြစ် ဆိုတော့ အကို့ကို ဆုနှစ်ခု တောင်းခွင့်ပေးပါ"
ပွဲစား - "ကောင်းပြီလေ၊ အကို ဆုနှစ်ခုတောင်းပါ ညီလေး တစ်ခုပဲတောင်းပါ့မယ်"
ရှေ့နေမှ ပထမဆုကို တောင်းလေ၏။
ရှေ့နေပထမဆုတောင်း ။ ။
"ကမ္ဘာမှာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်ချင်တယ်"
မီးခွက်စောင့် - "ပြည့်စေ"
ရှေ့နေဒုတိယဆုတောင်း ။ ။
"ကမ္ဘာမှာ အကြီးကျယ် အခမ်းနားဆုံးနန်းတော်ကြီး အဲဒီနန်းတော်မှာ ကျန်းမာရေး အတွက် ဆေးရုံတစ်ခုရောပါရမယ် အဲ့လိုနန်းတော်တစ်ခု ပိုင်ဆိုင် ချင်တယ်"
မီးခွက်စောင့် - "ပြည့်စေ"
ညီဖြစ်သူပွဲစား ဆုတောင်းရန် အလှည့်ရောက်လာသည်။
မီးခွက်စောင့် - "ကဲ မင်းအကိုတော့ ဆုတောင်းပြီးသွားပြီ၊ မင်းရော ဘာဆုတောင်းမလဲ၊ ငါသတိ ထပ်ပေးမယ် ဒီဆုတစ်ခုအတွက် မင်းကျောက်ကပ် တစ်လုံး ဆုံးရှုံးရမှာနော်၊ သေချာစဉ်းစားပါ"
ပွဲစား - "ကျွန်တော်ကတော့ အကိုကြီးလိုဆုတွေ မတောင်းချင်ပါဘူး ညီအကိုဆိုတော့ သူရှိရင်ကျွန်တော် ရှိသလိုပါပဲ၊ အဲ့တော့ ကျွန်တော်တစ်ခုပဲ တောင်းဆိုချင်ပါတယ်"
မီးခွက်စောင့် - "စကားမရှည်နဲ့ မြန်မြန်ပြောစမ်းကွာ"
ပွဲစား - "ဟုတ်ကဲ့၊ ကျွန်တော့် အတွက်ကျောက်ကပ်တစ်လုံးကို အစားထိုးဖို့ ကျွန်တော့်အကိုဆီက လက်ကျန်ကျောက်ကပ်တစ်လုံးကို အလှူခံပြီး အကို့ရဲ့နန်းတော်က ဆေးရုံမှာပဲ ခွဲစိတ်ကုသမှု ခံယူချင်ပါတယ်"
မီးခွက်စောင့် - "တယ် အကြံကြီးတဲ့ ပွဲစားပဲ၊ ကဲ ပြည့်စေဗျား" ဟုပြောပြီးမီးခွက်စောင့်လည်း ပျောက်သွားသည်။ : P


Credit-No Name

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...