Tuesday, December 23, 2014

ငေးမနေနဲ့၊ တွေးမနေနဲ့၊ ပြေးသာပြေးကြပါစို့

ဂျပန်လို့ ပြောလိုက်ရင် ကိုယ်တိုင် မရောက်ဖူးသူတွေကတော့ လှပတဲ့ ဖူဂျီတောင်ကြီးနဲ့ ချယ်ရီပန်းတွေကို လှမ်းမြင်ကြတယ်။ ရောက်ဖူးသူတွေကတော့ တက်ကြွလှုပ်ရှားနေတဲ့ လူတွေကို အရင်ဆုံး ပြေးမြင်ကြပါတယ်။

ကျနော် ဂျပန်ကို ရောက်စ ဒါဂျပန်ပဲလို့ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရတာကနေ စပြီး ပြောရပါဦးမယ်။ ကိုယ့်အရင် ရောက်နှင့်နေသူ နောင်တော်၊ အစ်မတော်၊ ရောင်းရင်းတွေက ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် ဘယ်သူမှ ကိုယ့်ကို အရေးတစ်ယူ လမ်းညွှန်ပြီး သင်ပေးတာမျိုး သိပ်မရှိခဲ့ပါဘူး။ အမှန်တော့လည်း အသက်အရွယ်အရ နောင်တော်၊ အစ်မတော်တွေလို့ သုံးရတာ၊ တစ်ကယ်က အရင်ကတည်းက သိကျွမ်းခင်မင်သူတွေ မဟုတ်ပါဘူး။ ဂျပန်ရောက်နှင့်နေတဲ့ သူငယ်ချင်း တစ်ယောက် မိတ်ဆက်ပေးလို့ ဒီရောက်မှ တွေ့ဖူးကြသူတွေပါ။

သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း ပြောကြတာကတော့ "ကျောင်းမတက်ခင်၊ အလုပ်မဝင်ခင် လည်စရာရှိတာ လည်ထားပေတော့၊ နောင်ဆိုရင် ဒီလို အားတော့မှာ မဟုတ်ဖူး" တဲ့။ ကျနော့စိတ်ထဲမှာတော့ ဒီလောက်ကြီးလည်း ဟုတ်နိုင်မယ်မထင်ပါဘူးလို့ပဲ ခတ်ပေါ့ပေါ့ တွေးပါတယ်။

ဒါပေမဲ့၊ နောက်တစ်နေ့မှာ သူတို့ ပြောသလို ကိုယ့်ဖာသာ လျှောက်လည်ပြီး ကြည့်လိုက်ဦးမယ်လို့ ရထားမြေပုံတစ်ရွက်နဲ့ ထွက်ခဲ့ပါတယ်။ အတူနေတဲ့ အိမ်ခံ အစ်ကိုများက မနက် ၅ နာရီလောက် အိမ်ကထွက်ပြီး ည ၁၂ နာရီလောက်မှ အိမ်ပြန်ရောက်ကြတာဆိုတော့ အိပ်ချိန် ၄ နာရီလောက်နဲ့ တော်တော် ဘဝကြမ်းမယ်ဆိုတာ အကဲခတ်မိသလိုလို ရှိသား။

မနက် ၇ နာရီလောက်မှာ အိမ်ကထွက်ပြီး ရထားဘူတာဖက်ကို လျှောက်လာခဲ့တယ်။ မနက်စောသေးတော့ လမ်းပေါ်မှာလည်း လူသူမတွေ့ရဘူး။ အဲဒီတုန်း တိုက်ခန်းတစ်ခုက ဝုန်းကနဲ တံခါးပွင့်ပြီး ကောင်မလေးတစ်ယောက် အူယားဖားယား ပြေးထွက်လာတော့ ကျနော်လည်း လန့်သွားတာပေါ့။ ဗမာကိုလူချောကို မြင်လိုက်လို့ ဣနြေ္ဒတောင် မဆည်နိုင်ပဲ ပြေးလာလေရော့သလား။ (နောက်တာပါဗျာ၊ တစ်ကယ်တော့ ဘယ်တွေးပါ့မလဲ။ ငိငိငိ)

အဲဒီကောင်မလေးက ဒေါက်ဖိနပ်သံ တစ်ဂွပ်ဂွပ်နဲ့ ပြေးရင်းလွှားရင်း ဘီးတစ်ချောင်းနဲ့ ဆံပင်ကို ဖြီးသွားလိုက်သေးတယ်။ ကျနော် ဘူတာနားနီးလာလေလေ၊ အပြေးအလွှား လာနေကြတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးကအစ အရွယ်မျိုစုံ တွေ့ရတော့တာပဲ။ လူတိုင်း ပြေးနေသလား အောက်မေ့ရတယ်။

ရထားပေါ်ရောက်တော့ မနက်စောသေးတာနဲ့ ထိုင်စရာနေရာရတယ်။ ရုံးချိန်နီးရင်တော့ မတ်တပ် ခြေစုံရပ်ဖို့တောင် အနိုင်နိုင်၊ ခြေတစ်ဖက်တည်း ရပ်ရတဲ့အခါမျိုးတွေကို နောက်ကျမှ သိလာတယ်။ ဘေးဝန်းကျင် မျက်လုံးဝေ့ကြည့်တော့ ရထားပေါ်မှာ မှန်ကလေးထုတ်ပြီး ဖီးလိမ်းခြယ်သနေတဲ့ မိန်းကလေးတွေ တော်တော်များသား။ နှုတ်ခမ်းနီဆိုးသူ၊ မျက်ခုံးမွေး ဆွဲသူ၊ ပေါင်ဒါဖို့သူ။ အိမ်မှာ အေးအေးဆေးဆေး လုပ်ဖို့ အချိန်မရလို့ ရထားပေါ် ရောက်မှ အပြေးအလွှား အလှပြင်ကြရပုံပါပဲ။

အဲဒီမနက်တစ်ခုတည်းနဲ့ သင်ခန်းစာရလိုက်တာကတော့ ဒီနိုင်ငံမှာနေပြီး သူတို့ကို အမီလိုက်ဖို့ ကိုယ်လည်း ပြေးမှဖြစ်တော့မယ် ဆိုတဲ့ အသိပါပဲ။ မြန်မာပြည်မှာတုန်းကလို အေးအေးဆေးဆေး ဇိမ်နဲ့ နေလို့ မရတော့ဘူး၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ရတဲ့ အချိန်တွေ ဘယ်ပျောက်သွားမှန်းကို မသိတော့ပါဘူး။ (လွမ်းတော့ လွမ်းသား၊ အဲဒီတုန်းက ပိုလိုက်တဲ့အချိန်တွေ။)

အဲဒီနောက်တော့ သူလည်းပြေး၊ ကိုယ်လည်းပြေး၊ ဂျပန်ဘဝကို အစပြုရတော့တာပေါ့။

ယောက်ျားလေးတွေက ဘိဇနက်ဆု(တ်) အပြည့် နက်ခ်တိုင်တစ်လွင့်လွင့်၊ မိန်းကလေးတွေလည်း အကောင်းစား ဒီဇိုင်နာဝတ်စုံ၊ ဒေါက်ဖိနပ် တစ်ခွပ်ခွပ်၊ ပြေးကြသူတွေနေတဲ့ တိုင်းပြည်။ အဲဒါ ဂျပန်ပေါ့။
ကျနော်တို့ မြန်မာပြည်မှာတော့ ဒီလို ဖက်ရှင်မယ်ရှုံးအောင် ဝတ်ထားပြီးရင် ခြေတစ်လှမ်း ကုဋေတစ်သန်းက တစ်ပြားမှ လျှော့မှာမဟုတ်ဖူး၊ မိန်းကလေးမပြောနဲ့ ယောက်ျားလေးတောင် ရှိုးအပဲ့ခံပြီး ဘယ်ပြေးမလဲ။ အချိန်နောက်ကျတာများ ဒါလေးကို အဆန်းလုပ်လို့။

ငယ်ငယ်တုန်းက ဗိုလ်မှူးကြီး (ဟောင်း) တင်မောင်ရေးတဲ့ 'မုန်တိုင်းလွန်သော်' ကိုယ်တိုင်ရေးမှတ်တမ်းသဘောမျိုး စာအုပ်ကို ဖတ်မိပြီး ရင်ထဲမှာ စွဲနေတာလေး ရှိတယ်။

စာရေးသူ ဒုဗိုလ်မှူးကြီး အဖြစ်နဲ့ မေမြို့ဗိုလ်သင်တန်းကျောင်းမှာ ကျောင်းအုပ်ကြီး လုပ်ခဲ့ရတဲ့ အတွေ့အကြုံကိုလည်း စာအုပ်မှာ ရေးထားပါတယ်။ သူက ဂျပန်ခေတ်မှာ ဂျပန်ပြည်က ဗိုလ်သင်တန်းကျောင်း တက်ခဲ့ရသူတစ်ဦးပါ။ အဲဒီအချိန်က ဂျပန်ဆရာတွေရဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ လေ့ကျင့်သင်ကြားမှုနဲ့ ဂျပန်ဗိုလ်သင်တန်းကျောင်းရဲ့ စိတ်ဓာတ်၊ အလေ့အထတွေကို သင်ယူခဲ့ရသူ ဖြစ်ပါတယ်။

ကျောင်းအုပ်ကြီးအသစ်က မြန်မာဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်လောင်းတွေ တစ်နေရာနဲ့ တစ်နေရာ အေးအေးလူလူ လမ်းလျှောက်နေတာ တွေ့တော့ သူတော်တော် ကြည့်မရဘူးလို့ ဆိုတယ်။ (ဂျပန်ဗိုလ်သင်တန်းကျောင်းမှာ ဆရာရော ကျောင်းသားပါ ပြေးရတယ်၊ လမ်းမလျှောက်ရဘူးတဲ့။ ပြီးတော့ မီးရထား၊ ဘတ်စ်ကားတွေပေါ်မှာ အရပ်သား ပြည်သူတွေ တစ်ယောက်မကျန် ထိုင်ခုံရပြီး နေရာလွတ်မှ စစ်သားက ထိုင်ခွင့်ရှိတယ်။ နေရာလွတ်ရင် အရပ်သားမရှိမှ စစ်သားတွေ ထိုင်ခွင့်ရလို့ အမြဲမတ်တပ်ရပ်ရတယ်။ အဲဒါတောင် ဆိုးဝါးလှပါတယ်ဆိုတဲ့ ဖက်ဆစ်ဂျပန်စစ်တပ်က သူ့ပြည်သူအပေါ်မှာတော့ ရိုသေလေးစားတယ်။) 

ဒါကြောင့်၊ မေမြို့ဗိုလ်သင်တန်းကျောင်းမှာ ဘယ်ကိုပဲသွားသွား တစ်နေရာနဲ့ တစ်နေရာ ပြေးပြီးမှ သွားရမယ်။ လမ်းလျှောက်တာ တွေ့ရင် အပြစ်ပေးမယ်လို့ အမိန့်ထုတ်လိုက်တယ်။

မေမြို့ ဗိုလ်သင်တန်းကျောင်းမှာ အဲဒီလို မပြေးမနေရ အမိန့်ထုတ်လိုက်တော့ ဗိုလ်လောင်းတွေက သူ့ကို 'ဥပဒေတိုး' ကျောင်းအုပ်ကြီးလို့ ချီးကျူးထောပနာ ပြုကြပါသတဲ့။ (ဥပဒေတိုး ဆိုတာ 'သူ့အမေ--ိုး' ကို စကားလိမ်နဲ့ ပြောတာပါ။ ရိုင်းသွားရင် ခွင့်လွှတ်ပါခင်ဗျာ။)

ကဲ ကဲ ကဲ၊ ပြေးနေတဲ့ ဂျပန်အကြောင်း ရေးလိုက်တဲ့ ကျနော့ကိုလည်း ကြိုက်သလို ထောပနာပြုနိုင်ပါတယ်။
ဂျပန်လို့ ပြောလိုက်ရင် ကိုယ်တိုင် မရောက်ဖူးသူတွေကတော့ လှပတဲ့ ဖူဂျီတောင်ကြီးနဲ့ ချယ်ရီပန်းတွေကို လှမ်းမြင်ကြတယ်။ ရောက်ဖူးသူတွေကတော့ တက်ကြွလှုပ်ရှားနေတဲ့ လူတွေကို အရင်ဆုံး ပြေးမြင်ကြပါတယ်။ကျနော် ဂျပန်ကို ရောက်စ ဒါဂျပန်ပဲလို့ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရတာကနေ စပြီး ပြောရပါဦးမယ်။
ကိုယ့်အရင် ရောက်နှင့်နေသူ နောင်တော်၊ အစ်မတော်၊ ရောင်းရင်းတွေက ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် ဘယ်သူမှ ကိုယ့်ကို အရေးတစ်ယူ လမ်းညွှန်ပြီး သင်ပေးတာမျိုး သိပ်မရှိခဲ့ပါဘူး။ အမှန်တော့လည်း အသက်အရွယ်အရ နောင်တော်၊ အစ်မတော်တွေလို့ သုံးရတာ၊ တစ်ကယ်က အရင်ကတည်းက သိကျွမ်းခင်မင်သူတွေ မဟုတ်ပါဘူး။ ဂျပန်ရောက်နှင့်နေတဲ့ သူငယ်ချင်း တစ်ယောက် မိတ်ဆက်ပေးလို့ ဒီရောက်မှ တွေ့ဖူးကြသူတွေပါ။
သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း ပြောကြတာကတော့ "ကျောင်းမတက်ခင်၊ အလုပ်မဝင်ခင် လည်စရာရှိတာ လည်ထားပေတော့၊ နောင်ဆိုရင် ဒီလို အားတော့မှာ မဟုတ်ဖူး" တဲ့။ ကျနော့စိတ်ထဲမှာတော့ ဒီလောက်ကြီးလည်း ဟုတ်နိုင်မယ်မထင်ပါဘူးလို့ပဲ ခတ်ပေါ့ပေါ့ တွေးပါတယ်။
ဒါပေမဲ့၊ နောက်တစ်နေ့မှာ သူတို့ ပြောသလို ကိုယ့်ဖာသာ လျှောက်လည်ပြီး ကြည့်လိုက်ဦးမယ်လို့ ရထားမြေပုံတစ်ရွက်နဲ့ ထွက်ခဲ့ပါတယ်။ အတူနေတဲ့ အိမ်ခံ အစ်ကိုများက မနက် ၅ နာရီလောက် အိမ်ကထွက်ပြီး ည ၁၂ နာရီလောက်မှ အိမ်ပြန်ရောက်ကြတာဆိုတော့ အိပ်ချိန် ၄ နာရီလောက်နဲ့ တော်တော် ဘဝကြမ်းမယ်ဆိုတာ အကဲခတ်မိသလိုလို ရှိသား။
မနက် ၇ နာရီလောက်မှာ အိမ်ကထွက်ပြီး ရထားဘူတာဖက်ကို လျှောက်လာခဲ့တယ်။ မနက်စောသေးတော့ လမ်းပေါ်မှာလည်း လူသူမတွေ့ရဘူး။ အဲဒီတုန်း တိုက်ခန်းတစ်ခုက ဝုန်းကနဲ တံခါးပွင့်ပြီး ကောင်မလေးတစ်ယောက် အူယားဖားယား ပြေးထွက်လာတော့ ကျနော်လည်း လန့်သွားတာပေါ့။ ဗမာကိုလူချောကို မြင်လိုက်လို့ ဣနြေ္ဒတောင် မဆည်နိုင်ပဲ ပြေးလာလေရော့သလား။ (နောက်တာပါဗျာ၊ တစ်ကယ်တော့ ဘယ်တွေးပါ့မလဲ။ ငိငိငိ)
အဲဒီကောင်မလေးက ဒေါက်ဖိနပ်သံ တစ်ဂွပ်ဂွပ်နဲ့ ပြေးရင်းလွှားရင်း ဘီးတစ်ချောင်းနဲ့ ဆံပင်ကို ဖြီးသွားလိုက်သေးတယ်။ ကျနော် ဘူတာနားနီးလာလေလေ၊ အပြေးအလွှား လာနေကြတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးကအစ အရွယ်မျိုစုံ တွေ့ရတော့တာပဲ။ လူတိုင်း ပြေးနေသလား အောက်မေ့ရတယ်။
ရထားပေါ်ရောက်တော့ မနက်စောသေးတာနဲ့ ထိုင်စရာနေရာရတယ်။ ရုံးချိန်နီးရင်တော့ မတ်တပ် ခြေစုံရပ်ဖို့တောင် အနိုင်နိုင်၊ ခြေတစ်ဖက်တည်း ရပ်ရတဲ့အခါမျိုးတွေကို နောက်ကျမှ သိလာတယ်။ ဘေးဝန်းကျင် မျက်လုံးဝေ့ကြည့်တော့ ရထားပေါ်မှာ မှန်ကလေးထုတ်ပြီး ဖီးလိမ်းခြယ်သနေတဲ့ မိန်းကလေးတွေ တော်တော်များသား။ နှုတ်ခမ်းနီဆိုးသူ၊ မျက်ခုံးမွေး ဆွဲသူ၊ ပေါင်ဒါဖို့သူ။ အိမ်မှာ အေးအေးဆေးဆေး လုပ်ဖို့ အချိန်မရလို့ ရထားပေါ် ရောက်မှ အပြေးအလွှား အလှပြင်ကြရပုံပါပဲ။
အဲဒီမနက်တစ်ခုတည်းနဲ့ သင်ခန်းစာရလိုက်တာကတော့ ဒီနိုင်ငံမှာနေပြီး သူတို့ကို အမီလိုက်ဖို့ ကိုယ်လည်း ပြေးမှဖြစ်တော့မယ် ဆိုတဲ့ အသိပါပဲ။ မြန်မာပြည်မှာတုန်းကလို အေးအေးဆေးဆေး ဇိမ်နဲ့ နေလို့ မရတော့ဘူး၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ရတဲ့ အချိန်တွေ ဘယ်ပျောက်သွားမှန်းကို မသိတော့ပါဘူး။ (လွမ်းတော့ လွမ်းသား၊ အဲဒီတုန်းက ပိုလိုက်တဲ့အချိန်တွေ။)
အဲဒီနောက်တော့ သူလည်းပြေး၊ ကိုယ်လည်းပြေး၊ ဂျပန်ဘဝကို အစပြုရတော့တာပေါ့။
ယောက်ျားလေးတွေက ဘိဇနက်ဆု(တ်) အပြည့် နက်ခ်တိုင်တစ်လွင့်လွင့်၊ မိန်းကလေးတွေလည်း အကောင်းစား ဒီဇိုင်နာဝတ်စုံ၊ ဒေါက်ဖိနပ် တစ်ခွပ်ခွပ်၊ ပြေးကြသူတွေနေတဲ့ တိုင်းပြည်။ အဲဒါ ဂျပန်ပေါ့။
ကျနော်တို့ မြန်မာပြည်မှာတော့ ဒီလို ဖက်ရှင်မယ်ရှုံးအောင် ဝတ်ထားပြီးရင် ခြေတစ်လှမ်း ကုဋေတစ်သန်းက တစ်ပြားမှ လျှော့မှာမဟုတ်ဖူး၊ မိန်းကလေးမပြောနဲ့ ယောက်ျားလေးတောင် ရှိုးအပဲ့ခံပြီး ဘယ်ပြေးမလဲ။ အချိန်နောက်ကျတာများ ဒါလေးကို အဆန်းလုပ်လို့။
ငယ်ငယ်တုန်းက ဗိုလ်မှူးကြီး (ဟောင်း) တင်မောင်ရေးတဲ့ 'မုန်တိုင်းလွန်သော်' ကိုယ်တိုင်ရေးမှတ်တမ်းသဘောမျိုး စာအုပ်ကို ဖတ်မိပြီး ရင်ထဲမှာ စွဲနေတာလေး ရှိတယ်။
စာရေးသူ ဒုဗိုလ်မှူးကြီး အဖြစ်နဲ့ မေမြို့ဗိုလ်သင်တန်းကျောင်းမှာ ကျောင်းအုပ်ကြီး လုပ်ခဲ့ရတဲ့ အတွေ့အကြုံကိုလည်း စာအုပ်မှာ ရေးထားပါတယ်။ သူက ဂျပန်ခေတ်မှာ ဂျပန်ပြည်က ဗိုလ်သင်တန်းကျောင်း တက်ခဲ့ရသူတစ်ဦးပါ။ အဲဒီအချိန်က ဂျပန်ဆရာတွေရဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ လေ့ကျင့်သင်ကြားမှုနဲ့ ဂျပန်ဗိုလ်သင်တန်းကျောင်းရဲ့ စိတ်ဓာတ်၊ အလေ့အထတွေကို သင်ယူခဲ့ရသူ ဖြစ်ပါတယ်။
ကျောင်းအုပ်ကြီးအသစ်က မြန်မာဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်လောင်းတွေ တစ်နေရာနဲ့ တစ်နေရာ အေးအေးလူလူ လမ်းလျှောက်နေတာ တွေ့တော့ သူတော်တော် ကြည့်မရဘူးလို့ ဆိုတယ်။ (ဂျပန်ဗိုလ်သင်တန်းကျောင်းမှာ ဆရာရော ကျောင်းသားပါ ပြေးရတယ်၊ လမ်းမလျှောက်ရဘူးတဲ့။ ပြီးတော့ မီးရထား၊ ဘတ်စ်ကားတွေပေါ်မှာ အရပ်သား ပြည်သူတွေ တစ်ယောက်မကျန် ထိုင်ခုံရပြီး နေရာလွတ်မှ စစ်သားက ထိုင်ခွင့်ရှိတယ်။ နေရာလွတ်ရင် အရပ်သားမရှိမှ စစ်သားတွေ ထိုင်ခွင့်ရလို့ အမြဲမတ်တပ်ရပ်ရတယ်။ အဲဒါတောင် ဆိုးဝါးလှပါတယ်ဆိုတဲ့ ဖက်ဆစ်ဂျပန်စစ်တပ်က သူ့ပြည်သူအပေါ်မှာတော့ ရိုသေလေးစားတယ်။)
ဒါကြောင့်၊ မေမြို့ဗိုလ်သင်တန်းကျောင်းမှာ ဘယ်ကိုပဲသွားသွား တစ်နေရာနဲ့ တစ်နေရာ ပြေးပြီးမှ သွားရမယ်။ လမ်းလျှောက်တာ တွေ့ရင် အပြစ်ပေးမယ်လို့ အမိန့်ထုတ်လိုက်တယ်။
မေမြို့ ဗိုလ်သင်တန်းကျောင်းမှာ အဲဒီလို မပြေးမနေရ အမိန့်ထုတ်လိုက်တော့ ဗိုလ်လောင်းတွေက သူ့ကို 'ဥပဒေတိုး' ကျောင်းအုပ်ကြီးလို့ ချီးကျူးထောပနာ ပြုကြပါသတဲ့။ (ဥပဒေတိုး ဆိုတာ 'သူ့အမေ--ိုး' ကို စကားလိမ်နဲ့ ပြောတာပါ။ ရိုင်းသွားရင် ခွင့်လွှတ်ပါခင်ဗျာ။)
ကဲ ကဲ ကဲ၊ ပြေးနေတဲ့ ဂျပန်အကြောင်း ရေးလိုက်တဲ့ ကျနော့ကိုလည်း ကြိုက်သလို ထောပနာပြုနိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...