Saturday, December 20, 2014

မိုးသည်း ည လမ်းခွဲ - ၂


ည(၁၂း၀၀) ကျော်။ တစ်နေကုန်ပွဲကြမ်း
နေသောအစာအိမ်ကို ပေါင်မုန့်တစ်လုံး၊
လက်ဖက်ရည် တစ်ခွက်မျှဖြင့် ချော့မြူပြီး
ပြန်လာခဲ့ရသော ညဖြစ်သည်။
ဒီလမ်းကြားထဲက အဆောင်တစ်ခုမှာ
ကျွန်တော်နားခိုခဲ့တာ တစ်လပဲ ရှိပါသေးသည်။

လွန်ခဲ့သော (၁၀)နှစ် လောက်က
ကျွန်တော် ကျင်လည် ကျက်စားခဲ့သော
အသိုင်းအ၀ိုင်းထဲမှ မိတ်ဆွေတစ်ဦးနှင့်
ပြန်တွေ့ခဲ့သည်။ ကိုကောင်းခန့်ဖြစ်သည်။

အခုသူက စင်တင်တေးဂီတခြင့် ဖျော်ဖြေ
ရောင်းချသည့်စားသောက်ဆိုင် တစ်ဆိုင်
ဖွင့်ထားသည်။
သူ့ဆိုင်မှ လစ်လပ်နေသော ကီးဘုတ်တီး
သမားနေရာတွင် အစားထိုးတာဝန်ယူ
ပေရန်၊ သူနှင့်ကျွန်တော် အကြမ်းဖျင်း
သဘောတူညီမှု ရရှိခဲ့သည်။ လတ်တ
လော ရင်ဆိုင်နေရသော အခက်အခဲ
တစ်ချို့တော့ ပြေလည်သွားမည်ဖြစ်
သည်။
လောကကြီးက တစ်ခါတစ်လေ စိတ်ပျက်
ဖွယ်အတိ ဖြစ်၏။ အံ့ဝင်ဂွင်ကျမဖြစ်သည့်
ခပ်ပွပွဘ၀ကြီးကို ၀တ်ဆင်ထားရတာ
ကြာတော့ ငြီးငွေ့မိသည်။
လွန်ခဲ့သည့် (၁၀)နှစ်အတွင်းက ကျွန်
တော့်၏ အိပ်မက်မှာ အောင်မြင်သော
တေးရေးဆရာတစ်ဦးဖြစ်ပါသည်။ သို့
သော် ကျွန်တော်မွေးထုတ်ခဲ့သော
သီချင်းတစ်ချို့မှာ အဖေအရင်း ပျောက်
ခဲ့ရရှာသည်။
ဖလှယ်ရဂုဏ်သတ္တိဆိုသည့် သီအိုရီကို
ကျွန်တော်နားမလည်လွန်းစွာ ဖြစ်ရပါ
သည်။ အနုပညာကို ငွေကြေးဖြင့် ညီမျှ
ခြင်း ချ၍ရ၊ မရ။ တန်ဘိုးဖြတ်ဖို့ ထိုက်
တန်မှုရှိ၊ မရှိဆိုတာကို ကျွန်တော် နား
မလည်၊ ပါးမလည်ဖြစ်ခဲ့ရပါသည်။
ဂီတလောက ၀ဲဂယက်ထဲတွင် တီးဝိုင်း
တစ်ချို့၌ ဂီတာလိုက်တီးလိုက်၊ ကီးဘုတ်
်တီးလိုက်၊ သီချင်းရေးလိုက်၊ တစ်ချို့ပွဲ
များတွင် ကိုယ်တိုင် သီချင်းဝင်ဆိုလိုက်
ဖြင့် လွင့်မျောနေခဲ့ဖူးသည်။
ယခု ကျွန်တော်အလုပ်ဝင်မည့်ဆိုင်ရှင်က
ကျွန်တော်နှင့် ငတ်ဖေါ်ငတ်ဘက်၊ တေ
ဖေါ် တေဘက်၊ သီချင်းရေးဖေါ် ရေးဘက်
ဖြစ်သည့် အနုပညာရောင်းရင်း တစ်ဦး
ဖြစ်ပါသည်။
ကျွန်တော်နှင့်လက်တွဲပြီး၊(၄)နှစ်မျှအကြာ
တွင် ကြွယ်ဝချမ်းသာသောအသိုင်းအ၀ိုင်း
မှ မိန်းကလေးတစ်ဦးနှင့် လက်ထပ်လိုက်
သည်။
ကျွန်တော်တစ်ယောက်တည်း ယောင်ပေ
ပေဖြင့် နွံနစ်ကျန်ခဲ့သည်။ နောက်တစ်နှစ်
အကြာမှာ အမေ့ကျန်းမာရေးကြောင့်
ကျွန်တော် နယ်ပြန်ဆင်းခဲ့ရသည်။ နယ်
မှာ (၅)နှစ်မျှ နေပြီး၊ ရန်ကုန် ပြန်ရောက်
လာတော့ လွန်ခဲ့သည့်(၁၀)နှစ်တုန်းက
ရောက်ခဲ့သည့်အတိုင်းပင် ဒုက္ခဆိုသည့်
ကောင်က ခရီးဦးကြိုပြုနေပြန်ပါသည်။
တံခါးစောင့်တစ်ဦး၏ ပညာအရည်အချင်း
သည်ပင် တက္ကသိုလ်ဘွဲ့ရ ဖြစ်နေချိန်တွင်
ဆယ်တန်းဆိုသည့် ဂိတ်ဝတွင် တဘုန်း
ဘုန်းလဲပြိုကျခဲ့ရသော ကျွန်တော့်
အတွက် အလုပ်အကိုင်ရှားပါးနေခြင်းမှာ
မထူးဆန်းလှပေ။
ကိုကောင်းခန့်နှင့်သာ ပြန်မတွေ့ရလျှင်
မနက်ဖြန်ဆိုတာ ကျွန်တော် ရင်ဆိုင်ရ
ခက်ခဲမည့် အန္တရာယ်ကောင်ဖြစ်နေပါဦး
မည်။
တွေးရင်း လျှောက်လာခဲ့သည့် လမ်းက
ပုံမှန်ထက်တော့ အလျှား ပိုတိုပါသည်။
မိုးက ပိုမိုသည်းထန်လာ၏။ ကျွန်တော့်
နားထဲတွင် အသံတွေကြားရသဖြင့် လှည့်
ကြည့်မိသည်။
ကျွန်တော့်ထံ အရိပ်တစ်ချို့ လျှင်မြန်စွာ
ရွေ့လျားလာသည်ကို တွေ့ရသည်။
သည်းသည်း ကွဲကွဲတော့ မရှိလှ။ ခန္ဓာ
ကိုယ်ကို အသင့်အနေအထား ပြင်ဆင်ပြီး
ရပ်စောင့်နေလိုက်သည်။
"ဒီမှာရှင့်...ရှင် ကျွန်မကို ကူညီတဲ့အနေန
ဲ့အတူတွဲလျှောက်ပေးနိုင်မလား..."

ကျွန်တော့်အနားရောက်လာသည့်အရိပ်
ကလေးက အသံမျှင်မျှင်လေးဖြင့် ပြော
လိုက်သည်။
သူမနောက်ကို ကျော်ကြည့်လိုက်တော့
ယိမ်းယိုင်နေသည့် ပုရိဿ (၃)ဦး။ အခြေ
အနေမှန်ကို ရိပ်စားမိလိုက်ပြီ။ သူမကို
ခေါင်းညိမ့်ပြပြီး ကျွန်တော်တို့နှစ်ဦး ယှဉ်
တွဲလျှောက်လိုက်ကြသည်။ငနဲ(၃)ကောင်
ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြ
ပြန်သည်။

" မိုးသည်း...နင် ငါ့ကို ဒီလို ခေါက်ထားခဲ့
လို့ မရဘူးနှော်..."

"ကျွတ်...ဇာတ်လမ်းတော့ စပြီ"ဟု စိတ်
ပျက်လက်ပျက် တွေးမိသည်။ ကျွန်တော်
ဟီးရိုးမဟုတ်ပါ။ သတ်ပုတ်ခြင်းတွင် ကျွန်
တော့်ပါရမီ အထမမြောက်ခဲ့။ လမ်းမှာခွေး
နှစ်ကောင်ကိုက်တာ၊ ကြက်နှစ်ကောင်ခွပ်
တာကအစ မျက်နှာလွှဲသွားလေ့ရှိသော
ကျွန်တော့်အတွက် ယခု အခင်းအကျင်း
သည် မဟာစွန့်စားခန်းကြီးတစ်ခုပမာ ဖြစ်
နေပါသည်။
" ဒါ ငါ့ချစ်သူ...နင် ငါ့ကို မနှောက်ယှက်
စမ်းနဲ့ အောင်ထိုက်...နင်နဲ့ ငါ့ကြား ဘာ
အကန့်မှ မရှိတော့ဘူး...ကိုယ့်လမ်းကိုယ်
ရွေ့ ကြရအောင်...."

ဘုရားရေ... ဒီ မိုးသည်းဆိုတဲ့ ကောင်မ
လေးကတော့ လုပ်ချလိုက်ပြီ။ အောင်
ထိုက် ဆိုသည့် သားသားနားနား ငမူး
လေးက အားပါးတရရယ်ပြီး-
"ဘာ...နင့်ချစ်သူ...ဟုတ်လား...ဟားဟား
ဟား...ရယ်ရချက်ကွာ...ဒီလို ဆယ့်ကိုး
ရာစု ဘိုးတော်ကြီးက နင့်ချစ်သူ တဲ့လား..
အဟက်...ငါ့ကို လာမဖေါစမ်းနဲ့ မိုးသည်း.
..လမ်းပေါ်မှာ အခုမှ တွေ့တဲ့ ဘူမသိ၊ ကိုး
မသိ ဘိုးတော်ကြီးကို ကိုးကွယ် ဆည်း
ကပ်နေမယ့်အစား၊ ငါ့ကိုပဲ အားကိုးလိုက်
စမ်းပါ..."

ကျွန်တော် နည်းနည်းတော့ ခါထွက်သွား
သည်။ ဆယ်စုနှစ်တစ်စုစာမျှ ကွာဟသွား
ရုံဖြင့် ကျွန်တော်ဝတ်ထားသည့် Levi's
501 ဂျင်းနှင့် Country Shoe တို့ ခေတ်
နောက်ပြန် လန်ကျကုန်ပြီလား။

" ကျွတ်..ကျွတ်..ကျွတ်..နင်က သနား
စရာ အမှုန်အမွှားလေးပါလား အောင်
ထိုက်ရယ်...ဒါ ငါ့ချစ်သူမှ ငါ့ချစ်သူအစစ်
ပါ...လုံးဝ ဆေးမဖြန်းထားဘူး....ရေမထိုး
ထားဘူး....အလေးချိန် နည်းနည်းလေးမှ
မလျော့တဲ့ ငါ့ချစ်သူ...ဟုတ်ပြီလား...ငါတို့
က တစ်နယ်တည်းသားတွေလေ...မောင်
က ငါ့ကို စိတ်မချလို့ လိုက်လာတာ...ငါ
တို့ မကြာခင် လက်ထပ်ဖြစ်တော့မှာဟ...
အဲ့ကျရင် နင့်ကို ဖိတ်စာ လှမ်းပို့လိုက်ပါ့
မယ်...နင် ဆက်ဆက်လာခဲ့ရမယ်နှော်...”

ပြောနေရင်း မိုးသည်းက ကျွန်တော့်
လက်မောင်းကို လှမ်းချိတ်ပြီး၊ သူ့မေးစေ့
ချွန်ချွန်လေးကို ကျွန်တော့ ပုခုံးပေါ် မှေး
တင်လိုက်သည်။

" မောင်...ကျွန်မကို မောင့် မိုးကာအင်္ကျံ
ီလေး တစ်ဝက်လောက် ပေးခြုံပါလား..."
" သြော်...အင်း..."

ကျွန်တော် အူကြောင်ကြောင်နိုင်စွာဖြင့်
ဝတ်ထားသည့် မိုးကာအင်္ကျီကို ချွတ်ပြီး
သူ့ ပုခုံးပေါ် လွှမ်းခြုံပေးမိသည်။ မိုးသည်း
က ကျွန်တော့် ခါးကို ဖက်ပြီး-
" မောင်...သွားကြရအောင်လေ...ကျွန်မ
ချမ်းနေပြီ..."

ကျွန်တော့် သက်ဝင်လှုပ်ရှားမှုအားလုံး
သည် မိုးသည်း၏ အသံမျှင်မျှင်လေး
အောက်တွင် သြဇာ တည်ရှိနေ၏။
ထိုညက မိုးသည်းသည်းတွင် မိုးသည်းဆို
သည့်ကောင်မလေးကိုသူမတို့သူငယ်ချင်း
တစ်စု ငှားရမ်း နေထိုင်သော ကျွန်တော်
တို့ လမ်းထဲရှိ တိုက်ခန်းသို့ ပို့ပေးခဲ့သည်။
နောက်မှ တကောက်ကောက်ကပ်ပါလာ
ကြသော အောင်ထိုက်တို့ကြောင့် မိုး
သည်း နေထိုင်သည့် တိုက်ရှေ့ ရောက်
သည့်တိုင်အောင် ချစ်သူစုံတွဲသဖွယ်
သရုပ်ဆောင်ခဲ့ကြရပါသည်။
ထိုည၌ မိုးသည်းက ကျွန်တော့်ကို ကော်
ဖီ တစ်ခွက်ဖြင့် ဧည့်ခံခဲ့သည်။ ကျွန်တော့်
နာမည် "ညချမ်း"ဟု သိလိုက်ရသောအခါ
မိုးသည်းက သဘောကျစွာ ရယ်မောပြီး၊
" ဒါဆို ကျွန်မတို့ နှစ်ယောက် ပေါင်းရင်
မိုးသည်းည ဖြစ်ပြီပေါ့ မောင်ရဲ့..." ဟု
နောက်ပြောင်လေသည်။
ထိုညမှာ ကျွန်တော်သောက်ခဲ့ရသည့်
ကော်ဖီတစ်ခွက်နှင့်အတူ၊ မိုးသည်းဆို
သည့် ကောင်မလေးကို အမှတ်တရဖြစ်
နေဦးမှာ အသေအချာပင် ဖြစ်ပါတော့
သည်။
(ဆက်လက်ဖေါ်ပြပေးသွားမည် ဖြစ်သည်။)
-လင်းသက်-

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...