Wednesday, December 31, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၂)

သစ်ထူးလွင်


Posted: 31 Dec 2014 03:44 AM PST
ဂရမ်မီဆုရှင်တွေ ဖြစ်ကြတဲ့ အမေရိကန် ရက်ပ်အဆိုတော် ဂျေဇီ (Jay Z) နဲ့ R&B အဆိုတော် ဘီယွန်ဆေး (Beyonce)တို့ဟာ သူတို့ရဲ့ ၂ နှစ်အရွယ် သမီး ဘလူး အိုင်ဗီ (Blue Ivy)နဲ့အတူ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂၉ ရက်နေ့က အလည်အပတ် ရောက်လာခဲ့ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထိုင်းနိုင်ငံ ဖူးခက်ကနေတဆင့် ရန်ကုန်လေဆိပ်မှာ လေကြောင်း ဖြတ်သန်းခွင့် ရယူကာ ခရီးတထောက် နားခဲ့ပြီး ရှေးဟောင်းမြို့တော် ပုဂံကို နေ့ချင်းပြန် 
Posted: 31 Dec 2014 03:39 AM PST
ဆူရာဘာယာ၊ ဒီဇင်ဘာ ၃၁ အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် QZ8501 ပျက်ကျမှုတွင် သေဆုံးခဲ့ သူများ အနက်မှ နှစ်ဦး၏ ရုပ်ကလာပ်များ ဆူရာဘာယာ လေဆိပ်သို့ ညနေ ၄ နာရီဝန်းကျင်က ရောက်ရှိလာခဲ့ပြီး ကျန်ရစ်သူမိသားစုများမှာမူ မရောက်ခင်ကတည်းက လေဆိပ်တွင် စောင့်ဆိုင်းနေနှင့်ခြင်း ဖြစ်သည်။ ယခုရောက်ရှိလာသည် အလောင်းများ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုရန် ကျန်ရစ်သူမိသားစုများထံမှ DNA နမူနာများ ရယူခဲ့သည်။ 
Posted: 31 Dec 2014 03:26 AM PST
ဒီဇင်ဘာ ၃ဝ ရက် ညနေပိုင်းက မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မော်လမြိုင်- ကျိုက္ခမီလမ်း အိမ်အမှတ် (၅၂) သွပ်မိုးအုတ်ကာ သံကူကွန်ကရစ် ဆီသိုလှောင်ရုံတွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်။ (အဆိုပါ မီးလောင်မှုသည် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားပြီး ဆီသိုလှောင်ရုံ တွင် ဆီပီပါများ ချစဉ် ကားအိပ်ဇောမှ မီးပွားလွင့်စဉ်မှုကြောင့် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။) ဓါတ်ပုံ - MOI Webportal Myanmar 
Posted: 31 Dec 2014 03:14 AM PST
ရန်ကုန် ဒီဇင်ဘာ ၃ဝ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ကာလီဘိုနိုင်ငံ တကာလေဆိပ်တွင် ယနေ့ မွန်းလွဲပိုင်းက အဲအေးရှား လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရာတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း စထရိတ်တိုင်းသတင်း စာကဖော်ပြသည်။ ပြေးလမ်းချော်ခဲ့သော လေယာဉ်မှာ မနီလာမှ ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကျော် ခရီးသွားနယ်မြေတစ်ခု ဖြစ်သော ကာလီဘိုသို့ လေယာဉ်ခရီးစဉ်အမှတ် ဇ ၂၂၇၂ ဖြင့် ထွက်ခွာလာသည့် လေယာဉ်ဖြစ်ပြီး ရာသီဥတုဆိုး
Posted: 31 Dec 2014 02:46 AM PST
၂၀၁၅ ခုနှစ်မှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်း အလဲတွေ ဖြစ်လာပြီး အဆိုးထဲက အကောင်း ပြန် ဖြစ်မယ်လို့ မြန်မာ့ နက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်း ထုတ်လိုက်ပါတယ်။ ၂၀၁၅ ခုနှစ်ထဲ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ရှိပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ အကျပ်အတည်း ကြုံနိုင်တယ်လို့လည်း သူက ဟောကိန်း ထုတ်ပါတယ်။ မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဆရာတို့ နက္ခပညာအရ
Posted: 31 Dec 2014 02:47 AM PST
အင်ဒိုနီးရှား ကမ်းလွန် ဂျားဗား ပင်လယ်ပြင်မှာ ရာသီဥတု အခြေအနေ ဆိုးနေပေမယ့် အလောင်းတွေ၊ လေယာဉ် အပိုင်းအစတွေနဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် (blackbox)ကို ဒီနေ့မှာ ဆက်လက် ရှာဖွေနေ ပါတယ်။ လောလောဆယ် ကာရီမာတာ ရေလက်ကြားမှာ အလောင်းတွေကို တွေ့ရှိထားပြီး ဖြစ်သလို၊ လေယာဉ်တံခါး တချက်အပါအ၀င် တချို့အပိုင်းအစတွေကို ရှာဖွေရေး အဖွဲ့တွေက ဆယ်ယူနိုင်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ် ဘာအကြောင်းကြောင့် ပျက်ကျသွားသလဲဆို
Posted: 31 Dec 2014 02:36 AM PST
ကန်နို၊ ဒီဇင်ဘာ ၃၁ အစ္စလာမ္မစ် လက်နက်ကိုင် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်သည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် ရွာသား ၁၅ ဦးကို သတ်ဖြတ်လိုက်သည်ဟု ဒေသခံများက ဆိုသည်။ ဘိုကိုဟာရမ်အဖွဲ့သည် ယမန်နေ့က ချီဘော့ခ်မြို့အနီးရှိ ကော်တီကာရီ ကျေးရွာကို ၀င်ရောက်တိုက်ခိုက်ပြီး နေအိမ်များအား မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။ ချီဘော့တွင် ပြီးခဲ့သည့် ဧပြီလက ကျောင်းသူ ၂၀၀ ကျော်
Posted: 31 Dec 2014 02:34 AM PST
ဟိုချီမင်း၊ ဒီဇင်ဘာ ၃၁ ကူချီဆင်ခြေဖုန်း ခရိုင်တွင် ခွေးသုံးကောင်အား ပြီးခဲ့သည့် ဇွန်လတွင်းက ခိုးယူ သတ်ဖြတ်ခဲ့သည့် အမျိုးသား ၁ ဦးကို ယမန်နေ့က ဟိုချီမင်းတရားရုံးမှ သေဒဏ်ချ မှတ်လိုက်သည်။ သေဒဏ် စီရင်ခံရသူ ဟိုဗမ် (၂၀ နှစ်) က ခွေးများအား သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် အပေါင်းအပါများဖြစ်သော လီမင်ဟောအား ထောင်ဒဏ် ၁၂ နှစ်၊ ဖမ်နော့သွန်နှင့် ဟိုသမ်းအန်တို့အားလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချ
Posted: 31 Dec 2014 02:23 AM PST
စာရေးဆရာ ထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ – အဂ္ဂသီဟ) သာသာနာ ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာ ထင်လင်းဦး အမှုကို ဒီကနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ သုံးပန်လှ ရွာအုပ်ချုပ်ရေးမှူးကို စစ်မေးပါတယ်။ စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က တတိယအကြိမ် အာမခံတင်တာလည်း ပယ်ချခံရတယ်
Posted: 31 Dec 2014 02:20 AM PST
ကနေဒါနိုင်ငံ အနောက်ပိုင်း အဒ်မွန်တွန်မြို့က လူ ၉ ယောက် သေဆုံးခဲ့တဲ့ အမှု ၃ ခုဟာ အဆက်အစပ် ရှိနိုင်တာကြောင့် ဒါဟာ နှစ် ၆၀ နီးပါးအတွင်း အဆိုးရွားဆုံး အစုလိုက် လူသတ်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပုံရတယ်လို့ ရဲတွေက ပြောပါတယ်။ တနေရာထဲမှာ လူ ၇ ယောက်နဲ့ တခြားနေရာမှာ လူ ၁ ယောက် အသတ်ခံရအပြီး အနားကမြို့မှာ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ ယောက်ျားတယောက်က သူကိုယ်သူ သတ်သေခဲ့တယ်လို့ ရဲက ပြီးခဲ့တဲ့ ဒီဇင်ဘာ 
Posted: 30 Dec 2014 09:14 PM PST
အိန္ဒိယ မြန်မာ နယ်စပ်က လူမျိုးစု သူပုန်တွေ အပေါ် စစ်ဆင်ရေး ပူးတွဲဆောင်ရွက် ဖို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းနေ တယ်လို့ အိန္ဒိယနိုင်ငံထုတ် The Asian Age သတင်းက ဖေါ်ပြပါတယ်။ မြန်မာနဲ့ နယ်စပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက လူမျိုးစုသူပုန်တွေဟာ မြန်မာ့ ပိုင်နက်အတွင်း တောတောင်ထူထပ်ရာ ဒေသတွေမှာ ခိုလှုံနေကြပြီး၊ အိန္ဒိယ ဗဟို အစိုးရကို ပုန်ကန်တိုက်ခိုက်နေကြ တဲ့
Posted: 30 Dec 2014 09:05 PM PST
မသင်္ကာသူ ၁၀ ဦး မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်း ခိုလှုံနေကြတဲ့ မူးယစ်ရာဇာ ၁၀ ယောက်ကို စုံစမ်းရှာဖွေ ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့က မြန်မာ အစိုးရ ကို အကူအညီ တောင်းခံ လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။ အဲ့ဒီ မသင်္ကာသူ ၁၀ ဦးအတွက် ဖမ်းဝရမ်းကိုလည်း ONBC ခေါ် ထိုင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ရုံးက မြန်မာအာဏာပိုင်တွေကို ပေးအပ် ထားကြောင်း၊ မသင်္ကာ
Posted: 30 Dec 2014 08:41 PM PST
လန်ဒန် ၊ ၃၁-၁၂-၂၀၁၄ ISIS စစ်သွေးကြွ များသည် ၄င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေများမှ စွန့်ခွာ၍ နေရပ်သို့ ပြန်ရန် ကြိုးပမ်းခဲ့သည့် စစ်သွေးကြွ အဖွဲ့ဝင် ၂ဝဝ ခန့်ကို ကွပ်မျက် ခဲ့သည်ဟု ဒေသတွင်း သတင်းဌာန တစ်ခုက ယမန်နေ့ တွင် ဖော်ပြခဲ့သည်။ ကွပ်မျက်ခံ ရသည့် စစ်သွေးကြွ အဖွဲ့ဝင် အများစုမှာ ပြည်ပနိုင်ငံ များမှ လာရောက် ပူးပေါင်းခဲ့သူများ ဖြစ်ပြီး ၄င်းတို့သည် ISIS စစ်သွေးကြွ များ၏ လုပ်ဆောင်ချက် များကို မျ
Posted: 30 Dec 2014 08:39 PM PST
ဓာတ်ပုံ – thairath ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကားတစီးထဲမှာ တင်ဆောင်လာစဉ် ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ တာ့ခ်ခရိုင် နယ်မြေခံ စစ်တပ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မနက်က မဲဆောက်ကနေ တာ့ခ်မြို့ အသွားလမ်း ဘန့်ဟွေ့ယအုကျေးရွာအုပ်စု မယ့်လမော စစ်ဆေးရေးဂိတ်မှာ တာဝန်အရ ယာဉ်သွားယာဉ် လာတွေကို စ
Posted: 30 Dec 2014 08:38 PM PST
အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုက ရှာဖွေရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ ညွှန်ကြား ထား တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဆူရာဘာရာ လေဆိပ်ကို ရောက်သွားပြီး လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစု ဆွေမျိုးသားချင်းတွေကို နှစ်သိမ့်ပေးခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာကိုလည်း သွားခဲ့ပြီး ရာသီဥတု အခြေအနေက တိမ်ထူပြီး လှိုင်းထန်နေတယ်လို့ သမ္မတ ဂျိုကိုဝီက သတင်းထောက်တွေကို ရှင်းပြပါတယ်။
Posted: 30 Dec 2014 08:35 PM PST
လေယာဉ် အပျက်အစီး အပိုင်းအစများ သယ်ဆောင်လာစဉ် ဆူရာဘာယာ၊ ဒီဇင်ဘာ ၃၁ တနင်္ဂနွေနေ့က ဂျာဗားပင်လယ်အတွင်း အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် QZ8501 ပျက်ကျသွားစဉ် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ ပြန်လည်ဆယ်ယူရေး ဆောင်ရွက်ရာတွင် ရာသီဥတုဆိုးရွားပြီး လှိုင်းကြီးနေ၍ အဟန့်အတား ရှိနေသည်။ ဘော်နီယိုကျွန်းအနီး ပင်လယ်ရေပြင်တွင် လေယာဉ်၏ အပျက်အစီးအပိုင်းအစများ တွေ့ရှိရကြောင်းနှင့် လူသေအလောင်း ၆ လောင်းကိုြ
Posted: 30 Dec 2014 07:15 PM PST
ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို လိမ်လည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာကို ကန့်ကွက်ဆန္ဒပြ ခဲ့ကြသူတွေနဲ့ Navalny ဟာ သွားရောက် ပူးပေါင်းခဲ့ပြီး မကြာခင်မှာ ရဲက သူ့ကို ထိန်းသိမ်းလိုက်ပါတယ်။ အင်္ဂါနေ့က မော်စကိုမှာ ရင်ပြင်နီအနီးရှိ ခရင်မလင်နန်းတော်ကို သူ့ရဲ့ထောက်ခံသူတွေနဲ့ ချီတက်စဉ် အင်္ဂါနေ့က အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာတ၀ိုက်မှာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကိုလ
Posted: 30 Dec 2014 07:13 PM PST
လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံး ခဲ့ရမှုကို အာဏာပိုင်တွေ အနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ် အရေးယူရမှာ ဖြစ်သလို တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  လက်ပံတောင်းဒေသမှာ လုံခြုံရေးတွေနဲ့ ရွာသားတွေအကြား တင်းမာမှုလျော့ကျအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်
Posted: 30 Dec 2014 07:09 PM PST
ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဖြစ်လို ဆည်တဲ သပိတ် စခန်းကနေ လူစု ခွဲဖို့ ရဲတွေက တောင်းဆို နေပါတယ်။ လက်ပံတောင်း ကြေးနီ စီမံကိန်း ရဲ့ လတ်တလော ပဋိပက္ခမှာ သပိတ်စခန်း ဖွင့်ထားတဲ့ ဒေသခံ တွေနဲ့ ရဲတွေ အကြား အခြေအနေ တင်းမာဆဲ ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင် နေကြ ပါ တယ်။ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီ က မြန်မာရဲ အစောင့်အရှောက် နဲ့ စိုက်ပျိုး မြေတွေပေါ် ခတ်လာခဲ့တဲ့ သံဆူးကြိုး တွေကို ဆည်တဲရွာ မြောက်ဘက်မှာ ဒေသခံတွေက ပြန်လ
Posted: 30 Dec 2014 06:38 PM PST
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ၃၁.၁၂.၂၀၁၄ ရက်နေ့ ၀၈၀၇ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက် အနောက် ရပ်ကွက်၊ ကျောက်တံတား သမ္ဗာန်ဆိပ်ရှိ ဈေးဆိုင်ခန်းအား မီးလောင်မှုဖြစ်ပွားခဲ့ရာ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၀၈၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Policehttps://www.facebook.com/yangonpolice
Posted: 30 Dec 2014 06:33 PM PST
ခရီးသည် အလောင်းပေါင်း ၄၀ ကို တွေ့ရှိတယ်လို့ ရေတပ်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အခု အချိန် အထိ အလောင်း ၃ လောင်းကိုပဲ ပြန်ဆယ်နိုင်ပါ သေးတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ်ကို ဂျားဗားပင်လယ်ပြင်မှာ အပူတပြင်း ရှာဖွေနေပါတယ်။ ဘော်နီယိုကျွန်းကမ်းလွန်မှာ တွေ့ရတဲ့ အပိုင်းအစတွေဟာ အဲအေးရှားလေယာဉ်ဆီက အပိုင်းအစတွေဖြစ်တယ်ဆိုတာကို အင်ဒိုနီးရှား အရာရှိတွေက အတည်ပြုပါတယ်။ ဆူရာဘာယာ လေဆိပ်မှာ
Posted: 30 Dec 2014 06:22 PM PST
ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ သူတွေက ရုပ်အလောင်းတွေနဲ့ ပျောက်ဆုံးနေတဲ့ AirAsia လေယာဉ်ရဲ့ အပိုင်းအစတွေလို့ ယူဆရတဲ့ အရာဝတ္ထုတွေကို ပင်လယ်ပြင်အတွင်းမှာ တွေ့ရှိခဲ့ပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အင်ဒိုနီးရှား စစ်သင်္ဘောတွေ Java ပင်လယ်ကို ဦးတည် သွားရောက်နေကြပြီ ဖြစ်တယ်လို့ သမ္မတ  Joko Widodo က ပြောဆိုပါတယ်။ ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ အတည်ပြုခဲ့ပြီးဖြစ်တဲ့ ရေ
Posted: 30 Dec 2014 03:27 PM PST
အလက်ဇီ နဗိုင်းနီး ကို ပြန်ဖမ်းလာ ရုရှနိုင်ငံရဲ့ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် တယောက်ဖြစ်တဲ့ အလက်ဇီ နဗိုင်းနီး နဲ့ ညီဖြစ်သူ ကို ရုရှ အစိုးရ က သစ်ကုမ္ပဏီ လုပ်ငန်း အပေါ် ရူဘယ်လ် ၁၆ သန်း ငွေလိမ်လည် မှု နဲ့ မနေ့ က အမိန့် ချမှတ် လိုက်ပါတယ်။ ဒါကို မကျေနပ် လို့ အလက်ဇီ နဗိုင်းနီး က သူ့ ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ကတည်း က နေအိမ် အကျယ်ချုပ် ထားရာမှ ထွက်လာခဲ့ပြီး သမ္မတ ပူတင် အစိုးရ ကို ဆန့်ကျင် ဆန္ဒပြပွဲ ဆီ 
Posted: 30 Dec 2014 03:24 PM PST
ဆဒုံး - ကန်ပိုက်တီ ဒေသတွင်းရှိ အိမ်ထောင် မိသားစုပေါင်း (၁၈၀) ခိုလှုံ နေသော စင်ကြိုင် ကချင် စစ်ပြေးဒုက္ခသည် စခန်းသည် ယမန်နေ့  ဒီဇင်ဘာ (၂၉) ရက်ည (၁၀) နာရီ မှ စတင်ကာ ည (၁၂) နာရီထိ ပြင်းထန်သော မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ၄င်းမီးလောင်မှုတွင် အိမ်ခြေ (၁၀၀)ကျော် နှင့် ဘုရားကျောင်း တစ်ကျောင်း ၊ ၄င်းဒုက္ခသည် စားခန်း၏ ရိက္ခာဂို ဒေါင် တို့ မီးလောင်သည့်အထဲ ပါသွားကြောင်း သိရှိရပါသည်။ ၀ါယြာ
Posted: 30 Dec 2014 03:24 PM PST
အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးသင့် မသင့်ကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှာ မနေ့ကစတင်ပြီး စစ်တမ်းကောက်ယူ နေပါတယ်။ အခုလို အွန်လိုင်းကနေ မဲပေးတဲ့စနစ်နဲ့ ပြည်သူလူထု သဘောထားကို ကောက်ခံတာ ပထမဆုံး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ "ကောက်တဲ့ဟာက ကျနော်တို့က အားလုံးပြည့်စုံပြီလို့ ပြောလို့မရဘူး၊ ကျနော်တို့ စမ်းသပ်ပြီးကောက်ခံတာပေါ့၊ နံပါတ် ၁ က ပြည်သူ့သဘောထားကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...