Sunday, December 28, 2014

“ အနီးကပ်ဖျက်အားပြင်းရန်သူ ”



.
မူးယစ်ဆေးဝါးဟာ လူသားမျိုးနွယ်ထုကို ဒုက္ခပေးတဲ့ အရာဝတ္ထုဖြစ်ကြောင်း လူအများ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။ ဘိန်းဖြူကိုတော့ ဆေးခြောက်ထက် အန္တရာယ်ပိုများတယ်ဆိုတာ သိထားကြတယ်။ ဘယ်ဆေးဝါးက ဆိုးကျိုးပေးမှု ဘယ်လောက်ရှိတယ် ဆိုတာပေါ် မူတည်ရေးဆွဲတဲ့မူဝါဒတွေအကြောင်းဖတ်ရတော့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့တယ်။

.
ဗြိတိန်အစိုးရဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအကြံပေး ပါမောက္ခ နပ်တ် ဟာ အများအတွက်အသိဥာဏ်ပွင့်စေမယ့် သုတေသနတစ်ခုကို ပြုလုပ်ခဲ့တယ်။ သူဟာ သုံးစွဲသူကိုထိခိုက်စေမှု၊ ပတ်ဝန်းကျင်ကိုထိခိုက်စေမှု၊ ကျန်းမာရေးထိခိုက်စေမှု၊ မူးယစ်းဆေးကိုအလွန်အကျွံမှိခိုမှု၊ စီးပွားရေးကုန်ကျစားရိတ် နဲ့ မှုခင်းတိုးပွားမှု အပါအဝင် တိုင်းတာမှု ( ၁၆ ) မျိုးကို ပြုလုပ်ရန်အတွက် ကျွမ်းကျင်သူများကို မူးယစ်ဆေးဝါးအမျိုး ( ၂ဝ ) စာရင်းပြုစုစေခဲ့တယ်။ တရားဝင်ရော တရားမဝင်မူးယစ်ဆေးဝါးတွေ အပါအဝင် အမှတ်ပေးဇယားကို ( ၁ဝဝ ) ထားတွက်ကြည့်တဲ့အခါ ..
.
တွေ့ရှိချက်အရ အများဆုံးအန္တရာယ်ပေးနိုင်တဲ့ အဆင့် ( ၅၅ ) က ဘိန်းဖြူ နဲ့ ( ၅၄ ) နေရာက ကိုကိန်း ထက် လူကိုဒုက္ခအပေးဆုံး မူးယစ်ရွေရည် “ အရက် ” က အဆင့် ( ၇၂ ) နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
.
ဒီအဆင့်ဟာ “ ပတ်ဝန်းကျင်ကိ အထိခိုက်ဆုံး - The Most Harmful To Others ” ဖြစ်ပြီး “ ကာယကံမြောက်သုံးစွဲသူကို ထိခိုက်မှုအပေးဆုံး - For The Harm To The Individual ” အဆင့်ကို ဘိန်းဖြူ၊ ၊ Crack ၊ မက်တာဖက်တာမင်း - Crystal Meth တို့နောက်ကနေ နံပါတ်စဉ် ( ၄ ) နေရာက ထပ်ချပ်မကွာ ကပ်လိုက်တာ အလွန်သတိထားစရာပါ။
.
ဒီဇယားကို Independent Scientific Committee on Drugs အဖွဲ့ရဲ့ လွတ်လပ်တဲ့ကျန်းမာရေးဂျာနယ်ဖြစ်တဲ့ “ The Lancet ” က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
.
koko2yeye@gmial.com
.
Ref: Business Insider

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...