Saturday, December 20, 2014

တရုအားပဒေအဖွင့်


ရှေးဟောင်းသက္ကတကျမ်းတွေအလို ဒီလိုကိစ္စမျိုးတွေကို “တရေအားပဒု” လို့ ခေါ်သတဲ့။ အဓိပ္ပာယ်က “သောက်မြင်ကပ်ခြင်းတဲ့”။ ဒါကိုပဲ ဘီစီ (၃) ရာစုလောက်က ရေးသားထားတဲ့ ဗရုဿုက္ခဒီပနီကျမ်းမှာတော့ “တရုအားပဒေ” လို့ သုံးပြန်တယ်။ အဓိပ္ပာယ်က “လက်ကိုင်တုတ်” လို့ ဆိုလိုပါတယ်။
ဒါကို ဒီနေ့ မော်ဒန်ခေတ်မှာတော့ ပါကစ္စတန်အလို Sharia Law၊ ထိုင်းနိုင်ငံအလို Lese Majeste၊ မြန်မာပြည်မှာ သာသနာတော် ညှိုးနွမ်းစေမှုလို့ ခေါ်လာကြတယ်။
ဘာပဲဖြစ်ဖြစ်၊ ဒီ“တရေအားပဒု” ခေါ် “တရုအားပဒေ” ဟာ အသံထွက်ကြည့်ရင် ပေါ်ကြောင်ကြောင် နိုင်တယ်ထင်ရပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်မှာတော့ အတော်ကြောက်ဖို့ ကောင်းတာကလား။

ပါကစ္စတန်နယ်တစ်ချို့မှာ ဟိုရှေးခေတ် (၁၄) ရာစုလောက်က ကျင့်သုံးခဲ့တဲ့ လူမှုပုံစံ၊ ဓလေ့ထုံးစံတွေကို ချိုးဖောက်မိရင် “တရေအားပဒု” အရ ကြိုးဆွဲချခံရတဲ့အထိ ပြစ်ဒဏ်ခံရနိုင်တယ်။
ထိုင်းမှာ ဘုရင်နဲ့ ဆွေတော်မျိုးတော်အပေါင်းကို ဝေဖန်ပုတ်ခတ်ရင် ၃ နှစ်ကနေ ၁၅ နှစ်အထိ ဖေက္ကဆင်မ် စွယ် (၈) (လို့ ထင်တယ်) ခြံကျယ်ကြီးထဲမှာ အလှောင်ခံရနိုင်တယ်။
မြန်မာပြည်မှာလည်း အများသုံးရှေးဟောင်း ဘာသာ၊ သာသနာကို လူမညီဘဲ ၀င်ပြီး စွပ်စွဲပြောဆိုမိရင် (၁၅) နှစ်ကျော်ကြာ မြစ်ကြီးနားမှာ သွားနေရနိုင်တယ်။
လူတွေဟာ ရှေးဟောင်းစကားတွေကို အထင်ကြီးတယ်၊ ရှေးဟောင်းလူတွေကို သူတော်စင် ထင်တယ်၊ ရှေးဟောင်းလမ်းစဉ်တွေကို ထမ်းပိုးချင်ကြတယ်။ ရှေးဟောင်းအယူအဆမှ အမှန်တရားလို့ ယုံကြည်ကြတယ်။
အထူးသဖြင့်တော့ ဒီအခြေအနေတွေကို ကြည့်ပြီး လူလည်တွေက ရှေးဟောင်း “တရုအားပဒေ” တွေကို အသုံးချပြီး မော်ဒန် လူ,အတွေကို သိမ်းသွင်းပြီးသကာလ နောက်ပေါက် ဖောက်ထွက်လိုသူတစ်ချို့ကိုချောက်ချ/ဂျောက်ချလေ့ရှိကြတာပါပဲ။
ဒါကြောင့်ပဲ ရှေးဟောင်းပညာရှိကြီး "ကာလီဘသစ်"က သူ့ရဲ့ရှေးဟောင်း "ပေါတ္တက္ကရနီတိ" ကျမ်းမှာ ဆိုထားတာပေါ့။
“ငလမသတ... လပ”တဲ့။ အဓိပ္ပာယ်က “ငါလည်း မသိတော့ လုပ်ပေါ့” ဟူ၏။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...