Wednesday, May 27, 2015

ဟာသ အသုတ်စုံ (၂၇-၅)

" အား ငယ် လာ ပြီ "
စိတ်ရောဂါဆရာဝန်က မိမိထံရောက်လာသော လူလတ်ပိုင်း ယောင်္ကျားကို မေးသည် ။
" အလိုလိုနေရင်း အားငယ်တဲ့ စိတ် ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ.."
" ကျနော့် ဇနီးဟောင်းနဲ့  အခု လက်ရှိဇနီး မမျှော်လင့်ဘဲ တွေ့ သွားကြတယ်..ပထမတော့
သူတို့ နှစ်ယောက် ရန်ဖြစ်ကြတယ်..၊

နောက်မှာ ရင်းနှီးသွားကြပြီး ကျနော် ယူမဲ့ နောက်
မိန်းမကို ၀ိုင်းပြီး ရိုက်ကြတယ်..။ အဲ့ဒီအချိန်ကစပြီး ကျနော် အလိုလိုနေရင်း အားငယ်လာ
တာပါပဲဗျာ...."
Credit- TUN Aye


" သုံး မွှာ ပူး အ ဖေ "
ဇနီးသည်ဖြစ်သူ သုံးမွှာပူးမွေးသည့် သတင်းရသည်နှင့် ကိုချူချာ ရှူးရှူးရှဲရှဲနှင့် ဒေါသပုန်ထသည်။
မိတ်ဆွေများက အံြ့ာသစွာ ၀ိုင်းမေးကြသည် ။
" ကိုချူချာ ခင်ဗျား ဘာဖြစ်လို့  ဒေါပွနေရတာလဲ...သုံးမွှာပူး မွေးတဲံအတွက် ၀မ်းသာရမဲ့ ဥစ္စာပဲ "
" ဒီကောင်မ ကျုပ်အပြင် တစ်ခြား ယောင်္ကျား နှစ်ယောက်နဲ့  အိပ်သေးတယ်ဆိုတာ ပေါ်သွားတဲ့နောက်
ကျုပ်က ၀မ်းသာ ရမတဲ့လား...တောက်.."
Credit-Tun Aye


" စီး ပွား ရေး "
ရာဘင်နိုဗစ်ခ်ျ နယ်မှပြန်လာသည် ။ ၄င်းတို့ လင်မယားအိပ်သော ကုတင်ပေါ်တွင် နှုတ်ခမ်းမွှေးနှင့်
ယောင်္ကျားတစ်ယောက်ကို တွေ့ သည် ။ ရာဘင်နိုဗစ်ခ်ျ ဓားဆွဲပြီး မိန်းမကို ကြိမ်းသည် ။
" နင့် လည်ပင်းကို လှီးပစ်မယ်ဟေ့.."
မိန်းမက မတုန်မလှုပ်နှင့် ပြန်ပြောသည် ။
" ၇ှင် ဒေါသမကြီးနဲ့ ...နယ်ကလာတဲ့ လူတစ်ယောက်ကို တစ်ရက် ၂၅ ရူဘယ်နှုန်းနဲ့  အိပ်စရာတစ်နေရာ
ငှားထားတာရှင့်..."
" ဟေ့..ဒီလိုနေရာမှာ လူသုံးယောက်ကို ငှားနိုင်တယ်ကွ.. အသုံးမကျတဲ့ကောင်မ..နင့်ကို လူ့ ပြည်မှာ အရှင်
မထားဘူး...."
Credit- Tun Aye


" ပို ပြီး လို အပ် တဲ့ အ ရာ "
မိန်းယူမည့်သားကို မင်္ဂလာလက်ဆောင်အဖြစ် ရာဘင်နိုဗစ်ခ်ျ ပိုက်ဆံ တစ်သိန်း ပေးလိုက်သည် ။ နှစ်ပတ်ကြာ
သောအခါ သားကို မေးသည် ။
" ငါပေးလိုက်တဲ့ ပိုက်ဆံ မင်း ဘာလုပ်လိုက်သလဲ.."
" လက်ပတ်နာရီ ၀ယ်လိုက်တယ်.."
ရာဘင်နိုဗစ်ခ်ျ စိတ်ဆိုးမာန်ဆိုးနှင့် အော်သည် ။
" ဟေ့ကောင်..နာရီမ၀ယ်ရဘူး...သေနတ်ဝယ်ရတယ်ကွ "
" ဘာဖြစ်လို့ လဲ အဖေ "
" ဆိုကြပါစို့ ..တစ်နေ့  မင်းအိမ်ပြန်လာတဲ့အခါ အိပ်ခန်းထဲမှာ မင်းမိန်းမကို တခြားယောင်္ကျားတစ်ယောက်နဲ့ တွေ့ တယ်
မင်းဘာလုပ်မှာလဲ...အဲ့ဒီ့အကောင်ကိုနှိုးပြီး " ဘယ်အချိန်ရှိပြီလဲဆိုတာ မသိချင်ဘူးလားခင်ဗျာ " လို့  မင်း မေးမလား
ကွ..ဟေ.."
Credit-Tun Aye


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...