Wednesday, May 27, 2015

*** သံဓာတ်ချို့ တဲ့ခြင်းကိုဖော်ပြတဲ့ လက္ခဏာ (၉) ရပ် ***

ပျမ်းမျှ အမျိုးသမီး ၁၀-ဦးမှာ ၆-ဦးခန့် က သံဓာတ်ချို့ တဲ့လေ့ရှိကြပြီး၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာ သံ ဓာတ်ပိုမိုလိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရှိ the Centers for Disease Control and Prevention မှကျွမ်းကျင်သူများက ဆိုပါတယ်။ သံဓာတ်ချို့ တဲ့ခြင်း ရှိ-မရှိ မိမိကျန်းမာရေးအခြေအနေ ကို အောက်ပါ လက္ခဏာ(၉)ရပ်တို့ ဖြင့် စမ်းစစ်နိုင်ပါတယ်။


(အလွန်အမင်း မောပန်းခြင်း)
ခန္ဓာကိုယ်က သံဓာတ်ကိုအသုံးပြု၍၊
သွေးကလာပ်စည်းဆဲလ်များထဲရှိ အောက်စီဂျင်ကို သယ်ယူ ပေးတဲ့
သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့ တဲ့လာသောအခါမှာ၊
ကျန်းမာသန်စွမ်းတဲ့ သွေးဆဲလ်တွေ အလုံအလောက်မရှိတော့ဘဲ အလွန်အမင်း
မောပမ်းနွမ်းနယ်လာပါတော့တယ်။
(အာရုံစူးစိုက်၍ မရခြင်း)
သံဓာတ်ချို့ တဲ့လာတဲ့အခါ၊ အာရုံခံအင်္ဂါအဖွဲ
့အစည်းတွေချို့ ယွင်းသွားတာကြောင့် ပုံမှန်လုပ်နေကျ အ လုပ်တွေမှာတောင်
စိတ်အာရုံစူးစိုက်၍မရတော့ဘဲ တက်တက်ကြွကြွမရှိ စွမ်းဆောင်ရည်တွေ
တဖြည်းဖြည်းကျဆင်းလာပါတယ်။
(စိတ်ဝင်စားမှု မရှိုခြင်း)
သံဓာတ်ချို့ တဲ့လာခြင်းကြောင့်၊ အာရုံခံအဖွဲ
့အစည်းတွေကိုထိခိုက်စေရုံမျှမက စိတ်နှလုံးနောက်ကျိလာ ကာ မိမိရဲ့ မိသားစု-
မိတ်ဆွေသူငယ်ချင်း-လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ယခင်လို
စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်ယောက်ထည်း ဖာသိဖာသာ နေလိုစိတ် ပြင်းပြနေတတ်ပါတယ်။
(အသက်ရှုကြပ်ခြင်း)
သွေးထဲမှာ သံဓာတ်လုံလောက်မှုမရှိတဲ့အခါ၊ ခန္ဓာကိုယ်က
အောက်စီဂျင်ကို အလွန်းအမင်း တောင်းတလာ ပြီး အသက်ရှုမဝ
မွန်းကြပ်မှုတွေဖြစ်လာပါတယ်။ ပုံမှန်အားကစားလေ့ကျင့်ခဏ်း လုပ်တဲ့အခါတွေ၊
ပုံမှန်လမ်းလျှောက်တဲ့အခါ တွေမှာ သိသိသာသာ အသက်ရှုမ၀လာခြင်းဟာ သံဓာတ်ချို
့တဲ့နေတဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။
(အသားအရေဖြူရော်ရော်ဖြစ်ခြင်း)
နှုတ်ခမ်းသား၊ လက်ဖ၀ါး၊
အောက်မျက်ခမ်းအတွင်းသားတွေမှာ ယခင်နဲ့ မတူ ဖြူစုတ်လာခြင်း၊ လက်ဖ၀ါး/ခြေဖ၀ါးတွေ
အေးစက်ကာ မျက်နှာနှင့် အသားအရေတွေ ဖြူရော်ရော်ဖြစ်လာခြင်းကလည်း သွေးနီဥပမာဏတွေ
ကျ ဆင်းလာတာကြောင့် သွေးမလျှောက်နိုင်တော့ပါဘူး။
(ကြွက်သားတွေနာကျင်ခြင်း)
ခန္ဓာကိုယ်ကြွက်သားတွေမှာ
သံဓာတ်တွေအားနည်းလာတာကြောင့်၊ ကြွက်သားတွေ ပျော့အိလျော့ ရဲလာပြီး
တော်ရုံတန်ရုံ ဖိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ အသားတွေနာကျင်လာပါတယ်။
(ခြေသည်း-လက်သည်းတွေကွဲထွက်ခြင်း)
ခြေသည်း-လက်သည်းအစပ်နားတွေ သူ့ အလိုလို
တစစီကွဲထွက်ခြင်းက သံဓာတ်ချို့  တဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အချို
့သူတွေမှာ လက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ၊ ဇွန်းသဏ္ဍာန် အ
တွင်းပိုင်းကို ချိုင့်ခွက်ဝင်နေကြပါတယ်။
(မကြာခဏဖျားနာခြင်း)
အသက်ရှုလမ်းကြောင်းမှတဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့
အအေးမိ-နှာစေး-ချောင်းဆိုးစသော ရာသီဖျားတွေကို မကြာခဏ ကူးစက်ခံရခြင်း၊
ခါတိုင်းနဲ့ မတူ တော်ရုံတန်ရုံအအေးခံရရုံမျှနှင့် နှာခေါင်းပိတ်ခြင်း တို
့ကလည်း သံဓာတ်ချို့ တဲ့ခြင်းကြောင့်ပါဘဲ။
(ပန်းရောင်(သို့ မဟုတ်)အနီရောင် ဆီးသွားခြင်း)
သွေးဆုံးပြီး
အမျိုးသမီးကြီးတွေ ၁၀-ဦးမှာ ၂-ဦးလောက်က ပန်းရောင်(သို့ မ ဟုတ်)အနီရောင်
ဆီးသွားတတ်ပါတယ်။ တချို့ အမျိုးသမီးကြီးတွေက လ္ဘက်ရည်ကြမ်းကျကျကဲ့သို
့နီညိုရောင်ဆီးသွားတတ်ပါ
တယ်။ အကယ်၍ အနီရောင်ခြယ် စတော်ဘယ်ရီသီးတွေ၊ beet
root(ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင်အရည်ရွှမ်းတဲ့
မုန် လာဥနီအလုံးတွေကို မစားဖြစ်ဘဲ၊ ဆီးအရောင်က သူ့ အလိုလို ပြောင်းသွားခြင်းက
သံဓာတ်ချို့ တဲ့ခြင်း၏လက္ခဏာဖြစ်ပါတယ်။
သံဓာတ်ဖြည့်တင်းပေးတဲ့အစားအစာများ။
(၁) အမဲအသည်းမှာ သံဓာတ်ပမာဏ ၅.၈မီလီဂရမ်အထိ အပြည့်အ၀ပါရှိပြီး၊
ကျန်းမာရေးကိုထိခိုက်စေမယ့် အဆီ နှင့် ကယ်လိုရီ တွေပါဝင်မှု
လွန်စွာနည်းပါးပါတယ်။ (၂) အမဲသား(မိုးခိုသား)ထဲမှာ သံဓာတ်ပမာဏ ၂.၉
မီလီဂရမ်ပါရှိတဲ့အပြင်၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ပရိုတင်း၊
ဗီတာမင်ဘီ-၆၊
ဗီတာမင်စီ နှင့် ဗီတာမင်ဒီတို့  ကြွယ်ဝစွာပါရှိပါတယ်။ (၃) အမဲသားမှာ သံ ဓာတ်
ပမာဏ ၁.၈ မီလီဂရမ်ပါရှိပြီး၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့
ကိုလက်စထရောတွေကျအောင် ပံ့ပိုးပေးပါတယ်။ (၄) ကြက်(ရင်ပုံသား)ထဲမှာ သံဓာတ်ပမာဏ ၁
.၁ မီလီဂရမ်ပါရှိနေလို့  ခြေ ၄-ချောင်းသား မစားသူများအဖို့ သံဓာတ်အားဖြည့်စာအ
ဖြစ် ကြက်(ရင်ပုံ)သား စားပေးသင့်ပါတယ်*(အရေခွံမစားပါနှင့်)* (၅)
ဆဲလ်မွန်ငါးထဲမှာ
သံဓာတ် ပမာဏ ၀.၇ မီလီဂရမ်ပါရှိပြီး၊ အို မီဂါ-၃ ဖက်တီးအက်ဆစ်တွေ
ပါရှိနေတာကြောင့် သွေးခဲပိတ်ဆို့ ခြင်းနှင့်
လေဖြတ်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါ တယ်။
(၆) ရွှေဖရုံသီးအစေ့ထဲမှာ သံဓာတ် ပမာဏ ၄.၂ မီလီဂရမ်ပါရှိပြီး၊ ကျောက်ကပ်
ကျောက်တည်ခြင်းမှလည်း ကာကွယ် ပေးပါတယ်။ (၇) ချောကလက်စစ်စစ် အမည်းရောင်ထဲမှာ
သံဓာတ် ပမာဏ ၄.၁ မီလီဂရမ်ပါရှိပြီး၊ သွေးထဲက ကိုလက်စထရော တွေကိုချပေးကာ
သွေးအားနည်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ (၈) စမုန်ဖြူ(အခြောက်)ထဲမှာ သံဓာတ်
ပမာဏ ၃.၇ မီလီ ဂရမ်ပါရှိပြီး၊ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ တို
့ပါရှိတဲ့အပြင်၊ ခန္ဓာကိုယ်ကို ဘေးဥပါသ်ဖြစ်စေတဲ့ ကိုလက်စထရော လုံးဝ
မပါရှိပါဘူး။ (၉) တင်လဲရည်(သကာရည်)ထဲမှာ သံဓာတ် ပမာဏ ၃.၅
မီလီဂရမ်ပါရှိတဲ့ပြင်၊ ကယ်လ်စီယမ်ဓာတ်တွေ အပြည့် အ၀ပါရှိပါတယ်။ (၁၀) Apricots(
ခေါ်)ဆီးသီးခြောက် ထဲမှာ သံဓာတ် ပမာဏ ၃.၆ မီလီဂရမ် ပါရှိပြီး၊
ခန္ဓာကိုယ်အကျိုးပြု beta carotene၊ အမျှင်ဓာတ် နှင့် အခြားအာဟာရဓာတ်တွေ
ပါရှိနေပါတယ်။ (၁၁) ပဲနီကလေး ထဲမှာ သံဓာတ် ပမာဏ ၃.၃ မီလီ ဂရမ်ပါရှိပြီး၊
မပျော်ဝင်လွယ်သော အမျှင်ဓာတ်တွေပါရှိနေတာကြောင့် ဆာလောင်မွတ်သိပ်မှု
မဖြစ်စေတော့ဘဲ အဆာခံစေပါ တယ်။ (၁၂) အာလူး(ကြီးကြီး)တွေထဲမှာ သံဓာတ် ပမာဏ ၃.၂
မီလီဂရမ်ပါရှိပြီး၊ အာဟာရသိဒ္ဓိပြည့်ဝတဲ့ အစာဖြစ်ပါတယ်။ (၁၃) ဟင်းနုနယ်ပင်ထဲမှာ
သံဓာတ် ပမာဏ ၃.၂ မီလီဂရမ်ပါရှိပြီး၊ ကင်ဆာဆဲလ်တွေကိုကြီးထွားမှုကို ဟန်
့တားပေးနိုင်စွမ်းရှိပါတယ်။ (၁၄) ပဲကတ္တီပါ ထဲမှာ သံဓာတ် ပမာဏ ၂.၆
မီလီဂရမ်ပါရှိပြီး၊ ခွန်အားတိုးပွားစေတဲ့အပြင်၊ နှလုံးရောဂါဖြစ်နိုင်ခြေ
နည်းပါးအောင် ကူညီပေးပါတယ်။ (၁၅) တို့ ဟူးထဲမှာ သံဓာတ် ပမာဏ ၂.ဝ
မီလီဂရမ်ပါရှိပြီး၊ အာဟာရဓာတ်ပြည့်ဝတာကြောင့် သက်သက် လွတ်စားသူတွေ
မှီဝဲသင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ (၁၆)
ပဲထောပတ်ထဲမှာ
သံဓာတ် ပမာဏ ၁.၈ မီလီဂရမ်ပါရှိပြီး၊ ခန္ဓာကိုယ်အကျိုးပြု သတ္တုဓာတ်တွေ နှင့်
အင်ဇိုင်းတွေ ကြွယ်ဝတဲ့အစားအစာဖြစ်ပါတယ်။ (၁၇)
ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်းထဲမှာ
သံဓာတ် ပမာဏ ၁.၂ မီလီဂရမ်ပါရှိပြီး၊ အမျှင်ဓာတ်တွေ အမြောက်အများပါရှိတာကြောင့်
အူမကြီး နှင့် အစာအိမ်ကင်ဆာတို့ ကို မဖြစ်စေအောင် ဟန့် တားပေးပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို
ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
>>
(ပေါက်ပေါက်…ရေးသားမျှဝေသည်)
(ကိုးကား…Women's Health )
---
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
*(ကိုးကား…**Women's Health <https://www.facebook.com/womenshealthmagazine>)*

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...