အမေရိကန်သူ ဂျင်းဒစ်ကဆင်၏ ကမ္ဘာကျော်ဟောကိန်း
အမေရိကန်နိုင်ငံသူဂျင်းဒစ်ကဆင် ဆိုတာသမ္ဗတကြီး ရုစဘဲ့ကိုယ်တိုင် တန်ဘိုးထားအားကိုးခဲ့သူဖြစ်တယ် သူဟောတာတွေဟာမှန်လွန်းလို့ တကမ္ဘာလုံးက ဗေဒင်ပညာရှင်တွေ စိတ်တန်ခိုးပညာရှင်တွေ ကမှအစ လေးစားတာကိုခံရသူဖြစ်တယ်။ ရုစဘဲ့ ထရူးမင်း အိုက်စင်ဟောင်ဝါ ကနေဒီဂျွန်ဆင် နစ်ကဆင် တို့ ၏ သမ္မတ အဆက်ဆက်အပြောင်း အလဲများ လုပ်ကြံခံရမည့်နေ့ ရက်များ ဒုံးပျံမလွှတ်မီက ပြောခဲ့သော ဒုံးပျံ၏ ပုံစံနှင့်လွှတ်တင်မည့်အခြေအနေတွေကို ဟောတာမှန်လွန်းလို့ တကမ္ဘာလုံးက အံ့သြကြရတယ်။
စိတ်ပညာဆရာတို့ ရပ်ကွပ်မှ သူမကို အနှစ်သုံးရာအတွင်း၌တရောက်သာပေါ်ထွက်နိုင်သူဆိုပြီးချီး ကျုးခဲ့ကြ တယ်

ကမ္ဘာကြီးရဲ့အနာဂတ်နဲ့ ပတ်သတ်လို့ 
သူဟောခဲ့တာကတရုပ်ကြောင့် အာဖရိကနှင့် အရှေ့နိုင်ငံများသည်
အမေရိကန်ကို ဆန့် ကျင်ကြလိမ့်မည်ကမ္ဘာစစ်ပွဲတခု
ဖြစ်ပေါ်လိမ့်မည် ၎င်းစစ်သည် ဗီယက်နမ်နှင့်ကိုးရီးယားမှ ထတောက်မှာဖြစ်ပြီး ကမ္ဘာစစ်တွင်
အမေရိကန်နှင့်ရုရှားလက်တွဲကြ လိမ့်မည်
ကမ္ဘာစစ်ဖြစ်မည်ဆို၍ လူအများသည် စိတ်ဓာတ်ဘက်မှ
တိုးတက်အောင်အားထုတ်လာ
ကြလိမ့်မည်
ကမ္ဘာ့အရှေ့ပိုင်းဒေသ၌မွေးဖွားသော ကလေးတရောက်သည်ကမ္ဘာကြီးကို တော်လှန်ပြောင်းလဲပစ်လိမ့်မည်
သူ၏မျက်စိများမှာ အရာအားလုံးကို မြင်နိုင်စွမ်းဖြစ်ပြီးတန်ခိုး သတ္တိနှင့်ပြည့်စုံလိမ့်မည် လူမျိုးဘာသာအားလုံး
သူ့ ထံသို့ ရောက်လာပြီး ဘာသာအယူဝါဒ အားလုံးကို တစ်ခုတည်းဖြစ်အောင်စည်းရုံးသိမ်းသွင်း လိမ့်မည် သူသည် တောင်သူလယ်သမားမိဘများမှ မွေးဖွားလာသူဖြစ်သော်လည်း
မင်းမျိုးမင်းနွယ်တပါးဖြစ်ခဲ့ဘူးသည်
သူ၏ အရှိန်အဝါကြောင့် လူသားအားလုံးသဘောပေါက်လိုက်နာကြပြီး ကမ္ဘာကြီးသည်
စစ်တိုက်ခိုက်ခြင်း ကင်းဝေးကာ လူသားအားလုံးမေတ္တာတရားထား
နိုင်ကြလျှက် အတုမဲ့ငြိမ်းချမ်း
သာယာသော ဘဝများကို ပိုင်ဆိုင်
နိုင်ကြပေလိမ့်မည်
သူမပြောကြားသောတန်ခိုးရှင်နှင့်ပတ်သတ်၍လက္ခဏာဆရာကြီး ကိုင်ရိုက သူ၏ ကိုင်ရိုးမိမွှားစ် မှတ်တမ်းစာအုပ်ထဲ၌
မြန်မာနိုင်ငံမှပေါ်ထွက်မည်ဟု မှတ်ချက်ပြုခဲ့ပေသည်

0 comments:
Post a Comment