သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၉)
သစ်ထူးလွင် |
- သမ္မတကိုယ်တိုင်က တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခိုင်းသည့် နေပြည်တော်ကောင်စီဝင် ဦးမျိုးညွှန့်က အနိုင်ရရှိရန် သေချာဟု ဆို
- အစိုးရအဖွဲ့ကို အကျပ်အတည်းဖြစ်အောင် တောက်လျောက်လုပ်ခဲ့သည့် NLD ပါတီကို မဲမပေးသင့်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးပွဲတွင်ပြောကြား
- "ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းရဲ့မြေးက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို စိန်ခေါ်လိုက်တာလား "
- လယ်မြေအပေါ် နေထိုင်ခွင့်ရရန် ဒေသခံများ ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆို
- အမျိုးသမီး သမ္မတကို ကြိုဆိုလို့ မင်းအောင်လှိုင်ဆို
- အစိုးရ၀န်ထမ်းများအနေဖြင့် ဖိအားပေးမဲထည့်ခိုင်းသည့်တိုင် မကြောက်မရွံဖြင့် မဲပေးရန် NLD အမတ်ပြော
- ဖားအောက်တောရ ကျောင်းနေ ကိုရင်(၄)ပါးနှင့် ကျောင်းသား(၃)ဦး ကျောင်းထိုင်ဆရာတော်ကို ကြောက်လို့ ထွက်ပြေးပျောက်ဆုံးနေ
- ခိုးရာလိုက်ဖို့ ငြင်းလို့ ဓားနဲ့ထိုး
- ကျူရှင်ဆရာက တပည့်ကို အဓမ္မကျင့်
- ယာဉ်မဆင်မခြင်မောင်းနှင်၍ လမ်းဘေးသစ်ပင် ၀င်တိုက်မိပြီး ၂ ဦး ဒဏ်ရာရ
- NLD ပါတီ အစိုးရဖွဲ့နိုင်ရင် ငြိမ်းချမ်ရေးအတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြော
- မြန်မာ့ တပ်မတော် အနေဖြင့် သုံးနှစ်အတွင်း ရေငုပ်သင်္ဘောများ ဝယ်ယူမည်
- ပြင်ဦးလွင် ၂၁ မိုင်အဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်
- အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား
- အထူးဒေသဘက် စပါးရောင်းချခွင့် ဒေသခံ အာဏာပိုင်များ ပိတ်ပင် ကျိုင်းတုံလယ်သမားများ အခက်တွေ့
- မလေးရှားက အကြမ်းဖက်တွေ အင်ဒိုထဲ ဝင်ရောက်
- ပုပ်ရဟန်းမင်းကြီး ကျူးဘားခရီးစဉ်အဆုံးသတ်
- ပလိပ်ချည်စက် အလုပ်သမား ၇ဝဝ မတရားအလုပ်ထုတ်မှု ဆန္ဒပြ
- ရွေးကောက်ပွဲရလဒ်ကြောင့် အာဏာပြန်သိမ်းဖို့မရှိ ကာချုပ်ကတိပေး
- တရုတ်က အက်ပဲလ်စတိုး လျှို့ဝှက်ကုဒ်တွေ ပါဝင်
- ကားပါကင်ထိုးရာမှ အုတ်တံတိုင်းကိုတိုက်ပြီး တစ်ဖက်ခြမ်းသို့ ထိုးထွတ်လာ
- မြစ်ဆုံစီမံကိန်း အပြီးဖျက်ဖို့ လာမည့် အစိုးရကို ပြောမည်
- အောင်လံမြို့နယ်၌ အမျိုးသားတစ်ဦး ယာခင်းမှအပြန် လှည်းလမ်းကြောင်းတွင် အသတ်ခံရ
- ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာပြန်
- ပြည်ထောင်စုအရေးတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NLD လိုလား
Posted: 22 Sep 2015 06:15 AM PDT
နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှုကြောင့် နေပြည်တော် အမျိုးသား လွှတ်တော်
မဲဆန္ဒနယ် ၁၀ ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမျိုးညွန့်သည် သာမာန် တသီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်း တစ်ဦးတော့ မဟုတ်ပေ။ သူသည် သမ္မတ၏ ခန့်အပ်မှုဖြင့်
နေပြည်တော်ကောင်စီ တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သူဖြစ်သည်။
“ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ဦးကို ၀င်ပြီး အရွေးခံခိုင်းတာလေ။
ဘာကြောင့် တာဝန်ပေးလဲဆိုရင် ဦးက စစ်ဘက်မှာလည်း လုပ်ခဲ့ ရတယ်။ ကောင်စီ
|
Posted: 22 Sep 2015 06:01 AM PDT
အစိုးရအဖွဲ့ကို တောက်လျှောက် နည်းမျိုးစုံ အကျပ်အတည်းတွေ့အောင်
ပြုလုပ်ခဲ့သည့် NLD ပါတီကို မဲမပေးသင့်ကြောင်း၊ အနောက်အုပ်စုဘက်သို့
ယိမ်းသည့် ပါတီဖြစ်၍ ၎င်းပါတီအနိုင်ရရှိပါက စစ်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊
အခြားနိုင်ငံသားများနှင့် သွေးသားတော်စပ်မှုရှိသော ခေါင်းဆောင်ဖြစ်သဖြင့်
မဲမပေးသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သော
ရွေးကောက်ပွဲ လြုံ
|
Posted: 22 Sep 2015 05:52 AM PDT
စက်တင်ဘာလ (၁၉) ရက်နေ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းရဲ့
မြေးတစ်ဦးဖြစ်တဲ့ ကိုအေးနေ၀င်းက သူ့ရဲဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ
ဓာတ်ပုံတစ်ပုံနဲ့ စာသားအချို့ကို တွဲတင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံက
မထူးခြားပေမဲ့ ကိုအေးနေ၀င်း ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာက
အံ့သြစရာကောင်းတာပါ။
ကိုအေးနေ၀င်းရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ရေးထားတာက ဒီလိုပါ။ “တာဝန်က
အနားယူပြီးတဲ့ နောက်ပိုင်း လိပ်ပြာသန့်သန့် လုထုကြားထဲ သွားလာဆက်ဆံ
|
Posted: 22 Sep 2015 05:39 AM PDT
စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ခလောက်နို့ကျေးရွာအုပ်စု အုန်းတပင်ရွာရှိ
ဖားအံ-မြဝတီ အဝေးပြေး လမ်းမဘေး လယ်မြေများ အပေါ် အဆောက်အဦး
ဆောက်လုပ်နေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံမြေအဖြစ် ဂရံပြောင်းပေးရန်
လယ်ပိုင်ရှင်များက ပြည်နယ်ဝန် ကြီးချုပ်ထံ ယမန်နေ့က
စာရေးသားတောင်းဆိုထားသည်ဟု ဒေသခံတစ်ဦးဖြစ်သူ နန်းရွှေရည်က ကေအိုင်စီသို
့ပြောသည်။
အဆိုပါကားလမ်းမဘေးရှိ လယ်မြေများပေါ်တွင် ဒေသခံများ
|
Posted: 22 Sep 2015 04:39 AM PDT
(Credit: ABC)
မြန်မာနိုင်ငံမှာ အမျိုးသမီး သမ္မတ ဖြစ်လာမယ်ဆိုရင်လည်း
လက်ခံနိုင်တယ်လို့ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြောပါတယ်။
ဒါပေမဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်နိုင်မခြင်း
ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတဖြစ်ခွင့် ရှိမှာ မဟုတ်ပါဘူး။
အမျိုးသမီး သမ္မတအပေါ် အမြင်ကို မေးရာမှာ ဗိုလ်ချုပ်မှူးကြီးက ဒီအဆင့်
ရောက်ရှိလာတာဟာ မိခင်တွေရဲ့ြ
|
Posted: 22 Sep 2015 04:34 AM PDT
နေပြည်တော် ၊ စက်တင်ဘာ ၂၃
တစ်စုံတစ်ဦးက ဖိအာပေးကာ ပါတီတစ်ခုကို မဲထည့်ခိုင်းသည့်တိုင်
အစိုးရ၀န်ထမ်းများအနေဖြင့် မကြောက်မရွံ့ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်ကိုမဲထည့်ပေးရန် ဇဗ္မူသီရီမြို့ နယ် ပြည်သူ
့လွှတ်တော်ကိုယ်စားလှယ်လောင်း (ပုဗ္ဗသီရီမြို့ နယ် ၊ပြည်သူ
့လွှတ်တော်ကိုယ်စားလှယ်) ဦးဖြိုးဇေယျာသော်ကပြောသည်။
ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ဇဗ္မူသီရီမြို့ နယ်အတွင်းရှိ
ရပ်ကွက် နှင့် ကျေး
|
Posted: 22 Sep 2015 04:15 AM PDT
ပျောက်ဆုံးနေသူ ကိုရင်များနှင့်ကျောင်းသားများ
|
Posted: 22 Sep 2015 04:07 AM PDT
အမရပူရ မြို့နယ်တွင် ခိုးရာလိုက်ခဲ့ ရန်ခေါ်ဆိုရာ ငြင်းဆိုသဖြင့်
ဓားဖြင့်ထိုးသူအား အမှုဖွင့်ခံရကြောင်း တိုင်းရဲရုံးထံက သိရသည်။
ယခုလ (၂၀) ရက်နေ့ နံနက်ပိုင်း အချိန်တွင် အမရပူရမြို့နယ် နေ မ. . . .
. (၁၅) နှစ်အား ၎င်း၏ ချစ်သူဖြစ်သူ မောင်. . . . . (၂၄) နှစ်က
ခိုးရာလိုက်ခဲ့ရန် ခေါ်ဆိုရာ မ. . . . . . မှ ငြင်းဆိုသဖြင့် အသင့်ပါလာသည့်
ဓားဖြင့်ထိုးရာ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံကြီးသို့ တင်ပို့ကုသလျ
|
Posted: 22 Sep 2015 04:08 AM PDT
မိတ္ထီလာမြို့နယ်တွင် ကျူရှင်ဆရာမှ တပည့်ဖြစ်သူအား အဓမ္မပြုကျင့်မှု
ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။ ယခုလ (၁၉) ရက်နေ့ ည (၉း၃၀)
အချိန်တွင်. . . . .ကျေးရွာနေ မ. . . . . (၁၃) နှစ်သည် အ.ထ.က ခွဲ
ကျောင်းအရှေ့ဘက်တွင် ရှိသော မောင်. . . . (၂၄) နှစ် (ကျူရှင်
ဆရာ)နေထိုင်သည့် အခန်းသို့ စာသင်ရန် သွားရောက်စဉ် မောင်. . . . .(၂၄)
နှစ်မှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
ယခုလ (၂၀) ရက်နေ့တွင်
|
Posted: 22 Sep 2015 03:57 AM PDT
ပွင့်ဖြူ ၊ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ
ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၀ ရက်နေ့ ညနေ (၅း၁၅)
နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့ နယ်၊ ရှောက်တောကျေးရွာ အရှေ့ဘက်
မင်းဘူး-ပွင့်ဖြူ- စလင်း-မန္တလေးသွား ကားလမ်း မိုင်တိုင်အမှတ် ၃၅/၃ နှင့်
၃၅/၄ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်
အတူသွားရောက် စစ်ဆေးရာ မင်းဘူးဘက်မှ စလင်းဘက်
|
Posted: 22 Sep 2015 03:50 AM PDT
လာမယ့်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက
အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်တွင်း ငြိမ်းချမ်ရေးအတွက် တာဝန်ယူဖို့
အဆင်သင့်ဖြစ်နေပြီလို့ မနေ့ညက နိုင်ငံပိုင်သတင်းမီဒီယာတွေက
နေထုတ်လွင့်ခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ် မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် က
ပြောလိုက်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ မနေ့က နိုင်ငံပိုင်သတင်းမီဒီယာတွေ
|
Posted: 22 Sep 2015 03:45 AM PDT
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မီဒီယာများနှင့် တွေ့ဆုံစဉ်
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာ့ တပ်မတော် အနေနှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် သုံးနှစ်အတွင်း
ရေငုပ်သင်္ဘောနှင့် လေယာဉ်များ ဝယ်ယူသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အဆိုပါ ရေငုပ်သင်္ဘောများနှင့် လေယာဉ်များ ဝယ်ယူမှုအတွက် လွှ
|
Posted: 21 Sep 2015 09:34 PM PDT
ပြင်ဦးလွင်၊ စက်တင်ဘာ ၂၁
ပြင်ဦးလွင်မှ ဘားအံ၊ မော်လမြိုင်သို့ ထွက်ခွာလာသည့် မန်းရွှေမြို့တော်
Express မော်တော်ယာဉ်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက် ညနေ ၃ နာရီတွင်
လူနှင့် ကုန်ပစ္စည်းများတင်ဆောင်ကာ ပြင်ဦးလွင်မှ စတင်ထွက်ခွာခဲ့ရာ ညနေ ၆
နာရီတွင် ၂၁ မိုင် အဆင်း မိုင်တိုင်အမှတ် ၁၉/၅ အရောက်တွင်
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်ကြည်ကြည်ညွန့် (၄၂)နှစ် နေရာတွင် ပင် သေဆုံြး
|
Posted: 21 Sep 2015 09:30 PM PDT
စက်တင်ဘာလ ၂၂ ရက် ၂၀၁၅
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာငြိမ်း
ချမ်းရေးနေ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ် မတော်
RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား သျှမ်းပြည်နယ် အတွင်းရှိ
အနည်းဆုံးနေရာ ၂ နေရာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီနေ့ မနက် ၈ နာရီကျော်မှာ ခလရ ၅၁၆ နဲ့ RCSS/SSA ရဲ့ ပျောက်ကျား တပ်တွေ
နမ့်စန်မြို့နယ် ၀မ်နောင်ကုန်းမုန့် တိုက်န
|
Posted: 21 Sep 2015 09:28 PM PDT
စက်တင်ဘာလ ၂၂ ရက် ၂၀၁၅
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ အစိုးရအာဏာပိုင်များက
လယ်သမားများအား အထူး ဒေသ ၄ မိုင်းလား နှင့် အထူးဒေသ (၂) ၀ ဒေသဘက်သို့
စပါးသယ်ဆောင် ရောင်းချခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံလယ်သမားများ
အခက်တွေ့နေသည်ဟု စုံစမ်းသိရှိရ သည် ။
ထိုသို့ ဆန် စပါး တင်ပို့ရောင်းချခွင့်ပိတ်ပင်သည်
|
Posted: 21 Sep 2015 09:19 PM PDT
Sulawesi အလယ်ပိုင်း Poso ဒေသမှာ အကြမ်းဖက်မှု စစ်သင်တန်းရှိနိုင် (Credit:
Reuters)
မလေးရှားနိုင်ငံက အကြမ်းဖက်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံထဲ
ဝင်ရောက်လာနေကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး
အရာရှိက ပြောပါတယ်။
အကြမ်းဖက် တိုက်ဖျက်ရေးအရာရှိ Saud Usman Nasution က
အင်ဒိုနီးရှားနိုင်ငံကနေတဆင့် အကြမ်းဖက်သမားတွေ ဘယ်နိုင်ငံကို
သွားမယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
|
Posted: 21 Sep 2015 09:08 PM PDT
ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျူးဘားနိုင်ငံအတွင်းက တတိယနဲ့နောက်ဆုံး
ခရီးတထောက်ဖြစ်တဲ့ Santiago မြို့ကို တနင်္လာနေ့က ရောက်ရှိသွားတာမှာ
အမေရိကန်ပြည်ထောင်စုနဲ့ ကွန်မြူနစ် ကျူးဘားနိုင်ငံအကြား ဆက်ဆံရေး
ပြန်လည်တည်ဆောက်နိုင်အောင် လုပ်ဆောင်ပေးခဲ့သူအဖြစ် သူ့ကို
ချီးမွမ်းဂုဏ်ပြုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးးဟာ စစ်အေးခေတ်ကာလတုန်းက ကျူးဘားရဲ့ရန်ဘက်နိုင်ငံဖြစ်ခဲ့
|
Posted: 21 Sep 2015 09:08 PM PDT
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို
တွေ့ရစဉ် Photo: RFA
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ
ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက်
အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင်ဖဲကြိုး တပ်ဆင်ပြီး
ကန့်ကွက်ကြပါတယ်။
အလုပ်သမားတွေအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ စက်ရုံပိုင်ရှင် ပန်ဒါကုမ္ပဏီတို့
|
Posted: 21 Sep 2015 08:39 PM PDT
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
|
Posted: 21 Sep 2015 08:39 PM PDT
တရုတ်မှာ လူသုံးများတဲ့ အက်ပ်စ် အချို့မှာ လျှို့ဝှက်
ထောက်လှမ်းတဲ့ ကုဒ်တွေ ပါဝင်နေ။
တရုတ်ပြည်က အိုင်ဖုန်းနဲ့ အိုင်ပတ်တွေမှာ အများစု
အသုံးပြုကြတဲ့ အက်ပ်စ် Apps အချို့မှာ ဟက်ကာတွေရဲ့
လျှို့ဝှက် ထောက်လှမ်းတဲ့ ကုဒ်တွေ ပါဝင်နေတဲ့ အတွက်
အဲဒါတွေကို ဖယ်ထုတ် သွားမယ်လို့ အက်ပဲလ် ကုမ္နဏီက
ပြောပါတယ်။
အဲဒီလို Apps တွေထဲ အ
|
Posted: 21 Sep 2015 08:39 PM PDT
စက်တင်ဘာ၂၂ရက်နေ့ မနက်၈နာရီခွဲခန့်က ဂရမ်းမီးရထားဝန်းရှိ ကားပါကင်တွင်
ကားပါကင်ထိုးရာမှ အုတ်တံတိုင်းကိုတိုက်မီပြီး တဖက်ခြမ်းသို့
ထိုးဖောက်ထွတ်ရှိလာသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
“ ကားကို အမဖြစ်သူက ညီမကို ကားပါကင်ထိုးကျင့်သင်ပေးရာမှ လီဘာနှင့်
ကလပ်မှားပြီးနှင်းပြီး အရှိန်မထိန်းနိုင်ပဲအုတ်တံတိုင်
|
Posted: 21 Sep 2015 08:31 PM PDT
မြစ်ကြီးနားမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ
ဦးချစ်လှိုင်ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း
အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ကချင်ပြည်နယ်
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။
နောက်တက်လာမယ့် အစိုးရ အဖွဲ့နဲ့ လွှတ်တော်ကို ပထမဆုံး ဒီကိစ္စတင်သွင်းမှာ
ဖြစ်တယ်လို့ မြစ်ကြီးနား
|
Posted: 21 Sep 2015 08:25 PM PDT
အောင်လံ စက်တင်ဘာ ၂၁
အောင်လံမြို့နယ် လက်ပတုန်းကျေးရွာသား တစ်ဦးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက
လက်ပတုန်းကျေးရွာအနီးတွင် အသတ်ခံရမှုဖြစ်ပွား ခဲ့ကြောင်း အောင်လံမြို့နယ်
ရွှေပန်းတော နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဦးသန်းဇော်ဝင်း (၃၅ နှစ်)
လက်ပတုန်းကျေးရွာနေသူသည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏ညီဖြစ်သူ
မြင့်ဇော်ဌေး၏ဇနီးဖြစ်သူ မထက်ထက်ခိုင်ရောက်ရှိလာပြီး မြင့်ဇော်ဌေးသည်
စက်တင်
|
Posted: 21 Sep 2015 07:51 PM PDT
နှစ် ဘက် စစ်ကြောင်း လှုပ်ရှား မှု တွေ ကို အပြန်အလှန်
အသိပေး ညှိနှိုင်း ဆောင်ရွက်ရင် တိုက်ပွဲ တွေ ဖြစ်ပေါ်
လာစရာ မရှိ ဘူး လို့ RCSS/SSA က ပြော။
ရှမ်းပြည်တောင်ပိုင်း နမ်ဆန် မြို့နယ် ထဲမှာ အစိုးရ စစ်တပ်
နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ အကြား
အခုရက် ပိုင်း ထဲမှာပဲ တိုက်ပွဲတွေ ဖြစ်ပေါ် လာခဲ့
ပြန်ပါတယ်။
RCSS/
|
Posted: 21 Sep 2015 07:50 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ
စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး
တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အထူး အလေးပေး ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ်
ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း
တနလာင်္နေ့မှာပဲ ပါတီ မူဝါဒနဲ့ပတ်သက်လို့ြ
|
0 comments:
Post a Comment