Monday, September 7, 2015

ငါသာ.....သူ့နေရာမှာဆိုရင်



(၁)
သူဟာ ငါမဟုတ်ဘူးဆိုပေမယ့် ငါ့လိုပဲ သူလဲ အရာရာ ခံစားတတ်တဲ့ လူသားတစ်ယောက်ဆိုတာ မင်းကိုမင်း စဉ်းစားကြည့်မိရဲ့လား ။
တစ်ချို့နေရာတွေမှာ မင်းဘက်က မင်းမှန်းတယ်လို့ အထင်ရောက်မိတဲ့အခါ စိတ်ပျက်အားလျော့နေတဲ့
လေသံနဲ့ ``အော်..သူက ငါမှ မဟုတ်ဘဲလေ´´လို့ မင့်ပါးစပ်က ညည်းညူမိလိမ့်မယ်။


အဲ့ဒီအခါကျ မင့်စိတ်ထဲမှာ မင်းကိုယ်မင်း စာနာတတ်တဲ့ လူတစ်ယောက်အဖြစ် ခံစားနားလည်တတ်ပြီဆိုရင် မင်းဟာ လူတော်လူကောင်းတစ်ယောက် ဖြစ်ပြီလို့သာ မှတ်လိုက်ပါ။

(၂)
ပုရွက်ဆိတ်လေးတွေဟာ အကောင်ငယ်ပေမယ့်
သူတို့လေးတွေလဲ ထိခိုက်မိလို့ နာကျင်သွားရင်
ခံစားချက်ကတော့ လူတွေနဲ့ အတူတူပါပဲ။
သတ္တ၀ါတွေဟာ...၊
• အတ္တကိုယ်စီ ရှိကြလို့ ကိုယ့်ဖို့ တစ်ကွက်စာ ချန်စမြဲ။
• တွေဝေခြင်းတွေ ရှိသေးလို့ ကိုယ်ရုပ်ကိုယ် ပြန်မမြင်နိုင်ဘူး။ ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ်ပြန်မကြားနိုင်ဘူး။ ကိုယ်လုပ်ခဲ့အလုပ်ကို ပြန်သင်္ခန်းစာ မယူတတ်ဘူး။ 


(၃)
နေ့စဉ် ကိုယ်ရဲ့ ကာယကံ ၊ ၀စီကံတွေနဲ့ ပတ်သတ်ပြီးတော့ စင်ကြယ်နေစေဖို့ ...
• သီလစောင့်ဖို့ လိုတယ်။
နေ့စဉ် ကိုယ်ရဲ့ မနောကံတွေ စင်ကြယ်နေစေဖို...
• သမာဓိအားကောင်းဖို့ လိုတယ်။
နေ့စဉ် ကိုယ့်ရဲ့ အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး
အကောင်း အဆိုး၊အကြောင်းအကျိုး ခွဲခြားနိုင်စေဖို့ ...
• ပညာအားကောင်းဖို့ လိုတယ်။


(၄)
တကယ်တော့ ငါဟာ သူမဟုတ်သလို ၊ သူကလည်း
ငါ မဟုတ်ဘူး။ လူတစ်ယောက် နှလုံးသား တစ်ခုစီနဲ့
ကိုယ့်တိုင်ပဲ နားဆင် ခံစား ပြုလုပ်နေကြရတာပါပဲ။
ဒါကြောင့် သူ့နှလုံးသားကို ကိုယ်နားဆင် ၊ ကိုယ့်နှလုံး
သားကို သူနားဆင်ကြည့်ပြီး၊ တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း နီးနီးလေး ဖြစ်လာအောင် လုပ်ကြဖို့ပါ။


credit:ဗောဓိသစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...