Saturday, September 12, 2015

ဘယ်လူနာအလွယ်ဆုံးလဲ???

ခင်ဇော် ဦး with Khin Zaw Oo


ဒေါက်ာတာအေးချို၊ ဒေါက်တာ ဘုန်းကျော်၊ နှင့် ဒေါက်တာမာတောက် တို့သည်
ဆေးရုံတစ်ခုတည်းတွင် တာဝန်ကျနေကြသည့် ခွဲစိပ် ဆရာဝန်များဖြစ်ကြသည်။
သူတို့သုံးယောက် လဘက်ရည်ဆိုင် တွင် အတူထိုင်ရင်း တစ်ယောက်နှင့်တစ်ယောက်
မည်သည့်လူနာက ခွဲစိပ် ကုသရ လွယ်ကူသည့်အကြောင်း ဆွေးနွေးနေကြသည်။

ဒေါက်တာအေးချို က အရင် ပြောသည်။

"ငါကတော့ လူနာက စာကြည့်တိုက်မှူးဆို ပိုကြိုက်တယ်။ သူတို့အတွင်းကလီစာတွေက
အက္ခရာစဉ်လိုက်စီထားတာလေ။ အဟဲ . . . ရှာရဖွေရ . . တယ်လွယ်သကိုးကွ . . ဟဲဟဲ"
နောက် ဒေါက်တာ ဘုန်းကျော်က ဆက်ပြောသည်။
"ငါတော့ . . သင်္ချာသမားကို ပိုကြိုက်တယ်။ သူတို့ရဲ့ အတွင်းကလီစာတွေက
လေဘယ်နံပါတ်ကလေးတွေ ထိုးထားတယ်ဟ . . ရှာရဖွေရ မှတ်ရသားရတာ
လွယ်မှလွယ် . ."
နောက်ဆုံး ဒေါက်တာ မာတောက် က ပြောသည်။
"မင်းတို့ ၀န်ကြီး လူနာတွေ မတွေ့ဘူးသေးလို့ပါကွာ . . သူတို့မှာ နှလုံးသား မရှိဘူး၊
ဦးဏှောက်မရှိဘူး၊ ၊ ဒီပြင် . . ကလီစာ ဆိုလို့ ဗိုက်ထဲမှာ
ဘာတစ်ခုမှ အပိုမရှိဘူး။ အဲ . . တစ်ခုပဲမှတ်စရာလိုတယ်။ ဗိုက်ထဲခွဲကြည့်ရင် အစာအိမ်နဲ့
အူလမ်းကြောင်းတစ်ခုထဲရှိတယ်။ ကဲ . . ဒီလောက် ကုရလွယ်တာ ဘာရှိသေးလဲ . .
ဖြစ်စရာ ရောဂါဆိုလို့ အစားမှားတာနဲ့ အစားများတာ တစ်ခုပဲရှိတယ်။
ကုရတာ လွယ်မှ လွယ်ပဲ . . အဟဲ . ."
3ာမ် . . .
KZO

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...