Saturday, February 25, 2012

အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း

ဆရာတော် အရှင်ကောမလ ဘုရား

                                                 တပည့်တော်
အရမ်းသိချင်နေတဲ့ အကြောင်းလေးတစ်ခုကို ပြောပြ၊ရေးပြပေးတဲ့အတွက် အများကြီး
ကျေးဇူးတင်ပါတယ်ဘုရား။
တပည့်တော် ယခုအကြောင်းအရာကို အရင့်အရင်ကလည်း တရားတော်တွေထဲမှာ
ကြားနာရဖူးပါတယ်ဘုရား။ နောက် အခု ဆရာတော်ရေးပြတော့လည်း နောက်ထပ်
တိကျတဲ့အချက်အလက်တွေနဲ့အတူ ထပ်မံသိခွင့်ရပါတယ်။ ဒီတော့ ဖတ်နေရင်းနဲ့
တပည့်တော် အတွေးမှာ တစ်ခုပေါ်လာတယ်။ ဒီအကြောင်းကို အရင်ကလည်း သိ၊အခုလည်း
သိခဲ့ရပေမယ့် ဦးနှောက်ထဲမှာ မစွဲဘူးဖြစ်နေတယ်။ စာလို အလွတ်ကျက်မှတ်ရင်
တော့ အချိန်အတိုင်းအတာတစ်ခုမှာ ရမှာပါ။ နောက်ထပ်တစ်ခုက မျက်စိထဲမှာ
ရှင်းရှင်းလင်းလင်း မမြင်ဘူး။ ဒီတော့ ပေါ်လာမိတဲ့အတွေးက စာနဲ့တကွ ပုံလေးပါ
ကိုယ်က ထပ်ပြနိုင်ခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးကို ဖြစ်ပေါ်မိစေတယ်။
ဒါ့ကြောင့် ဆရာတော့်ကို တပည့်တော် နောက်ထပ် တောင်းဆိုပါရစေ ဘုရား။

မအားတဲ့ကြားထဲက အချိန်လေးယူပြီး တပည့်တော်ကို အခုပြောပြတဲ
မြင့်မိုရ်တောင် နဲ့ စကြာဝဠာ ရဲ့ မြေပုံလေးကို အရှင်ဘုရား
ခဲတဲ့နဲ့ဖြစ်ဖြစ် ပုံကြမ်းလေး(Plan) လေး ဆွဲပေးလို့ အဆင်ပြေနိုင်မလား
ဘုရား။ သူ့ရဲ့ တည်နေရာ အနေအထား နဲ့ ပိုင်းခြားထားမှုလေးတွေကို ပေါ့။
အမြင်ရှုပ်စေမယ့် နေရာမျိုးတွေမှာ အညွှန်းလေး၊စာလေး ရေးပေးပါဘုရား။
(အကယ်လို့များ အရင် လူတွေ ဆွဲထားဖူးတယ် ဆိုရင်လည်း တပည့်တော်
သိပါရစေဘုရား။ လင့်ခ် လေးဖြစ်ဖြစ်ပေါ့။ )
                         အခု တပည့်တော်ရဲ့လျှောက်ထားချက်ကို အရှင်ဘုရား
အားတဲ့အချိန်လေးမှာ နည်းနည်းချင်းလုပ်ပေးမယ် ဆိုရင် တပည့်တော်ဘက်ကလည်း
တက်နိုင်သမျှ ဆရာတော်ရဲ့ ပုံကြမ်းတွေကို ပုံချောအဖြစ်နဲ့ရအောင်
ကြိုးစားပြီး ဆွဲမယ်။ 2D plan တို့ elevation တို့နဲ့ ပြနိုင်မယ်။ လက်နဲ့
ဆွဲလို့ရတဲ့နေရာမှာ လက်နဲ့။ နောက် ကွန်ပျူတာနဲ့ပါ ဆွဲမယ်ဘုရား။ နောက်
ဒီထက်အခြေအနေများ ပေးခဲ့ရင် တပည့်တော် 3D drawing ကို ပါ ဆွဲပါမယ်ဘုရား။
ပြီးရင် 3D Animation ပါ လုပ်နိုင်ခဲ့ရင် လုပ်ချင်၊ဆွဲချင်ပါတယ်ဘုရား။
နော်ထပ် ဒီလိုဆွဲလို့ ထွက်လာတဲ့ ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို You Tube
မှာဖြစ်ဖြစ် တင်မယ် ဆိုရင် ကျန်တဲ့ လူတွေပါ သိရှိနိုင်ပါတယ်ဘုရား။
ဒါတွေလုပ်တာက နေ့ချင်း၊ ညချင်းတော့ မပြီးနိုင်ပေမယ့် လုပ်မယ်ဆိုရင်တော့
တစ်နေ့နေ့မှာ ပြီးကို ပြီးမြောက်မှာပါ။ အဲ့အချိန်မှာတော့
ကိုယ်လုပ်ထားခဲ့သမျှဟာ အကျိုးယုတ်လိမ့်မယ်လို့တော့ မထင်မိပါဘုရား။
တပည့်တော် ဘာလို့ ဒီလိုတောင်းဆိုရသလဲဆိုရင် တပည့်တော် တစ်ဦးတည်းသာမက
ကျန်မန်ဘာများ၊ ဗုဒ္ဓဘာသာဝင်နဲ့ အခြားဘာသာများ ၊ နောင်လာနောက်သား
လူငယ်များပါ အကျိုးရှိနေနိုင်၊ ဗဟုသုတရနိုင်ပါတယ်ဘုရား။
မိမိရဲ့ သူငယ်ချင်း၊ တပည့်၊ အသိအကျွမ်း၊ သား၊သမီး နဲ့ နောင်လာနောက်သားကို
ဒီအကြောင်း ပါးစပ်ကနေပြောပြနေတာထက်စာရင်တော
့ ကိုယ့်အနေနဲ့ သူတို့
မြင်သာမယ့် အတိုင်းအတာတစ်ခုကို အလွယ်တကူနဲ့ပြောပြနိုင်မှာဖြစ်ပါတယ်
အရှင်ဘုရား။
အရှင်ဘုရားအနေနဲ့ ဘယ်လိုသဘောရပါလဲဘုရား။ အကျိုးရှိမယ်၊ကောင်းတယ်ထင်ရင်
တပည့်တော်ရဲ့တောင်းဆိုချက်ကို စဉ်းစားပေးပါဘုရား။ အကျိုးမရှိ
ဆုတ်ယုတ်ဖို့ ပဲ ရှိမယ်ဆိုရင်တော့လည်း တပည့်တော်ရဲ့ စိတ်ကူးယဉ် ဆန်မှုကို
ခွင့်လွှတ်ပေးပါ။
                         တရားတော်ထဲ ၊ စာထဲ ၊ ကျမ်းဂန်ထဲမှာသာ ပါနေသော
၊ အတွေးမျက်စိဖြင့်ပင် ရှင်းရှင်းလင်းလင်း မဖော်ဆောင် နိုင်ခဲ့သော ၊
သာမန်လူတို့ မမြင်နိုင် မညွှန်ပြ နိုင်ခဲ့သော အရာ
(မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း ) ကို ရုပ်လုံးဖော်ရန်စိတ်ကူးမိသော
တပည့်တော်...

နိုင်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...