Facebook Pages ဒီဇိုင်းအသစ် ပြောင်းမည်
by The Voice Weekly on Thursday, March 1, 2012 at 8:40am ·
ရန်ကုန် မတ် ၁
https://www.facebook.com/about/pages/
နာမည်ကျော် လူမှုသတင်းကွန်ယက် ဝက်ဆိုက် Facebook က ဝန်ဆောင်မှု ပေးနေသော Facebook Pages စာမျက်နှာများကို မတ်လ ၃၀ ရက်နေ့တွင် ဒီဇိုင်းပုံစံ အသစ်သို့ ပြောင်းလဲတော့မည် ဖြစ်ကြောင်း Facebook က ယနေ့ ကြေညာလိုက်သည်။
လက်ရှိအချိန်တွင် Pages Admin များသာ ကြိုတင် ကြည့်ရှုနိုင်သော ဒီဇိုင်းအသစ်သည် ယခုနှစ်ဆန်းပိုင်းက Facebook Profile များတွင် စတင်ပြောင်းလဲခဲ့သော Timeline ပုံစံဖြစ်ပြီး Cover Photo, Message, Pin to Top, Highlight, Milestone စသည့် လုပ်ဆောင်ချက် အသစ်များ ပါဝင်လာမည် ဖြစ်သည်။
Timeline ဒီဇိုင်းကို ယခုနှစ်ဆန်းပိုင်းက စတင်၍ Facebook Profile များတွင် ပြောင်းလဲခဲ့ရာ လူကြိုက် မများလှဘဲ ပုံစံအဟောင်းကို ပြန်လည် တောင်းဆိုမှုများ ရှိခဲ့သည်။
Facebook သည် လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း သုံးစွဲသူအချင်းချင်း သတင်း အချက်အလက် ဝေမျှရာတွင် သုံးသည့် Share လုပ်ဆောင်ချက်ကို အဆင်မြှင့်တင်ခဲ့သည်။

0 comments:
Post a Comment