Monday, February 27, 2012

မြ ရဲ့ ~ လ ~




“အကိုတို့မြို့က ကောင်းကင်မှာ ကြယ်တွေ နည်းနည်းလေးရယ်နော် ~ ကျမတို့ဆီမှာတော့ ကောင်းကင်မှာ ကြယ်တွေ အပြည့်ပဲ အကိုရဲ့ ”

................................

တစ်ခါတုန်းက ညနေချမ်းအချိန် ကျွန်တော် ရုံးမှ အပြန်၌ ကျွန်တော်တို့ အခန်း ဝရန်တာ သို့ မော့ကြည့်လိုက်သောအခါ မြ ကို ဝရန်တာမှာ ရပ်လျက် ရှိသည်ကို မြင်ရသည်။



အရာရာကို ရိုးရှင်းစွာတွေးတတ်သော မြ ၏ ကိုယ်စား ~ မြ၏ အတွေး ကို ကျွန်တော် နားလည် လိုက်သည်မှာ မြ သည် ပျင်းရိ ငြီးငွေ့စွာပင် ခင်ပွန်းသည်ကို မျှော်နေခြင်း ဖြစ်လိမ့်မည် ဟူ၏။ သို့သော် ကျွန်တော့အထင် မှားခဲ့ပါသည်။

"မြ ~ ဘာလုပ်နေတာလဲ ။ ကိုယ်နောက်ကျလို့လား ~ ဆယ့်ငါးမိနစ်လောက်ပဲ နောက်ကျတာပါ မြ ရဲ့ "

"မဟုတ်ပါဘူး အကိုရဲ့။ ကျွန်မ ဟောဟိုက တိမ်တွေကို ကြည့်နေတာပါ"

မြ ၏ မသိနားမလည်စွာ ရိုးအ, မှု ကို ကျွန်တော် ရယ်မောမိသေး၏။ လည်ပတ် ပါးနပ်သော မိန်းမဆိုလျှင် ခင်ပွန်းသည်၏။ စိတ်ခံစားမှုကို နူးညံ့နှစ်သိမ့်နိုင်အောင် ရေလိုက်ငါးလိုက် လျောချကာ လိမ်ညာပေးမိပေလိမ့်မည်။

မြ ကတော့ ~ ~

..................................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...