Sunday, February 26, 2012

ယုံကြည်ချက်......

Cloud Cuckoo Land edited a doc.
ယုံကြည်ချက်ကြောင့်ခေတ္တခေါ်ယူမေး
မြန်းခံရသူ၊ ယုံကြည်ချက်ကြောင့် နယ်နှင်ခံရသူနှင့် ယုံကြည်ချက်ကြောင့်ဖြစ်ပုံအမျိုးမျိုး

မင်းတုန်းမင်းကြီးလက်ထက်က ဗန်းမော် ဆရာတော်ဘုရားကြီး၏ယုံကြည်ချက်
ဗန်းမော်ဆရာတော်ဘုရားကြီးက သံဃာဟူသည် မိန်းကလေးတွေနှင့် ရော ရောနှောနှော လက်ပွန်းတတီးမနေသင့် ကြောင်း ယုံကြည်သည်။ သို့သော်၎င်းင်း ခေတ်ကဗန်းမော်ဆရာတော်ထက်သက်ကြီး ၀ါကြီးထွဋ်ခေါင်ဆရာတော်ဘုရားကြီး သည် သီလရှင်များကို စာချပေးရင်းသီလ ရှင်များနှင့် ဆရာတော်ကြီးတို့ ရင်းရင်းနှီး နှီးနေ၏။ သို့သော် ဗန်းမော်ဆရာတော် က မိမိထက်ဝါကြီးသော ထွဋ်ခေါင်ဆရာ တော်ကို ဆုံးမလို့မလွယ်၍ ကဗျာစပ်၏။
ယုံကြည်ချက်ကြောင့်စပ်သောကဗျာ
စိတ်ပုတီးရယ်နဲ့ ရိပ်ကြီးကိုခို
ဦးရွှေညိုသီလချောရယ်နဲ့
တောခိုသည့်ချောင်
မှတ်ချက်၊ ဦးရွှေညိုဆိုသည်မှာ ထွဋ်ခေါင် ဆရာတော်၏ ငယ်နာမည်ဖြစ်၏။
၎င်းကဗျာကြောင့် ထွဋ်ခေါင်ဆရာ တော်ကြီးစိတ်ဆိုး၏။ ထို့ကြောင့်ဗန်းမော် ဆရာတော်ကိုဒီလိုဘာကြောင့်လုပ်ရတာ လဲခေါ်မေး၏။
ထိုအခါဗန်းမော်ဆရာတော်က ဖြေ သည်မှာ ဦးရွှေညိုနှင့် သီလရှင်ချောချော များကို သမုတ်တာမဟုတ်ပါ။ ဦးရွှေညို၏ သီလသမာဓိမှာ ချောမွတ်ဖြူစင်ပါသည် ဟုစပ်ဆိုခြင်းဖြစ်၏ ဖြေရရှာသည်။
ဗန်းမော်ဆရာတော်သည်ယုံကြည် ချက်ကြောင့်ခေါ်မေးခံရ၏။
ယုံကြည်ချက်ကြောင့်နယ်နှင်ခံရသူ
ဗန်းမော်ဆရာတော်ကြီးသည် အ နှောင့်အသွားမလွတ်သော ကဗျာတွေ ခဏခဏစပ်၍မင်းတုန်းမင်းကြီးထံမကြာ ခဏသွားတိုင်သူတွေရှိ၏။ မင်းတုန်းမင်း ကြီးလည်း တော်တော်သည်းခံရသည်။ တစ်ခါကျတော့ မင်းတုန်းမင်း၏မိဖုရား ခေါင်ကြီး နေမကောင်းရာနန်းတော်အနီး ခွေးအူသံတွေကိုနားညည်းသည်ဟုမိဖုရား ကဆို၍ မင်းတုန်းမင်းအမိန့်နှင့်မန္တလေး က ခွေးတွေကိုဖမ်း၍ စစ်ကိုင်းသို့လှေဖြင့် ပို့ရာ ခွေးတွေသားတကွဲ၊ မယားတကွဲဖြစ် ၏။ ဒါကိုဗန်းမော်ဆရာတော်ကြီးက ခွေး တွေ ဒုက္ခရောက်ပုံကို ကဗျာစပ်၏။ ဒီတ ခါတော့ မိဖုရားခေါင်ကြီးကို အနှောင့် မလွတ်သော ကဗျာဖြစ်၍မင်းတုန်းမင်း ကြီး စိတ်ဆိုးပြီး ဗန်းမော်ဆရာတော်ကို မန္တလေး၌ နေထိုင်ခွင့်ရုတ်သိမ်းကာ ဗန်း မော်သို့ပို့၏။ နောက်သုံးနှစ်ကြာသော် စိတ်ပြေပြီး ပြန်ခေါ်သောအခါ ဆရာ တော်ကြီးက မန္တလေးသို့ပြန်မလာဘဲ စစ် ကိုင်း၌ သီတင်းသုံး၏။
ဗန်းမော်ဆရာတော်ကြီးသည် ယုံ ကြည်ချက်ကြောင့် နယ်နှင်ဒဏ်ပေးခံရ သူဖြစ်၏။
ယုံကြည်ချက်ကို သစ္စာမဖောက်သူ(သို့မ ဟုတ်) ယုံကြည်ချက်အတိုင်းဆက်လက် လျှောက်လှမ်းသူ
ဗန်းမော်ဆရာတော်ကြီးသည် စစ် ကိုင်းတွင်နေစဉ် ယုံကြည်ချက်အတိုင်း ဆက်လက်၍ ကဗျာစပ်သည်။ ဟိုလူ့ကို ကဗျာစပ်၊ ဒီလူ့ကိုကဗျာစပ်လုပ်နေရာ ပြ ဿနာခဏ၊ ခဏပေါ်၏။ ကြာတော့မင်း တုန်းမင်းကြီးက ဆက်သားလွှတ်၍ ဗန်း မော်ဆရာတော်ကြီးကိုသတိပေးလျှောက် ထားရာဤသို့ဖြစ်၏။ ဆက်သားသည် မန္တလေးမှ စစ်ကိုင်းသို့ရောက်လာပြီး နောက် လျှောက်သည်မှာ
ဆက်သား- ဆရာတော်ကြီးဘုရား၊ ဘု ရင်ကြီးက မှာလိုက်ပါတယ်။ ကောင်း ကောင်းမွန်မွန်တရားမှတ်နေပါ။ ဟိုလူ့ ကဗျာစပ်၊ ဒီလူ့ကို ကဗျာစပ်မလုပ်ပါနဲ့တဲ့ ဘုရား။
ဗန်းမော်ဆရာတော်ကြီး- အံမာ။ ဟေ့ မင်း တို့ဘုရင်ကမိဖုရားတွေများတော့ မိန်းမ တွေရဲ့ ပေါင်ကြားမှာနေတဲ့လူကွဲ့။ ငါက စစ်ကိုင်းတောင်ရိုးမှာနေတော့ တောင် ကြားထဲမှာနေတဲ့လူ။ မိန်းမတွေရဲ့ပေါင် ကြားမှာနေတဲ့လူကတောင်ကြားထဲမှာနေ တဲ့လူကို ဒီလိုဆုံးမတော့ ကောင်းသလား လို့ ပြန်လျှောက်လိုက်စမ်း။
ဆရာတော်ကြီးကဤသို့မိန့်၍ဆက် သားမှာခပ်သွက်သွက်ပြန်သွားရပါသည်။ ဆရာတော်ကြီးသည် မင်းတုန်းမင်းကြီး သတိပေးတာကို အလေးမထားဘဲမိမိ၏ ယုံကြည်ချက်အတိုင်း ဆက်လက်ကဗျာ စပ်မည်ဖြစ်၏။
ဆရာတော်ကြီးသည် ယုံကြည်ချက် ကို သစ္စာမဖောက်သူဖြစ်၏။
ယုံကြည်ချက်ကြောင့် တိရိစ္ဆာန်ဆေးကုသ ရေးဆေးကျောင်းသားတွေ လူကုဆရာဝန် ဘွဲ့MBBS ရကြပုံ
ကျွန်တော်သည် ၁၉၇၂၌ ဆေး တက်္ကသိုလ်၌ သင်ကြားခွင့်ရခဲ့၏။ ၁၉၇၅ ၀န်းကျင်၌ ဦးသန့်အရေးအခင်း၊ မှိုင်းရာ ပြည့်အရေးအခင်းစသော အရေးအခင်း ကိုကြုံခဲ့ရ၏။ တချို့ဆေးကျောင်းသား တွေ အရေးအခင်း၌အော်ကြဟစ်ကြရာ ကျောင်းထုတ်ခံရ၏။ သို့သော်ထိုစဉ်က ဆိုရှယ်လစ်အစိုးရက သူတို့ကိုပြန်လည် အခွင့်အရေးပေးပြီး ၀ိဇ္ဇာတက္ကသိုလ်ပြန် တက်ခွင့်ပြုရာ ၎င်းင်းတို့သည် MBBS ဘွဲ့ မရတော့ဘဲ BA, B.Scဘွဲ့တွေရကြ၏။ ၁၉၇၅ကြတော့ အရေးအခင်းဖြစ်ရာ တိ မွေးကုတက္ကသိုလ်  BVS ဆေးကျောင်း သားတွေ အော်ကြဟစ်ကြရာ ၎င်းတို့ သည်  BVS ကျောင်းသားအဖြစ်က အချို့ အထုတ်ခံရ၏။  BVS ကျောင်းသားနှစ် ယောက်သည် နောင်အခါ ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်တက်ခွင့်ရ၏။ သို့သော်တိုက် တိုက်ဆိုင်ဆိုင် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်မရှိ တော့ဘဲဒေသကောလိပ်တွေပေါ်လာ၏။ ထိုခေတ်တုန်းက MBBS ကျောင်းသား၊ သွားဆေးတက္ကသိုလ်BDSကျောင်းသား၊ တိမွေးကု BVS ကျောင်းသားတွေကို ပဌမနှစ်၌ ရန်ကုန်ပြည်လမ်းလိပ်ခုန်း၌စု ပေါင်း၍ အတူတူစာသင်ပေးရာ ဇီဝဗေဒ ((BIO))၊အင်္ဂလိပ်စာ တို့မှာအလွန်ခက်၏။ BIO ကျောင်းသားသား (၂)ဦးအထုတ်ခံ ရသောအခါ ၎င်းတို့သည် BIO အရာ၌ MBBS ကျောင်းသားနှင့်တန်းတူ ကျွမ်း ကျင်၏။ ၎င်းတို့ဒေသကောလိပ်ရောက် သော်  BIO ဘာသာတွဲယူ၏။ ဆယ်တန်း အောင်ကာစ ကလေးများသည်ဒေသ ကောလိပ်တက်ရာ  BIO မလိုက်နိုင်၍ ဘိုင်အို၊ ထိုင်ငိုဟူသော စကားပုံပေါ်၏။ BVS သင်တန်းက အထုတ်ခံရသော ကျောင်းသား ၂ ဦးမှာ  BIO ဘာသာ၌  BIO သင်တန်းနှင့်တန်းတူသင်ဖူးရာ  BIO ထိုင်ငိုဆိုသော်လည်း ငိုသည့်အထဲ၌ သူတို့မပါ။ စာတော်လွန်းလှ၏။ ဒေသ ကောလိပ်၌ ပထမ၊ ဒုတိယတွေရကြ၏။ ဒေသကောလိပ်ဒုတိယနှစ်အပြီးတွင် တက္ကသိုလ်များသို့လျှောက်ကြရာ ဒုတိယ နှစ်အမ်ဘီဘီအက်စ် (2nd MBBS)အတန်းသို့ဝင်ခွင့်ရသွားပြီး ဆရာဝန်ဖြစ် ကုန်ကြ၏။
အဲဒါကတော့ယုံကြည်ချက်ကြောင့် ဆရာဝန်ဖြစ်ကုန်ကြသူတွေပါ။
ယုံကြည်ချက်ကြောင့်ပြဿနာတက်ကြ သူများ
သိပ္ပံပညာရှင်ကြီးချားလ်ဒါဝင်သည် လူသားမျိုးနွယ်တို့သည် မျောက်ကဆင်း သက်သည်ဟု သူ၏ယုံကြည်ချက်အတိုင်း ထုတ်ဖော်ရာ လူတွေကို မျောက်ကဆင်း သက်သည်ဟု ပြောရပါမည်လားဟုဆို ကာပြဿနာပေါ်ဘူး၏။ လွန်ခဲ့သောနှစ် ၄၀၀ ခန့်ကသိပ္ပံပညာရှင်ကြီးတစ်ဦးသည် သူ၏ယုံကြည်ချက်အတိုင်း ကမ္ဘာကြီးကို လုံးတယ်ဟုပြော၍ပြဿနာတက်ဖူး၏။ နောက်တော့မှ ကမ္ဘာဟာ လုံးနေကြောင်း လူတွေလက်ခံကြပါသည်။
လေးစားစရာကောင်းသော စာရေးဆရာ ကြီးတစ်ဦး
ယခုအခါ စာရေးဆရာကိုကိုမောင် ကြီးအား ဂျာနယ်တစ်စောင်က အင် တာဗျူးရာ ဘဘကြီးက ဆိုရှယ်လစ်စနစ် ကိုယုံလားဟုမေးရာ။ ယုံတယ်ဟုဖြေ၏။ ယခုအခါ ဆိုရှယ်လစ်စနစ်နှင့်တိုင်းပြည် မချမ်းသာ၍ ဆိုရှယ်လစ်စနစ်ဦးမဆောင် တော့သော်လည်း စာရေးဆရာကြီးကိုကို မောင်ကြီးက ဘက်မပြောင်းပါ။ ယုံကြည် ချက်အတိုင်း ရပ်တည်သည်မှာလေးစား ထိုက်ပါသည်။
ဟိုဟာယုံ၊ဒီဟာယုံ၊ ဟိုခုန်၊ဒီခုန်သမားများ
မြန်မာဘုရင်လက်ထက်က အချို့အ ရာရှိများသည် သီပေါမင်း၏ဘုန်းလက်ရုံး ကို ယုံကြည်ခစားသည်။ သီပေါမင်းပါ တော်မူ၍ အကျဉ်းသားဖြစ်သွားသောအ ခါ ၀ိတိုရိယဘုရင်မကြီးနှင့် ဘုရင်ခံတို့၏ ဘုန်းတန်ခိုးကို ယုံကြည်ကြပြီး အင်္ဂလိပ် အရာရှိများထံ မျက်နှာချိုသွေးကြပါ၏။ ဒါကိုစာရေးဆရာကြီးအချုပ်တန်းဆရာ ဖေက မျက်စိနောက်၍ ဒီလိုစာဖွဲ့၏။
““ပလူးရပြေးကြို့ခါခါ၊ ခွေးသို့ပမာ”” ဟု စာဖွဲ့၏။
အာဏာရှိသူတွေထံ သွားရောက် အောက်ကြို့ပြီး ခွေးကဲ့သို့ ပလူးကြသူ တွေရှိသည်ဟု အချုပ်တန်းဆရာဖေက ဆို၏။
ဒီလိုလူမျိုးတွေက ယုံကြည်ချက်မရှိ၊ မရိုးသားမိမိတစ်ကိုယ်ကောင်းစိတ်သာ မွေး၏။ယခုအခါကျွန်တော်တို့မြန်မာနိုင်ငံ ကြီးသည် ၂၀၁၁ ၌ပါတီစုံ လွှတ်တော် ကြီကို ကျင်းပပါပြီ။ မယုံချင်တဲ့ပါတီကို မယုံလို့လည်းရပါသည်။ ယုံယုံ၊ မယုံယုံ ရိုးသားဖို့တော့လိုမည်ထင်ပါ၏။ နိုင်ငံရေး သမားတို့သည် ဘက်ပြောင်းပါကသာလို့ ကူးသွားတာထက်မှန်တယ်ထင်လို့ပြောင်း သွားတာသာ ဖြစ်သင့်ပါ၏။
ဤဆောင်းပါး၌ဖော်ပြခဲ့သော ဗန်း မော်ဆရာတော်ဘုရားကြီးသည်ယုံကြည် ချက်အတိုင်းရပ်တည်သူဖြစ်သည်။သီပေါ မင်းလက်ထက်ကအရာရှိအချို့သည်သီ ပေါမင်းနန်းကျပြီးနောက်အင်္ဂလိပ်ထံသွား ၍ ပလူးရပြေးကြို့ခါခါ ခွေးသို့ပမာ လုပ် တာကတော့ သူတို့မှာ ခိုင်မာတဲ့ယုံကြည် ချက်မရှိပါ။
ယုံကြည်ချက်ခြင်းမတူသော်လည်း ရိုးသားပါက ယုံကြည်ချက်မတူသူများ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ပါသည်။ ဒါ ဆိုရင် နိုင်ငံတော်ကြီးတိုးတက်မည်။
နိုင်ငံတော်ကြီးတိုးတက်ဖို့ နိုင်ငံသား တို့သည် ယုံကြည်ချက်ကို တန်ဘိုးထား ရမည်ဟု ဆိုချင်ပါကြောင်း။

written by ဒေါက်တာထွန်းဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...